Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၃၀.၈.၂၀၂၀

– ပါေတးလို အဖ်က္ပုိင္းမွာ ပုိအာ႐ုံစိုက္တဲ့ ကစားသမားမ်ဳိးထက္ ဖန္တီးမွဳပုိင္း ေကာင္းမြန္တဲ့ ကစားသမားေတြကိုပဲ ေခၚယူသြားဖို႔ အာဆင္နယ္ စိတ္ဝင္စားေနတယ္လုိ႔ ဆုိၿပီး လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါကို ဦးစားေပးအျဖစ္ ပစ္မွတ္ထားေနသလို မာေဆးလ္ရဲ႕ ကြင္းလယ္လူ ေမာ္ဂန္ ဆြန္ဆန္ကုိလည္း ဒုတိယဦးစားေပးအျဖစ္ ေစာင့္ၾကည့္ေန။

– အာဆင္ဝင္းဂါး ေခၚယူခဲ့ၿပီး အူႏုိင္း အမ္မရီလက္ထက္မွာ ပစ္လိုက္ရၿပီလို႔ ထင္ခဲ့တဲ့ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီဟာ အာတီတာရဲ႕ လက္ေအာက္မွာေတာ့ ေျခစြမ္းျပႏုိင္ခဲ့ၿပီး အရင္နဲ႔မတူတဲ့ ကစားသမားေကာင္းတစ္ေယာက္ျဖစ္လာၿပီလို႔ အာဆင္နယ္ ပရိသတ္ေတြ ခ်ီးက်ဴး။

– ဟိုးလ္ဒင္းကို နယူးကာဆယ္လ္ဆီ အငွားခ်သြားမယ့္ သေဘာတူညီမွဳက ပုိမိုေသခ်ာလာခဲ့ၿပီး အစားထိုးဝင္ေရာက္မယ့္ ေနာက္ခံလူအျဖစ္ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို တနလၤာေန႔မွာ အာဆင္နယ္တုိ႔ ေၾကျငာသြားႏုိင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းေနၾက။

– အာဆင္နယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ရဲ႕ ေအးဂ်င့္နဲ႔ ႐ိုးမားအသင္းဘက္က တာဝန္ရွိသူေတြဟာ လာမယ့္ရက္သတၱပတ္အတြင္း ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနၿပီး အငွား+အၿပီးသတ္ေခၚယူခြင့္အတြက္ ညႇိႏွဳိင္းသြားမယ္လို႔ အီတလီသတင္းေတြ ေဖာ္ျပ။

– ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အာဆင္နယ္အသင္းမွာ လိုအပ္သလား၊ မလိုေတာ့ဘူးလားဆိုတာကုိ ျပတ္ျပတ္သားသား ဆုံးျဖတ္ဖို႔ ေအးဂ်င့္ျဖစ္သူ ဘင္တန္ကာက နည္းျပ မီခယ္လ္ အာတီတာနဲ႔ တာဝန္ရွိသူေတြကို သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပါတေးလို အဖျက်ပိုင်းမှာ ပိုအာရုံစိုက်တဲ့ ကစားသမားမျိုးထက် ဖန်တီးမှုပိုင်း ကောင်းမွန်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူသွားဖို့ အာဆင်နယ် စိတ်ဝင်စားနေတယ်လို့ ဆိုပြီး လီယွန်ရဲ့ ဟူဆင်းမ် အောဝါကို ဦးစားပေးအဖြစ် ပစ်မှတ်ထားနေသလို မာဆေးလ်ရဲ့ ကွင်းလယ်လူ မော်ဂန် ဆွန်ဆန်ကိုလည်း ဒုတိယဦးစားပေးအဖြစ် စောင့်ကြည့်နေ။

– အာဆင်ဝင်းဂါး ခေါ်ယူခဲ့ပြီး အူနိုင်း အမ်မရီလက်ထက်မှာ ပစ်လိုက်ရပြီလို့ ထင်ခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီဟာ အာတီတာရဲ့ လက်အောက်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး အရင်နဲ့မတူတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာပြီလို့ အာဆင်နယ် ပရိသတ်တွေ ချီးကျူး။

– ဟိုးလ်ဒင်းကို နယူးကာဆယ်လ်ဆီ အငှားချသွားမယ့် သဘောတူညီမှုက ပိုမိုသေချာလာခဲ့ပြီး အစားထိုးဝင်ရောက်မယ့် နောက်ခံလူအဖြစ် ဂါဘရီယယ်လ် မာဂါလိုင်စ်ကို တနင်္လာနေ့မှာ အာဆင်နယ်တို့ ကြေငြာသွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းနေကြ။

– အာဆင်နယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ရဲ့ အေးဂျင့်နဲ့ ရိုးမားအသင်းဘက်က တာဝန်ရှိသူတွေဟာ လာမယ့်ရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး အငှား+အပြီးသတ်ခေါ်ယူခွင့်အတွက် ညှိနှိုင်းသွားမယ်လို့ အီတလီသတင်းတွေ ဖော်ပြ။

– ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အာဆင်နယ်အသင်းမှာ လိုအပ်သလား၊ မလိုတော့ဘူးလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အေးဂျင့်ဖြစ်သူ ဘင်တန်ကာက နည်းပြ မီခယ်လ် အာတီတာနဲ့ တာဝန်ရှိသူတွေကို သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.