Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၂၉.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– လူးကပ်စ် တော်ရဲရားရဲ့ အနာဂတ်ဟာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ လက်ထဲမှာ လုံးလုံးလျားလျား ရှိနေပြီး အီတလီကို ပြန်ဖို့နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ဟာ စပိန်သားနည်းပြရဲ့ ဆုံးဖြတ်ချက်တစ်ခုအပေါ်သာ မူတည်ကြောင်း အေးဂျင့်ဆို။

– အာဆင်နယ်အသင်းဟာ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို ကစားသမားသစ်အဖြစ် တရားဝင် မကြေငြာရသေးပေမယ့် လန်ဒန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုကတော့ ဘရာဇီးလ်သားရဲ့ အိမ်အသစ်ဆိုပြီး သူတို့ရဲ့ အင်စတာဂရမ်မှာ ထုတ်ဖော်ပြသ။

– အီမီလီယာနို မာတီနက်ဇ်၊ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်၊ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ လူးကပ်စ် တော်ရဲရားတို့ကို ရောင်းချပြီး အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပစ်မှတ်တွေအတွက် သုံးစွဲဖို့ ပေါင်သန်း ၆၀ ကျော်လောက် ရနိုင်မယ်လို့ မျှော်လင့်ထား။

– လီဗာပူးလ်အသင်းကို ကော်တင်ညိုအတွက် ပွဲ ၁၀၀ ပြည့်ချိန်မှာပေါင် ၁၇.၅ သန်း ပေးရမယ့် အချက်ကို ငွေကြေးကျပ်တည်းနေချိန်မှာ ရှောင်လွှဲနိုင်ဖို့ ဒီပမာဏကို သက်သာစေပြီး အငှားကြေး ပေါင် ၁၈.၂ သန်း ရရှိစေမယ့် အငှားကမ်းလှမ်းမှုကို ဘာစီလိုနာ သဘောတူညီဖွယ်ရှိနေ။

– လာကာဇက်ရဲ့ အနေအထားကို အာဆင်နယ်အသင်းတာဝန်ရှိသူတွေ ပြန်လည်သုံးသပ်နေပြီး ရောင်းချဖြစ်ခဲ့ရင် ပြန်လည်အစားထိုးဖို့ ဝုလ်ဗ်စ်ရဲ့ ဟီမီနက်၊ လီယွန်ရဲ့ ဒီပိုင်းနဲ့ ဒမ်ဘီလီ၊ နယူးကာဆယ်လ်ရဲ့ စန်မက်ဇီမန်တို့ကို လျာထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.