Article Premier League

တစ်နွေလုံး ရှာနေတဲ့ တောင်ပံလူသစ်ကို မားကင်ညို့စ်ဆီမှာ ဂန်းနားတွေ တွေ့ပြီလား

လူငယ်တောင်ပံကစားသမား မားကင်ညို့စ်ဟာ ပြီးခဲ့တဲ့ ဇူးရစ်ချ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရပြီး အကောင်းဆုံးခြေစွမ်းနဲ့ တောက်ပခဲ့သလို အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး လူငယ်တွေထဲမှာ အမြင့်မားဆုံး မှတ်တမ်းကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် တောင်ပံသမားအနေနဲ့ ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်အသင်းကြီးရဲ့ ပွဲနေ့လူစာရင်းကို အရန်ခုံကနေ သုံးကြိမ်သာ ဖြတ်သန်းဖူးသူဖြစ်ပြီး ဒီရာသီရဲ့ ပထမဆုံး ဖလားပွဲစဉ်ဖြစ်တဲ့ ဇူးရစ်ချ်နဲ့ ဆွစ်ဇာလန်မြေကို ခြေချပွဲထွက်ချိန်မှာတော့ စံချိန်ကောင်းတွေကို ရယူနိုင်ခဲ့တာပါ။

အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ချာလီ ပါတီနိုနောက်မှာ ပထမဆုံး ပွဲထွက်ထွက်ချင်း ဂိုးသွင်းနိုင်တဲ့ လူငယ်ဖြစ်ခဲ့တဲ့ မားကင်ညို့စ်ဟာ အင်္ဂလိပ်လူငယ်ထက် သာလွန်ခဲ့တာကတော့ နကီးတီးယားဆီ ပေးပို့ခဲ့တဲ့ လှပတဲ့ ဖြတ်တင်ဘော ဖန်တီးမှုပဲဖြစ်ပြီး ဒီပွဲမှာ သူဟာ မာတီနယ်လီနဲ့ ဆာကာတို့ကိုတောင် အသုံးမကျဘူးလို့ ထင်ရအောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဇူးရစ်ချ်နဲ့ပွဲမှာ မားကင်ညို့စ်အနေနဲ့ ပွဲချိန် ၆၉ မိနစ် ကစားခဲ့ရာမှာ ဘောလုံးထိချက် ၅၂ ကြိမ်၊ ဂိုးကန်သွင်းခွင့် ၂ ကြိမ် (၁ ကြိမ် ဂိုးပေါက်တည့်)၊ ရဂိုး ၁ ဂိုး၊ ဖန်တီးမှု ၁ ကြိမ်၊ အခွင့်အရေးကောင်း ဖန်တီးမှု ၂ ကြိမ်၊ အရေးပါတဲ့ ပေးပို့မှု ၄ ကြိမ်၊ ပေးပို့မှု ၃၇ ကြိမ်မှာ ၃၂ ကြိမ်အောင်မြင် (၀.၈၆ ရာနှုန်း) ဖြစ်ခဲ့ပြီး Sofa Score ကတော့ အမှတ်ပေးမှု ၈.၉ မှတ် ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတစ်ခုလုံး အာဆင်နယ်တို့အနေနဲ့ လေဗာကူဆင်က ဒီယာဘီ၊ ဗီလာရီးရဲလ်က ပီနို၊ လီယွန်က ပါကေးတာ၊ ရီးရဲလ်မက်ဒရစ်က အဆန်စီယိုတို့လို တောင်ပံကစားသမားတွေကို ချိတ်ဆက်နေခဲ့ပြီး မခေါ်ယူနိုင်ခဲ့ချိန်မှာ နည်းပြ အာတီတာကို ဆာကာရဲ့ နောက်မှာ ခေါင်းကိုက်သက်သာစေမယ့်သူက ဒီအတိုင်းဆိုရင် မားကင်ညို့စ် ဖြစ်လာနိုင်ပြီဖြစ်ပါတယ်။

