Analysis Article Premier League

ချဲလ်ဆီးမှာ ဂရေဟမ် ပေါ့တာ ချက်ချင်းပြုပြင်ပေးရမယ့် အတွေးအခေါ်တွေ

ချဲလ်ဆီးအသင်းကို သူတို့ရဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်မှုက ပေါင် ၃၅ သန်းလောက် ကုန်ကျစေခဲ့တယ်လို့ သိရပြီး နည်းပြဟောင်း သောမတ်စ် တူဟယ်လ်အတွက် စာချုပ်လျော်ကြေး ပေါင် ၁၃ သန်း ကျသင့်ခဲ့ချိန်မှာ နည်းပြသစ် ဂရေဟမ် ပေါ့တာကိုတော့ စာချုပ်အတွက် ပေါင် ၂၂ သန်း ပေးခဲ့ရတာဖြစ်ပါတယ်။

ဒီလောက် အကုန်အကျခံပြီး အပြောင်းအလဲလုပ်ခဲ့တာကတော့ ချဲလ်ဆီးအသင်းရဲ့ စိတ်ပျက်စရာ ကစားပုံနဲ့ လက်မခံနိုင်စရာ ရလဒ်တွေကြောင့်ဖြစ်ပြီး ဒီကြားထဲမှာတော့ အသင်းရဲ့ ကစားသမားတွေအပေါ် မှန်မှန်ကန်ကန် အကဲဖြတ်မထားခဲ့တဲ့ နည်းပြအဖွဲ့ဟောင်းရဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကလည်း ပါဝင်နေခဲ့တာပါ။

နည်းပြသစ် ပေါ့တာအနေနဲ့ သူ့ရဲ့ ဘရိုက်တန်ကနေ ယူဆောင်လာမယ့် စုစည်းမှုရှိတဲ့ ကစားဟန်ကို မတည်ဆောက်ခင် ဗြိတိန်ဘုရင်မကြီး ဈာပနကြောင့် ပွဲတွေ ရပ်နားထားတုန်း အသင်းကို ပြုပြင်ပေးရမယ့် အတွေးအခေါ်ဟောင်းတွေ ရှိနေခဲ့ပြီး ဒါတွေကို ပြင်ဆင်ပေးနိုင်မှ ချဲလ်ဆီးတို့ နဂိုမူလ အသင်းကြီးတစ်သင်းရဲ့ ဟန်ပန်ကို ပြန်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

၁။ ဟာဗတ်ဇ်ဟာ တိုက်စစ်မှူး မဟုတ်တာ
ခိုင်ဟာဗတ်ဇ်ကို ချဲလ်ဆီးကို တူဟယ်လ် ရောက်လာကတည်းက တိုက်စစ်မှူးလို သုံးလိုက်၊ False 9 လို သုံးလိုက်တဲ့ ဂျာမန်ကွင်းလယ်သမားဟာ ဘဝပြောင်းလဲခဲ့ရတာပါ။ တိုက်စစ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိနေပေမယ့် Killer’s Instinct လို့ ခေါ်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ ဂိုးနံ့ရရှိမှုကို မတွေ့မြင်ရတာက လေဗာကူဆင် ကစားသမားဟောင်းရဲ့ လိုအပ်ချက်တွေဖြစ်ပြီး သူ့ကို ပိုမို အကျိုးပြုနိုင်မယ့် ကွင်းလယ်တိုက်စစ်၊ ဒါမှမဟုတ် ညာတောင်ပံကို ပို့ပြီး နံပါတ် ၉ နေရာက ဖယ်ထုတ်ပစ်ရမှာဖြစ်ပါတယ်။

၂။ သုံးယောက်တန်းခံစစ်မှာ ရီးစ်ဂျိမ်း မဖြစ်သင့်တာ
ဒီကစားသမားရဲ့ ပေါက်ကွဲအား၊ ကြံ့ခိုင်မှုနဲ့ ဖြတ်တင်ဘောတွေကို သုံးယောက်တန်းခံစစ်ရဲ့ ညာအစွန်မှာ လိုမှ တိုက်စစ်လိုက်ကူရတဲ့ အရန်အဖြစ်နဲ့ သုံးစွဲလိုက်တာက စော်ကားသလိုပဲလို့ ဆိုရပါလိမ့်မယ်။ စီနီယာ ဘယ်သူမှ မရှိရင်တောင် ဒီနေရာမှာ ချာလိုဘာကို သုံးစွဲသင့်ချိန်မှာ မိုက်မဲစွာနဲ့ တူဟယ်လ် ရွေးချယ်လိုက်တဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ကန့်သတ်ခံရမှုက သူ့ကို ရာထူးပြုတ်တဲ့အထိ ဖြစ်စေခဲ့တာပါပဲ။

