Serie A

ဂန်းနား ကပ္ပတိန်ဟောင်းတွေ စွမ်းရည်ကြောင့် စီးရီးအေကို ပထမဆုံးတန်းတက်ခဲ့တဲ့ ဆိပ်ကမ်းမြို့အသင်းလေး ကိုမို

ဆိပ်ကမ်းမြို့လေးမှာ အခြေစိုက်တဲ့ ကိုမိုအသင်းဟာ စီးရီးအေကို ပုံပြင်ဆန်ဆန်ပဲ ပြန်လည်တန်းတက်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

အီတလီအသင်းငယ်လေးဖြစ်တဲ့ ကိုမိုဟာ လွန်ခဲ့တဲ့၅ နှစ်ကအထိ စီးရီးဒီမှာ ကစားနေခဲ့တာဖြစ်ပြီး စီးရီးဘီရာသီနောက်ဆုံးနေ့မှာ ကိုဆန်ဇာနဲ့ ၁-၁ သရေကျခဲ့ပြီးနောက် စီးရီးအေကို တန်းတက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ပါးမားနဲ့အတူ အလိုအလျောက်တန်းတက်ခွင့်ရခဲ့တဲ့ ကိုမိုအသင်းရဲ့ အမှတ်ရစရာအောင်ပွဲခံ အခမ်းအနားကို ကမ္ဘာကျော်ကစားသမားတွေလည်း လာရောက် ပူးပေါင်းခဲ့ကြပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်ဟာ ကိုမိုရဲ့လက်ထောက်နည်းပြအဖြစ်ရော သီယာရီ အွန်နရီနဲ့အတူ ရှယ်ယာရှင်အဖြစ်ပါ ကြီးကြီးမားမား ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

အွန်နရီဟာ ကိုဆန်ဇာနဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပြီး ကိုမိုအသင်းက စီးရီးအေကို တန်းပြန်တက်ခွင့်ရရှိသွားတာကို မြင်တွေ့ခဲ့ရချိန်မှာ အလွန်ဝမ်းမြောက်ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုမိုအသင်းဘုတ်အဖွဲ့ အကြံပေးအဖြစ် တာဝန်ယူနေတဲ့ ချဲလ်ဆီးဂန္တဝင် ဒန်းနစ္စ ဝိုက်စ်ကလည်း တက်ရောက်ကြည့်ရှုခဲ့ပြီး ဝေးလ်နည်းပြ ခရစ္စ ကိုးမန်းနဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း ပက်ထရစ် ဗီယာရာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အိုဆီယံ ရောဘတ်က အသင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲနဲ့ ယာယီနည်းပြအဖြစ် ဖာဘရီဂတ်စ်နဲ့အတူ အသင်းကို အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရခဲ့တဲ့ ဂျေမီ ဗာဒီကလည်း ကိုမိုရဲ့ ရာသီနောက်ဆုံးပွဲကို တက်ရောက်အားပေးခဲ့ပြီး ကိုမိုရေကန်ကြီးကို အခြေပြုဖွဲ့စည်းခဲ့တဲ့အသင်းငယ်လေးဟာ လာမယ့်ရာသီ စီးရီးအေမှာ အီတလီထိပ်သီးအသင်းကြီးတွေနဲ့ ပုခုံးချင်းယှဉ်တော့မှာဖြစ်ပါတယ်။

ကိုမိုအသင်းရဲ့ စီးရီးအေသို့ ခရီးကြမ်းက ထင်သလောက် မလွယ်ကူခဲ့ဘဲ ဘဏ္ဍာရေးအကြပ်ရိုက်မှုတွေနဲ့ အကြိမ်ကြိမ် တန်းဆင်းခဲ့ရမှုတွေကြောင့် အသင်းပျက်မတတ်ဖြစ်ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အက်ဆီယန်ရဲ့ ဇနီးဆီကနေ လက်လွှဲဝယ်ယူပြီး ၂၀၁၇-၂၀၁၈ ရာသီမှာ ကိုမို ၁၉၀၇ နာမည်သစ်နဲ့ စီးရီးဒီမှာ တစ်ကနေ ပြန်စခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ စီးရီးဒီကနေ တန်းတက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စီးရီးစီဖလားကို အနိုင်ရရှိခဲ့ပြီးနောက် စီးရီးဘီမှာ ၂ ရာဦအချိန် ကုန်ဆုံးခဲ့ရပါတယ်။ ကိုမိုဟာ ၂၀၂၃ ခုနှစ်မှာ အဆင့် ၁၃ နေရာမှာပဲ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စီးရီးအေကို ပြန်လည်တန်းတက်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆိပ္ကမ္းၿမိဳ႕ေလးမွာ အေျခစိုက္တဲ့ ကိုမိုအသင္းဟာ စီးရီးေအကို ပုံျပင္ဆန္ဆန္ပဲ ျပန္လည္တန္းတက္ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