လူငယ်ကစားသမားတစ်ဦး ပွဲထွက်မယ်ဆိုရင် သူ့နောက်က အမှားတွေကို ဖာထေးပြုပြင်နိုင်ဖို့ စီနီယာကစားသမားနဲ့ လဲကစားဖို့ ပြင်ထားရပြီး ဇူးရစ်ချ်နဲ့ပွဲမှာတော့ ဒီလိုလုပ်ဖို့ မလိုလောက်အောင် ဘရာဇီးလ်သားလေးအနေနဲ့ ဆာကာကို ပွဲချိန် မိနစ် ၂၀ သာ ဝင်ကစားရအောင် ကန့်သတ်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာ ကပ္ပတိန် အော်ဒီဂွါဒ်ကိုလည်း ဖာဘီယို ဗီယာရာက အနားပေးထားနိုင်ခဲ့တာပါ။

အာဆင်နယ် ယူ-၂၁ မှာ ပုံမှန်နီးပါး ပါဝင်ကစားနေပြီး သုံးပွဲမှာ သုံးဂိုးသွင်း၊ သုံးဂိုး ဖန်တီးပေးထားတဲ့ မားကင်ညို့စ်ဟာ ဒီရာသီမှာ နည်းစနစ် ဒါရိုက်တာ အီဒူးရဲ့ ပေါင် ၃.၅ သန်းတန် ခေါ်ယူမှုလည်းဖြစ်ပြီး ဝုလ်ဗာဟမ့်ပ်တန်နဲ့ အကြိုသဘောတူညီဖို့ ချိတ်ဆက်ထားခဲ့တဲ့အထဲကနေ ဇန်နဝါရီ ရောက်အောင် စောင့်ဆိုင်းမနေဘဲ ငွေပေးခေါ်သွားခဲ့တာလည်းဖြစ်ပါတယ်။

မားကင်ညို့စ်ရဲ့ လက်ရှိခြေစွမ်းနဲ့ ပေါင်သုံးသန်းခွဲဆိုတာကတော့ ကလေးမုန့်ဖိုးပေးသလောက်ပဲ ရှိနေပြီဖြစ်လို့ အာဆင်နယ်တို့ သူ့အတွက် ရင်းနှီးမြှုပ်နှံမှုက‌ အောင်မြင်တယ်လို့ ဆိုနိုင်ပြီး လာမယ့် ရာသီတွေမှာ သူ့ရှေ့က လမ်းပြခဲ့တဲ့ မာတီနယ်လီရဲ့ ခြေရာကို နင်းနိုင်မလားဆိုတာလည်း ပရိသတ်တွေက ရင်ခုန်နေကြတာပါ။

ဘရာဇီးလ်သားပီပီ ဘောလုံးနိုင်နင်းပြီး အဝင်အထွက်ရဲတဲ့ မားကင်ညို့စ်ဟာ ပွဲဦးထွက်မှာတင် ၇၂ သန်းတန် ဂျင်းတုံးကြီး နီကိုလာ ပေပေရဲ့ ဘောလုံးကိုင်ပြီး ရပ်ရပ်နေတဲ့ ပုံစံနဲ့ ဘာမှ မဆိုင်ဘူးလို့ ပရိသတ်တွေ ပြောနိုင်အောင် လုပ်ပြခဲ့သူဖြစ်ပြီး နောက်ထပ် ဒီရာသီမှာ ဝေဖန်စရာတစ်ခုဖြစ်နေတဲ့ ဆာကာရဲ့ ဂိုးရှေ့မှာ Productive မဖြစ်တဲ့ ပုံစံကို ပြန်ကောင်းလာအောင် ဖိအားပေးနိုင်မယ့်သူလည်း ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။‌

