Premier League

မန္ခ်က္စတာစီးတီးအသင္း ခ်န္ပီယံလိဂ္မွ ႏွစ္ရာသီထုတ္ပယ္ခံရ

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာစီးတီးအသင္းဟာ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA က ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္ခဲ့မွဳအတြက္ လာမယ့္ ၂၀၂၀-၂၁ ရာသီနဲ႔ ၂၀၂၁-၂၂ ရာသီေတြမွာ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲဝင္ခြင့္ကေန ပိတ္ပင္ဖယ္ရွားခံလုိက္ရတယ္လုိ႔ သိရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿပဳိင္ပြဲဝင္ခြင့္ ပိတ္ပင္ခံရမွဳဟာ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကုန္မွာကတည္းက အားလုံးဝိုင္းဝန္းေဆြးေႏြးေနခဲ့ၾကတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ၿပီး အဲ့ဒီတုန္းကေတာ့ အယူခံတင္သြင္းသြင္းထားခဲ့ၿပီးေနာက္ ဆိုင္းငံထားခဲ့လို႔ တစ္ရာသီစာ ဆက္လက္ၿပီး ၿပဳိ္င္ပြဲဝင္ခြင့္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA ရဲ႕ ဘဏၰာေရးဆုိင္ရာ ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ မန္စီးတီးအသင္းအေနနဲ႔ အသင္းရဲ႕ ဝင္ေငြကို ေဖာ္ျပတဲ့အခါမွာ ရသုံးစာရင္းကို ကာမိေစဖို႔အတြက္ ယုတၱိမရွိတဲ့ စပြန္ဆာေငြေၾကးေတြကို ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္းမွာ တင္သြင္းခဲ့တယ္လို႔ ျပစ္ဒဏ္ခ်မွတ္ ပိတ္ပင္ရျခင္းရဲ႕ အေၾကာင္းရင္းခံကို ေၾကျငာခဲ့တာလည္းျဖစ္ၿပီး ဒဏ္ေငြအေနနဲ႔ ယူ႐ုိသန္း ၃၀ ေပးေဆာင္ဖို႔လည္း ပါဝင္ေနပါတယ္။

ဒါ့အျပင္ မန္စီးတီးအသင္းရဲ႕ လုပ္ရပ္ဟာ Financial Fair Play Rule ဘဏၰာေရးမွ်တစြာ ယွဥ္ၿပဳိင္ကစားျခင္းဥပေဒကို ခ်ဳိးေဖာက္ခဲ့တာျဖစ္ၿပီး တာဝန္ရွိသူေတြက စစ္ေဆးတဲ့အခါမွာလည္း ပူးေပါင္းေဆာင္ရြက္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ UEFA က တရားဝင္ထုတ္ျပန္သြားခဲ့သလို ဒီျပစ္ဒဏ္ဟာ ဥေရာပၿပဳိင္ပြဲအားလုံးအေပၚ သက္ေရာက္တာလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြကေတာ့ ဒီဆုံးျဖတ္ခ်က္အတြက္ စိတ္ပ်က္ေၾကာင္းေျပာခဲ့ၿပီး သူတုိ႔အေနနဲ႔ မွန္ကန္စြာ ရပ္တည္ခဲ့ေၾကာင္း ျငင္းဆုိသြားခဲ့သလို ဒီျပစ္ဒဏ္အတြက္ အားကစားခုံ႐ုံး(CAS)ကို အယူခံဝင္သြားဖို႔လည္း ရွိတယ္လို႔ စကိုင္းစပုိ႔စ္က ေဖာ္ျပသြားခဲ့ပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုအတွက် လာမယ့် ၂၀၂၀-၂၁ ရာသီနဲ့ ၂၀၂၁-၂၂ ရာသီတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကနေ ပိတ်ပင်ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကုန်မှာကတည်းက အားလုံးဝိုင်းဝန်းဆွေးနွေးနေခဲ့ကြတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး အဲ့ဒီတုန်းကတော့ အယူခံတင်သွင်းသွင်းထားခဲ့ပြီးနောက် ဆိုင်းငံထားခဲ့လို့ တစ်ရာသီစာ ဆက်လက်ပြီး ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ဘဏ္ဏာရေးဆိုင်ရာ ကော်မတီရဲ့ ထုတ်ပြန်ချက်အရတော့ မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့ ဝင်ငွေကို ဖော်ပြတဲ့အခါမှာ ရသုံးစာရင်းကို ကာမိစေဖို့အတွက် ယုတ္တိမရှိတဲ့ စပွန်ဆာငွေကြေးတွေကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ တင်သွင်းခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ် ပိတ်ပင်ရခြင်းရဲ့ အကြောင်းရင်းခံကို ကြေငြာခဲ့တာလည်းဖြစ်ပြီး ဒဏ်ငွေအနေနဲ့ ယူရိုသန်း ၃၀ ပေးဆောင်ဖို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းရဲ့ လုပ်ရပ်ဟာ Financial Fair Play Rule ဘဏ္ဏာရေးမျှတစွာ ယှဉ်ပြိုင်ကစားခြင်းဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက စစ်ဆေးတဲ့အခါမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ UEFA က တရားဝင်ထုတ်ပြန်သွားခဲ့သလို ဒီပြစ်ဒဏ်ဟာ ဥရောပပြိုင်ပွဲအားလုံးအပေါ် သက်ရောက်တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်ကြောင်းပြောခဲ့ပြီး သူတို့အနေနဲ့ မှန်ကန်စွာ ရပ်တည်ခဲ့ကြောင်း ငြင်းဆိုသွားခဲ့သလို ဒီပြစ်ဒဏ်အတွက် အားကစားခုံရုံး(CAS)ကို အယူခံဝင်သွားဖို့လည်း ရှိတယ်လို့ စကိုင်းစပို့စ်က ဖော်ပြသွားခဲ့ပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.