Premier League

စပို့တင်းကို ရှုံးခဲ့ပေမယ့် ပေါင် ၂၆ သန်းအမြတ်ထွက်ဦးမယ့် စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကစားသမားဟောင်း မားကပ်စ် အက်ဒွပ်သာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ဆန္ဒ ပြည့်မြောက်ခဲ့မယ်ဆိုရင် ရောင်းကြေး ပေါင် ၂၆ သန်း ရရှိမှာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အင်္ဂါနေ့ညမှာ စပို့တင်း လစ္စဘွန်းအသင်းက တော့တင်ဟမ်ဟော့စပါးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အက်ဒွပ်က တစ်နေ့ကျရင် အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့ပြီး တကယ်လို့ ကလပ်အသင်းတစ်သင်းက စပါးစ်ကြယ်ပွင့်ဟောင်းရဲ့ စပို့တင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်လျော်ကြေး ပေါင် ၅၂ သန်းကို ပေးချေခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်ဟာ ရောင်းကြေး ပေါင် ၂၆ သန်း ရရှိမှာဖြစ်ပါတယ်။

“အရမ်းကောင်းမွန်တယ်လို့ ခံစားရပြီး ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လို ကစားနိုင်လဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် ထူးထူးထွေထွေတွေ ပြောမနေတော့ပါဘူး။ ဒါပေမယ့် စပါးစ်နဲ့ ရင်ဆိုင်ကစားရတာက အရမ်းထူးခြားတဲ့ခံစားချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သိတဲ့သူတွေကို မြင်ရတာ ကောင်းမွန်ပါတယ်။ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေပေါ့”

“ကျွန်တော် အရင်အတိုင်းပဲ နေပါတယ်။ အာရုံစူးစိုက်မှုကလည်း အရင်အတိုင်းပဲ။ ဒီမှာက မိသားစုပတ်ဝန်းကျင်မှာ ရှိနေရသလို နေထိုင်နေရပြီး ကျွန်တော် ဒီထက်ပိုပြီးတော့ မပျော်ရွှင်နိုင်တော့ပါဘူး။ အင်္ဂလန်က အိမ်ပါ။ အဲဒီတော့ ကျွန်တော် အဲဒီကို တစ်နေ့ကျ ပြန်သွားချင်တယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော် အခုတော့ ကျွန်တော် လုပ်နေတာတွေအပေါ်မှာပဲ အာရုံစိုက်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ မက်ဆီ အသေးစားလေးလို့ နာမည်ပြောင်ပေးခြင်းခံခဲ့ရတဲ့ အက်ဒွပ်ကို ၂၀၁၉ ခုနှစ်မှာ ဗစ်တိုးရီးယား ဂီမာရေးစ်အသင်းဆီကို ရောင်းကြေး ၅၀ ရာခိုင်နှုန်းနဲ့ အလွတ် ပြောင်းရွှေ့ခွင့်ပေးခဲ့တာဖြစ်ပြီး စပို့တင်း လစ္စဘွန်းက အသက် ၂၃ နှစ်အရွယ် ကစားသမားကို ဗစ်တိုးရီးယားကနေ ပေါင် ၉ သန်းနဲ့ ခေါ်ယူချိန်မှာ စပါးစ်ကို ရောင်းကြေး ၅၀ ရာခိုင်နှုန်းလွှဲပြောင်းပေးဖို့ သဘောတူညီခဲ့တာကြောင့် အင်္ဂလိပ်ကလပ်အသင်းက အဲဒီအပြောင်းအရွှေ့ကနေ ပေါင် ၄.၅ သန်းရရှိခဲ့တာဖြစ်ပါတယ်။