တိုက်စစ်လိုက်ပါမှုမှာ ယှဉ်နိုင်သူ ရှားပါးပြီး အသင်းကို အကျိုးပြုမှုနှုန်း မြင့်မားတဲ့ လီဗာပူးလ်ရဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ မန်ချက်စတာစီးတီးရဲ့ ဂျာအို ကန်ဆယ်လိုတို့နှစ်ဦးနဲ့အတူ ပရီးမီးယားလိဂ်အသင်းတွေထဲက ညာနောက်ခံနေရာမှာ ရှာကြည့်ရင် အကောင်းဆုံးဆိုလို့ သုံးဦးတည်းရှိတဲ့အချိန်မှာ ရီးစ်ဂျိမ်းစ်ကို နေရာမှန်ဆီ မဖြစ်မနေ ပြန်ပို့ရမှာပါ။

၃။ မန်ဒီနဲ့ ခြေပျက်နေသူတွေကို အရစ်တင်းသင့်တာ
ချဲလ်ဆီးအသင်းရဲ့ ဒီရာသီ ရလဒ်ပျက်ပြားမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ခံစစ်မှာ အမှားတွေ လုပ်နေပြီး ဂိုးတွေ အလွယ်တကူ ပေးနေတဲ့ ဂိုးသမား မန်ဒီနဲ့ ကွင်းလယ်ကစားသမားတချို့က တရားခံတွေလို့ လက်ညှိုးထိုးရပါလိမ့်မယ်။

ချန်ပီယံလိဂ်ကို ရထားခဲ့ဖူးတာနဲ့ ပရီးမီးယားလိဂ်မှာ အရင် နည်းပြတွေ လက်ထက်က အထိုက်အလျောက် အောင်မြင်ခဲ့ဖူးတာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက သူတို့မှာ ပစ်မှတ်ထားရမယ့် ကြိုးစားချင်စိတ် မရှိတော့ဘဲ အယုံအကြည် ကင်းမဲ့စေသလို နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာ အမှတ်တွေ လွှင့်ပစ်ခဲ့တာပါ။ ဒါကို ပေါ့တာအနေနဲ့ အရစ်တင်းပြီး ပြင်ဆင်ရပါလိမ့်မယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေထဲက အဆင့် သတ်မှတ်ရင် A အဆင့် ခြေစွမ်းပြနိုင်တဲ့ ကစားသမားမျိုး မရှိဘူးလို့ ပြောရမလို ဖြစ်နေပြီး သူတို့ရဲ့ စွမ်းဆောင်ရည်က တစ်နေရာ မဟုတ်တစ်နေရာ လျော့နည်းနေခဲ့တာကို တွေ့ရတာပါ။ ဒါကို စွမ်းဆောင်ရည်မြင့် ကစားသမားတွေ ပြန်ဖြစ်လာအောင် ပေါ့တာအနေနဲ့ တွန်းအားပေးရမှာဖြစ်ပြီး အသင်းကြီး ၆ သင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် လျော့တိလျော့ရဲ ကစားနေသူတွေကို ရှင်းထုတ်ပြီး ပိုကြိုးစားနိုင်မယ့်သူကို နေရာပေးရမှာဖြစ်ပါတယ်။ လက်ရှိ အကြမ်းဖျဉ်း အဆင့်သတ်မှတ်ချက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(ဂိုး) မန်ဒီ(D)၊ ကီပါ(C)။

(နောက်တန်း) ရီးစ်ဂျိမ်းစ်(B)၊ ဖိုဖာနာ(C)၊ ချေးလ်ဝဲလ်(B)၊ ကူလီဘေလီ(D)၊ ကူကူရဲလား(B)၊ ချာလိုဘာ(C)၊ အက်ဇီပီလီကွေတာ(C)၊ သီယာဂို ဆေးလ်ဗား(B)။

(ကွင်းလယ်) မေဆန်မောင့်(C)၊ ကိုဗာချစ်(C)၊ ဂျော်ဂျင်ညို(C)၊ ကွန်တေ(C)၊ ဂါလာဂါ(D)၊ လော့ဖ်တပ်စ်-ချိခ်(C)။