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူငယ္ေတာင္ပံကစားသမား မားကင္ညိဳ႕စ္ဟာ ၿပီးခဲ့တဲ့ ဇူးရစ္ခ်္နဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ သူ႔ရဲ႕ အာဆင္နယ္ကစားသမားဘဝ ပထမဆုံး ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ရၿပီး အေကာင္းဆုံးေျခစြမ္းနဲ႔ ေတာက္ပခဲ့သလို အသင္းအတြက္ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး လူငယ္ေတြထဲမွာ အျမင့္မားဆုံး မွတ္တမ္းကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံသမားအေနနဲ႔ ဒီပြဲမတိုင္ခင္မွာ အာဆင္နယ္အသင္းႀကီးရဲ႕ ပြဲေန႔လူစာရင္းကို အရန္ခုံကေန သုံးႀကိမ္သာ ျဖတ္သန္းဖူးသူျဖစ္ၿပီး ဒီရာသီရဲ႕ ပထမဆုံး ဖလားပြဲစဥ္ျဖစ္တဲ့ ဇူးရစ္ခ်္နဲ႔ ဆြစ္ဇာလန္ေျမကို ေျခခ်ပြဲထြက္ခ်ိန္မွာေတာ့ စံခ်ိန္ေကာင္းေတြကို ရယူႏိုင္ခဲ့တာပါ။

အသင္းရဲ႕ အကယ္ဒမီထြက္ လူငယ္ ခ်ာလီ ပါတီႏိုေနာက္မွာ ပထမဆုံး ပြဲထြက္ထြက္ခ်င္း ဂိုးသြင္းႏိုင္တဲ့ လူငယ္ျဖစ္ခဲ့တဲ့ မားကင္ညိဳ႕စ္ဟာ အဂၤလိပ္လူငယ္ထက္ သာလြန္ခဲ့တာကေတာ့ နကီးတီးယားဆီ ေပးပို႔ခဲ့တဲ့ လွပတဲ့ ျဖတ္တင္ေဘာ ဖန္တီးမႈပဲျဖစ္ၿပီး ဒီပြဲမွာ သူဟာ မာတီနယ္လီနဲ႔ ဆာကာတို႔ကိုေတာင္ အသုံးမက်ဘူးလို႔ ထင္ရေအာင္ လုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဇူးရစ္ခ်္နဲ႔ပြဲမွာ မားကင္ညိဳ႕စ္အေနနဲ႔ ပြဲခ်ိန္ ၆၉ မိနစ္ ကစားခဲ့ရာမွာ ေဘာလုံးထိခ်က္ ၅၂ ႀကိမ္၊ ဂိုးကန္သြင္းခြင့္ ၂ ႀကိမ္ (၁ ႀကိမ္ ဂိုးေပါက္တည့္)၊ ရဂိုး ၁ ဂိုး၊ ဖန္တီးမႈ ၁ ႀကိမ္၊ အခြင့္အေရးေကာင္း ဖန္တီးမႈ ၂ ႀကိမ္၊ အေရးပါတဲ့ ေပးပို႔မႈ ၄ ႀကိမ္၊ ေပးပို႔မႈ ၃၇ ႀကိမ္မွာ ၃၂ ႀကိမ္ေအာင္ျမင္ (၀.၈၆ ရာႏႈန္း) ျဖစ္ခဲ့ၿပီး Sofa Score ကေတာ့ အမွတ္ေပးမႈ ၈.၉ မွတ္ ေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလတစ္ခုလုံး အာဆင္နယ္တို႔အေနနဲ႔ ေလဗာကူဆင္က ဒီယာဘီ၊ ဗီလာရီးရဲလ္က ပီႏို၊ လီယြန္က ပါေကးတာ၊ ရီးရဲလ္မက္ဒရစ္က အဆန္စီယိုတို႔လို ေတာင္ပံကစားသမားေတြကို ခ်ိတ္ဆက္ေနခဲ့ၿပီး မေခၚယူႏိုင္ခဲ့ခ်ိန္မွာ နည္းျပ အာတီတာကို ဆာကာရဲ႕ ေနာက္မွာ ေခါင္းကိုက္သက္သာေစမယ့္သူက ဒီအတိုင္းဆိုရင္ မားကင္ညိဳ႕စ္ ျဖစ္လာႏိုင္ၿပီျဖစ္ပါတယ္။

လူငယ္ကစားသမားတစ္ဦး ပြဲထြက္မယ္ဆိုရင္ သူ႔ေနာက္က အမွားေတြကို ဖာေထးျပဳျပင္ႏိုင္ဖို႔ စီနီယာကစားသမားနဲ႔ လဲကစားဖို႔ ျပင္ထားရၿပီး ဇူးရစ္ခ်္နဲ႔ပြဲမွာေတာ့ ဒီလိုလုပ္ဖို႔ မလိုေလာက္ေအာင္ ဘရာဇီးလ္သားေလးအေနနဲ႔ ဆာကာကို ပြဲခ်ိန္ မိနစ္ ၂၀ သာ ဝင္ကစားရေအာင္ ကန႔္သတ္ႏိုင္ခဲ့ၿပီး တစ္ခ်ိန္တည္းမွာ ကပၸတိန္ ေအာ္ဒီဂြါဒ္ကိုလည္း ဖာဘီယို ဗီယာရာက အနားေပးထားႏိုင္ခဲ့တာပါ။

အာဆင္နယ္ ယူ-၂၁ မွာ ပုံမွန္နီးပါး ပါဝင္ကစားေနၿပီး သုံးပြဲမွာ သုံးဂိုးသြင္း၊ သုံးဂိုး ဖန္တီးေပးထားတဲ့ မားကင္ညိဳ႕စ္ဟာ ဒီရာသီမွာ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးရဲ႕ ေပါင္ ၃.၅ သန္းတန္ ေခၚယူမႈလည္းျဖစ္ၿပီး ဝုလ္ဗာဟမ့္ပ္တန္နဲ႔ အႀကိဳသေဘာတူညီဖို႔ ခ်ိတ္ဆက္ထားခဲ့တဲ့အထဲကေန ဇန္နဝါရီ ေရာက္ေအာင္ ေစာင့္ဆိုင္းမေနဘဲ ေငြေပးေခၚသြားခဲ့တာလည္းျဖစ္ပါတယ္။

မားကင္ညိဳ႕စ္ရဲ႕ လက္ရွိေျခစြမ္းနဲ႔ ေပါင္သုံးသန္းခြဲဆိုတာကေတာ့ ကေလးမုန႔္ဖိုးေပးသေလာက္ပဲ ရွိေနၿပီျဖစ္လို႔ အာဆင္နယ္တို႔ သူ႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈက‌ ေအာင္ျမင္တယ္လို႔ ဆိုႏိုင္ၿပီး လာမယ့္ ရာသီေတြမွာ သူ႔ေရွ႕က လမ္းျပခဲ့တဲ့ မာတီနယ္လီရဲ႕ ေျခရာကို နင္းႏိုင္မလားဆိုတာလည္း ပရိသတ္ေတြက ရင္ခုန္ေနၾကတာပါ။

ဘရာဇီးလ္သားပီပီ ေဘာလုံးႏိုင္နင္းၿပီး အဝင္အထြက္ရဲတဲ့ မားကင္ညိဳ႕စ္ဟာ ပြဲဦးထြက္မွာတင္ ၇၂ သန္းတန္ ဂ်င္းတုံးႀကီး နီကိုလာ ေပေပရဲ႕ ေဘာလုံးကိုင္ၿပီး ရပ္ရပ္ေနတဲ့ ပုံစံနဲ႔ ဘာမွ မဆိုင္ဘူးလို႔ ပရိသတ္ေတြ ေျပာႏိုင္ေအာင္ လုပ္ျပခဲ့သူျဖစ္ၿပီး ေနာက္ထပ္ ဒီရာသီမွာ ေဝဖန္စရာတစ္ခုျဖစ္ေနတဲ့ ဆာကာရဲ႕ ဂိုးေရွ႕မွာ Productive မျဖစ္တဲ့ ပုံစံကို ျပန္ေကာင္းလာေအာင္ ဖိအားေပးႏိုင္မယ့္သူလည္း ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။‌

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.