Premier League

မိန်းမကြောက်ရတာကြောင့် အဲရစ်ဆန်နဲ့အတူ မြေခွေး မဖြစ်ခဲ့ရတဲ့ ဘက်ခမ်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းဟာ မေဂျာလိဂ်က LA ဂလက်ဆီအသင်းနဲ့ စာချုပ်ကုန်ဖို့ ဖြစ်လာတဲ့ ၂၀၁၂ ခုနှစ် ဆောင်းရာသီမှာ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ဖူးကြောင်း ဆွီဒင်သားနည်းပြဟောင်းကြီး ဆဗင် ဂိုရန် အဲရစ်ဆန်က ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂၀၀၇ ဆောင်းရာသီမှာ LA ဂလက်ဆီကို ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဘက်ခမ်းဟာ စာချုပ်မကုန်ခင် ရာသီတွေမှာလည်း ပရီးမီးယားလိဂ်နဲ့ ပုံရိပ်ချင်း မယှဉ်သာတဲ့ မေဂျာလိဂ်ကြောင့် အင်္ဂလန်ကို ပြန်ပြောင်းတော့မယ်လို့ မကြာခဏ ခန့်မှန်းခံရသူဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီနဲ့သာ ပူးပေါင်းဖြစ်ခဲ့တာပါ။

လက်စတာအသင်းနည်းပြအဖြစ် ၂၀၁၀ ခုနှစ် အောက်တိုဘာမှာ ခန့်အပ်ခံခဲ့ရတဲ့ အဲရစ်ဆန်ဟာ ဘက်ခမ်းကို စာချုပ်ကုန်ရင် သူ့အသင်းကို လာပြီး လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင် ဆောင်ရွက်ပေးဖို့ ညစာစားပွဲတစ်ခုမှာ တွေ့ဆုံခဲ့စဉ်က ဘွတ်ကင်ချိတ်ခဲ့တာဖြစ်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။

“ဘောလုံးနဲ့ ပတ်သက်တဲ့ ဧည့်ခံပွဲတစ်ခုက ညစာစားပွဲမှာ ဘက်ခမ်းရယ် သူ့ဇနီး ဗစ်တိုးရီးယားတို့ရယ်နဲ့ ၂၀၁၀ ခုနှစ်ထဲမှာ ကျွန်တော်တို့ ဆုံခဲ့ဖူးတယ်ဗျ။ ညစာမစားခင် ကျွန်တော်တို့ စကားစမြည်ပြောခဲ့တာပေါ့လေ။ ဒီလိုနဲ့ ကျွန်တော် ကိုင်တွယ်နေတဲ့ အသင်းကို လာဖို့ သူ့ကို စည်းရုံးကြည့်တာပေါ့…”

“ကျွန်တော်က လက်စတာမှာ ဆိုတော့ မင်းရဲ့ အမေရိကန်က စာချုပ်ပြည့်ရင်ကွာ ဘာဖြစ်လို့ အင်္ဂလန်ကို ပြန်မလာနိုင်ရမှာလဲ။ လက်စတာအသင်းအတွက် စာချုပ်ချုပ်ပြီး ငါတို့ကို ပရီးမီးယားလိဂ် ပြန်ရောက်အောင် ကူညီပေးပါလားလို့ တောင်းဆိုလိုက်တော့ သူကလည်း ‘ဖြစ်ရင်လဲ ဖြစ်လာမှာပေါ့လေ’ဆိုတော့ ကျွန်တော်လည်း မဆိုးဘူးလို့ ထင်မိတာပေါ့ဗျာ…”

“အဲ့ဒီအချိန်မှာပဲ ဗစ်တိုးရီးယားက ဝင်ပြောလိုက်တယ်။ ဆဗင်တဲ့… ရှင် ကျွန်မကို လက်စတာလို့ မြို့မျိုးနဲ့ သင့်တော်တယ်လို့များ ထင်မိသလားတဲ့ဗျာ။ အဲ့ဒါနဲ့ အင်း… အဲ့ဒါက သိပ်တော့ မဖြစ်နိုင်ဘူးပေါ့လို့ ပြန်ပြောလိုက်ရပြီး ဘက်ခမ်းကို လက်စတာခေါ်ဖို့ ဇာတ်လမ်းက အဲ့ဒီနားမှာပဲ အပိုင်း(၁) ဇာတ်သိမ်း ဖြစ်သွားတော့တာပါပဲဗျာ”လို့ အဲရစ်ဆန်က အတိတ်ကို ဇာတ်ကြောင်းလှန်လိုက်တာပါ။

