La Liga Premier League

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး ဘောလုံးကလပ်အသင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

Forbes က လက်ရှိ လာလီဂါနဲ့ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ သတ်မှတ်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်တုန်းကထက် ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဥရောပမှာ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ပြီးခဲ့တဲ့ မေလမှာ လီဗာပူးလ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူပြီးနောက် ၁၄ ကြိမ်မြောက် ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ အသင်းကတော့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အသင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိနေဆဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း တန်ဖိုးအရှိဆုံးထိပ်တန်း အသင်း ၂၀ ထဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ်ဘောလုံးအသင်းဖြစ်ပြီး ထိပ်တန်း အသင်း ၅၀ ထဲက အသင်း ၃၀ လောက်ဟာ ၂၀၃၂ ခုနှစ်အထိ ကြီးမားတဲ့ မီဒီယာသဘောတူညီမှုရရှိထားတဲ့ NFL အသင်းတွေ ဖြစ်ပါတယ်။

NFL ဟာ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၁၂ ဘီလီယံနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် ဒါးလက်စ် ကောင်းဘွိုင်စ်အသင်းက အမေရိကန်ဒေါ်လာ ၈ ဘီလီယံနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေတာဖြစ်ပါတယ်။

၁။ ဒါးလက်စ် ကောင်းဘွိုင်စ်(NFL)- အမေရိကန်ဒေါ်လာ ၈ ဘီလီယံ

၂။ နယူးအင်္ဂလန်ပေးထရီးယက်စ်(NFL)- အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ

၃။ လော့စ် အိန်ဂျလိစ် ရမ်းစ်(NFL)- အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ

၄။ နယူးယောက် ယန်းကီးစ်(MLB)- အမေရိကန်ဒေါ်လာ ၆ ဘီလီယံ

၄။ နယူးယောက် ဂျိုင်းယန့်စ်(NFL)- အမေရိကန်ဒေါ်လာ ၆ ဘီလီယံ

၆။ နယူးယောက် နစ်ခ်စ်(NBA)- အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ

၆။ ချီကာဂို ဘဲစ်(NFL)- အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ

၈။ ဂိုးဒင်း စတိတ် ဝါရီယာစ်(NBA)- အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ

၈။ ဝါရှင်တန် ကွန်မန်ဒါစ်(NFL)- အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ

၁၀။ လော့စ် အိန်ဂျလိစ် လိတ်ကာစ်(NBA)- အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ

၁၁။ နယူးယောက် ဂျက်တ်စ်(NFL)- အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ

၁၂။ ဆန် ဖရန်စ္စကို 49ers(NFL)- အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ

၁၃။ ရီးရဲလ်မက်ဒရစ်(ဘောလုံး)- အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ

၁၃၊ လော့စ် အိန်ဂျလိစ် ရိုက်ဒါစ်(NFL)- အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ

၁၅။ ဘာစီလိုနာ(ဘောလုံး)- အမေရိကန်ဒေါ်လာ ၅ ဘီလီယံ

၁၆။ ဖီလာဒဲလ်ဖီးယား အီးဂဲလ်စ်(NFL)- အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ

၁၇။ ဟူစတန် တက်ဆန်စ်(NFL)- အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ

၁၈။ ဒန်ဗာ ဘရွန်းကို့စ်(NFL)- အမေရိကန်ဒေါ်လာ ၄.၆၅ ဘီလီယံ

၁၉။ မန်ချက်စတာယူနိုက်တက်(ဘောလုံး)- အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ

၁၉။ မိုင်ယာမီ ဒေါ်လ်ဖင်စ်(NFL)- အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းဟာ ကမာၻေပၚက တန္ဖိုးအရွိဆုံး ေဘာလုံးကလပ္အသင္းအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီး တစ္ကမာၻလုံးအတိုင္းအတာအရဆိုရင္ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနပါတယ္။

Forbes က လက္ရွိ လာလီဂါနဲ႔ ဥေရာပ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တန္ဖိုးကို အေမရိကန္ေဒၚလာ ၅.၁ ဘီလီယံ သတ္မွတ္ခဲ့တာ ျဖစ္ၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းကထက္ ၄၁ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဥေရာပမွာ အေအာင္ျမင္ဆုံး ကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလမွာ လီဗာပူးလ္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အႏိုင္ယူၿပီးေနာက္ ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလားကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနတဲ့ အသင္းကေတာ့ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ဘာစီလိုနာအသင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဘ႑ာေရး အၾကပ္အတည္းေတြ ရင္ဆိုင္ခဲ့ရေပမယ့္လည္း အသင္းတန္ဖိုးက အေမရိကန္ေဒၚလာ ၅ ဘီလီယံအထိ ရွိေနဆဲျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကလည္း တန္ဖိုးအရွိဆုံးထိပ္တန္း အသင္း ၂၀ ထဲမွာ ပါဝင္ခဲ့တဲ့ ေနာက္ထပ္ေဘာလုံးအသင္းျဖစ္ၿပီး ထိပ္တန္း အသင္း ၅၀ ထဲက အသင္း ၃၀ ေလာက္ဟာ ၂၀၃၂ ခုႏွစ္အထိ ႀကီးမားတဲ့ မီဒီယာသေဘာတူညီမႈရရွိထားတဲ့ NFL အသင္းေတြ ျဖစ္ပါတယ္။

