Bundesliga Match Report Premier League UCL&UEL

ဟားလန်းအစွမ်း အံ့မခန်းနဲ့ ဒေါ့မွန်ကို Come Back ပြီး အနိုင်ယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကေ၊ အာကန်ဂျီ၊ စတုန်းစ်နဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဒေါ့မွန်တို့ကတော့ ဂိုးသမား မိုင်ယာ၊ ခံစစ်မှာ ဘိုင်ယန်ဟောင်းတွေဖြစ်ကြတဲ့ ဟမ်းမဲလ်နဲ့ ဆူးလား၊ မူနီယေး၊ ဂွါရီရိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အော့ဇ်ကန်၊ အမ်မရီ ချန်နဲ့ ဘယ်လင်ဂမ်တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ မာကို ရွိုက်စ်၊ ရေးနားနဲ့ မိုဒက်စ်တီတို့ကို ကစားစေခဲ့တာပါ။

ပထမပိုင်းမှာ စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အသားစီးယူပြီး ဖိကစားခဲ့ပေမယ့် လုံးဝကို တိုက်စစ်မလိုက်ဘဲ Low Block ကစားသွားခဲ့တဲ့ ဒေါ့မွန်တို့ကြောင့် အခွင့်အရေးတွေကို အသုံးချဖို့ ခက်နေခဲ့ပြီး တိုက်စစ်ကလည်း လွဲချော်နေခဲ့သလို ဂိုးပေါက်တောင် တည့်အောင် မကန်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရေးနားရဲ့ ညာထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို မာကို ရွိုက်စ်ရဲ့ နောက်တစ်ကြိမ် ဖန်တီးဖြတ်တင်မှုကနေ အင်္ဂလိပ်လူငယ်ကစားသမား ဘယ်လင်ဂမ်က လမ်းကြောင်းပြောင်း ခေါင်းတိုက်ပြီး အဆုံးသတ်ရယူသွားခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အလုပ်မဖြစ်တဲ့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဂွန်ဒိုးဝမ်တို့အစား ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ထည့်သွင်းခဲ့ပြီး ပွဲရလဒ်ကို ပြောင်းလဲနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ စီးတီးတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒီဘရိုင်းနားက အတွင်းကို ပြန်ထည့်ပေးတာကို နောက်ကနေ တိုက်စစ်လိုက်ပါလာခဲ့တဲ့ ခံစစ်မှူး ဂျွန်စတုန်းစ် ဧရိယာအစပ်ကနေ ဒုံးပျံကန်ချက်နဲ့ အပြင်းကန်သွင်းပြီး ဂိုးသမား မိုင်ယာကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ အိမ်ရှင်တွေ နောက်ကနေ လိုက်ပြီး အနိုင်ဂိုး ရှာဖွေသွားခဲ့သလို ဒီဂိုးကိုတော့ ကန်ဆယ်လိုရဲ့ ဘယ်ခြမ်းက ဆရာကျတဲ့ ခြေအပြင်ဘက်နဲ့ လှမ်းမ,ပေးတဲ့ ဘောလုံးကို ဟားလန်းက ခေါင်းလောက်အမြင့်က ဘောလုံးကို လေထဲမှာ ခုန်ကန်ပြီး အသင်းဟောင်းကို ထိုးနှက်သွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ဒေါ့မွန်တို့ဘက်က မာကို ရွိုက်စ်နဲ့ အော့ဇ်ကန်တို့အစား မူကိုကိုနဲ့ အဒီယီမီတို့ တိုက်စစ်မှူးနှစ်ဦးကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စီးတီးတို့ကတော့ ဟားလန်းအစား ကယ်လ်ဗင် ဖိလစ်ကို ထည့်သွင်းပြီး အနိုင်ဂိုးကို ထိန်းကစားသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အစ်တီဟတ်ကွင်းမှာ မန်ချက်စတာစီးတီးတို့ Come Back နိုင်ပွဲတစ်ပွဲကို နှစ်ဂိုး-တစ်ဂိုးနဲ့ နောက်က လိုက်လံရယူသွားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စု(G)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်နဲ့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒေါ့မွန်ကို ဖြုတ်ချထားနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာေက၊ အာကန္ဂ်ီ၊ စတုန္းစ္နဲ႔ ကန္ဆယ္လိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေဒါ့မြန္တို႔ကေတာ့ ဂိုးသမား မိုင္ယာ၊ ခံစစ္မွာ ဘိုင္ယန္ေဟာင္းေတြျဖစ္ၾကတဲ့ ဟမ္းမဲလ္နဲ႔ ဆူးလား၊ မူနီေယး၊ ဂြါရီ႐ိုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ေအာ့ဇ္ကန္၊ အမ္မရီ ခ်န္နဲ႔ ဘယ္လင္ဂမ္တို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ မာကို ႐ြိဳက္စ္၊ ေရးနားနဲ႔ မိုဒက္စ္တီတို႔ကို ကစားေစခဲ့တာပါ။

