Bundesliga La Liga Match Report UCL&UEL

ဘင်ဇီးမား မရှိလို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို၊ ရူဒီဂါ၊ အလာဘာနဲ့ ကာဗာဟယ်လ်တို့ကို သုံးစွဲလာခဲ့ပြီး တိုက်စစ်ကို အားပြုခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကာမာဗင်ဂါ၊ ချွာမင်နီတို့နဲ့ တစ်ဖက်အသင်းအပေါ် မူတည်ကစားမယ့် ပုံစံနဲ့ စတင်ခဲ့ပြီး တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် RB လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဂူလာချီ၊ ခံစစ်မှာ ဆီမာကန်၊ အော်ဘန်၊ ဒီယာလို၊ ရောင်းမ်တို့နဲ့ ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရှလာဂါ၊ ဟိုက်ဒါရာတို့နဲ့ ကွင်းလယ်အဖျက်နှစ်ဦးကို သုံးစွဲလာခဲ့သလို တိုက်စစ်မှာတော့ ဆိုဘော့ဆ်လိုင်း၊ အန်ကွန်ကူး၊ ဖော့စ်ဘတ်နဲ့ တီမို ဗာနာတို့ကို ကစားစေခဲ့တာပါ။

လိုက်ပ်ဇစ်တို့အနေနဲ့ အိမ်ရှင်တွေကို ကောင်တာတွေနဲ့ ပွဲစကတည်းက တန်ပြန်ခြိမ်းခြောက်နေခဲ့ပြီး နှစ်သင်းစလုံးအနေနဲ့ အမှားစောင့်ပြီး ကစားသွားခဲ့သလို ဖွင့်တိုက်တဲ့ ပုံစံမျိုးတွေ ရှားနေခဲ့ပြီး အခွင့်အရေးတွေကိုလည်း ထိထိရောက်ရောက် မဖန်တီးနိုင်ခဲ့တာကို တွေ့ခဲ့ရချိန်မှာ ဘင်ဇီးမား မပါတဲ့ ရီးရဲလ်တို့ကတော့ ဂိုးရှေ့ရောက်တိုင်း ဘောလုံးပျက်သလိုဖြစ်နေခဲ့ပါတယ်။

