Ligue1 Match Report UCL&UEL

မက်ဆီရဲ့ ခြေစွမ်းပြမှုမှာ အမ်ဘာပေ၊ နေမာတို့ ဂိုးသွင်းပြီး နိုင်ပွဲဆက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်၊ ဒါနီလို ပါရဲရားတို့နဲ့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဗာရက်တီနဲ့ ဗီတင်ညာတို့ကို တွဲပြီး တောင်ပံတွေမှာ မူကီလီ၊ နူနို မန်ဒက်စ်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့အတွဲပဲ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မက္ကာဘီ ဟိုင်ဖာတို့ကတော့ ဂိုးသမား ကိုဟင်၊ ခံစစ်မှာ ဆန်းဒ်ဂရင်၊ ဘာတူဘင်စီကာ၊ ဂိုးလ်ဒ်ဘတ်၊ ကော်နူ၊ ဟာဇီဇာတို့နဲ့ ငါးယောက်အထိ ထားကစားခဲ့တာကို တွေ့ရပြီး ကွင်းလယ်မှာတော့ လာဗီ၊ အဘူ ဖာနီနဲ့ ရှယ်ရီတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ အက်ဇီလီနဲ့ ပျယ်ရော့တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပွဲစတာနဲ့ အိမ်ရှင်တွေကတော့ ဧည့်သည်တွေကို အဝင်အထွက်ရဲရဲနဲ့ လိုလေသေးမရှိအောင် ဧည့်ခံနေခဲ့တာကြောင့် ပီအက်စ်ဂျီတို့ အတော်လေး မျက်လုံးပြူးခဲ့ရပြီး ဂိုးသမား ဒွန်နာရမ်မာလည်း အလုပ်များခဲ့ရသလို ပွဲချိန် ၁၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကျွံထောင်ချောက်ကို အမ်ဘာပေ ဖောက်ထွက်နိုင်ခဲ့ပေမယ့် မြန်မြန်ဆန်ဆန် မကန်ဘဲ ပဲများနေခဲ့တာက ဂိုးရဖို့ လွဲချော်စေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ အိမ်ရှင် ဟိုင်ဖာဆိပ်ကမ်းမြို့သားတွေ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဟာဇီဇာ ဖြတ်တင်ပေးတာကို ရှင်းထုတ်ဖို့ ပျက်ကွက်တဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မားကင်ညို့စ်ရဲ့ အမှားကနေ နောက်က ပြေးဝင်လာခဲ့တဲ့ ရှယ်ရီက Volley ကန်သွင်းပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကတော့ ဘယ်ခြမ်းကနေ အမ်ဘာပေက ပလာတာ များကြည့်ပြီးမှ ချိုးပေးတဲ့ ဘောလုံးက လိုရာမရောက်ခဲ့ပေမယ့် ဟိုင်ဖာနောက်ခံလူ ဘာတူဘင်စီကာနဲ့ ထိပြီး ထွက်လာတာကို မက်ဆီက အနီးကပ် ပိတ်သွင်းရယူသွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ပီအက်စ်ဂျီဘက်က အခွင့်အရေးတွေကို အမ်ဘာပေနဲ့အဖွဲ့က လွဲချော်နေခဲ့သလို မက္ကဘီ ဟိုင်ဖာဘက်က ရှယ်ရီနဲ့ အက်ဇီလီတို့ရဲ့ ထိုးဖောက်မှုတွေကိုလည်း ဂိုးသမား ဒွန်နာရမ်မာနဲ့ ခံစစ်က ကာကွယ်သွားနိုင်ခဲ့ကြလို့ အစ္စရေးမြေက ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဟိုင်ဖာဘက်ကပဲ ဖိကစားနေခဲ့ပြီး သူတို့တွေအနေနဲ့ ဧရိယာထဲမှာ အဆုံးသတ်ဖို့ မဖန်တီးနိုင်ဘဲ ဧရိယာ အပြင်ကနေ လှမ်းကန်တာတွေ များနေခဲ့တာက ပီအက်စ်ဂျီတို့ကို သက်သာစေခဲ့သလို