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်ဟာ အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းနဲ့ ၅ နှစ်ခွဲလောက် လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးပြီး လက်စတာကို လူရင်းချင်း ပူးပေါင်းပြီး တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို တစ်နှစ်အကြာမှာတော့ အသင်းနဲ့ လမ်းခွဲခဲ့ပြီး မြေခွေးတွေကတော့ နောက်ထပ် သုံးနှစ်ကြာမှ နည်းပြ နိုက်ဂျယ် ပီယာဆန်နဲ့အတူ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

လက်စတာမှာ နေဖို့ သင့်တော်တယ်လို့ ထင်မိလားလို့ မေးခဲ့တဲ့ ဗစ်တိုးရီးယားရဲ့ ယောက်ျား ဘက်ခမ်းကတော့ LA ဂလက်ဆီနဲ့ နှစ်နှစ်စာချုပ် သက်တမ်းတိုးခဲ့ပြီး တစ်နှစ်အကြာမှာတော့ ပါရီမြို့ခံကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ကစားခဲ့သလို ဒီနောက်ပိုင်းမှာတော့ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့တာပါ။

အဲရစ်ဆန်ကတော့ သူ့ရဲ့ အမှတ်တရတစ်ခုကို ထုတ်ဖော်ပြောပြလိုက်တာဖြစ်ပြီး မိန်းမစကားကို မြေဝယ်မကျ နားထောင်ရလို့ လက်စတာလို အသင်းမျိုးကို ဘက်ခမ်း မရောက်ခဲ့တာလားလို့ မေးစရာဖြစ်ခဲ့သလို ဝိတိုရိယ ဘုရင်မလေး (ဗစ်တိုးရီးယား)ရဲ့ ဩဇာကိုလည်း ဆွီဒင်သားကြီးရဲ့ စကားထဲမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်လို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း ေဒးဗစ္ ဘက္ခမ္းဟာ ေမဂ်ာလိဂ္က LA ဂလက္ဆီအသင္းနဲ႔ စာခ်ဳပ္ကုန္ဖို႔ ျဖစ္လာတဲ့ ၂၀၁၂ ခုႏွစ္ ေဆာင္းရာသီမွာ အဂၤလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ကစားဖို႔ နီးစပ္ခဲ့ဖူးေၾကာင္း ဆြီဒင္သားနည္းျပေဟာင္းႀကီး ဆဗင္ ဂိုရန္ အဲရစ္ဆန္က ထုတ္ေဖာ္ေျပာျပသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေန ၂၀၀၇ ေဆာင္းရာသီမွာ LA ဂလက္ဆီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ ဘက္ခမ္းဟာ စာခ်ဳပ္မကုန္ခင္ ရာသီေတြမွာလည္း ပရီးမီးယားလိဂ္နဲ႔ ပုံရိပ္ခ်င္း မယွဥ္သာတဲ့ ေမဂ်ာလိဂ္ေၾကာင့္ အဂၤလန္ကို ျပန္ေျပာင္းေတာ့မယ္လို႔ မၾကာခဏ ခန႔္မွန္းခံရသူျဖစ္ေပမယ့္ ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီနဲ႔သာ ပူးေပါင္းျဖစ္ခဲ့တာပါ။

လက္စတာအသင္းနည္းျပအျဖစ္ ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာမွာ ခန႔္အပ္ခံခဲ့ရတဲ့ အဲရစ္ဆန္ဟာ ဘက္ခမ္းကို စာခ်ဳပ္ကုန္ရင္ သူ႔အသင္းကို လာၿပီး လိဂ္ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းတက္ေအာင္ ေဆာင္႐ြက္ေပးဖို႔ ညစာစားပြဲတစ္ခုမွာ ေတြ႕ဆုံခဲ့စဥ္က ဘြတ္ကင္ခ်ိတ္ခဲ့တာျဖစ္ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔လည္း သိရပါတယ္။

“ေဘာလုံးနဲ႔ ပတ္သက္တဲ့ ဧည့္ခံပြဲတစ္ခုက ညစာစားပြဲမွာ ဘက္ခမ္းရယ္ သူ႔ဇနီး ဗစ္တိုးရီးယားတို႔ရယ္နဲ႔ ၂၀၁၀ ခုႏွစ္ထဲမွာ ကြၽန္ေတာ္တို႔ ဆုံခဲ့ဖူးတယ္ဗ်။ ညစာမစားခင္ ကြၽန္ေတာ္တို႔ စကားစျမည္ေျပာခဲ့တာေပါ့ေလ။ ဒီလိုနဲ႔ ကြၽန္ေတာ္ ကိုင္တြယ္ေနတဲ့ အသင္းကို လာဖို႔ သူ႔ကို စည္း႐ုံးၾကည့္တာေပါ့…”

