Match Report Other Leagues Premier League UCL&UEL

အဆုံးသတ်ညံ့ဖျင်းမှုအတွက် အဖြေမရှိဘဲ ဆာ့လ်ဇ်ဘတ်ရဲ့ အပြစ်ပေးခံခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ အက်ဇ်ပီလီကွေတာ၊ ရီးစ်ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်၊ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အူဘာမီယန်း၊ မေဆန်မောင့်နဲ့ စတာလင်တို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဆာ့လ်ဇ်ဘတ်တို့ကတော့ ဂိုးသမား ခွန်း၊ ခံစစ်မှာ ပတ်ဗလိုဗစ်ချ်၊ ဘာနာဒို၊ ဒီဒစ်ချ်နဲ့ အူလ်မာတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုက်ဗဲလ်ဒ်၊ ကာပယ်လ်ဒို၊ ကေယာဂါ့ဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆူဆစ်ချ်၊ အိုကာဖော်နဲ့ ရှက်ရှ်ကိုတို့ အသုံးပြုလာခဲ့တာပါ။

နည်းပြသစ် ဂရေဟမ် ပေါ့တာအနေနဲ့ ဒီနေ့ပွဲကို အဖွင့်လှနိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပေမယ့် ပထမဆုံး အခွင့်အရေးကို အူဘာမီယန်းက ဘားကျော်ကန်ခဲ့ပြီး ဟာဗတ်ဇ်ရဲ့ ခေါင်းတိုက်ချက်ကလည်း လွဲချော်သွားခဲ့သလို မေဆန်မောင့်နဲ့ ရီးစ်ဂျိမ်းစ်၊ စတာလင်နဲ့ ကူကူရဲလားတို့ တောင်ပံအတွဲတွေ ကြိုးစားခဲ့ပေမယ့် ဂိုးရှေ့မှာတော့ တိကျမှု နည်းနေခဲ့ပါတယ်။

ကွင်းလယ်မှာ ချဲလ်ဆီးတို့ ဘောလုံးကိုင်ထားနိုင်ခဲ့ပြီး ဆာ့လ်ဇ်ဘတ်တို့ကို ခံစစ်သက်သက်ဖြစ်အောင် ဖိကစားထားနိုင်ခဲ့ပေမယ့် အူဘာမီယန်းနဲ့ နောက်ချန်တိုက်စစ်ကစားတဲ့ ဟာဗတ်ဇ်တို့ နားလည်မှု နည်းနေခဲ့တာနဲ့ အခွင့်အရေး ဖန်တီးမှုတွေ ထင်သလောက် အသက်မဝင်သေးတာရယ်ကြောင့် တစ်ဖက်ဧရိယာထဲမှာ အားရစရာမကောင်းဘဲဖြစ်နေခဲ့တာပါ။

ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ရှက်ရှ်ကိုရဲ့ ကန်ချက်ကို ချဲလ်ဆီးဂိုးသမား ကီပါ ပုတ်ထုတ်ခဲ့ရချိန်မှာ ဧည့်သည်တွေဘက်က တစ်ကြိမ်ကန်ပြီး တစ်ကြိမ်ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေကတော့ ကိုးကြိမ်မှာ တစ်ကြိမ်မှ ဂိုးပေါက်မတည့်ဘဲ ပထမပိုင်းကို ဂိုးမရှိသရေနဲ့ အဆုံးသတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ရီးစ် ဂျိမ်းစ် ခင်းပေးလိုက်တာကို ရသွားတဲ့ မေဆန်မောင့်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ အူဘာမီယန်း မပိတ်နိုင်ဘဲ လွဲသွားခဲ့ပေမယ့် နောက်က ရှိနေတဲ့ စတာလင်က ဆာ့လ်ဇ်ဘတ်ခံစစ်ကြားကနေ အဝေးတိုင်ထောင့်ကို ဝေ့ဝိုက်ပြီး ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှုတွေက သိပ်ပြီး အားရစရာ မရှိတာကြောင့် အူဘာမီယန်းနဲ့ ဟာဗတ်ဇ်တို့အစား ဘရိုယာနဲ့ လော့ဖ်တပ်စ်-ချိခ်တို့ကို နည်းပြ ပေါ့တာက ပြောင်းလဲသွားခဲ့ပြီး ဖန်တီးမှုပိုင်းမှာတော့ ဒီထက် ပိုကောင်းစရာ မရှိတော့တဲ့ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ဆီက ထပ်ညှစ်လို့ မရနိုင်ချိန်မှာ ချဲလ်ဆီးတို့အနေနဲ့ ပထမပိုင်းမှာ အဆုံးသတ် ဂိုးသွင်းယူတတ်ဖို့တော့ လိုအပ်မယ်လို့ပဲ သုံးသပ်ရပါလိမ့်မယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဆာ့လ်ဇ်ဘတ်တို့ ချေပဂိုး ပြန်သွင်းယူသွားခဲ့ပြီး ခံစစ်က ခပ်ကြမ်းကြမ်းတားပြီး ညာခြမ်းကို ကောင်တာပြန်ဝင်ခဲ့ရာမှာ လူစားဝင် တောင်ပံသမား အဒါမူကို ဝင်ဖျက်ပြီး မပျက်တဲ့ သီယာဂို ဆေးလ်ဗားကြောင့် ဖြတ်တင်နိုင်ခဲ့ချိန်မှာ အဆင့်မရှိဘဲ နောက်က လိုက်ခဲ့ရတဲ့ အက်ဇ်ပီလီကွေတာကြောင့် အိုကာဖော် ကန်ခွင့်ရခဲ့ရာမှာ လူထိလာတဲ့ ဘောလုံးကို ကီပါ မကာကွယ်နိုင်ခဲ့တော့တာပါ။

