Serie A

ဒီရာသီကုန်မှာ အိုဆီမန် ပြောင်းနိုင်တဲ့အသင်း ၃ သင်းကို ပြောပြခဲ့တဲ့ နာပိုလီပိုင်ရှင်

နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီ လော်ရန်းတစ်က ဗစ်တာ အိုဆီမန်ဟာ ယခုရာသီကုန်မှာ အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး နိုင်ဂျီးရီးယားကြယ်ပွင့် ပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်း ၃ သင်းကို သတ်မှတ်ခဲ့ပါတယ်။

အိုဆီမန်ဟာ ပြီးခဲ့တဲ့ရာသီ နာပိုလီရဲ့ စီးရီးအေအောင်မြင်မှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၃၁ ဂိုးနဲ့ စီးရီးအေသွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုဆီမန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့ပေမယ့်လည်း နာပိုလီနဲ့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးပြီး နေပယ်မှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုအပတ်အစောပိုင်းမှာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ နာပိုလီကို စွန့်ခွာမှာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပြီး အိုဆီမန်ရဲ့မှတ်ချက်ကို နာပိုလီအသင်းပိုင်ရှင်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလော်ရန်းတစ်က အသင်းအနေနဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ အစီအစဉ်ကို သိရှိတယ်လို့ ပြောဆိုခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ သို့မဟုတ် အင်္ဂလိပ်အသင်းက အိုဆီမန်ရဲ့ နောက်ထပ်အသင်းသစ်ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ နွေရာသီကတည်းက ကျွန်တော်တို့ သူ အသင်းကနေ ထွက်မယ်ဆိုတာ သိခဲ့တာပါ။ ဒါကြောင့်ပဲ စာချုပ် ဆွေးနွေးမှုတွေက အရမ်းချောမွေ့ပြီး နွေးနွေးထွေးထွေးဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် သူ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် အင်္ဂလိပ်အသင်းတစ်သင်းကို သွားလိမ့်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်းသိထားပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ အိုဆီမန်ကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲမှာ ဦးဆောင်နေပုံပေါ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးက နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းကို ဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေက ထွက်နေတယ်။ ဟုတ်တာပေါ့။ ခင်ဗျားက ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်နေတဲ့အခါမှာ ဒီလိုမျိုး အထင်ခံရမှာပဲ။ အင်္ဂလန် ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အကြီးမားဆုံးလိဂ်တွေထဲက တစ်ခုပါ။ ကျွန်တော့်အတွက်ကတော့ အခု နာပိုလီနဲ့ရှိနေတယ်။ စာချုပ်သစ်ချုပ်ခဲ့တယ်။ အသင်းနဲ့ အချိန်တွေကို ပျော်ရွှင်ခံစားနေတယ်။ ရာသီကုန်မှာ ကျွန်တော် ဘယ်သွားမလဲဆိုတာ စဉ်းစားထားပြီးသားပါ။ ကျွန်တော့်ကစားသမားဘဝမှာ ဘာလုပ်ချင်လဲဆိုတာကို သိထားပြီးသားပါ။ ကျွန်တော် စပြီး ဘောလုံးကစားကတည်းက ကျွန်တော်က အရာအားလုံးကို ကိုယ့်ဘာသာဆုံးဖြတ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။ ကျွန်တော် အစပိုင်းတုန်းက အရမ်းအဆင်မပြေခဲ့ပေမယ့်လည်းပေါ့။ ကျွန်တော့်မှာ အစီအစဉ်ရှိထားပြီးသားပါ။ ကျွန်တော် နောက်ထပ်လှမ်းချင်တဲ့ခြေလှမ်းကို သိထားပြီးသားပါ။ အဲဒီတော့ ကျွန်တော် အခု ရာသီကို အားကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်ချင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နာပိုလီအသင္းပိုင္ရွင္ ေအာ္ရယ္လီယို ဒီ ေလာ္ရန္းတစ္က ဗစ္တာ အိုဆီမန္ဟာ ယခုရာသီကုန္မွာ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ၿပီး ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့အသင္း ၃ သင္းကို သတ္မွတ္ခဲ့ပါတယ္။

