Article Premier League

ခ်ဲလ္ဆီးမွာ ျပန္လည္စိစစ္ခံရဦးမယ့္ သီယာဂို ေဆးလ္ဗားရဲ႕ ဂုဏ္ပုဒ္ေတြ…

ခ်ဲလ္ဆီးအသင္းကို မေန႔က ေရာက္ရွိလာခဲ့တဲ့ ဘရာဇီးလ္သားႀကီး သီယာဂို ေဆးလ္ဗားနဲ႔ ပတ္သက္လို႔ အျမင္ေတြကေတာ့ အမ်ဳိးမ်ဳိးရွိခဲ့ၿပီး ဒါက အသင္းသစ္မွာတင္ မဟုတ္ဘဲ သူ႕ရဲ႕ ကစားသမားဘဝမွာပါ ရွဳေထာင့္အမ်ဳိးမ်ဳိးက ျငင္းခုန္ခဲ့ၾကရသလုိ ဒီေနာက္ခံလူဟာ ဘယ္လိုလူမ်ဳိးလဲဆုိတာကိုေတာ့ သူ႕ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ပုိင္းေတြမွာ အဆုံးျဖတ္ခံရဦးမွာလည္း ျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္၊ ဦးေဆာင္သူနဲ႔ လက္ညႇဳိးထိုးခံရသူဆုိတာက ေဆးလ္ဗားရဲ႕ လက္ရွိအခ်ိန္ထိ ရရွိထားခဲ့တဲ့ ဘြဲ႕ထူးေတြလည္းျဖစ္ပါတယ္။ ငယ္ငယ္ကတည္းက တည္ၿငိမ္ရင့္က်က္သလို ႀကံ့ခိုင္မာေက်ာတဲ့ ကစားဟန္ေၾကာင့္ ေအစီမီလန္မွာ ဖရန္ကို ဘာရီစီကို ဆက္ခံသူလို႔ ထင္ေၾကးေပးခံခဲ့ရၿပီး ဘာရီစီကိုယ္တုိင္ကပါ ခ်ီးက်ဴးခဲ့ရေသးတဲ့သူဟာ သူပဲျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့ၿပီးေတာ့လည္း အသင္းရဲ႕ ပုံရိပ္တစ္ခုျဖစ္ခဲ့တာပါပဲ။ ၈ ႏွစ္တာအတြင္း ေနာက္ဆုံးႏွစ္မွာမွ ခ်န္ပီယံလိဂ္နဲ႔အနီးဆုံး ေနရာအထိ ေရာက္ခဲ့ေပမယ့္ မရယူႏုိင္ခဲ့ဘူး။ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ေပမယ့္ ဥေရာပအဆင့္မွာ လုံေလာက္ေအာင္ လမ္းမညႊန္ႏုိင္ဘူးလို႔ ေဝဖန္ၾကတယ္။ ေျခစြမ္းနဲ႔ ေခါင္းေဆာင္မွဳ၊ အထူးသျဖင့္ တည္ၿငိမ္မွဳက သူ႕ကို ေကာင္းသေလာက္ မေက်ာ္ဘဲ လက္ညႇဳိးထိုးစရာျဖစ္ခဲ့တယ္။

၂၀၁၅ တုန္းက ခ်ဲလ္ဆီးနဲ႔ေတြ႕ေတာ့ ေခါင္းခုန္တုိက္ရင္း ေဘာလုံးတည့္တည့္ကိုမွ လက္ေျမႇာက္ကာမိတာမ်ဳိး၊ ၂၀၁၇ မွာ ဘာစီလိုနာကို ၆-၁ နဲ႔ ရွဳံးေတာ့ ဒီေလာက္ဂိုးအမ်ားႀကီးကို ခြင့္ျပဳခဲ့ၿပီး High Pressing Style ကို မကစားတတ္ခဲ့ဘဲ တစ္ဆိတ္ရွိ ေနာက္ျပန္ေျပးၿပီး ေနရာယူေနတာမ်ဳိးေတြက ဥေရာပအဆင့္မွာ ေဝဖန္ခံခဲ့ရမွဳေတြလည္း မ်ားခဲ့တာပါ။

၂၀၁၄ ခုႏွစ္မွာ ဘရာဇီးလ္သားေတြအေနနဲ႔ မိခင္ေျမမွာ ကမာၻ႕ဖလားကို ရယူဖို႔ တာဝန္က်တယ္။ ဒီၿပဳိင္ပြဲမွာ လက္ေရြးစင္အသင္းေခါင္းေဆာင္ျဖစ္ခဲ့တဲ့ သီယာဂို ေဆးလ္ဗားဟာ ခ်ီလီနဲ႔ပြဲမွာ ပင္နယ္တီကန္ဖို႔ ျငင္းၿပီး ဂိုးသမား ဂ်ဴလီယို ဆီဆာၿပီးမွ ကန္ရမယ့္ ေနာက္ဆုံးေနရာကို ေရြးတယ္။ သူမကန္လိုက္ရဘဲ ဘရာဇီးလ္တုိ႔ ႏုိင္တယ္။ ပင္နယ္တီကန္တာကို မၾကည့္ရဲဘူး။ ႏုိင္ေတာ့ မ်က္ရည္က်ေအာင္ ေပ်ာ္ခဲ့တာက သူ႕ပုံရိပ္ကို ထိခိုက္ေစတယ္။