NFL ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေဒၚလာ ၁၁၂ ဘီလီယံနဲ႔ အဆုံးသတ္ႏိုင္ခဲ့ၿပီး ကမာၻ႔တန္ဖိုးအရွိဆုံးအသင္းအျဖစ္ ဒါးလက္စ္ ေကာင္းဘြိဳင္စ္အသင္းက အေမရိကန္ေဒၚလာ ၈ ဘီလီယံနဲ႔ ထိပ္ဆုံးကေန ရပ္တည္ေနတာျဖစ္ပါတယ္။

၁။ ဒါးလက္စ္ ေကာင္းဘြိဳင္စ္(NFL)- အေမရိကန္ေဒၚလာ ၈ ဘီလီယံ

၂။ နယူးအဂၤလန္ေပးထရီးယက္စ္(NFL)- အေမရိကန္ေဒၚလာ ၆.၄ ဘီလီယံ

၃။ ေလာ့စ္ အိန္ဂ်လိစ္ ရမ္းစ္(NFL)- အေမရိကန္ေဒၚလာ ၆.၂ ဘီလီယံ

၄။ နယူးေယာက္ ယန္းကီးစ္(MLB)- အေမရိကန္ေဒၚလာ ၆ ဘီလီယံ

၄။ နယူးေယာက္ ဂ်ိဳင္းယန႔္စ္(NFL)- အေမရိကန္ေဒၚလာ ၆ ဘီလီယံ

၆။ နယူးေယာက္ နစ္ခ္စ္(NBA)- အေမရိကန္ေဒၚလာ ၅.၈ ဘီလီယံ

၆။ ခ်ီကာဂို ဘဲစ္(NFL)- အေမရိကန္ေဒၚလာ ၅.၈ ဘီလီယံ

၈။ ဂိုးဒင္း စတိတ္ ဝါရီယာစ္(NBA)- အေမရိကန္ေဒၚလာ ၅.၈ ဘီလီယံ

၈။ ဝါရွင္တန္ ကြန္မန္ဒါစ္(NFL)- အေမရိကန္ေဒၚလာ ၅.၈ ဘီလီယံ

၁၀။ ေလာ့စ္ အိန္ဂ်လိစ္ လိတ္ကာစ္(NBA)- အေမရိကန္ေဒၚလာ ၅.၅ ဘီလီယံ

၁၁။ နယူးေယာက္ ဂ်က္တ္စ္(NFL)- အေမရိကန္ေဒၚလာ ၅.၄ ဘီလီယံ

၁၂။ ဆန္ ဖရန္စၥကို 49ers(NFL)- အေမရိကန္ေဒၚလာ ၅.၂ ဘီလီယံ

၁၃။ ရီးရဲလ္မက္ဒရစ္(ေဘာလုံး)- အေမရိကန္ေဒၚလာ ၅.၁ ဘီလီယံ

၁၃၊ ေလာ့စ္ အိန္ဂ်လိစ္ ႐ိုက္ဒါစ္(NFL)- အေမရိကန္ေဒၚလာ ၅.၁ ဘီလီယံ

၁၅။ ဘာစီလိုနာ(ေဘာလုံး)- အေမရိကန္ေဒၚလာ ၅ ဘီလီယံ

၁၆။ ဖီလာဒဲလ္ဖီးယား အီးဂဲလ္စ္(NFL)- အေမရိကန္ေဒၚလာ ၄.၉ ဘီလီယံ

၁၇။ ဟူစတန္ တက္ဆန္စ္(NFL)- အေမရိကန္ေဒၚလာ ၄.၇ ဘီလီယံ

၁၈။ ဒန္ဗာ ဘ႐ြန္းကို႔စ္(NFL)- အေမရိကန္ေဒၚလာ ၄.၆၅ ဘီလီယံ

၁၉။ မန္ခ်က္စတာယူႏိုက္တက္(ေဘာလုံး)- အေမရိကန္ေဒၚလာ ၄.၆ ဘီလီယံ

၁၉။ မိုင္ယာမီ ေဒၚလ္ဖင္စ္(NFL)- အေမရိကန္ေဒၚလာ ၄.၆ ဘီလီယံ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.