အိုဆီမန္ဟာ ၿပီးခဲ့တဲ့ရာသီ နာပိုလီရဲ႕ စီးရီးေအေအာင္ျမင္မႈမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၃၁ ဂိုးနဲ႔ စီးရီးေအသြင္းဂိုး ၂၆ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အိုဆီမန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚခဲ့ေပမယ့္လည္း နာပိုလီနဲ႔ ၂၀၂၆ ခုႏွစ္ ဒီဇင္ဘာလအထိ စာခ်ဳပ္သက္တမ္းတိုးၿပီး ေနပယ္မွာပဲ ဆက္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုအပတ္အေစာပိုင္းမွာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ နာပိုလီကို စြန႔္ခြာမွာျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ၿပီး အိုဆီမန္ရဲ႕မွတ္ခ်က္ကို နာပိုလီအသင္းပိုင္ရွင္က တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒီေလာ္ရန္းတစ္က အသင္းအေနနဲ႔ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးရဲ႕ အစီအစဥ္ကို သိရွိတယ္လို႔ ေျပာဆိုခဲ့ၿပီး ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ သို႔မဟုတ္ အဂၤလိပ္အသင္းက အိုဆီမန္ရဲ႕ ေနာက္ထပ္အသင္းသစ္ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ကြၽန္ေတာ္တို႔ သူ အသင္းကေန ထြက္မယ္ဆိုတာ သိခဲ့တာပါ။ ဒါေၾကာင့္ပဲ စာခ်ဳပ္ ေဆြးေႏြးမႈေတြက အရမ္းေခ်ာေမြ႕ၿပီး ေႏြးေႏြးေထြးေထြးျဖစ္ခဲ့တာေပါ့။ ဒါေပမယ့္ သူ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ ဒါမွမဟုတ္ အဂၤလိပ္အသင္းတစ္သင္းကို သြားလိမ့္မယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းသိထားပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္ရွိမွာ အိုဆီမန္ကို ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲမွာ ဦးေဆာင္ေနပုံေပၚၿပီး ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးက ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္အသင္းကို ဆုံးျဖတ္ထားၿပီးသားျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕မယ္ဆိုတဲ့ ေကာလာဟလေတြက ထြက္ေနတယ္။ ဟုတ္တာေပါ့။ ခင္ဗ်ားက ကမာၻေပၚက အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေနတဲ့အခါမွာ ဒီလိုမ်ိဳး အထင္ခံရမွာပဲ။ အဂၤလန္ ပရီးမီးယားလိဂ္က ကမာၻေပၚက အေကာင္းဆုံးနဲ႔ အႀကီးမားဆုံးလိဂ္ေတြထဲက တစ္ခုပါ။ ကြၽန္ေတာ့္အတြက္ကေတာ့ အခု နာပိုလီနဲ႔ရွိေနတယ္။ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တယ္။ အသင္းနဲ႔ အခ်ိန္ေတြကို ေပ်ာ္႐ႊင္ခံစားေနတယ္။ ရာသီကုန္မွာ ကြၽန္ေတာ္ ဘယ္သြားမလဲဆိုတာ စဥ္းစားထားၿပီးသားပါ။ ကြၽန္ေတာ့္ကစားသမားဘဝမွာ ဘာလုပ္ခ်င္လဲဆိုတာကို သိထားၿပီးသားပါ။ ကြၽန္ေတာ္ စၿပီး ေဘာလုံးကစားကတည္းက ကြၽန္ေတာ္က အရာအားလုံးကို ကိုယ့္ဘာသာဆုံးျဖတ္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ေကာင္းေကာင္း အလုပ္ျဖစ္ပါတယ္။ ကြၽန္ေတာ္ အစပိုင္းတုန္းက အရမ္းအဆင္မေျပခဲ့ေပမယ့္လည္းေပါ့။ ကြၽန္ေတာ့္မွာ အစီအစဥ္ရွိထားၿပီးသားပါ။ ကြၽန္ေတာ္ ေနာက္ထပ္လွမ္းခ်င္တဲ့ေျခလွမ္းကို သိထားၿပီးသားပါ။ အဲဒီေတာ့ ကြၽန္ေတာ္ အခု ရာသီကို အားေကာင္းတဲ့ပုံစံနဲ႔ အဆုံးသတ္ခ်င္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.