Serie A Transfer News

မက္ဆီနဲ႔ ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကို တစ္သင္းတည္းမွာ အတူ ျမင္ေတြ႕ရေတာ့မွာလား ….

ဘာစီလိုနာအသင္းကေနထြက္ဖို႔ ေတာင္းဆိုထားတဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီကို ေခၚဖို႔ ျပင္ဆင္လာတဲ့အသင္းေတြထဲ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းပါ ပါဝင္လာတဲ့အတြက္ ၂၁ ရာစုရဲ႕ ကမာၻ႔အေကာင္းဆုံး ကစားသမား ၂ ဦးကို တစ္သင္းတည္းမွာ အတူျမင္ခြင့္ရဖို႔ အလားအလာရွိေနပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္က ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေခၚႏိုင္ခဲ့သလိုမ်ိဳး အခု မက္ဆီကိုလည္း မက္ေလာက္ဖြယ္ ေငြေၾကးအက်ိဳးခံစားခြင့္ တစ္ရပ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းက ကမ္းလွမ္းဖို႔ ျပင္ဆင္ထားပါတယ္။

ျပင္သစ္သတင္းစာ L’Equipeရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းတာဝန္ရွိသူေတြဟာ မက္ဆီရဲ႕ ဖခင္လည္းျဖစ္၊ ေအးဂ်င့္လည္းျဖစ္တဲ့ ေဂ်ာ့ကို သတိထားခ်ဥ္းကပ္ေနၿပီး အာဂ်င္တီးနားဂႏၴဝင္ကစားသမားကို ေခၚဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိလာၿပီျဖစ္ေပမယ့္ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးရဲ႕ ပုံရိပ္နဲ႔ေျခစြမ္းေတြကို အေကာင္းဆုံး ဆက္ထိန္းႏိုင္ဆဲျဖစ္တဲ့ မက္ဆီဟာ သူ႔ကစားသမားဘဝတေလွ်ာက္ ဘာစီလိုနာတစ္သင္းတည္းမွာပဲ ကစားခဲ့ေပမယ့္ မၾကာေသးခင္ႏွစ္ေတြအတြင္း အသင္းဥကၠဌ ဘာတိုျမဴ ဦးေဆာင္တဲ့ ဘုတ္အဖြဲ႕နဲ႔ အဆင္မေျပျဖစ္ခဲ့တဲ့အျပင္ အခု နည္းျပသစ္ ေရာ္နယ္ကိုးလ္မန္းနဲ႔ပါ ဆက္ဆံေရးအဆင္မေျပတာေၾကာင့္ အသင္းေျပာင္းခ်င္ေနပါတယ္။

မက္ဆီကို ကမာၻ႔ထိပ္တန္းကလပ္အသင္းမ်ားစြာက ေခၚခ်င္ေနသလို ဘာစီလိုနာအသင္းကလည္း အသင္းမေျပာင္းဖို႔ ျပန္လည္ေျဖာင့္ဖ်ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ တကယ္လို႔ ဂ်ဴဗင္တပ္စ္အသင္းကိုသာ မက္ဆီ ေျပာင္းလာခဲ့ရင္ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို စုစုေပါင္း ၁၁ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့တဲ့ ေဘာလုံးသမိုင္းတေလွ်ာက္ စိတ္လႈပ္ရွားစရာအေကာင္းဆုံး တိုက္စစ္အတြဲကို ျမင္ရႏိုင္ဖြယ္ရွိေနပါတယ္။ ေရာ္နယ္ဒိုကိုယ္တိုင္ကလည္း မက္ဆီကို စီးရီးေအမွာ လာကစားဖို႔ မႏွစ္ကတည္းက တိုက္တြန္းခဲ့ဖူးသလို လက္ရွိ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ထြက္ေနတဲ့သတင္းေတြကိုလည္း လက္ခံႀကိဳဆိုေနတယ္လို႔ သိရပါတယ္။

PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းကနေထွက်ဖို့ တောင်းဆိုထားတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ခေါ်ဖို့ ပြင်ဆင်လာတဲ့အသင်းတွေထဲ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းပါ ပါဝင်လာတဲ့အတွက် ၂၁ ရာစုရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ ဦးကို တစ်သင်းတည်းမှာ အတူမြင်ခွင့်ရဖို့ အလားအလာရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်နိုင်ခဲ့သလိုမျိုး အခု မက်ဆီကိုလည်း မက်လောက်ဖွယ်ငွေကြေးအကျိုးခံစားခွင့်တစ်ရပ်နဲ့ ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

ပြင်သစ်သတင်းစာ L’Equipeရဲ့ ဖော်ပြချက်မှာတော့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေဟာ မက်ဆီရဲ့ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဂျော့ကို သတိထားချဉ်းကပ်နေပြီး အာဂျင်တီးနားဂန္ထဝင်ကစားသမားကို ခေါ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိလာပြီဖြစ်ပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးရဲ့ ပုံရိပ်နဲ့ခြေစွမ်းတွေကို အကောင်းဆုံး ဆက်ထိန်းနိုင်ဆဲဖြစ်တဲ့ မက်ဆီဟာ သူ့ကစားသမားဘဝတလျှောက် ဘာစီလိုနာတစ်သင်းတည်းမှာပဲ ကစားခဲ့ပေမယ့် မကြာသေးခင်နှစ်တွေအတွင်း အသင်းဥက္ကဌ ဘာတိုမြူ ဦးဆောင်တဲ့ ဘုတ်အဖွဲ့နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့အပြင် အခု နည်းပြသစ် ရော်နယ်ကိုးလ်မန်းနဲ့ပါ ဆက်ဆံရေးအဆင်မပြေတာကြောင့် အသင်းပြောင်းချင်နေပါတယ်။

မက်ဆီကို ကမ္ဘာ့ထိပ်တန်းကလပ်အသင်းများစွာက ခေါ်ချင်နေသလို ဘာစီလိုနာအသင်းကလည်း အသင်းမပြောင်းဖို့ ပြန်လည်ဖြောင့်ဖျနေတယ်လို့ သတင်းထွက်နေပါတယ်။ တကယ်လို့ ဂျူဗင်တပ်စ်အသင်းကိုသာ မက်ဆီ ပြောင်းလာခဲ့ရင် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို စုစုပေါင်း ၁၁ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဘောလုံးသမိုင်းတလျှောက် စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ်အတွဲကို မြင်ရနိုင်ဖွယ်ရှိနေပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း မက်ဆီကို စီးရီးအေမှာ လာကစားဖို့ မနှစ်ကတည်းက တိုက်တွန်းခဲ့ဖူးသလို လက်ရှိ ဂျူဗင်တပ်စ်အသင်းနဲ့ ထွက်နေတဲ့သတင်းတွေကိုလည်း လက်ခံကြိုဆိုနေတယ်လို့ သိရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS A2Z.