(ရှေ့တန်း) ဇီးယက်ရှ်(E)၊ စတာလင်(B)၊ ပူလီရှစ်ချ်(C)၊ ဟာဗတ်ဇ်(C)၊ ဘရိုယာ(C)၊ အူဘာမီယန်း(C)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းကို သူတို႔ရဲ႕ နည္းျပ အေျပာင္းအလဲ ျပဳလုပ္မႈက ေပါင္ ၃၅ သန္းေလာက္ ကုန္က်ေစခဲ့တယ္လို႔ သိရၿပီး နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္လ္အတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၃ သန္း က်သင့္ခဲ့ခ်ိန္မွာ နည္းျပသစ္ ဂေရဟမ္ ေပါ့တာကိုေတာ့ စာခ်ဳပ္အတြက္ ေပါင္ ၂၂ သန္း ေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေလာက္ အကုန္အက်ခံၿပီး အေျပာင္းအလဲလုပ္ခဲ့တာကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ စိတ္ပ်က္စရာ ကစားပုံနဲ႔ လက္မခံႏိုင္စရာ ရလဒ္ေတြေၾကာင့္ျဖစ္ၿပီး ဒီၾကားထဲမွာေတာ့ အသင္းရဲ႕ ကစားသမားေတြအေပၚ မွန္မွန္ကန္ကန္ အကဲျဖတ္မထားခဲ့တဲ့ နည္းျပအဖြဲ႕ေဟာင္းရဲ႕ လြဲမွားတဲ့ အေတြးအေခၚေတြကလည္း ပါဝင္ေနခဲ့တာပါ။

နည္းျပသစ္ ေပါ့တာအေနနဲ႔ သူ႔ရဲ႕ ဘ႐ိုက္တန္ကေန ယူေဆာင္လာမယ့္ စုစည္းမႈရွိတဲ့ ကစားဟန္ကို မတည္ေဆာက္ခင္ ၿဗိတိန္ဘုရင္မႀကီး ဈာပနေၾကာင့္ ပြဲေတြ ရပ္နားထားတုန္း အသင္းကို ျပဳျပင္ေပးရမယ့္ အေတြးအေခၚေဟာင္းေတြ ရွိေနခဲ့ၿပီး ဒါေတြကို ျပင္ဆင္ေပးႏိုင္မွ ခ်ဲလ္ဆီးတို႔ နဂိုမူလ အသင္းႀကီးတစ္သင္းရဲ႕ ဟန္ပန္ကို ျပန္ရလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။

၁။ ဟာဗတ္ဇ္ဟာ တိုက္စစ္မႉး မဟုတ္တာ
ခိုင္ဟာဗတ္ဇ္ကို ခ်ဲလ္ဆီးကို တူဟယ္လ္ ေရာက္လာကတည္းက တိုက္စစ္မႉးလို သုံးလိုက္၊ False 9 လို သုံးလိုက္တဲ့ ဂ်ာမန္ကြင္းလယ္သမားဟာ ဘဝေျပာင္းလဲခဲ့ရတာပါ။ တိုက္စစ္မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ရွိေနေပမယ့္ Killer’s Instinct လို႔ ေခၚတဲ့ တိုက္စစ္မႉးေကာင္းတစ္ေယာက္ရဲ႕ ဂိုးနံ႔ရရွိမႈကို မေတြ႕ျမင္ရတာက ေလဗာကူဆင္ ကစားသမားေဟာင္းရဲ႕ လိုအပ္ခ်က္ေတြျဖစ္ၿပီး သူ႔ကို ပိုမို အက်ိဳးျပဳႏိုင္မယ့္ ကြင္းလယ္တိုက္စစ္၊ ဒါမွမဟုတ္ ညာေတာင္ပံကို ပို႔ၿပီး နံပါတ္ ၉ ေနရာက ဖယ္ထုတ္ပစ္ရမွာျဖစ္ပါတယ္။

၂။ သုံးေယာက္တန္းခံစစ္မွာ ရီးစ္ဂ်ိမ္း မျဖစ္သင့္တာ
ဒီကစားသမားရဲ႕ ေပါက္ကြဲအား၊ ႀကံ့ခိုင္မႈနဲ႔ ျဖတ္တင္ေဘာေတြကို သုံးေယာက္တန္းခံစစ္ရဲ႕ ညာအစြန္မွာ လိုမွ တိုက္စစ္လိုက္ကူရတဲ့ အရန္အျဖစ္နဲ႔ သုံးစြဲလိုက္တာက ေစာ္ကားသလိုပဲလို႔ ဆိုရပါလိမ့္မယ္။ စီနီယာ ဘယ္သူမွ မရွိရင္ေတာင္ ဒီေနရာမွာ ခ်ာလိုဘာကို သုံးစြဲသင့္ခ်ိန္မွာ မိုက္မဲစြာနဲ႔ တူဟယ္လ္ ေ႐ြးခ်ယ္လိုက္တဲ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ ကန႔္သတ္ခံရမႈက သူ႔ကို ရာထူးျပဳတ္တဲ့အထိ ျဖစ္ေစခဲ့တာပါပဲ။

