Match Report Premier League

ကြန္ျမဴနတီဒိုင္းကို အက္ဖ္ေအဖလားနဲ႔ အတြဲအဖက္အျဖစ္ အာဆင္နယ္တုိ႔ အစဥ္အလာမပ်က္ရယူ

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အသင္းအတြက္ ၁၆ ႀကိမ္ေျမာက္ ကြန္ျမဴနတီဒိုင္းကို ရယူႏုိင္ခဲ့ၿပီး ပြဲမတုိင္ခင္မွာ ၁၅ ႀကိမ္စီနဲ႔ ပူးတြဲရပ္တည္ေနခဲ့တဲ့ လီဗာပူးလ္အသင္းအေပၚ တစ္ႀကိမ္ အသာရယူမွဳအျဖစ္ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရဗိုလ္စြဲၿပီး ၂၀၂၀-၂၁ ရာသီကို အဖြင့္လွခဲ့ပါတယ္။

ဂိုးသမားေနရာမွာ မာတီနက္ဇ္ပဲ ပြဲထြက္လာခဲ့ၿပီး ကစားသမားသစ္ ဆာလီဘာကေတာ့ အရန္ခုံကေန ဝင္ကစားျခင္း မရွိခဲ့သလို ခံစစ္မွာ ေဒးဗစ္ လူးဝစ္ဇ္၊ ဟိုးလ္ဒင္း၊ တီယာနီတုိ႔ရဲ႕ သုံးေယာက္တန္းကို အေျခခံတဲ့ ၃-၄-၃ ကို အာဆင္နယ္တုိ႔ ဒီေန႔မွာ သုံးျပဳသြားခဲ့ၿပီး တုိက္စစ္ကိုေတာ့ အူဘာမီယန္းက ဘယ္ျခမ္းကေန ဦးေဆာင္ခဲ့ပါတယ္။

လီဗာပူးလ္ကေတာ့ လူငယ္ေနာက္ခံလူ နီကို ဝီလီယမ္စ္ကလြဲလုိ႔ က်န္တဲ့ ၁၀ ေယာက္ကို အင္ျပည့္အားျပည့္နဲ႔ ကစားသြားခဲ့ၿပီး အသင္းခ်င္း ယွဥ္ရာမွာ ကစားသမား ကြာလတီပိုင္းမွာ ပုိမိုသာလြန္ခဲ့ေပမယ့္ အာဆင္နယ္ရဲ႕ နည္းစနစ္က်က် ပိတ္ဆို႔ခုခံမွဳကို သူတုိ႔ရဲ႕ နယ္စည္းမထား ဆရာဝန္မ်ားအဖြဲ႕အတုိေကာက္ MSF ကို ယူထားခဲ့တဲ့ မာေနး၊ ဆာလားနဲ႔ ဖာမီႏိုတို႔က ထိထိေရာက္ေရာက္ မထုိးေဖာက္ႏုိင္ခဲ့ဘဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ သာလြန္တဲ့ လီဗာပူးလ္ရဲ႕ ကြင္းလယ္ကို ျဖတ္ေတာက္ဖို႔ ေဒးဗစ္ လူးဝစ္ဇ္ ႀကဳိးစားရင္း ဖ်က္ထုတ္ပုံက မေသသပ္ခဲ့လို႔ ျပစ္ဒဏ္ေဘာကန္ခြင့္ကို ေရာဘတ္ဆန္ ကန္တင္ေပးခဲ့ရာမွာ ဗန္ဒိုက္ ေခါင္းတုိက္ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ လူကၽြံေနခဲ့လို႔ သူတို႔အတြက္ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ညာျခမ္းက ဆာကာက ျဖတ္တင္ေပးရာမွာ အေတြ႕အႀကဳံ ႏုနယ္တဲ့ ဝီလီယမ္စ္က ဘယ္ျခမ္းတုိက္စစ္မွဴး အူဘာမီယန္းကို လႊတ္ေပးထားသလို ျဖစ္ေနခဲ့တာေၾကာင့္ အခြင့္အေရးရခဲ့ၿပီး ဂါဘြန္သားအေနနဲ႔ ေဘာလုံးကို စိတ္ႀကဳိက္ ေဝ့ဝိုက္ကန္ခြင့္ ရခဲ့ရမွာ ဂိုးသမား အယ္လီဆန္ မကာကြယ္ႏုိင္ခဲ့ဘဲ အာဆင္နယ္အတြက္ အဖြင့္ဂိုးျဖစ္ခဲ့ပါတယ္။

