Bundesliga Premier League

လခပိုလိုခ်င္လို႔ ေဒါ့မြန္ကို ေျပာင္းခဲ့တာဆုိတဲ့ မွတ္ခ်က္ကို ဟားလန္းျပက္ရယ္ျပဳ

ေဒါ့မြန္အသင္းရဲ႕ တုိက္စစ္မွဴးသစ္ အာလင္း ဟားလန္းအေနနဲ႔ ဒီအသင္းကို ေရြးခ်ယ္ခဲ့တာဟာ မန္ခ်က္စတာယူႏုိက္တက္က ကမ္းလွမ္းတဲ့ လစာေငြထက္ ပုိလိုခ်င္ခဲ့လို႔ျဖစ္တယ္ဆိုတဲ့ မွတ္ခ်က္ေတြကို ေလွာင္ေျပာင္လိုက္ၿပီး ကေလးဆန္တဲ့ ရယ္စရာေဝဖန္မွဳေတြလို႔ ဆုိလုိက္ပါတယ္။

ဒီ ၁၉ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ၾသစႀတီးယားေျမကေန ဘာသာစကားတူတဲ့ ဂ်ာမန္ေျမကိုပဲ ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ဒါက သူ႕ရဲ႕ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္တစ္ခုျဖစ္ႏုိင္သလို ဘြန္ဒက္စ္လီဂါမွာလည္း ၂၇၀ မိနစ္ ကစားၿပီးခ်ိန္မွာ ၇ ဂိုး သြင္းယူထားႏုိင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကို မေရာက္ခဲ့ရတဲ့ အေၾကာင္းတစ္ရပ္ကေတာ့ ဟားလန္းရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ အမွဳေဆာင္ခ်ဳပ္ အက္ဒ္ ဝုဒ္ဝဒ္တုိ႔ ဆက္ဆံေရးအဆင္မေျပလို႔ သူ႕ရဲ႕ဖခင္က တစ္ဆင့္ေဆြးေႏြးခဲ့ရသလို စာခ်ဳပ္ဖ်က္သိမ္းေၾကးကိုလည္း မထည့္သြင္းလုိတဲ့အတြက္ ေခၚယူမွဳ အထမေျမာက္ခဲ့တာလို႔ ဆုိပါတယ္။

ဟားလန္းအေနနဲ႔ ေဒါ့မြန္အသင္းမွာ ၂၀၂၄ ခုႏွစ္အထိ ရွိေနမယ့္ ေလးႏွစ္ခြဲစာခ်ဳပ္ကို ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၁၃၀၀၀၀ ရရွိတယ္လုိ႔ ဆိုသလို စာခ်ဳပ္ေလ်ာ္ေၾကးအေနနဲ႔ေတာ့ ေပါင္ ၆၃ သန္းေပးရင္ ေခၚယူႏုိင္ခြင့္ကို ထည့္သြင္းထားတယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

“လူေတြက ေရးခ်င္ေတြတာေတြ ေလွ်ာက္ေရးေနမယ့္အစား ကၽြန္ေတာ့္ကို စကားလာေျပာသင့္ပါတယ္။ ကၽြန္ေတာ္နဲ႔ေတြ႕ရင္ အေၾကာင္းစုံ သိရမွာေပါ့။ ခုေတာ့ ရယ္စရာေတြ ေလွ်ာက္ေျပာေနၾကၿပီး သူတုိ႔ထင္သလို တစ္ခုမွ မဟုတ္ပါဘူး။ တခ်ဳိ႕က ကၽြန္ေတာ့္ေအးဂ်င့္ေၾကာင့္လို႔ ေျပာတယ္။ ဒါလည္း မမွန္ပါဘူး၊ သူက သူ႕အလုပ္မွာ အေတာ္ဆုံးလူတစ္ေယာက္ျဖစ္ၿပီး ကိုယ္စားျပဳထားတဲ့သူေတြဘက္က ကာကြယ္ေပးတတ္သူျဖစ္လို႔ တျခား လူေတြက အျမင္မၾကည္ၾကတာပါ။ ဒီလိုလူမ်ဳိးနဲ႔ အလုပ္တြဲလုပ္ခြင့္ရၿပီး အနားမွာ ရွိေနေပးတာကိုက အရမ္းေက်းဇူးတင္ရတာပါ”လို႔ ဟားလန္းက ေကာလဟာလေတြကို ေလွာင္ေျပာင္လုိက္ၿပီး ေအးဂ်င့္ ႐ိုင္ယိုလာကိုေတာ့ ေက်းဇူးတင္စကားနဲ႔အတူ ကာကြယ္ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟားလန်းအနေနဲ့ ဒီအသင်းကို ရွေးချယ်ခဲ့တာဟာ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းတဲ့ လစာငွေထက် ပိုလိုချင်ခဲ့လို့ဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေကို လှောင်ပြောင်လိုက်ပြီး ကလေးဆန်တဲ့ ရယ်စရာဝေဖန်မှုတွေလို့ ဆိုလိုက်ပါတယ်။