တိုက္စစ္လိုက္ပါမႈမွာ ယွဥ္ႏိုင္သူ ရွားပါးၿပီး အသင္းကို အက်ိဳးျပဳမႈႏႈန္း ျမင့္မားတဲ့ လီဗာပူးလ္ရဲ႕ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ မန္ခ်က္စတာစီးတီးရဲ႕ ဂ်ာအို ကန္ဆယ္လိုတို႔ႏွစ္ဦးနဲ႔အတူ ပရီးမီးယားလိဂ္အသင္းေတြထဲက ညာေနာက္ခံေနရာမွာ ရွာၾကည့္ရင္ အေကာင္းဆုံးဆိုလို႔ သုံးဦးတည္းရွိတဲ့အခ်ိန္မွာ ရီးစ္ဂ်ိမ္းစ္ကို ေနရာမွန္ဆီ မျဖစ္မေန ျပန္ပို႔ရမွာပါ။

၃။ မန္ဒီနဲ႔ ေျခပ်က္ေနသူေတြကို အရစ္တင္းသင့္တာ
ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီ ရလဒ္ပ်က္ျပားမႈေတြကို ၾကည့္လိုက္မယ္ဆိုရင္ ခံစစ္မွာ အမွားေတြ လုပ္ေနၿပီး ဂိုးေတြ အလြယ္တကူ ေပးေနတဲ့ ဂိုးသမား မန္ဒီနဲ႔ ကြင္းလယ္ကစားသမားတခ်ိဳ႕က တရားခံေတြလို႔ လက္ညႇိဳးထိုးရပါလိမ့္မယ္။

ခ်န္ပီယံလိဂ္ကို ရထားခဲ့ဖူးတာနဲ႔ ပရီးမီးယားလိဂ္မွာ အရင္ နည္းျပေတြ လက္ထက္က အထိုက္အေလ်ာက္ ေအာင္ျမင္ခဲ့ဖူးတာဟာ ၿပီးခဲ့တဲ့ ရာသီကတည္းက သူတို႔မွာ ပစ္မွတ္ထားရမယ့္ ႀကိဳးစားခ်င္စိတ္ မရွိေတာ့ဘဲ အယုံအၾကည္ ကင္းမဲ့ေစသလို ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲေတြမွာ အမွတ္ေတြ လႊင့္ပစ္ခဲ့တာပါ။ ဒါကို ေပါ့တာအေနနဲ႔ အရစ္တင္းၿပီး ျပင္ဆင္ရပါလိမ့္မယ္။

လက္ရွိမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေတြထဲက အဆင့္ သတ္မွတ္ရင္ A အဆင့္ ေျခစြမ္းျပႏိုင္တဲ့ ကစားသမားမ်ိဳး မရွိဘူးလို႔ ေျပာရမလို ျဖစ္ေနၿပီး သူတို႔ရဲ႕ စြမ္းေဆာင္ရည္က တစ္ေနရာ မဟုတ္တစ္ေနရာ ေလ်ာ့နည္းေနခဲ့တာကို ေတြ႕ရတာပါ။ ဒါကို စြမ္းေဆာင္ရည္ျမင့္ ကစားသမားေတြ ျပန္ျဖစ္လာေအာင္ ေပါ့တာအေနနဲ႔ တြန္းအားေပးရမွာျဖစ္ၿပီး အသင္းႀကီး ၆ သင္းနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ဆိုရင္ ေလ်ာ့တိေလ်ာ့ရဲ ကစားေနသူေတြကို ရွင္းထုတ္ၿပီး ပိုႀကိဳးစားႏိုင္မယ့္သူကို ေနရာေပးရမွာျဖစ္ပါတယ္။ လက္ရွိ အၾကမ္းဖ်ဥ္း အဆင့္သတ္မွတ္ခ်က္ကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္။

(ဂိုး) မန္ဒီ(D)၊ ကီပါ(C)။

(ေနာက္တန္း) ရီးစ္ဂ်ိမ္းစ္(B)၊ ဖိုဖာနာ(C)၊ ေခ်းလ္ဝဲလ္(B)၊ ကူလီေဘလီ(D)၊ ကူကူရဲလား(B)၊ ခ်ာလိုဘာ(C)၊ အက္ဇီပီလီေကြတာ(C)၊ သီယာဂို ေဆးလ္ဗား(B)။

(ကြင္းလယ္) ေမဆန္ေမာင့္(C)၊ ကိုဗာခ်စ္(C)၊ ေဂ်ာ္ဂ်င္ညိဳ(C)၊ ကြန္ေတ(C)၊ ဂါလာဂါ(D)၊ ေလာ့ဖ္တပ္စ္-ခ်ိခ္(C)။

(ေရွ႕တန္း) ဇီးယက္ရွ္(E)၊ စတာလင္(B)၊ ပူလီရွစ္ခ်္(C)၊ ဟာဗတ္ဇ္(C)၊ ဘ႐ိုယာ(C)၊ အူဘာမီယန္း(C)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.