ဗာနာနဲ့ အန်ကွန်ကူးတို့ရဲ့ တန်ပြန်တိုက်စစ်တွေကတော့ ရီးရဲလ်တို့ကို တော်တော်လေး ဒုက္ခပေးခဲ့သလို ၃၄ မိနစ်မှာ ကံကောင်းလို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး လိုက်ပ်ဇစ်တို့အတွက်တော့ စိတ်ပျက်ခဲ့ရသလို အဆုံးသတ်မကောင်းကြတဲ့ ပွဲရဲ့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ရီးရဲလ်တိုက်စစ်က ဆိုးရွားနေခဲ့ပြီး ဟာဇတ်ကိုတော့ အရန်ခုံကနေ မထည့်ခဲ့ဘဲ အဆန်စီယိုကို ကာမာဗင်ဂါအစား ထည့်ကစားခဲ့သလို တန်ပြန်တိုက်စစ်တွေက ပိုသွက်လာခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ ဗယ်လ်ဗာဒီ ဆွဲပြေးလာရင်း ရတဲ့ အခွင့်အရေးကို ဗီနီးရှပ်စ် အဆုံးမသတ်တတ်ခဲ့လို့ အပိုင်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ရီးရဲလ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဗီနီးရှပ်စ်က ဘယ်ခြမ်းမှာ လိမ်ခေါက်နေပြီးမှ ဧရိယာထဲ အာရုံများနေတဲ့ လိုက်ပ်ဇစ်ခံစစ်ကို မထိုးဖောက်ဘဲ နောက်ပြန်ချပေးခဲ့ရာမှာ ဧရိယာထိပ်မှာ ရှိနေတဲ့ ဗယ်လ်ဗာဒီက ညာခြေနဲ့ မကန်ဘဲ တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနောက်မှာ ရီးရဲလ်တို့ဘက်က အလာဘာ၊ မိုဒရစ်ချ်၊ ဗီနီးရှပ်စ်နဲ့ ရိုဒရီဂိုတို့အစား မန်ဒီ၊ တိုနီ ခရူးစ်၊ စီဘာယော့စ်နဲ့ မာရီယာနို ဒီယက်ဇ်တို့ ဝင်ကစားခဲ့ကြသလို လိုက်ပ်ဇစ်တို့ကတော့ ဖော့စ်ဘတ်နဲ့ ဗာနာအစား ပေါလ်ဆန်နဲ့ အန်ဒရီ ဆေးလ်ဗားတို့ တိုက်စစ်မှူးနှစ်ဦးကို ထည့်သွင်းပြီး ဂိုးရှာဖွေဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အနိုင်သေချာစေမယ့်ဂိုးကို ရီးရဲလ်တို့ပဲ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ဘက် အလံတိုင်နားမှာ ရတဲ့ ဖရီးကစ်ကို တိုနီ ခရူးစ်က ကန်တင်မပေးဘဲ ဧရိယာထိပ်ကို လှိမ့်ဘော ကန်ပေးခဲ့ချိန်မှာ ဘယ်သူမှ သတိမထားမိတဲ့ အဆန်စီယိုက ညာခြမ်းကနေ ပြေးဝင်လာပြီး ထောင့်ဘက်ကို ချိုးကန်သွားခဲ့လို့ လိုက်ပ်ဇစ်တို့ အငိုက်မိပြီး ဂိုးထပ်ပေးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဘင်ဇီးမား မပါတဲ့ ရီးရဲလ်မက်ဒရစ်တို့ လိုက်ပ်ဇစ်အပေါ် နှစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်း ဘာနေဗျူးမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အုပ်စု(F)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ဦးဆောင်နေခဲ့သလို ကစားပုံမကောင်းလည်း အနိုင်ရအောင် ယူတတ်တဲ့ နည်းပြကြီး အန်ချယ်လော့တီရဲ့ ဆရာကျတဲ့ ပုံစံနဲ့ ပရိသတ်တွေကို ကျေနပ်နှစ်သိမ့်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ နာခ်ိဳ၊ ႐ူဒီဂါ၊ အလာဘာနဲ႔ ကာဗာဟယ္လ္တို႔ကို သုံးစြဲလာခဲ့ၿပီး တိုက္စစ္ကို အားျပဳခဲ့သလို ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ ကာမာဗင္ဂါ၊ ခြၽာမင္နီတို႔နဲ႔ တစ္ဖက္အသင္းအေပၚ မူတည္ကစားမယ့္ ပုံစံနဲ႔ စတင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ႐ိုဒရီဂိုနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ RB လိုက္ပ္ဇစ္တို႔ကေတာ့ ဂိုးသမား ဂူလာခ်ီ၊ ခံစစ္မွာ ဆီမာကန္၊ ေအာ္ဘန္၊ ဒီယာလို၊ ေရာင္းမ္တို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွလာဂါ၊ ဟိုက္ဒါရာတို႔နဲ႔ ကြင္းလယ္အဖ်က္ႏွစ္ဦးကို သုံးစြဲလာခဲ့သလို တိုက္စစ္မွာေတာ့ ဆိုေဘာ့ဆ္လိုင္း၊ အန္ကြန္ကူး၊ ေဖာ့စ္ဘတ္နဲ႔ တီမို ဗာနာတို႔ကို ကစားေစခဲ့တာပါ။

လိုက္ပ္ဇစ္တို႔အေနနဲ႔ အိမ္ရွင္ေတြကို ေကာင္တာေတြနဲ႔ ပြဲစကတည္းက တန္ျပန္ၿခိမ္းေျခာက္ေနခဲ့ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ အမွားေစာင့္ၿပီး ကစားသြားခဲ့သလို ဖြင့္တိုက္တဲ့ ပုံစံမ်ိဳးေတြ ရွားေနခဲ့ၿပီး အခြင့္အေရးေတြကိုလည္း ထိထိေရာက္ေရာက္ မဖန္တီးႏိုင္ခဲ့တာကို ေတြ႕ခဲ့ရခ်ိန္မွာ ဘင္ဇီးမား မပါတဲ့ ရီးရဲလ္တို႔ကေတာ့ ဂိုးေရွ႕ေရာက္တိုင္း ေဘာလုံးပ်က္သလိုျဖစ္ေနခဲ့ပါတယ္။

