Bundesliga Premier League

အူပါမီကာႏိုအတြက္ အာဆင္နယ္ဦးေဆာင္ေနၿပီး စပါးစ္နဲ႔ အသင္းတခ်ဳိ႕ ေစာင့္ၾကည့္ေန

ဘြန္ဒက္စ္လီဂါကလပ္ RB လိုက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံအလယ္လူ ဒါယုိ အူပါမီကာႏိုအေနနဲ႔ ပရီးယားယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနတဲ့အတြက္ အာဆင္နယ္အသင္းအတြက္ေတာ့ ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းလာပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ခံစစ္မွဴးေလးဟာ ဂ်ာမန္ေျမမွာ ေျခစြမ္းျပသေနၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာတို႔လို ဥေရာပထိပ္သီး ကလပ္အသင္းႀကီးေတြကလည္း စိတ္ဝင္တစား တံခါးဖြင့္ၿပီး ေစာင့္ၾကည့္ေနၾကတာလည္း ျဖစ္ပါတယ္။

ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိမယ့္ အူပါမီကာႏုိဟာ လက္ရွိအခ်ိန္အထိ လိုက္ပ္ဇစ္ၿမဳိ႕ခံအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရျခင္းမရွိေသးဘဲ ရာသီကုန္မွာ အသင္းေျပာင္းေ႐ႊ႕ျဖစ္ဖို႔ မ်ားေနတယ္လို႔လည္း ဆုိေနၾကပါတယ္။

ဂ်ာမန္အားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ BILD ကေတာ့ အူပါမီကာႏိုဟာ စာခ်ဳပ္သစ္ကို စိတ္မဝင္စားေတာ့ဘဲ အဂၤလန္ေျမမွာသာ ကစားဖို႔ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေျမာက္လန္္ဒန္သား အာဆင္နယ္တို႔နဲ႔ အေျပာင္းအေ႐ႊ႕ ျဖစ္လာေတာ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

သူ႕ရဲ႕အသင္းဘက္ကေတာ့ ေပါင္သန္း ၅၀ ရရင္ လက္လႊတ္မယ္လို႔ အသံထြက္ထားတဲ့အတြက္ ေျပာင္းေရႊ႕ဖုိ႔မ်ားေနၿပီး ပရီးမီးယားလိဂ္ဘက္ကေတာ့ အာဆင္နယ္အျပင္ ၿမဳိ႕ခံၿပဳိင္ဘက္ စပါးစ္နဲ႔ လီဗာပူးလ္အသင္းေတြကပါ စိတ္ဝင္စားဖြယ္ရွိေနတဲ့အတြက္ အၿပဳိင္အဆုိင္ေခၚယူရဖြယ္ရွိေၾကာင္း ခန္႔မွန္းရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံအလယ်လူ ဒါယို အူပါမီကာနိုအနေနဲ့ ပရီးယားယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆင်နယ်အသင်းအတွက်တော့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်ခံစစ်မှူးလေးဟာ ဂျာမန်မြေမှာ ခြေစွမ်းပြသနေပြီး ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့လို ဥရောပထိပ်သီး ကလပ်အသင်းကြီးတွေကလည်း စိတ်ဝင်တစား တံခါးဖွင့်ပြီး စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။

နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိမယ့် အူပါမီကာနိုဟာ လက်ရှိအချိန်အထိ လိုက်ပ်ဇစ်မြို့ခံအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရခြင်းမရှိသေးဘဲ ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖြစ်ဖို့ များနေတယ်လို့လည်း ဆိုနေကြပါတယ်။

ဂျာမန်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ BILD ကတော့ အူပါမီကာနိုဟာ စာချုပ်သစ်ကို စိတ်မဝင်စားတော့ဘဲ အင်္ဂလန်မြေမှာသာ ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားတာကြောင့် မြောက်လန်ဒန်သား အာဆင်နယ်တို့နဲ့ အပြောင်းအရွှေ့ ဖြစ်လာတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

သူ့ရဲ့အသင်းဘက်ကတော့ ပေါင်သန်း ၅၀ ရရင် လက်လွှတ်မယ်လို့ အသံထွက်ထားတဲ့အတွက် ပြောင်းရွှေ့ဖို့များနေပြီး ပရီးမီးယားလိဂ်ဘက်ကတော့ အာဆင်နယ်အပြင် မြို့ခံပြိုင်ဘက် စပါးစ်နဲ့ လီဗာပူးလ်အသင်းတွေကပါ စိတ်ဝင်စားဖွယ်ရှိနေတဲ့အတွက် အပြိုင်အဆိုင်ခေါ်ယူရဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.