Premier League

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႕ေတြကို သံုးသပ္ျခင္း

ကစားသမားအေျပာင္းအေရႊ႕ေစ်းကြက္ထဲ မန္ခ်က္စတာယူႏုိက္တက္သာ ကစားသမားသစ္ေခၚမယ္ဆိုရင္ ေတာ္ေတာ္ေလး အသံညံေလ့ရွိပါတယ္။  အထူးသျဖင့္ ထိပ္တန္းကစားသမားတစ္ဦး မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္ဖို႔ရွိေနရင္ သတင္းေတြ ပိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေလ့ရွိပါတယ္။ ဒီႏွစ္ ေႏြရာသီ ပရီးမီးယားလိဂ္ ကစားသမားအေျပာင္းအေရႊ႕ေစ်းကြက္ကို ဇူလိုင္လမကုန္ခင္ကတည္းက စဖြင့္ခဲ့ေပမယ့္ ထိပ္တန္းကစားသမားတစ္ဦးကိုမွ မန္ခ်က္စတာယူႏုိက္တက္ မေခၚႏိုင္ေသးသလို ေခၚႏိုင္မယ့္အလားအလာလည္း မျမင္ရေသးပါဘူး။

ဇူလိုင္လတုန္းက ေဒါ့တ္မြန္ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ ေဆြးေႏြးခဲ့ေပမယ့္ ကစားသမားလစာ တစ္ပတ္ေပါင္ သံုးသိန္းခြဲအထိ ေတာင္းခဲ့လို႔ အဆင္မေျပခဲ့ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္ အေနနဲ႔ ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀  အျပင္ တစ္ပတ္လစာေပါင္ သံုးသိန္းခြဲအထိ ေပးရမယ္ဆိုရင္ေတာ့ တကယ္လည္း မသံုးသင့္ဘူးလို႔ ယူဆပါတယ္။

ဆန္ခ်ိဳဟာ အလားအလာအမ်ားႀကီးရွိတဲ့ လူငယ္ေျခတက္ဆိုတာ မွန္တယ္။ ဒါေပမယ့္ တစ္ပတ္လစာေပါင္သံုးသိန္းခြဲနဲ႔ ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ခ်ဳပ္ရမွာက မန္ခ်က္စတာယူႏိုက္တက္အတြက္ စြန္႔စားမႈဆန္ေနသလားလို႔ ေတြးမိတယ္။ ဘာပဲေျပာေျပာ အေျပာင္းအေရႊ႕ေစ်းကြက္က ေအာက္တိုဘာလ ၅ရက္ေန႔အထိ ဖြင့္မယ္ဆိုေတာ့ ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕ကို အခ်ိန္ေပးၿပီး တစ္ေက်ာ့ျပန္ ေဆြးေႏြးလို႔ရပါေသးတယ္။ ခက္တာက ဆန္ခ်ိဳနဲ႔သတင္းေတြ ၿငိမ္သြားၿပီးေနာက္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေစ်းကြက္ထဲ လႈပ္ရွားမႈဟာ လံုး၀ကို အားရစရာမရွိေတာ့တာပါ။ ဒတ္ခ်္ကြင္းလယ္လူ ဗန္ဒီဘိခ္နဲ႔ ဘာစီလိုနာအသင္းက ထုတ္ေရာင္းခ်င္ေနတ့ဲ ဒမ္ဘီလီ ကို ေခၚမယ္လုိ႔ သတင္းျပန္ထြက္လာေပမယ့္ ျဖစ္ႏိုင္ေျခ အရမ္းနည္းလြန္းပါတယ္။ ျဖစ္ႏိုင္ေျခနည္းတယ္ဆိုရာမွာ မန္ခ်က္စတာယူႏုိက္တက္ကို ေငြမသံုးခ်င္ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဗန္ဒီဘိခ္နဲ႔ ဒမ္ဘီလီတို႔ႏွစ္ဦးစလံုးကိုက ဆိုးလ္ရွားလိုခ်င္တဲ့ ကစားသမားမ်ိဳး မဟုတ္တာေၾကာင့္ပါ။

အံ့အားသင့္စရာအခ်က္လည္းရွိပါေသးတယ္။ ၿပီးခဲ့တဲ့ရာသီကတည္းက မန္ခ်က္စတာယူႏိက္တက္နဲ႔ ဆက္စပ္သတင္းေတြမွာ အေထာင္တိုက္စစ္မွဴး ေခၚမယ့္အသံ မထြက္ခဲ့သေလာက္ပါပဲ။  လက္ရွိ တိုက္စစ္အင္အားစုအေပၚ ဆိုးလ္ရွား ယံုၾကည္မႈလြန္ကဲေနတာလား ဒါမွမဟုတ္ ေစ်းကြက္ထဲ တိုက္စစ္မွဴးရွားေနတာလားေတာ့မသိဘူး။   တိုက္စစ္မွဴး မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၁၇ဂိုးစီသြင္းခဲ့ေပမယ့္ ယူရိုပါလိဂ္ေနာက္ဆံုး ၂ပြဲမွာ ဂိုးကန္သြင္းခြင့္ စုစုေပါင္း အႀကိမ္ ၅၀ေက်ာ္ရခဲ့လ်က္နဲ႔  ပင္နယ္တီ၂ ဂိုးပဲသြင္းခဲ့တာကိုၾကည့္ရင္ သူတို႔ႏွစ္ဦးစလံုးအေပၚ ယံုၾကည္မႈလြန္ကဲလို႔ မရေသးမွန္းေတြ႔မွာပါ။ ဟယ္ရီကိန္း ကို ေခၚမယ္လို႔ ရံဖန္ရံခါ သတင္းေတြမွာ ျမင္ရေပမယ့္ ကမ္းလွမ္းတဲ့အဆင့္ မေျပာနဲ႔၊ တရား၀င္ခ်ဥ္းကပ္တဲ့အဆင့္ေတာင္ မေရာက္ေသးပါဘူး။

ဒီေနရာမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လိုက္ဖက္သလို တကယ္လည္း ေခၚသင့္တယ္ထင္တာကေတာ့ ၀ုဗ္ တိုက္စစ္မွဴး ရာအူးလ္ဟီမီနက္ဇ္ပါ။ ဟီမီနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၁၇ ဂိုးနဲ႔ ယူရိုပါလိဂ္မွာ ၁၀ ဂိုးသြင္းခဲ့ပါတယ္။ သြင္းဂိုးအရေရာ ကစားပံုအရပါ မန္ခ်က္စတာယူႏိုက္တက္ ေခၚသင့္တဲ့ အေထာင္တိုက္စစ္မွဴးမ်ိဳးပါ။  အခုထိေတာ့ ဟီမီနက္ဇ္ကိုသာမက တျခားဘယ္တုိက္စစ္မွဴးကိုမွ ေခၚႏိုင္ေလာက္တဲ့ အေျခအေနမ်ိဳးကို မန္ခ်က္စတာယူႏိုက္တက္ မေရာက္ေသးပါဘူး။ ေအာက္တိုဘာလဆန္းမွ ေစ်းကြက္ပိတ္မယ္ဆိုေပမယ့္ စက္တင္ဘာလအတြင္းမွာေတာ့ တိုက္စစ္မွဴးတစ္ဦး ဒါမွမဟုတ္ ေတာင္ပံကစားသမားတစ္ဦးကို အရေခၚသင့္ပါတယ္။ တစ္ဖက္မွာ မာတာ၊ ဒါေလာ့၊ စေမာလင္း၊ ဖီးလ္ဂ်ံဳးစ္နဲ႔ ရိုဂ်ိဳတို႔လို Fringe Players တို႔ကိုလည္း ထုတ္ေရာင္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီ ကစားသမားေတြ ထုတ္ေရာင္းၿပီး လစာအသံုးစရိတ္ကို ေလွ်ာ့ႏိုင္ပါမွ ဆိုးလ္ရွား လိုခ်င္တဲ့ အသင္းတစ္သင္းကို တည္ေဆာက္ႏိုင္မယ္လို႔ သုံးသပ္လုိက္ရပါတယ္။

Ref: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကစားသမားအပြောင်းအရွှေ့ဈေးကွက်ထဲ မန်ချက်စတာယူနိုက်တက်သာ ကစားသမားသစ်ခေါ်မယ်ဆိုရင် တော်တော်လေး အသံညံလေ့ရှိပါတယ်။ အထူးသဖြင့် ထိပ်တန်းကစားသမားတစ်ဦး မန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့ရှိနေရင် သတင်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်လေ့ရှိပါတယ်။ ဒီနှစ် နွေရာသီ ပရီးမီးယားလိဂ် ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကို ဇူလိုင်လမကုန်ခင်ကတည်းက စဖွင့်ခဲ့ပေမယ့် ထိပ်တန်းကစားသမားတစ်ဦးကိုမှ မန်ချက်စတာယူနိုက်တက် မခေါ်နိုင်သေးသလို ခေါ်နိုင်မယ့်အလားအလာလည်း မမြင်ရသေးပါဘူး။

ဇူလိုင်လတုန်းက ဒေါ့တ်မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် ကစားသမားလစာ တစ်ပတ်ပေါင် သုံးသိန်းခွဲအထိ တောင်းခဲ့လို့ အဆင်မပြေခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အပြင် တစ်ပတ်လစာပေါင် သုံးသိန်းခွဲအထိ ပေးရမယ်ဆိုရင်တော့ တကယ်လည်း မသုံးသင့်ဘူးလို့ ယူဆပါတယ်။