ဗာနာနဲ႔ အန္ကြန္ကူးတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြကေတာ့ ရီးရဲလ္တို႔ကို ေတာ္ေတာ္ေလး ဒုကၡေပးခဲ့သလို ၃၄ မိနစ္မွာ ကံေကာင္းလို႔ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး လိုက္ပ္ဇစ္တို႔အတြက္ေတာ့ စိတ္ပ်က္ခဲ့ရသလို အဆုံးသတ္မေကာင္းၾကတဲ့ ပြဲရဲ႕ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ရီးရဲလ္တိုက္စစ္က ဆိုး႐ြားေနခဲ့ၿပီး ဟာဇတ္ကိုေတာ့ အရန္ခုံကေန မထည့္ခဲ့ဘဲ အဆန္စီယိုကို ကာမာဗင္ဂါအစား ထည့္ကစားခဲ့သလို တန္ျပန္တိုက္စစ္ေတြက ပိုသြက္လာခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာ ဗယ္လ္ဗာဒီ ဆြဲေျပးလာရင္း ရတဲ့ အခြင့္အေရးကို ဗီနီးရွပ္စ္ အဆုံးမသတ္တတ္ခဲ့လို႔ အပိုင္ဂိုးနဲ႔ လြဲခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ရီးရဲလ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဗီနီးရွပ္စ္က ဘယ္ျခမ္းမွာ လိမ္ေခါက္ေနၿပီးမွ ဧရိယာထဲ အာ႐ုံမ်ားေနတဲ့ လိုက္ပ္ဇစ္ခံစစ္ကို မထိုးေဖာက္ဘဲ ေနာက္ျပန္ခ်ေပးခဲ့ရာမွာ ဧရိယာထိပ္မွာ ရွိေနတဲ့ ဗယ္လ္ဗာဒီက ညာေျခနဲ႔ မကန္ဘဲ တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေနာက္မွာ ရီးရဲလ္တို႔ဘက္က အလာဘာ၊ မိုဒရစ္ခ်္၊ ဗီနီးရွပ္စ္နဲ႔ ႐ိုဒရီဂိုတို႔အစား မန္ဒီ၊ တိုနီ ခ႐ူးစ္၊ စီဘာေယာ့စ္နဲ႔ မာရီယာႏို ဒီယက္ဇ္တို႔ ဝင္ကစားခဲ့ၾကသလို လိုက္ပ္ဇစ္တို႔ကေတာ့ ေဖာ့စ္ဘတ္နဲ႔ ဗာနာအစား ေပါလ္ဆန္နဲ႔ အန္ဒရီ ေဆးလ္ဗားတို႔ တိုက္စစ္မႉးႏွစ္ဦးကို ထည့္သြင္းၿပီး ဂိုးရွာေဖြဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရီးရဲလ္တို႔ပဲ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ဘက္ အလံတိုင္နားမွာ ရတဲ့ ဖရီးကစ္ကို တိုနီ ခ႐ူးစ္က ကန္တင္မေပးဘဲ ဧရိယာထိပ္ကို လွိမ့္ေဘာ ကန္ေပးခဲ့ခ်ိန္မွာ ဘယ္သူမွ သတိမထားမိတဲ့ အဆန္စီယိုက ညာျခမ္းကေန ေျပးဝင္လာၿပီး ေထာင့္ဘက္ကို ခ်ိဳးကန္သြားခဲ့လို႔ လိုက္ပ္ဇစ္တို႔ အငိုက္မိၿပီး ဂိုးထပ္ေပးခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘင္ဇီးမား မပါတဲ့ ရီးရဲလ္မက္ဒရစ္တို႔ လိုက္ပ္ဇစ္အေပၚ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္း ဘာေနဗ်ဴးမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အုပ္စု(F)မွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရမွတ္ ၆ မွတ္နဲ႔ ဦးေဆာင္ေနခဲ့သလို ကစားပုံမေကာင္းလည္း အႏိုင္ရေအာင္ ယူတတ္တဲ့ နည္းျပႀကီး အန္ခ်ယ္ေလာ့တီရဲ႕ ဆရာက်တဲ့ ပုံစံနဲ႔ ပရိသတ္ေတြကို ေက်နပ္ႏွစ္သိမ့္ေစႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.