Premier League

လည်ပင်းညှစ်ပြီး တန်ဖိုးကြီးကားကို ပြန်ရောင်းခိုင်းတာ ခံခဲ့ရတဲ့ ဂျွန် တယ်ရီ

ချဲလ်ဆီးဂန္တဝင် ဂျွန် တယ်ရီဟာ လူငယ်ကြယ်ပွင့်ဘဝတုန်းက ၎င်းရဲ့ ဆုကြေးငွေတွေကို ကားသစ်ဝယ်ပြီး သုံးစွဲခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားဟောင်းက လည်ပင်းညှစ်ပြီး ကားပြန်ရောင်းဖို့ အမိန့်ပေးတာ ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျွန် တယ်ရီဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ နှစ် ၂၀ ကျော် အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်မှာ ဆယ်ကျော်သက်ကစားသမားအဖြစ်နဲ့ ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဂျွန် တယ်ရီဟာ နောက်နှစ်မှာတော့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ကိုယ့်ကိုကိုယ် ကားသစ်တစ်စီးဝယ်ပြီး ဆုချဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်ဟာ အဲဒီအချိန်တုန်းက ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်တဲ့ ဒန်းနစ် ဝိုက်စ်အတွက် သဘောမကျစရာဖြစ်ခဲ့ပြီး လူငယ်နောက်ခံကစားသမားကို ကားပြန်ရောင်းဖို့အတွက် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

“သူက အဲဒီတုန်းက အသင်းခေါင်းဆောင်ပေါ့။ ကျွန်တော် ပထမအသင်းမှာ စပါခွင့်ရပြီး ချန်ပီယံလိဂ် ဆုကြေးငွေရတော့ အဲဒီငွေတွေနဲ့ ရူးရူးမိုက်မိုက် ကားသစ်တစ်စီး သွားဝယ်ခဲ့တာကို မှတ်မိသေးတယ်”

“ကျွန်တော် အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော် ကားသစ်ကြီးနဲ့ လေ့ကျင့်ရေးကွင်းလာတော့ ဝိုက်စ်က ကျွန်တော့်နားရောက်လာပြီး ကော်ရစ်ဒါမှာ အားလုံးရဲ့ရှေ့ လည်ပင်းကို ညှစ်ပြီး ‘မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ။ ကားသွားပြန်ရောင်းလိုက်’ဆိုပြီး ပြောခဲ့တယ်။ အဲဒီတော့ သူ ကျွန်တော့်ကို ကား သွားပြန်ရောင်းခိုင်းတော့ ပိုက်ဆံတော့ ရှုံးသွားတာပေါ့။ သူက ကျွန်တော့်ကို ခေါ်သွားပြီး အိမ်ကူရှာပေးပြီး အိမ်ဝယ်ခိုင်းတယ်။ အဲဒါက အကောင်းဆုံးအကြံဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒန်းနစ် ဝိုက်စ်ဟာ လက်တွေ့ဆန်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၈၀ ကျော်ကာလတွေက ဝင်ဘယ်ဒန်ရဲ့ အရူးဂိုဏ်းအဖွဲ့ဝင်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒန်းနစ် ဝိုက်စ်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီး ၁၁ နှစ်ကြာ အသင်းနဲ့ အချိန်ကုန်ဆုံးခဲ့ပြီးနောက် အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်ကိုင်မြှောက်ပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ တသက်တာ အအောင်မြင်ဆုံး အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဂႏၲဝင္ ဂြၽန္ တယ္ရီဟာ လူငယ္ၾကယ္ပြင့္ဘဝတုန္းက ၎ရဲ႕ ဆုေၾကးေငြေတြကို ကားသစ္ဝယ္ၿပီး သုံးစြဲခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကစားသမားေဟာင္းက လည္ပင္းညႇစ္ၿပီး ကားျပန္ေရာင္းဖို႔ အမိန႔္ေပးတာ ခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂြၽန္ တယ္ရီဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ႏွစ္ ၂၀ ေက်ာ္ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး အသင္းရဲ႕ အကယ္ဒမီကေန ေပၚထြက္လာခဲ့ၿပီးေနာက္ ၁၉၉၈ ခုႏွစ္မွာ ဆယ္ေက်ာ္သက္ကစားသမားအျဖစ္နဲ႔ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ဂြၽန္ တယ္ရီဟာ ေနာက္ႏွစ္မွာေတာ့ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲစဥ္ကို ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ကိုယ့္ကိုကိုယ္ ကားသစ္တစ္စီးဝယ္ၿပီး ဆုခ်ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီဆုံးျဖတ္ခ်က္ဟာ အဲဒီအခ်ိန္တုန္းက ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ျဖစ္တဲ့ ဒန္းနစ္ ဝိုက္စ္အတြက္ သေဘာမက်စရာျဖစ္ခဲ့ၿပီး လူငယ္ေနာက္ခံကစားသမားကို ကားျပန္ေရာင္းဖို႔အတြက္ အမိန႔္ေပးခဲ့တာ ျဖစ္ပါတယ္။