ဆန်ချိုဟာ အလားအလာအများကြီးရှိတဲ့ လူငယ်ခြေတက်ဆိုတာ မှန်တယ်။ ဒါပေမယ့် တစ်ပတ်လစာပေါင်သုံးသိန်းခွဲနဲ့ နှစ်ရှည်စာချုပ်တစ်ရပ်ချုပ်ရမှာက မန်ချက်စတာယူနိုက်တက်အတွက် စွန့်စားမှုဆန်နေသလားလို့ တွေးမိတယ်။ ဘာပဲပြောပြော အပြောင်းအရွှေ့ဈေးကွက်က အောက်တိုဘာလ ၅ရက်နေ့အထိ ဖွင့်မယ်ဆိုတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို အချိန်ပေးပြီး တစ်ကျော့ပြန် ဆွေးနွေးလို့ရပါသေးတယ်။ ခက်တာက ဆန်ချိုနဲ့သတင်းတွေ ငြိမ်သွားပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ဈေးကွက်ထဲ လှုပ်ရှားမှုဟာ လုံးဝကို အားရစရာမရှိတော့တာပါ။ ဒတ်ချ်ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ ဘာစီလိုနာအသင်းက ထုတ်ရောင်းချင်နေတဲ့ ဒမ်ဘီလီ ကို ခေါ်မယ်လို့ သတင်းပြန်ထွက်လာပေမယ့် ဖြစ်နိုင်ခြေ အရမ်းနည်းလွန်းပါတယ်။ ဖြစ်နိုင်ခြေနည်းတယ်ဆိုရာမှာ မန်ချက်စတာယူနိုက်တက်ကို ငွေမသုံးချင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဗန်ဒီဘိခ်နဲ့ ဒမ်ဘီလီတို့နှစ်ဦးစလုံးကိုက ဆိုးလ်ရှားလိုချင်တဲ့ ကစားသမားမျိုး မဟုတ်တာကြောင့်ပါ။

အံ့အားသင့်စရာအချက်လည်းရှိပါသေးတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက မန်ချက်စတာယူနိက်တက်နဲ့ ဆက်စပ်သတင်းတွေမှာ အထောင်တိုက်စစ်မှူး ခေါ်မယ့်အသံ မထွက်ခဲ့သလောက်ပါပဲ။ လက်ရှိ တိုက်စစ်အင်အားစုအပေါ် ဆိုးလ်ရှား ယုံကြည်မှုလွန်ကဲနေတာလား ဒါမှမဟုတ် ဈေးကွက်ထဲ တိုက်စစ်မှူးရှားနေတာလားတော့မသိဘူး။ တိုက်စစ်မှူး မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၇ဂိုးစီသွင်းခဲ့ပေမယ့် ယူရိုပါလိဂ်နောက်ဆုံး ၂ပွဲမှာ ဂိုးကန်သွင်းခွင့် စုစုပေါင်း အကြိမ် ၅၀ကျော်ရခဲ့လျက်နဲ့ ပင်နယ်တီ၂ ဂိုးပဲသွင်းခဲ့တာကိုကြည့်ရင် သူတို့နှစ်ဦးစလုံးအပေါ် ယုံကြည်မှုလွန်ကဲလို့ မရသေးမှန်းတွေ့မှာပါ။ ဟယ်ရီကိန်း ကို ခေါ်မယ်လို့ ရံဖန်ရံခါ သတင်းတွေမှာ မြင်ရပေမယ့် ကမ်းလှမ်းတဲ့အဆင့် မပြောနဲ့၊ တရားဝင်ချဉ်းကပ်တဲ့အဆင့်တောင် မရောက်သေးပါဘူး။

ဒီနေရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လိုက်ဖက်သလို တကယ်လည်း ခေါ်သင့်တယ်ထင်တာကတော့ ဝုဗ် တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်ပါ။ ဟီမီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးနဲ့ ယူရိုပါလိဂ်မှာ ၁၀ ဂိုးသွင်းခဲ့ပါတယ်။ သွင်းဂိုးအရရော ကစားပုံအရပါ မန်ချက်စတာယူနိုက်တက် ခေါ်သင့်တဲ့ အထောင်တိုက်စစ်မှူးမျိုးပါ။ အခုထိတော့ ဟီမီနက်ဇ်ကိုသာမက တခြားဘယ်တိုက်စစ်မှူးကိုမှ ခေါ်နိုင်လောက်တဲ့ အခြေအနေမျိုးကို မန်ချက်စတာယူနိုက်တက် မရောက်သေးပါဘူး။ အောက်တိုဘာလဆန်းမှ ဈေးကွက်ပိတ်မယ်ဆိုပေမယ့် စက်တင်ဘာလအတွင်းမှာတော့ တိုက်စစ်မှူးတစ်ဦး ဒါမှမဟုတ် တောင်ပံကစားသမားတစ်ဦးကို မန်ချက် အရခေါ်သင့်ပါတယ်။ တစ်ဖက်မှာ မာတာ၊ ဒါလော့၊ စမောလင်း၊ ဖီးလ်ဂျုံးစ်နဲ့ ရိုဂျိုတို့လို Fringe Players တို့ကိုလည်း ထုတ်ရောင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီ ကစားသမားတွေ ထုတ်ရောင်းပြီး လစာအသုံးစရိတ်ကို လျှော့နိုင်ပါမှ ဆိုးလ်ရှား လိုချင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်မယ်လို့ သုံးသပ်လိုက်ရပါတယ်။

Ref: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.