အီတလီအသင္းငယ္ေလးျဖစ္တဲ့ ကိုမိုဟာ လြန္ခဲ့တဲ့၅ ႏွစ္ကအထိ စီးရီးဒီမွာ ကစားေနခဲ့တာျဖစ္ၿပီး စီးရီးဘီရာသီေနာက္ဆုံးေန႔မွာ ကိုဆန္ဇာနဲ႔ ၁-၁ သေရက်ခဲ့ၿပီးေနာက္ စီးရီးေအကို တန္းတက္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ပါးမားနဲ႔အတူ အလိုအေလ်ာက္တန္းတက္ခြင့္ရခဲ့တဲ့ ကိုမိုအသင္းရဲ႕ အမွတ္ရစရာေအာင္ပြဲခံ အခမ္းအနားကို ကမာၻေက်ာ္ကစားသမားေတြလည္း လာေရာက္ ပူးေပါင္းခဲ့ၾကပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဖာဘရီဂတ္စ္ဟာ ကိုမိုရဲ႕လက္ေထာက္နည္းျပအျဖစ္ေရာ သီယာရီ အြန္နရီနဲ႔အတူ ရွယ္ယာရွင္အျဖစ္ပါ ႀကီးႀကီးမားမား ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။

အြန္နရီဟာ ကိုဆန္ဇာနဲ႔ပြဲကို တက္ေရာက္ၾကည့္ရႈခဲ့ၿပီး ကိုမိုအသင္းက စီးရီးေအကို တန္းျပန္တက္ခြင့္ရရွိသြားတာကို ျမင္ေတြ႕ခဲ့ရခ်ိန္မွာ အလြန္ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ကိုမိုအသင္းဘုတ္အဖြဲ႕ အႀကံေပးအျဖစ္ တာဝန္ယူေနတဲ့ ခ်ဲလ္ဆီးဂႏၲဝင္ ဒန္းနစၥ ဝိုက္စ္ကလည္း တက္ေရာက္ၾကည့္ရႈခဲ့ၿပီး ေဝးလ္နည္းျပ ခရစၥ ကိုးမန္းနဲ႔ ခရစၥတယ္ပဲေလ့စ္နည္းျပေဟာင္း ပက္ထရစ္ ဗီယာရာရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ အိုဆီယံ ေရာဘတ္က အသင္းရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲနဲ႔ ယာယီနည္းျပအျဖစ္ ဖာဘရီဂတ္စ္နဲ႔အတူ အသင္းကို ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ခြင့္ရခဲ့တဲ့ ေဂ်မီ ဗာဒီကလည္း ကိုမိုရဲ႕ ရာသီေနာက္ဆုံးပြဲကို တက္ေရာက္အားေပးခဲ့ၿပီး ကိုမိုေရကန္ႀကီးကို အေျချပဳဖြဲ႕စည္းခဲ့တဲ့အသင္းငယ္ေလးဟာ လာမယ့္ရာသီ စီးရီးေအမွာ အီတလီထိပ္သီးအသင္းႀကီးေတြနဲ႔ ပုခုံးခ်င္းယွဥ္ေတာ့မွာျဖစ္ပါတယ္။

ကိုမိုအသင္းရဲ႕ စီးရီးေအသို႔ ခရီးၾကမ္းက ထင္သေလာက္ မလြယ္ကူခဲ့ဘဲ ဘ႑ာေရးအၾကပ္႐ိုက္မႈေတြနဲ႔ အႀကိမ္ႀကိမ္ တန္းဆင္းခဲ့ရမႈေတြေၾကာင့္ အသင္းပ်က္မတတ္ျဖစ္ခဲ့ရၿပီး ၂၀၁၇ ခုႏွစ္မွာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း အက္ဆီယန္ရဲ႕ ဇနီးဆီကေန လက္လႊဲဝယ္ယူၿပီး ၂၀၁၇-၂၀၁၈ ရာသီမွာ ကိုမို ၁၉၀၇ နာမည္သစ္နဲ႔ စီးရီးဒီမွာ တစ္ကေန ျပန္စခဲ့ရတာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ စီးရီးဒီကေန တန္းတက္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာ စီးရီးစီဖလားကို အႏိုင္ရရွိခဲ့ၿပီးေနာက္ စီးရီးဘီမွာ ၂ ရာဦအခ်ိန္ ကုန္ဆုံးခဲ့ရပါတယ္။ ကိုမိုဟာ ၂၀၂၃ ခုႏွစ္မွာ အဆင့္ ၁၃ ေနရာမွာပဲ ေက်နပ္ခဲ့ရေပမယ့္လည္း ဒီရာသီမွာေတာ့ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ စီးရီးေအကို ျပန္လည္တန္းတက္ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.