ေနာက္ခံလူေကာင္းတစ္ဦးအေနနဲ႔ ကိုလံဘီယာနဲ႔ပြဲမွာ မလိုလားအပ္တဲ့ အဝါကတ္ကို ယူတယ္။ ဂ်ာမနီနဲ႔ပြဲမွာ သူအပယ္ခံရေတာ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေခါင္းေဆာင္မွဳေအာက္မွာ ဘာေတြျဖစ္ခဲ့သလဲေတာ့ ျပန္ေျပာစရာမလိုေတာ့ဘူး။ ဒီၿပဳိင္ပြဲအၿပီးမွာ ကပၸတိန္လက္ပတ္ျပဳတ္တယ္။ ကိုပါ ၂၀၁၅ မွာ ပါရာေဂြးဘက္ ပင္နယ္တီကို ေပးၿပီး ၿပဳိင္ပြဲက ထြက္ရတယ္။ လက္ေရြးစင္အသင္းက ၁၇ လၾကာေအာင္ ေခါက္ထားခဲ့တယ္။ စိတ္ခံစားလြယ္လြန္းတဲ့သူက အျမဲတမ္းလို လက္ညႇဳိးထိုးခ်င္စရာလည္းျဖစ္ေနခဲ့တယ္။

ေျခစြမ္းကေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဖ်က္ထုတ္ရမယ့္ ေနရာမ်ဳိး၊ ခက္ခက္ခဲခဲနဲ႔ ဝင္ရင္းရမယ့္ ေနရာမ်ဳိးေတြမွာ ဘယ္တုန္းကမွ တစ္ျပားသား မေလ်ာ့ခဲ့ဘူး။ နည္းျပ တီတီရဲ႕ ႏွဳတ္ဖ်ားက မခ်တဲ့ အေကာင္းဆုံးကစားသမားလည္းျဖစ္တယ္။ ဒဏ္ရာရတယ္… အေကာင္းဆုံး ျပန္လာတယ္။ တီဘီျဖစ္လို႔ ေဆး႐ုံမွာ ၆ လ ကုရတယ္… ေျခစြမ္းမက်ဘဲ ျပန္ကစားတယ္။ ရဲရဲေတာက္ စကားေတြ ဆုိတုန္းပဲ။ ေဝဒနာက သူ႕ကို ပုိႀကံ့ခုိင္ၿပီး ပုိတာဝန္ယူႏုိင္ေစတယ္ဆုိတာမ်ဳိး။

ေနာက္ပုိင္းမွာေတာ့ အရင္က အမွားမ်ဳိးေတြ မရွိသေလာက္ တည္ၿငိမ္လာတယ္။ အသက္အရြယ္နဲ႔ အေတြ႕အႀကဳံလည္း စကားေျပာခဲ့ၿပီကိုး။ တူဟယ္လ္က ဒီလိုကစားသမားမ်ဳိး၊ ဒီလိုအသင္းေခါင္းေဆာင္မ်ဳိးကို ပုိင္ဆုိင္ထားလို႔ ဂုဏ္ယူတယ္။ အသင္းေဖာ္ ဘရာဇီးလ္သား မားကင္ညဳိ႕စ္က အတုယူစရာနဲ႔ ေက်းဇူးမေမ့စရာလို႔ ေျပာတယ္။ ႐ုရွားသြားေဖာ္သြားဖက္ လက္ေရြးစင္အသင္းေဖာ္ ဂ်ီ႐ိုမဲလ္က ကြင္းတြင္းကြင္းျပင္ ဦးေဆာင္သူလုိ႔ ခ်ီးက်ဴးတယ္။ လက္ညႇဳိးထုိးခံရဖူးေပမယ့္ သီယာဂို ေဆးလ္ဗားဆုိတာ လိုအပ္ခ်ိန္မွာ မပ်က္ကြက္ခဲ့ဖူးဘူးလို႔ေတာ့ သုံးသပ္ႏုိင္တယ္။ Responsible Person တစ္ေယာက္ေပါ့။

အသက္ ၃၅ နဲ႔ ပီအက္စ္ဂ်ီက ထြက္ဖို႔ အေၾကာင္းဖန္လာခ်ိန္မွာ သူကေတာ့ ၂၀၂၂ ကမာၻ႕ဖလားကို ရည္မွန္းခ်က္အျဖစ္ျပတယ္။ ႀကံ့ခုိင္မွဳကို ေမြးျမဴထားတယ္။ ေငြေၾကးရွာဖို႔ ေဘာလုံးအဆင့္အတန္းနိမ့္တဲ့ ႏုိင္ငံေတြ ၿပဳိင္ပြဲေတြဆီ သူမသြားဘူး။ ဥေရာပမွာပဲ ဆက္ေနမယ္လုိ႔ ေျပာတယ္။ ခ်ဲလ္ဆီးကို ေရြးခဲ့တယ္။ ဒီလိုအသက္အရြယ္မွာမွ ၾကမ္းတမ္းတဲ့ ