Bundesliga Premier League Transfer News

အာဆင်နယ်က အိပ်မက်ခဲ့ရတဲ့နေရာလို့ ဝန်ခံခဲ့တဲ့ ဘွန်ဒက်စ်လီဂါတိုက်စစ်မှူး

ဝုဘတ်တိုက်စစ်မှူး ဂျိုးနတ်စ် ဝင်းက အာဆင်နယ်ဟာ ၎င်းရဲ့ အိပ်မက်မက်ခဲ့ရတဲ့ နေရာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ကိုပင်ဟေဂင်အသင်းကနေ ဝုဘတ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါအသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၅ ဂိုး သွင်းယူထားသူဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ ၅ ဂိုး သွင်းယူထားသူလည်းဖြစ်ပြီး ယခုနှစ်နှောင်းပိုင်း ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးသွားဖို့ စောင့်မျှော်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်ဟာ ဂါဘရီယယ်လ် ဂျေဆူးစ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် အာတီတာအတွက် ရွေးချယ်စရာ ပိုမိုများပြားအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

နွေရာသီမှာ ဝုဘတ်အသင်းကို စွန့်ခွာဖို့အတွက် အခွင့်အရေး ရှိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ ဝင်းက Buli News ကို “ကျွန်တော် သဘောတူညီမှု ပေးရမယ့် ခိုင်မာတဲ့တစ်စုံတရာမျိုး ဘာမှရှိမနေခဲ့ပါဘူး။ ကျွန်တော် ဒီကို ရောက်နေခဲ့တာ နှစ်ဝက်ကျော်ကျော်လောက်ပဲ ရှိနေပါသေးတယ်”

“ကျွန်တော် အသင်းမှာ ရှိနေရတဲ့အချိန်တွေကို ပျော်ရွှင်နေခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ကိစ္စကို မတွေးမိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် အာဆင်နယ်က ကျွန်တော် သွားဖို့ အိပ်မက်ထားတဲ့ နေရာဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အမြဲတမ်း အနှစ်သက်ဆုံးကလပ်အသင်းလည်း ဖြစ်ခဲ့ပါတယ်”

“ယေဘုယျအားဖြင့် ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်လို့ ကျွန်တော် ထင်တယ်။ အဲဒီမှာ ကစားရမှာက စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ အခုအချိန်မှာ အဲဒါက ကျွန်တော် အာရုံစိုက်နေတဲ့အရာတော့ မဟုတ်ပါဘူး”

“ကျွန်တော် ဝုဘတ်မျာ ကောင်းကောင်း ကစားနေတယ်။ ကျွန်တော့်အတွက် အသင်းကောင်းတစ်သင်းပါ။ ဘွန်ဒက်စ်လီဂါကလည်း ကစားလို့ကောင်းတဲ့ လိဂ်တစ်ခုပါ။ အခုအချိန်မှာ ကျွန်တော့်ရဲ့ ဒီက စွမ်းဆောင်ရည်ပေါ်ကိုပဲ အာရုံစိုက်နေပြီး ပြီးရင်တော့ အနာဂတ်မှာ နောက်ထပ်ခြေလှမ်း လှမ်းဖို့အတွက် ကျွန်တော့်အနေနဲ့ ကောင်းသင့်သလောက် ကောင်းမွန်မလားဆိုတာကို ကြည့်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝုဘတ္တိုက္စစ္မႉး ဂ်ိဳးနတ္စ္ ဝင္းက အာဆင္နယ္ဟာ ၎ရဲ႕ အိပ္မက္မက္ခဲ့ရတဲ့ ေနရာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ကစားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္

ဝင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကမွ ကိုပင္ေဟဂင္အသင္းကေန ဝုဘတ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါအသင္းအတြက္ ၁၆ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၅ ဂိုး သြင္းယူထားသူျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဒိန္းမတ္လက္ေ႐ြးစင္အသင္းအတြက္ ၁၅ ပြဲ ပါဝင္ကစားေပးထားရာမွာ ၅ ဂိုး သြင္းယူထားသူလည္းျဖစ္ၿပီး ယခုႏွစ္ေႏွာင္းပိုင္း ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးသြားဖို႔ ေစာင့္ေမွ်ာ္ေနတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဆင္နယ္ဟာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ေနာက္ထပ္တိုက္စစ္ကစားသမားတစ္ဦး ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္ အာတီတာအတြက္ ေ႐ြးခ်ယ္စရာ ပိုမိုမ်ားျပားေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ေႏြရာသီမွာ ဝုဘတ္အသင္းကို စြန႔္ခြာဖို႔အတြက္ အခြင့္အေရး ရွိခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ ဝင္းက Buli News ကို “ကြၽန္ေတာ္ သေဘာတူညီမႈ ေပးရမယ့္ ခိုင္မာတဲ့တစ္စုံတရာမ်ိဳး ဘာမွရွိမေနခဲ့ပါဘူး။ ကြၽန္ေတာ္ ဒီကို ေရာက္ေနခဲ့တာ ႏွစ္ဝက္ေက်ာ္ေက်ာ္ေလာက္ပဲ ရွိေနပါေသးတယ္”

“ကြၽန္ေတာ္ အသင္းမွာ ရွိေနရတဲ့အခ်ိန္ေတြကို ေပ်ာ္႐ႊင္ေနခဲ့တာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ကိစၥကို မေတြးမိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အနာဂတ္ကို ေမွ်ာ္ၾကည့္လိုက္မယ္ဆိုရင္ အာဆင္နယ္က ကြၽန္ေတာ္ သြားဖို႔ အိပ္မက္ထားတဲ့ ေနရာျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕ အၿမဲတမ္း အႏွစ္သက္ဆုံးကလပ္အသင္းလည္း ျဖစ္ခဲ့ပါတယ္”

“ေယဘုယ်အားျဖင့္ ပရီးမီးယားလိဂ္က ကမာၻေပၚက အေကာင္းဆုံးလိဂ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီမွာ ကစားရမွာက စိတ္လႈပ္ရွားစရာ ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ အခုအခ်ိန္မွာ အဲဒါက ကြၽန္ေတာ္ အာ႐ုံစိုက္ေနတဲ့အရာေတာ့ မဟုတ္ပါဘူး”

“ကြၽန္ေတာ္ ဝုဘတ္မ်ာ ေကာင္းေကာင္း ကစားေနတယ္။ ကြၽန္ေတာ့္အတြက္ အသင္းေကာင္းတစ္သင္းပါ။ ဘြန္ဒက္စ္လီဂါကလည္း ကစားလို႔ေကာင္းတဲ့ လိဂ္တစ္ခုပါ။ အခုအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕ ဒီက စြမ္းေဆာင္ရည္ေပၚကိုပဲ အာ႐ုံစိုက္ေနၿပီး ၿပီးရင္ေတာ့ အနာဂတ္မွာ ေနာက္ထပ္ေျခလွမ္း လွမ္းဖို႔အတြက္ ကြၽန္ေတာ့္အေနနဲ႔ ေကာင္းသင့္သေလာက္ ေကာင္းမြန္မလားဆိုတာကို ၾကည့္ၾကတာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.