Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား – ၂၉.၈.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအတြက္ ပထမဆုံး ေႏြရာသီ ေခၚယူမွဳကေတာ့ တုိက္စစ္ကစားသမားေတြထက္ ၿပီးခဲ့တဲ့ ယူ႐ုိပါလိဂ္မွာ ႐ုန္းကန္ခဲ့ရေစတဲ့ အားနည္းခ်က္ျဖစ္ခဲ့တဲ့ ဘယ္ေနာက္ခံလူေနရာအတြက္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ကုိ ေခၚယူတာျဖစ္ႏုိင္။

– အုိးလ္ထရက္ဖို႔ဒ္ကို ေပါင္သန္း ၄၀ နဲ႔ ေရာက္ရွိဖို႔ သတင္းေတြ ထြက္ေနခဲ့တဲ့ ဘုန္းေမာက္ေတာင္ပံကစားသမား ေဒးဗစ္ ဘရြတ္ခ္စ္ဟာ ႐ိုင္ယန္ဂစ္လိုမ်ဳိးပဲ ေတာင္ပံနဲ႔ ကြင္းလယ္ေနရာေတြမွာ ကစားႏုိင္သူျဖစ္ၿပီး အသင္းအတြက္ တန္ဖိုးရွိတဲ့ ေခၚယူမွဳျဖစ္မယ္လို႔ ေဝးလ္တုိက္စစ္မွဴးေဟာင္း ဘလိတ္ခ္သုံးသပ္။

– စပါးစ္အသင္းနဲ႔ ဝုလ္ဗ္စ္တုိ႔ၾကား ေျပာင္းေရႊ႕ေၾကး သေဘာတူညီထားခဲ့ၿပီး ေဆးစစ္ဖို႔ ရွိေနတဲ့ အုိင္ယာလန္ညာေနာက္ခံလူ မတ္ ဒုိဟာတီကို မန္ခ်က္စတာယူႏုိက္တက္အသင္း ၾကားျဖတ္ေခၚယူဖို႔ ႀကဳိးစားေန။

– ယူႏုိက္တက္ကြင္းလယ္မွာ အေရးပါမွဳ ေလ်ာ့နည္းေနတဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဖရက္ဒ္ကို ေခၚယူဖို႔ တူရကီကလပ္ ဂါလာတာစာေရးက ကမ္းလွမ္းဖြယ္ရွိေနၿပီး ရက္ပုိင္းအတြင္းမွာ အငွားနဲ႔ အၿပီးသတ္ ေခၚယူခြင့္တုိ႔ကို ထည့္သြင္းေဆြးေႏြးလာဖို႔ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ဒေဟးယားဆီက သင္ယူခြင့္ရရွိမယ့္ကိစၥဟာ သူ႕အတြက္ အက်ဳိးရွိမယ့္ကိစၥျဖစ္ၿပီး အရန္ခုံက ေစာင့္ဆုိင္းရင္း ပြဲထြက္ေနရာအတြက္ စိန္ေခၚသြားမယ္လို႔ အဂၤလန္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် ပထမဆုံး နွေရာသီ ခေါ်ယူမှုကတော့ တိုက်စစ်ကစားသမားတွေထက် ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာ ရုန်းကန်ခဲ့ရစေတဲ့ အားနည်းချက်ဖြစ်ခဲ့တဲ့ ဘယ်နောက်ခံလူနေရာအတွက် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ကို ခေါ်ယူတာဖြစ်နိုင်။

– အိုးလ်ထရက်ဖို့ဒ်ကို ပေါင်သန်း ၄၀ နဲ့ ရောက်ရှိဖို့ သတင်းတွေ ထွက်နေခဲ့တဲ့ ဘုန်းမောက်တောင်ပံကစားသမား ဒေးဗစ် ဘရွတ်ခ်စ်ဟာ ရိုင်ယန်ဂစ်လိုမျိုးပဲ တောင်ပံနဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး အသင်းအတွက် တန်ဖိုးရှိတဲ့ ခေါ်ယူမှုဖြစ်မယ်လို့ ဝေးလ်တိုက်စစ်မှူးဟောင်း ဘလိတ်ခ်သုံးသပ်။

– စပါးစ်အသင်းနဲ့ ဝုလ်ဗ်စ်တို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီထားခဲ့ပြီး ဆေးစစ်ဖို့ ရှိနေတဲ့ အိုင်ယာလန်ညာနောက်ခံလူ မတ် ဒိုဟာတီကို မန်ချက်စတာယူနိုက်တက်အသင်း ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားနေ။

– ယူနိုက်တက်ကွင်းလယ်မှာ အရေးပါမှု လျော့နည်းနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူဖို့ တူရကီကလပ် ဂါလာတာစာရေးက ကမ်းလှမ်းဖွယ်ရှိနေပြီး ရက်ပိုင်းအတွင်းမှာ အငှားနဲ့ အပြီးသတ် ခေါ်ယူခွင့်တို့ကို ထည့်သွင်းဆွေးနွေးလာဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဟေးယားဆီက သင်ယူခွင့်ရရှိမယ့်ကိစ္စဟာ သူ့အတွက် အကျိုးရှိမယ့်ကိစ္စဖြစ်ပြီး အရန်ခုံက စောင့်ဆိုင်းရင်း ပွဲထွက်နေရာအတွက် စိန်ခေါ်သွားမယ်လို့ အင်္ဂလန်ဂိုးသမား ဒင်းန် ဟန်ဒါဆန် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.