Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၂၉.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းရဲ့ ဗျူဟာမြောက် ရွှေ့ကွက်အဖြစ် အေစီမီလန်ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို အသင်းရဲ့ဂိုးသမား ကီပါ အာရီဇာဘာလာဂါနဲ့ တစ်နှစ်အငှားချင်းလဲလှယ်သွားဖို့ ရှိနေပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– ဘန် ချေးလ်ဝဲလ်အတွက် အကြိုက်ဆုံးကျောနံပါတ် ၃ ကို ချဲလ်ဆီးအသင်းမှာ ဝတ်ဆင်သွားနိုင်ဖို့ ရှိနေပြီး အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ မားကို့စ် အလွန်ဆိုကို ဆီဗီလာအသင်းဆီ ပေါင် ၁၈ သန်းနဲ့ ရောင်းချသွားဖို့ စီစဉ်။

– ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူမှုဟာ လိုအပ်နေတဲ့ ဂိုးသမားကောင်းတစ်ဦး မရရှိခဲ့ဘူးဆိုရင် သဲထဲရေသွန်သလို အချည်းနှီးဖြစ်သွားလိမ့်မယ်လို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကို ESPN ဘောလုံးကျွမ်းကျင်သူ ရှာဟာ ဟစ္စလော့ပ်သတိပေး။

– ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ရောင်းချပြီးသွားရင် ဘတ်ဂျက်ရရှိနိုင်တဲ့ အက်စတန်ဗီလာအသင်းအနေနဲ့ တီမို ဗာနာ ရောက်ရှိလာအပြီးမှာ ချဲလ်ဆီးမှာ နေရာပျောက်ဆုံးနိုင်တဲ့ တမ်မီ အေဘရာဟမ်ကို အသင်းနဲ့ ဒုတိယအကြိမ်မြောက် ပူးပေါင်းမှုအဖြစ် ယူရိုသန်း ၄၀ ခန့်နဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– ချေးလ်ဝဲလ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ + ခံစားခွင့် သန်း ၂၀ နဲ့ ခေါ်ယူထားခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းကွင်းလယ် ကစားသမား ဒက်ကလန် ရိုက်စ်ကို တူညီတဲ့ နည်းဗျူဟာနဲ့ ဟမ်းမားတွေရဲ့ ဆိုဈေး ပေါင်သန်း ၈၀ ကို လျှော့ချခေါ်ယူသွားဖို့ ကြံစည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.