ဒီ ၁၉ နှစ်အရွယ် တိုက်စစ်မှူးဟာ သြစတြီးယားမြေကနေ ဘာသာစကားတူတဲ့ ဂျာမန်မြေကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုဖြစ်နိုင်သလို ဘွန်ဒက်စ်လီဂါမှာလည်း ၂၇၀ မိနစ် ကစားပြီးချိန်မှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို မရောက်ခဲ့ရတဲ့ အကြောင်းတစ်ရပ်ကတော့ ဟားလန်းရဲ့ အေးဂျင့် မီနို ရိုင်ယိုလာနဲ့ အမှုဆောင်ချုပ် အက်ဒ် ဝုဒ်ဝဒ်တို့ ဆက်ဆံရေးအဆင်မပြေလို့ သူ့ရဲ့ဖခင်က တစ်ဆင့်ဆွေးနွေးခဲ့ရသလို စာချုပ်ဖျက်သိမ်းကြေးကိုလည်း မထည့်သွင်းလိုတဲ့အတွက် ခေါ်ယူမှု အထမမြောက်ခဲ့တာလို့ ဆိုပါတယ်။

ဟားလန်းအနေနဲ့ ဒေါ့မွန်အသင်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိနေမယ့် လေးနှစ်ခွဲစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ရရှိတယ်လို့ ဆိုသလို စာချုပ်လျော်ကြေးအနေနဲ့တော့ ပေါင် ၆၃ သန်းပေးရင် ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းထားတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

“လူတွေက ရေးချင်တွေတာတွေ လျှောက်ရေးနေမယ့်အစား ကျွန်တော့်ကို စကားလာပြောသင့်ပါတယ်။ ကျွန်တော်နဲ့တွေ့ရင် အကြောင်းစုံ သိရမှာပေါ့။ ခုတော့ ရယ်စရာတွေ လျှောက်ပြောနေကြပြီး သူတို့ထင်သလို တစ်ခုမှ မဟုတ်ပါဘူး။ တချို့က ကျွန်တော့်အေးဂျင့်ကြောင့်လို့ ပြောတယ်။ ဒါလည်း မမှန်ပါဘူး၊ သူက သူ့အလုပ်မှာ အတော်ဆုံးလူတစ်ယောက်ဖြစ်ပြီး ကိုယ်စားပြုထားတဲ့သူတွေဘက်က ကာကွယ်ပေးတတ်သူဖြစ်လို့ တခြား လူတွေက အမြင်မကြည်ကြတာပါ။ ဒီလိုလူမျိုးနဲ့ အလုပ်တွဲလုပ်ခွင့်ရပြီး အနားမှာ ရှိနေပေးတာကိုက အရမ်းကျေးဇူးတင်ရတာပါ”လို့ ဟားလန်းက ကောလဟာလတွေကို လှောင်ပြောင်လိုက်ပြီး အေးဂျင့် ရိုင်ယိုလာကိုတော့ ကျေးဇူးတင်စကားနဲ့အတူ ကာကွယ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.