“သူက အဲဒီတုန္းက အသင္းေခါင္းေဆာင္ေပါ့။ ကြၽန္ေတာ္ ပထမအသင္းမွာ စပါခြင့္ရၿပီး ခ်န္ပီယံလိဂ္ ဆုေၾကးေငြရေတာ့ အဲဒီေငြေတြနဲ႔ ႐ူး႐ူးမိုက္မိုက္ ကားသစ္တစ္စီး သြားဝယ္ခဲ့တာကို မွတ္မိေသးတယ္”

“ကြၽန္ေတာ္ အဲဒီအခ်ိန္တုန္းက အသက္ ၁၉ ႏွစ္ပဲ ရွိေသးတယ္။ ကြၽန္ေတာ္ ကားသစ္ႀကီးနဲ႔ ေလ့က်င့္ေရးကြင္းလာေတာ့ ဝိုက္စ္က ကြၽန္ေတာ့္နားေရာက္လာၿပီး ေကာ္ရစ္ဒါမွာ အားလုံးရဲ႕ေရွ႕ လည္ပင္းကို ညႇစ္ၿပီး ‘မင္းကိုယ္မင္း ဘာေကာင္ထင္ေနတာလဲ။ ကားသြားျပန္ေရာင္းလိုက္’ဆိုၿပီး ေျပာခဲ့တယ္။ အဲဒီေတာ့ သူ ကြၽန္ေတာ့္ကို ကား သြားျပန္ေရာင္းခိုင္းေတာ့ ပိုက္ဆံေတာ့ ရႈံးသြားတာေပါ့။ သူက ကြၽန္ေတာ့္ကို ေခၚသြားၿပီး အိမ္ကူရွာေပးၿပီး အိမ္ဝယ္ခိုင္းတယ္။ အဲဒါက အေကာင္းဆုံးအႀကံျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒန္းနစ္ ဝိုက္စ္ဟာ လက္ေတြ႕ဆန္တဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦးျဖစ္ၿပီး ၁၉၈၀ ေက်ာ္ကာလေတြက ဝင္ဘယ္ဒန္ရဲ႕ အ႐ူးဂိုဏ္းအဖြဲ႕ဝင္ျဖစ္ခဲ့သူ ျဖစ္ပါတယ္။

ဒန္းနစ္ ဝိုက္စ္ဟာ ၁၉၉၀ ျပည့္ႏွစ္မွာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕လာၿပီး ၁၁ ႏွစ္ၾကာ အသင္းနဲ႔ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ၂ ႀကိမ္၊ လိဂ္ဖလား ၁ ႀကိမ္၊ ယူအီးအက္ဖ္ေအ စူပါဖလား ၁ ႀကိမ္ကိုင္ေျမႇာက္ေပးႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ တသက္တာ အေအာင္ျမင္ဆုံး အသင္းေခါင္းေဆာင္ျဖစ္လာခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.