မက်ဆီကတော့ အခွင့်အရေးနှစ်ကြိမ်ကို ကာကွယ်ခံခဲ့ရပြီး ပြန်ထွက်လာတာကို မူကီလီ မပိတ်နိုင်ခင်မှာ အိမ်ရှင်နောက်ခံလူတွေ ရှင်းထုတ်နိုင်ခဲ့လို့ ဂိုးရဖို့ ခက်နေခဲ့ကြပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မက်ဆီရဲ့ အမြော်အမြင်ရှိတဲ့ လူကြားထဲက ဖြတ်ခင်းပေးမှုကို ဟိုင်ဖာခံစစ်ကို လျှပ်တစ်ပြက် ကျော်ပြေးခဲ့တဲ့ အမ်ဘာပေက ဘောလုံးရရချင်း ညာဘက်တိုင်ခြေဆီ အမြန်ကန်သွင်းခဲ့လို့ ဂိုးသမား ကိုဟင် အချိန်မရလိုက်ဘဲ ကာကွယ်ဖို့ မတတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဟိုင်ဖာတို့ရဲ့ ဟန်ချက်မညီတဲ့ Pressing ကစားဟန်မှာ ဘယ်ခြမ်းကနေ လွတ်ထွက်နေခဲ့တဲ့ နေမာဆီကို ကွက်တိ ပေးပို့နိုင်ခဲ့တဲ့ ဗာရက်တီရဲ့ ဖြတ်တင်ဘောကို ဘရာဇီးလ်သားက တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ ချိုးကန်သွင်းနိုင်ခဲ့လို့ တတိယဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့ တစ်ယောက်တစ်ဂိုး သွင်းယူနိုင်ခဲ့မှုနဲ့အတူ ပီအက်စ်ဂျီတို့ အုပ်စု(H)ကို နှစ်ပွဲအနိုင်နဲ့ ဆက်လက်ဦးဆောင်ခဲ့ကြပြီး ဂျူဗင်တပ်စ်တို့ တစ်မှတ်မှ မရသေးဘဲ နှစ်ပွဲဆက်ရှုံးအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဝေးကွင်းနိုင်ပွဲရှင် ဘင်ဖီကာကတော့ ပီအက်စ်ဂျီတို့နဲ့အပြိုင် ၆ မှတ်စီနဲ့ အုပ်စုဗိုလ်လုဖို့ ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္၊ ဒါနီလို ပါရဲရားတို႔နဲ႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီနဲ႔ ဗီတင္ညာတို႔ကို တြဲၿပီး ေတာင္ပံေတြမွာ မူကီလီ၊ ႏူႏို မန္ဒက္စ္တို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔အတြဲပဲ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မကၠာဘီ ဟိုင္ဖာတို႔ကေတာ့ ဂိုးသမား ကိုဟင္၊ ခံစစ္မွာ ဆန္းဒ္ဂရင္၊ ဘာတူဘင္စီကာ၊ ဂိုးလ္ဒ္ဘတ္၊ ေကာ္ႏူ၊ ဟာဇီဇာတို႔နဲ႔ ငါးေယာက္အထိ ထားကစားခဲ့တာကို ေတြ႕ရၿပီး ကြင္းလယ္မွာေတာ့ လာဗီ၊ အဘူ ဖာနီနဲ႔ ရွယ္ရီတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ အက္ဇီလီနဲ႔ ပ်ယ္ေရာ့တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ပြဲစတာနဲ႔ အိမ္ရွင္ေတြကေတာ့ ဧည့္သည္ေတြကို အဝင္အထြက္ရဲရဲနဲ႔ လိုေလေသးမရွိေအာင္ ဧည့္ခံေနခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ အေတာ္ေလး မ်က္လုံးျပဴးခဲ့ရၿပီး ဂိုးသမား ဒြန္နာရမ္မာလည္း အလုပ္မ်ားခဲ့ရသလို ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကြၽံေထာင္ေခ်ာက္ကို အမ္ဘာေပ ေဖာက္ထြက္ႏိုင္ခဲ့ေပမယ့္ ျမန္ျမန္ဆန္ဆန္ မကန္ဘဲ ပဲမ်ားေနခဲ့တာက ဂိုးရဖို႔ လြဲေခ်ာ္ေစခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ အိမ္ရွင္ ဟိုင္ဖာဆိပ္ကမ္းၿမိဳ႕သားေတြ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဟာဇီဇာ ျဖတ္တင္ေပးတာကို ရွင္းထုတ္ဖို႔ ပ်က္ကြက္တဲ့ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္ရဲ႕ အမွားကေန ေနာက္က ေျပးဝင္လာခဲ့တဲ့ ရွယ္ရီက Volley ကန္သြင္းၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကေတာ့ ဘယ္ျခမ္းကေန အမ္ဘာေပက ပလာတာ မ်ားၾကည့္ၿပီးမွ ခ်ိဳးေပးတဲ့ ေဘာလုံးက လိုရာမေရာက္ခဲ့ေပမယ့္ ဟိုင္ဖာေနာက္ခံလူ ဘာတူဘင္စီကာနဲ႔ ထိၿပီး ထြက္လာတာကို မက္ဆီက အနီးကပ္ ပိတ္သြင္းရယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ပီအက္စ္ဂ်ီဘက္က အခြင့္အေရးေတြကို အမ္ဘာေပနဲ႔အဖြဲ႕က လြဲေခ်ာ္ေနခဲ့သလို မကၠဘီ ဟိုင္ဖာဘက္က ရွယ္ရီနဲ႔ အက္ဇီလီတို႔ရဲ႕ ထိုးေဖာက္မႈေတြကိုလည္း ဂိုးသမား ဒြန္နာရမ္မာနဲ႔ ခံစစ္က ကာကြယ္သြားႏိုင္ခဲ့ၾကလို႔ အစၥေရးေျမက ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ဟိုင္ဖာဘက္ကပဲ ဖိကစားေနခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ဧရိယာထဲမွာ အဆုံးသတ္ဖို႔ မဖန္တီးႏိုင္ဘဲ ဧရိယာ အျပင္ကေန လွမ္းကန္တာေတြ မ်ားေနခဲ့တာက ပီအက္စ္ဂ်ီတို႔ကို သက္သာေစခဲ့သလို မက္ဆီကေတာ့ အခြင့္အေရးႏွစ္ႀကိမ္ကို ကာကြယ္ခံခဲ့ရၿပီး ျပန္ထြက္လာတာကို မူကီလီ မပိတ္ႏိုင္ခင္မွာ အိမ္ရွင္ေနာက္ခံလူေတြ ရွင္းထုတ္ႏိုင္ခဲ့လို႔ ဂိုးရဖို႔ ခက္ေနခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မက္ဆီရဲ႕ အေျမာ္အျမင္ရွိတဲ့ လူၾကားထဲက ျဖတ္ခင္းေပးမႈကို ဟိုင္ဖာခံစစ္ကို လွ်ပ္တစ္ျပက္ ေက်ာ္ေျပးခဲ့တဲ့ အမ္ဘာေပက ေဘာလုံးရရခ်င္း ညာဘက္တိုင္ေျခဆီ အျမန္ကန္သြင္းခဲ့လို႔ ဂိုးသမား ကိုဟင္ အခ်ိန္မရလိုက္ဘဲ ကာကြယ္ဖို႔ မတတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဟိုင္ဖာတို႔ရဲ႕ ဟန္ခ်က္မညီတဲ့ Pressing ကစားဟန္မွာ ဘယ္ျခမ္းကေန လြတ္ထြက္ေနခဲ့တဲ့ ေနမာဆီကို ကြက္တိ ေပးပို႔ႏိုင္ခဲ့တဲ့ ဗာရက္တီရဲ႕ ျဖတ္တင္ေဘာကို ဘရာဇီးလ္သားက တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းႏိုင္ခဲ့လို႔ တတိယဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ရဲ႕ တစ္ေယာက္တစ္ဂိုး သြင္းယူႏိုင္ခဲ့မႈနဲ႔အတူ ပီအက္စ္ဂ်ီတို႔ အုပ္စု(H)ကို ႏွစ္ပြဲအႏိုင္နဲ႔ ဆက္လက္ဦးေဆာင္ခဲ့ၾကၿပီး ဂ်ဴဗင္တပ္စ္တို႔ တစ္မွတ္မွ မရေသးဘဲ ႏွစ္ပြဲဆက္ရႈံးေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ အေဝးကြင္းႏိုင္ပြဲရွင္ ဘင္ဖီကာကေတာ့ ပီအက္စ္ဂ်ီတို႔နဲ႔အၿပိဳင္ ၆ မွတ္စီနဲ႔ အုပ္စုဗိုလ္လုဖို႔ ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.