“ကြၽန္ေတာ္က လက္စတာမွာ ဆိုေတာ့ မင္းရဲ႕ အေမရိကန္က စာခ်ဳပ္ျပည့္ရင္ကြာ ဘာျဖစ္လို႔ အဂၤလန္ကို ျပန္မလာႏိုင္ရမွာလဲ။ လက္စတာအသင္းအတြက္ စာခ်ဳပ္ခ်ဳပ္ၿပီး ငါတို႔ကို ပရီးမီးယားလိဂ္ ျပန္ေရာက္ေအာင္ ကူညီေပးပါလားလို႔ ေတာင္းဆိုလိုက္ေတာ့ သူကလည္း ‘ျဖစ္ရင္လဲ ျဖစ္လာမွာေပါ့ေလ’ဆိုေတာ့ ကြၽန္ေတာ္လည္း မဆိုးဘူးလို႔ ထင္မိတာေပါ့ဗ်ာ…”

“အဲ့ဒီအခ်ိန္မွာပဲ ဗစ္တိုးရီးယားက ဝင္ေျပာလိုက္တယ္။ ဆဗင္တဲ့… ရွင္ ကြၽန္မကို လက္စတာလို႔ ၿမိဳ႕မ်ိဳးနဲ႔ သင့္ေတာ္တယ္လို႔မ်ား ထင္မိသလားတဲ့ဗ်ာ။ အဲ့ဒါနဲ႔ အင္း… အဲ့ဒါက သိပ္ေတာ့ မျဖစ္ႏိုင္ဘူးေပါ့လို႔ ျပန္ေျပာလိုက္ရၿပီး ဘက္ခမ္းကို လက္စတာေခၚဖို႔ ဇာတ္လမ္းက အဲ့ဒီနားမွာပဲ အပိုင္း(၁) ဇာတ္သိမ္း ျဖစ္သြားေတာ့တာပါပဲဗ်ာ”လို႔ အဲရစ္ဆန္က အတိတ္ကို ဇာတ္ေၾကာင္းလွန္လိုက္တာပါ။

အဂၤလန္နည္းျပေဟာင္း အဲရစ္ဆန္ဟာ အသင္းေခါင္းေဆာင္ေဟာင္း ဘက္ခမ္းနဲ႔ ၅ ႏွစ္ခြဲေလာက္ လက္ေ႐ြးစင္အသင္းမွာ လက္တြဲခဲ့ဖူးၿပီး လက္စတာကို လူရင္းခ်င္း ပူးေပါင္းၿပီး တန္းတက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို တစ္ႏွစ္အၾကာမွာေတာ့ အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး ေျမေခြးေတြကေတာ့ ေနာက္ထပ္ သုံးႏွစ္ၾကာမွ နည္းျပ ႏိုက္ဂ်ယ္ ပီယာဆန္နဲ႔အတူ ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ရခဲ့တာျဖစ္ပါတယ္။

လက္စတာမွာ ေနဖို႔ သင့္ေတာ္တယ္လို႔ ထင္မိလားလို႔ ေမးခဲ့တဲ့ ဗစ္တိုးရီးယားရဲ႕ ေယာက္်ား ဘက္ခမ္းကေတာ့ LA ဂလက္ဆီနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ သက္တမ္းတိုးခဲ့ၿပီး တစ္ႏွစ္အၾကာမွာေတာ့ ပါရီၿမိဳ႕ခံကလပ္ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ကစားခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ေဘာလုံးသမားဘဝကေန အနားယူသြားခဲ့တာပါ။

အဲရစ္ဆန္ကေတာ့ သူ႔ရဲ႕ အမွတ္တရတစ္ခုကို ထုတ္ေဖာ္ေျပာျပလိုက္တာျဖစ္ၿပီး မိန္းမစကားကို ေျမဝယ္မက် နားေထာင္ရလို႔ လက္စတာလို အသင္းမ်ိဳးကို ဘက္ခမ္း မေရာက္ခဲ့တာလားလို႔ ေမးစရာျဖစ္ခဲ့သလို ဝိတိုရိယ ဘုရင္မေလး (ဗစ္တိုးရီးယား)ရဲ႕ ဩဇာကိုလည္း ဆြီဒင္သားႀကီးရဲ႕ စကားထဲမွာ မ်က္ဝါးထင္ထင္ ျမင္ခဲ့ရတယ္လို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.