ပထမပိုင္းမွာ စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ အသားစီးယူၿပီး ဖိကစားခဲ့ေပမယ့္ လုံးဝကို တိုက္စစ္မလိုက္ဘဲ Low Block ကစားသြားခဲ့တဲ့ ေဒါ့မြန္တို႔ေၾကာင့္ အခြင့္အေရးေတြကို အသုံးခ်ဖို႔ ခက္ေနခဲ့ၿပီး တိုက္စစ္ကလည္း လြဲေခ်ာ္ေနခဲ့သလို ဂိုးေပါက္ေတာင္ တည့္ေအာင္ မကန္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေရးနားရဲ႕ ညာေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို မာကို ႐ြိဳက္စ္ရဲ႕ ေနာက္တစ္ႀကိမ္ ဖန္တီးျဖတ္တင္မႈကေန အဂၤလိပ္လူငယ္ကစားသမား ဘယ္လင္ဂမ္က လမ္းေၾကာင္းေျပာင္း ေခါင္းတိုက္ၿပီး အဆုံးသတ္ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အလုပ္မျဖစ္တဲ့ မာရက္ဇ္၊ ဂရီးလစ္ရွ္နဲ႔ ဂြန္ဒိုးဝမ္တို႔အစား ဖိုဒန္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ထည့္သြင္းခဲ့ၿပီး ပြဲရလဒ္ကို ေျပာင္းလဲႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ စီးတီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဒီဘ႐ိုင္းနားက အတြင္းကို ျပန္ထည့္ေပးတာကို ေနာက္ကေန တိုက္စစ္လိုက္ပါလာခဲ့တဲ့ ခံစစ္မႉး ဂြၽန္စတုန္းစ္ ဧရိယာအစပ္ကေန ဒုံးပ်ံကန္ခ်က္နဲ႔ အျပင္းကန္သြင္းၿပီး ဂိုးသမား မိုင္ယာကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေနာက္ကေန လိုက္ၿပီး အႏိုင္ဂိုး ရွာေဖြသြားခဲ့သလို ဒီဂိုးကိုေတာ့ ကန္ဆယ္လိုရဲ႕ ဘယ္ျခမ္းက ဆရာက်တဲ့ ေျခအျပင္ဘက္နဲ႔ လွမ္းမ,ေပးတဲ့ ေဘာလုံးကို ဟားလန္းက ေခါင္းေလာက္အျမင့္က ေဘာလုံးကို ေလထဲမွာ ခုန္ကန္ၿပီး အသင္းေဟာင္းကို ထိုးႏွက္သြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ေဒါ့မြန္တို႔ဘက္က မာကို ႐ြိဳက္စ္နဲ႔ ေအာ့ဇ္ကန္တို႔အစား မူကိုကိုနဲ႔ အဒီယီမီတို႔ တိုက္စစ္မႉးႏွစ္ဦးကို ထည့္သြင္းၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ စီးတီးတို႔ကေတာ့ ဟားလန္းအစား ကယ္လ္ဗင္ ဖိလစ္ကို ထည့္သြင္းၿပီး အႏိုင္ဂိုးကို ထိန္းကစားသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အစ္တီဟတ္ကြင္းမွာ မန္ခ်က္စတာစီးတီးတို႔ Come Back ႏိုင္ပြဲတစ္ပြဲကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေနာက္က လိုက္လံရယူသြားႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ အုပ္စု(G)မွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရမွတ္ ေျခာက္မွတ္နဲ႔ အဓိက ၿပိဳင္ဘက္ျဖစ္လာႏိုင္တဲ့ ေဒါ့မြန္ကို ျဖဳတ္ခ်ထားႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေန ေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.