ချေပဂိုး ပေးလိုက်ရအပြီးမှာတော့ ချဲလ်ဆီးတို့အနေနဲ့ ကွင်းလယ်က ကျနေခဲ့တဲ့ ကိုဗာချစ်အစား ဂါလာဂါ၊ စတာလင်အစား ပူလီရှစ်ချ်နဲ့ အက်ဇ်ပီလီကွေတာတို့အစား ဇီးယက်ရှ်တို့ကို ထည့်ပြီး နိုင်ပွဲရဖို့ ဖွင့်တိုက်ခဲ့သလို မော်ရိုကိုသားအနေနဲ့ သုံးကြိမ်လောက် ကန်ခွင့်ရခဲ့ပေမယ့် ဆာ့လ်ဇ်ဘတ် ဂိုးသမား ခွန်းရဲ့ ကာကွယ်မှုတွေကို မလွန်ဆန်နိုင်ခဲ့လို့ နောက်ထပ် ဂိုးရဖို့တော့ ခက်ခဲသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အခွင့်အရေးတွေကို ၁၇ ကြိမ် ဖန်တီးပြီး ၄ ကြိမ်သာ ဂိုးပေါက်တည့်နိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အဆုံးသတ် ညံ့ဖျင်းခြင်းရဲ့ ဒဏ်ကို ခံခဲ့ရပြီး ကွင်းလယ်ကျဆင်းချိန်မှာ တစ်ချက်ကောင်း ထိုးနှက်သွားခဲ့တဲ့ ဆာ့လ်ဇ်ဘတ်ကို တစ်မှတ် ခွဲပေးခဲ့ရသလို နည်းပြ ပေါ့တာအနေနဲ့ သူ့ရဲ့ အဖွင့်ပွဲမှာ နိုင်ပွဲမရဘဲ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ အက္ဇ္ပီလီေကြတာ၊ ရီးစ္ဂ်ိမ္းစ္နဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အူဘာမီယန္း၊ ေမဆန္ေမာင့္နဲ႔ စတာလင္တို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဆာ့လ္ဇ္ဘတ္တို႔ကေတာ့ ဂိုးသမား ခြန္း၊ ခံစစ္မွာ ပတ္ဗလိုဗစ္ခ်္၊ ဘာနာဒို၊ ဒီဒစ္ခ်္နဲ႔ အူလ္မာတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုက္ဗဲလ္ဒ္၊ ကာပယ္လ္ဒို၊ ေကယာဂါ့ဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆူဆစ္ခ်္၊ အိုကာေဖာ္နဲ႔ ရွက္ရွ္ကိုတို႔ အသုံးျပဳလာခဲ့တာပါ။

နည္းျပသစ္ ဂေရဟမ္ ေပါ့တာအေနနဲ႔ ဒီေန႔ပြဲကို အဖြင့္လွႏိုင္ဖို႔အတြက္ ျပင္ဆင္လာခဲ့ေပမယ့္ ပထမဆုံး အခြင့္အေရးကို အူဘာမီယန္းက ဘားေက်ာ္ကန္ခဲ့ၿပီး ဟာဗတ္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္ကလည္း လြဲေခ်ာ္သြားခဲ့သလို ေမဆန္ေမာင့္နဲ႔ ရီးစ္ဂ်ိမ္းစ္၊ စတာလင္နဲ႔ ကူကူရဲလားတို႔ ေတာင္ပံအတြဲေတြ ႀကိဳးစားခဲ့ေပမယ့္ ဂိုးေရွ႕မွာေတာ့ တိက်မႈ နည္းေနခဲ့ပါတယ္။

ကြင္းလယ္မွာ ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ထားႏိုင္ခဲ့ၿပီး ဆာ့လ္ဇ္ဘတ္တို႔ကို ခံစစ္သက္သက္ျဖစ္ေအာင္ ဖိကစားထားႏိုင္ခဲ့ေပမယ့္ အူဘာမီယန္းနဲ႔ ေနာက္ခ်န္တိုက္စစ္ကစားတဲ့ ဟာဗတ္ဇ္တို႔ နားလည္မႈ နည္းေနခဲ့တာနဲ႔ အခြင့္အေရး ဖန္တီးမႈေတြ ထင္သေလာက္ အသက္မဝင္ေသးတာရယ္ေၾကာင့္ တစ္ဖက္ဧရိယာထဲမွာ အားရစရာမေကာင္းဘဲျဖစ္ေနခဲ့တာပါ။