အက်ဒွပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စပို့တင်း လစ္စဘွန်းအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်လျော်ကြေး ပေါင် ၅၂ သန်းကို ထည့်သွင်းချုပ်ဆိုခဲ့တာကြောင့် အသင်းတစ်သင်းက စပို့တင်းလစ္စဘွန်းကြယ်ပွင့်ကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းက အဲဒီပမာဏထဲက တစ်ဝက်ကို အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ကစားသမားေဟာင္း မားကပ္စ္ အက္ဒြပ္သာ အနာဂတ္မွာ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵ ျပည့္ေျမာက္ခဲ့မယ္ဆိုရင္ ေရာင္းေၾကး ေပါင္ ၂၆ သန္း ရရွိမွာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ အဂၤါေန႔ညမွာ စပို႔တင္း လစၥဘြန္းအသင္းက ေတာ့တင္ဟမ္ေဟာ့စပါးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားတစ္ဦးရဲ႕ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အက္ဒြပ္က တစ္ေန႔က်ရင္ အဂၤလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ေျပာၾကားခဲ့ၿပီး တကယ္လို႔ ကလပ္အသင္းတစ္သင္းက စပါးစ္ၾကယ္ပြင့္ေဟာင္းရဲ႕ စပို႔တင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၂ သန္းကို ေပးေခ်ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ကလပ္ဟာ ေရာင္းေၾကး ေပါင္ ၂၆ သန္း ရရွိမွာျဖစ္ပါတယ္။

“အရမ္းေကာင္းမြန္တယ္လို႔ ခံစားရၿပီး ကြၽန္ေတာ္တို႔ ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္လို ကစားႏိုင္လဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ထူးထူးေထြေထြေတြ ေျပာမေနေတာ့ပါဘူး။ ဒါေပမယ့္ စပါးစ္နဲ႔ ရင္ဆိုင္ကစားရတာက အရမ္းထူးျခားတဲ့ခံစားခ်က္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ သိတဲ့သူေတြကို ျမင္ရတာ ေကာင္းမြန္ပါတယ္။ ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြေပါ့”

“ကြၽန္ေတာ္ အရင္အတိုင္းပဲ ေနပါတယ္။ အာ႐ုံစူးစိုက္မႈကလည္း အရင္အတိုင္းပဲ။ ဒီမွာက မိသားစုပတ္ဝန္းက်င္မွာ ရွိေနရသလို ေနထိုင္ေနရၿပီး ကြၽန္ေတာ္ ဒီထက္ပိုၿပီးေတာ့ မေပ်ာ္႐ႊင္ႏိုင္ေတာ့ပါဘူး။ အဂၤလန္က အိမ္ပါ။ အဲဒီေတာ့ ကြၽန္ေတာ္ အဲဒီကို တစ္ေန႔က် ျပန္သြားခ်င္တယ္ဆိုတာ ဟုတ္ပါတယ္။ ကြၽန္ေတာ္ အခုေတာ့ ကြၽန္ေတာ္ လုပ္ေနတာေတြအေပၚမွာပဲ အာ႐ုံစိုက္ေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ မက္ဆီ အေသးစားေလးလို႔ နာမည္ေျပာင္ေပးျခင္းခံခဲ့ရတဲ့ အက္ဒြပ္ကို ၂၀၁၉ ခုႏွစ္မွာ ဗစ္တိုးရီးယား ဂီမာေရးစ္အသင္းဆီကို ေရာင္းေၾကး ၅၀ ရာခိုင္ႏႈန္းနဲ႔ အလြတ္ ေျပာင္းေ႐ႊ႕ခြင့္ေပးခဲ့တာျဖစ္ၿပီး စပို႔တင္း လစၥဘြန္းက အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားကို ဗစ္တိုးရီးယားကေန ေပါင္ ၉ သန္းနဲ႔ ေခၚယူခ်ိန္မွာ စပါးစ္ကို ေရာင္းေၾကး ၅၀ ရာခိုင္ႏႈန္းလႊဲေျပာင္းေပးဖို႔ သေဘာတူညီခဲ့တာေၾကာင့္ အဂၤလိပ္ကလပ္အသင္းက အဲဒီအေျပာင္းအေ႐ႊ႕ကေန ေပါင္ ၄.၅ သန္းရရွိခဲ့တာျဖစ္ပါတယ္။

အက္ဒြပ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ စပို႔တင္း လစၥဘြန္းအသင္းနဲ႔ ၂၀၂၆ ခုႏွစ္အထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၂ သန္းကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တာေၾကာင့္ အသင္းတစ္သင္းက စပို႔တင္းလစၥဘြန္းၾကယ္ပြင့္ကို စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူခဲ့မယ္ဆိုရင္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက အဲဒီပမာဏထဲက တစ္ဝက္ကို အလိုအေလ်ာက္ ရရွိမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.