ပထမပုိင္းမွာ အာဆင္နယ္ရဲ႕ အေထာင္တုိက္စစ္မွဴး နကီးတီးယား အခြင့္အေရးေတြ ရခဲ့ေပမယ့္ အဆုံးသတ္ပုိင္း ညံ့ဖ်င္းခဲ့သလို လီဗာပူးလ္ရဲ႕ ျဖတ္တင္ေဘာေတြကိုလည္း တုိက္စစ္မွဴးေတြ အသုံးခ်ရာမွာ အားနည္းခဲ့တာေၾကာင့္ အက္ဖ္ေအဖလားပုိင္ရွင္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ၄၅ မိနစ္တာ ကာလကို ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ က်ဆင္းခ်ိန္ကို ေစာင့္ၿပီး လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ကီတာနဲ႔ မီနာမီႏိုတုိ႔ကို လူစားသြင္းၿပီး ကစားကြက္ေျပာင္းလဲခဲ့မွဳက အလုပ္ျဖစ္ခဲ့ၿပီး ေလးလံလာတဲ့ လန္ဒန္သားေတြရဲ႕ ခံစစ္က ဖ်က္ထုတ္ကာကြယ္ႏုိင္မွဳနည္းလာခဲ့တာေၾကာင့္ ပြဲခ်ိန္ ၇၃ မိနစ္မွာ မီနာမီႏိုက ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဆီးဒရစ္တုိ႔ၾကားကေန ကန္သြင္းၿပီး ေခ်ပဂိုးရယူႏုိင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ အာဆင္နယ္တုိ႔ ျပန္တင္ကစားခဲ့ေပမယ့္ ဂိုးရေလာက္တဲ့အထိေတာ့ အခြင့္အေရးေတြ မဖန္တီးႏုိင္ခဲ့သလို လီဗာပူးလ္ရဲ႕ ထိုးေဖာက္မွဳေတြကိုလည္း အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားႏုိင္ခဲ့တာေၾကာင့္ မိနစ္ ၉၀ အၿပီးမွာ တစ္ဂိုးစီသေရနဲ႔ ပင္နယ္တီ ကန္ခဲ့ရတာပါ။

ပင္နယ္တီမွာေတာ့ အာဆင္နယ္ဘက္က နယ္လ္ဆန္၊ မိတ္လန္းႏုိင္းလ္စ္၊ ဆီးဒရစ္၊ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ အူဘာမီယန္းတုိ႔ အားလုံးဝင္ခဲ့ၾကၿပီး လီဗာပူးလ္ဘက္ကေတာ့ ဆာလား၊ ဖာဘင္ညဳိ၊ မီနာမီႏိုနဲ႔ ဂ်ဳံးစ္တုိ႔ပဲ ဝင္ၿပီး တတိယကန္တဲ့ လူစားဝင္လူငယ္တုိက္စစ္မွဴး ဘ႐ူးစတားရဲ႕ ကန္ခ်က္ ဘားထိထြက္ခဲ့တာေၾကာင့္ အာဆင္နယ္တုိ႔ အက္ဖ္ေအဖလားနဲ႔အတူ ကြန္ျမဴနတီဒိုင္းကိုပါ အစဥ္အလာရွိတဲ့အတုိင္း သိမ္းပုိက္ႏုိင္ခဲ့ပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ရွိတဲ့သူနဲ႔ အေကာင္းဆုံးျပင္ဆင္ႏိုင္ခဲ့ၿပီး ကစားသမားဘဝမွာေရာ နည္းျပဘဝမွာပါ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းကို ပူးတြဲရယူႏုိင္ခဲ့တဲ့ နည္းျပတစ္ဦးအျဖစ္ မွတ္တမ္းဝင္ႏုိင္ခဲ့ၿပီး ဒီေန႔ပဲြမွာ ေျခစြမ္းျပခဲ့တဲ့ အူဘာမီယန္းနဲ႔ မိတ္လန္းႏုိင္းလ္စ္တုိ႔ကေတာ့ အသင္းမွာ ဆက္ရွိေနဖို႔ အနာဂတ္ေတြ ေသခ်ာလာႏုိင္ခဲ့မယ္လို႔ ယူဆရေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာတော့ အသင်းအတွက် ၁၆ ကြိမ်မြောက် ကွန်မြူနတီဒိုင်းကို ရယူနိုင်ခဲ့ပြီး ပွဲမတိုင်ခင်မှာ ၁၅ ကြိမ်စီနဲ့ ပူးတွဲရပ်တည်နေခဲ့တဲ့ လီဗာပူးလ်အသင်းအပေါ် တစ်ကြိမ် အသာရယူမှုအဖြစ် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲပြီး ၂၀၂၀-၂၁ ရာသီကို အဖွင့်လှခဲ့ပါတယ်။

ဂိုးသမားနေရာမှာ မာတီနက်ဇ်ပဲ ပွဲထွက်လာခဲ့ပြီး ကစားသမားသစ် ဆာလီဘာကတော့ အရန်ခုံကနေ ဝင်ကစားခြင်း မရှိခဲ့သလို ခံစစ်မှာ ဒေးဗစ် လူးဝစ်ဇ်၊ ဟိုးလ်ဒင်း၊ တီယာနီတို့ရဲ့ သုံးယောက်တန်းကို အခြေခံတဲ့ ၃-၄-၃ ကို အာဆင်နယ်တို့ ဒီနေ့မှာ သုံးပြုသွားခဲ့ပြီး တိုက်စစ်ကိုတော့ အူဘာမီယန်းက ဘယ်ခြမ်းကနေ ဦးဆောင်ခဲ့ပါတယ်။

