Premier League

ချဲလ်ဆီးရဲ့ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ တူဟယ်

ဝမ်းနည်းကြေကွဲနေတဲ့ သောမတ်စ် တူဟယ်ဟာ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဒိုင်နမို ဇာဂရက်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နံနက်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာခဲ့ရသူ ဖြစ်ပါတယ်။ တူဟယ်ဟာ အသင်းပိုင်ရှင် တော့ဒ် ဘိုလီနဲ့အတူ တွေ့ဆုံခဲ့တဲ့ ၁၀ မိနစ်အတွင်း နောက်ထပ် အချိန်နည်းနည်းပေးဖို့ တောင်းပန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဆုံးမှာတော့ အသင်းကနေ ထွက်သွားဖို့သာ ပြောကြားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ့မွန်၊ ပီအက်စ်ဂျီနည်းပြဟောင်းဟာ ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၆ လတာကာလအတွင်း ချန်ပီယံလိဂ်အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ကာလအတွင်း ကလပ်ကမ္ဘာ့ဖလားနဲ့ ဖလား ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်နိုင်အောင် နည်းပြပေးခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ်နည်းပြဟာ လက်ရှိမှာတော့ ၎င်းရဲ့ နာကျင်မှုတွေကို ထုတ်ပြန်ကြေညာချက်ထဲမှာ မျှော်လင့်ထားတာထက် နှစ်တွေအများကြီးစောခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အသင်းဝန်ထမ်း၊ ကစားသမားတွေနဲ့ ပရိသတ်တွေကို အားပေးထောက်ခံမှုတွေအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“ဒီဟာက ကျွန်တော် ရေးသားခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံး ထုတ်ပြန်ကြေညာချက်တွေထဲက တစ်ခုပါ။ ပြီးတော့ ကျွန်တော် နှစ်တော်တော်ကြာကြာ ရေးဖို့ မလိုအပ်လောက်ဘူးလို့ မျှော်လင့်ခဲ့တဲ့ စာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးက ကျွန်တော့်ရဲ့ အချိန်တွေ အဆုံးသတ်ခဲ့ရလို့ ကြေကွဲဝမ်းနည်းရပါတယ်”

“ဒီအသင်းက ပရော်ဖက်ရှင်နယ်အရရော၊ ပုဂ္ဂိုလ်ရေးအရပါ ကျွန်တော့်ရဲ့ အိမ်လို့ ခံစားခဲ့ရတဲ့အသင်းပါ။ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေအားလုံးကို စရောက်ကတည်းက ကျွန်တော့်ကို အရမ်းကို ကြိုဆိုနေတယ်လို့ ခံစားစေခဲ့ရတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ အသင်းကို ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဂုဏ်ယူမှုနဲ့ ပျော်ရွှင်မှုက ကျွန်တော်နဲ့အတူ ထာဝရရှိနေမှာပါ”

“ဒီအသင်းရဲ့ သမိုင်းကြောင်းမှာ တစိတ်တပိုင်းအဖြစ် ရှိနေခဲ့ရလို့ ဂုဏ်ယူမိပြီး ပြီးခဲ့တဲ့ ၁၉ လက အမှတ်တရတွေဟာ ကျွန်တော့်နှလုံးသားရဲ့ အထူးနေရာတစ်ခုမှာ အမြဲတမ်း ရှိနေတော့မှာပါ”လို့ ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝမ္းနည္းေၾကကြဲေနတဲ့ ေသာမတ္စ္ တူဟယ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပ ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ဒိုင္နမို ဇာဂရက္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔နံနက္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာခဲ့ရသူ ျဖစ္ပါတယ္။ တူဟယ္ဟာ အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီနဲ႔အတူ ေတြ႕ဆုံခဲ့တဲ့ ၁၀ မိနစ္အတြင္း ေနာက္ထပ္ အခ်ိန္နည္းနည္းေပးဖို႔ ေတာင္းပန္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အဆုံးမွာေတာ့ အသင္းကေန ထြက္သြားဖို႔သာ ေျပာၾကားျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဒါ့မြန္၊ ပီအက္စ္ဂ်ီနည္းျပေဟာင္းဟာ ခ်ဲလ္ဆီးအသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ ၆ လတာကာလအတြင္း ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရွိေနခဲ့တဲ့ကာလအတြင္း ကလပ္ကမာၻ႔ဖလားနဲ႔ ဖလား ဗိုလ္လုပြဲ ၂ ႀကိမ္ တက္ေရာက္ႏိုင္ေအာင္ နည္းျပေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္အ႐ြယ္နည္းျပဟာ လက္ရွိမွာေတာ့ ၎ရဲ႕ နာက်င္မႈေတြကို ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေမွ်ာ္လင့္ထားတာထက္ ႏွစ္ေတြအမ်ားႀကီးေစာခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အသင္းဝန္ထမ္း၊ ကစားသမားေတြနဲ႔ ပရိသတ္ေတြကို အားေပးေထာက္ခံမႈေတြအတြက္ ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။

“ဒီဟာက ကြၽန္ေတာ္ ေရးသားခဲ့ဖူးသမွ်ထဲမွာ အခက္ခဲဆုံး ထုတ္ျပန္ေၾကညာခ်က္ေတြထဲက တစ္ခုပါ။ ၿပီးေတာ့ ကြၽန္ေတာ္ ႏွစ္ေတာ္ေတာ္ၾကာၾကာ ေရးဖို႔ မလိုအပ္ေလာက္ဘူးလို႔ ေမွ်ာ္လင့္ခဲ့တဲ့ စာလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးက ကြၽန္ေတာ့္ရဲ႕ အခ်ိန္ေတြ အဆုံးသတ္ခဲ့ရလို႔ ေၾကကြဲဝမ္းနည္းရပါတယ္”

“ဒီအသင္းက ပေရာ္ဖက္ရွင္နယ္အရေရာ၊ ပုဂၢိဳလ္ေရးအရပါ ကြၽန္ေတာ့္ရဲ႕ အိမ္လို႔ ခံစားခဲ့ရတဲ့အသင္းပါ။ အသင္းဝန္ထမ္းေတြ၊ ကစားသမားေတြ၊ ပရိသတ္ေတြအားလုံးကို စေရာက္ကတည္းက ကြၽန္ေတာ့္ကို အရမ္းကို ႀကိဳဆိုေနတယ္လို႔ ခံစားေစခဲ့ရတဲ့အတြက္ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။ အသင္းကို ခ်န္ပီယံလိဂ္နဲ႔ ကလပ္ကမာၻ႔ဖလား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ဂုဏ္ယူမႈနဲ႔ ေပ်ာ္႐ႊင္မႈက ကြၽန္ေတာ္နဲ႔အတူ ထာဝရရွိေနမွာပါ”

“ဒီအသင္းရဲ႕ သမိုင္းေၾကာင္းမွာ တစိတ္တပိုင္းအျဖစ္ ရွိေနခဲ့ရလို႔ ဂုဏ္ယူမိၿပီး ၿပီးခဲ့တဲ့ ၁၉ လက အမွတ္တရေတြဟာ ကြၽန္ေတာ့္ႏွလုံးသားရဲ႕ အထူးေနရာတစ္ခုမွာ အၿမဲတမ္း ရွိေနေတာ့မွာပါ”လို႔ ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.