ဆာ့လ္ဇ္ဘတ္တိုက္စစ္မႉး ရွက္ရွ္ကိုရဲ႕ ကန္ခ်က္ကို ခ်ဲလ္ဆီးဂိုးသမား ကီပါ ပုတ္ထုတ္ခဲ့ရခ်ိန္မွာ ဧည့္သည္ေတြဘက္က တစ္ႀကိမ္ကန္ၿပီး တစ္ႀကိမ္ဂိုးေပါက္တည့္ခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြကေတာ့ ကိုးႀကိမ္မွာ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ဘဲ ပထမပိုင္းကို ဂိုးမရွိသေရနဲ႔ အဆုံးသတ္ထားခဲ့ရတာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ရီးစ္ ဂ်ိမ္းစ္ ခင္းေပးလိုက္တာကို ရသြားတဲ့ ေမဆန္ေမာင့္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ အူဘာမီယန္း မပိတ္ႏိုင္ဘဲ လြဲသြားခဲ့ေပမယ့္ ေနာက္က ရွိေနတဲ့ စတာလင္က ဆာ့လ္ဇ္ဘတ္ခံစစ္ၾကားကေန အေဝးတိုင္ေထာင့္ကို ေဝ့ဝိုက္ၿပီး ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ကြင္းလယ္နဲ႔ တိုက္စစ္ ခ်ိတ္ဆက္မႈေတြက သိပ္ၿပီး အားရစရာ မရွိတာေၾကာင့္ အူဘာမီယန္းနဲ႔ ဟာဗတ္ဇ္တို႔အစား ဘ႐ိုယာနဲ႔ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ကို နည္းျပ ေပါ့တာက ေျပာင္းလဲသြားခဲ့ၿပီး ဖန္တီးမႈပိုင္းမွာေတာ့ ဒီထက္ ပိုေကာင္းစရာ မရွိေတာ့တဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔ဆီက ထပ္ညႇစ္လို႔ မရႏိုင္ခ်ိန္မွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ ပထမပိုင္းမွာ အဆုံးသတ္ ဂိုးသြင္းယူတတ္ဖို႔ေတာ့ လိုအပ္မယ္လို႔ပဲ သုံးသပ္ရပါလိမ့္မယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဆာ့လ္ဇ္ဘတ္တို႔ ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့ၿပီး ခံစစ္က ခပ္ၾကမ္းၾကမ္းတားၿပီး ညာျခမ္းကို ေကာင္တာျပန္ဝင္ခဲ့ရာမွာ လူစားဝင္ ေတာင္ပံသမား အဒါမူကို ဝင္ဖ်က္ၿပီး မပ်က္တဲ့ သီယာဂို ေဆးလ္ဗားေၾကာင့္ ျဖတ္တင္ႏိုင္ခဲ့ခ်ိန္မွာ အဆင့္မရွိဘဲ ေနာက္က လိုက္ခဲ့ရတဲ့ အက္ဇ္ပီလီေကြတာေၾကာင့္ အိုကာေဖာ္ ကန္ခြင့္ရခဲ့ရာမွာ လူထိလာတဲ့ ေဘာလုံးကို ကီပါ မကာကြယ္ႏိုင္ခဲ့ေတာ့တာပါ။

ေခ်ပဂိုး ေပးလိုက္ရအၿပီးမွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကြင္းလယ္က က်ေနခဲ့တဲ့ ကိုဗာခ်စ္အစား ဂါလာဂါ၊ စတာလင္အစား ပူလီရွစ္ခ်္နဲ႔ အက္ဇ္ပီလီေကြတာတို႔အစား ဇီးယက္ရွ္တို႔ကို ထည့္ၿပီး ႏိုင္ပြဲရဖို႔ ဖြင့္တိုက္ခဲ့သလို ေမာ္႐ိုကိုသားအေနနဲ႔ သုံးႀကိမ္ေလာက္ ကန္ခြင့္ရခဲ့ေပမယ့္ ဆာ့လ္ဇ္ဘတ္ ဂိုးသမား ခြန္းရဲ႕ ကာကြယ္မႈေတြကို မလြန္ဆန္ႏိုင္ခဲ့လို႔ ေနာက္ထပ္ ဂိုးရဖို႔ေတာ့ ခက္ခဲသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အခြင့္အေရးေတြကို ၁၇ ႀကိမ္ ဖန္တီးၿပီး ၄ ႀကိမ္သာ ဂိုးေပါက္တည့္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔ အဆုံးသတ္ ညံ့ဖ်င္းျခင္းရဲ႕ ဒဏ္ကို ခံခဲ့ရၿပီး ကြင္းလယ္က်ဆင္းခ်ိန္မွာ တစ္ခ်က္ေကာင္း ထိုးႏွက္သြားခဲ့တဲ့ ဆာ့လ္ဇ္ဘတ္ကို တစ္မွတ္ ခြဲေပးခဲ့ရသလို နည္းျပ ေပါ့တာအေနနဲ႔ သူ႔ရဲ႕ အဖြင့္ပြဲမွာ ႏိုင္ပြဲမရဘဲ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.