လီဗာပူးလ်ကတော့ လူငယ်နောက်ခံလူ နီကို ဝီလီယမ်စ်ကလွဲလို့ ကျန်တဲ့ ၁၀ ယောက်ကို အင်ပြည့်အားပြည့်နဲ့ ကစားသွားခဲ့ပြီး အသင်းချင်း ယှဉ်ရာမှာ ကစားသမား ကွာလတီပိုင်းမှာ ပိုမိုသာလွန်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ နည်းစနစ်ကျကျ ပိတ်ဆို့ခုခံမှုကို သူတို့ရဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့အတိုကောက် MSF ကို ယူထားခဲ့တဲ့ မာနေး၊ ဆာလားနဲ့ ဖာမီနိုတို့က ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ဘဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ သာလွန်တဲ့ လီဗာပူးလ်ရဲ့ ကွင်းလယ်ကို ဖြတ်တောက်ဖို့ ဒေးဗစ် လူးဝစ်ဇ် ကြိုးစားရင်း ဖျက်ထုတ်ပုံက မသေသပ်ခဲ့လို့ ပြစ်ဒဏ်ဘောကန်ခွင့်ကို ရောဘတ်ဆန် ကန်တင်ပေးခဲ့ရာမှာ ဗန်ဒိုက် ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ သူတို့အတွက် အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဆာကာက ဖြတ်တင်ပေးရာမှာ အတွေ့အကြုံ နုနယ်တဲ့ ဝီလီယမ်စ်က ဘယ်ခြမ်းတိုက်စစ်မှူး အူဘာမီယန်းကို လွှတ်ပေးထားသလို ဖြစ်နေခဲ့တာကြောင့် အခွင့်အရေးရခဲ့ပြီး ဂါဘွန်သားအနေနဲ့ ဘောလုံးကို စိတ်ကြိုက် ဝေ့ဝိုက်ကန်ခွင့် ရခဲ့ရမှာ ဂိုးသမား အယ်လီဆန် မကာကွယ်နိုင်ခဲ့ဘဲ အာဆင်နယ်အတွက် အဖွင့်ဂိုးဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်ရဲ့ အထောင်တိုက်စစ်မှူး နကီးတီးယား အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့သလို လီဗာပူးလ်ရဲ့ ဖြတ်တင်ဘောတွေကိုလည်း တိုက်စစ်မှူးတွေ အသုံးချရာမှာ အားနည်းခဲ့တာကြောင့် အက်ဖ်အေဖလားပိုင်ရှင်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ၄၅ မိနစ်တာ ကာလကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကျဆင်းချိန်ကို စောင့်ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ ကီတာနဲ့ မီနာမီနိုတို့ကို လူစားသွင်းပြီး ကစားကွက်ပြောင်းလဲခဲ့မှုက အလုပ်ဖြစ်ခဲ့ပြီး လေးလံလာတဲ့ လန်ဒန်သားတွေရဲ့ ခံစစ်က ဖျက်ထုတ်ကာကွယ်နိုင်မှုနည်းလာခဲ့တာကြောင့် ပွဲချိန် ၇၃ မိနစ်မှာ မီနာမီနိုက ဒေးဗစ် လူးဝစ်ဇ်နဲ့ ဆီးဒရစ်တို့ကြားကနေ ကန်သွင်းပြီး ချေပဂိုးရယူနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ အာဆင်နယ်တို့ ပြန်တင်ကစားခဲ့ပေမယ့် ဂိုးရလောက်တဲ့အထိတော့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့သလို လီဗာပူးလ်ရဲ့ ထိုးဖောက်မှုတွေကိုလည်း အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့တာကြောင့် မိနစ် ၉၀ အပြီးမှာ တစ်ဂိုးစီသရေနဲ့ ပင်နယ်တီ ကန်ခဲ့ရတာပါ။

ပင်နယ်တီမှာတော့ အာဆင်နယ်ဘက်က နယ်လ်ဆန်၊ မိတ်လန်းနိုင်းလ်စ်၊ ဆီးဒရစ်၊ ဒေးဗစ် လူးဝစ်ဇ်နဲ့ အူဘာမီယန်းတို့ အားလုံးဝင်ခဲ့ကြပြီး လီဗာပူးလ်ဘက်ကတော့ ဆာလား၊ ဖာဘင်ညို၊ မီနာမီနိုနဲ့ ဂျုံးစ်တို့ပဲ ဝင်ပြီး တတိယကန်တဲ့ လူစားဝင်လူငယ်တိုက်စစ်မှူး ဘရူးစတားရဲ့ ကန်ချက် ဘားထိထွက်ခဲ့တာကြောင့် အာဆင်နယ်တို့ အက်ဖ်အေဖလားနဲ့အတူ ကွန်မြူနတီဒိုင်းကိုပါ အစဉ်အလာရှိတဲ့အတိုင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ရှိတဲ့သူနဲ့ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းကို ပူးတွဲရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အူဘာမီယန်းနဲ့ မိတ်လန်းနိုင်းလ်စ်တို့ကတော့ အသင်းမှာ ဆက်ရှိနေဖို့ အနာဂတ်တွေ သေချာလာနိုင်ခဲ့မယ်လို့ ယူဆရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.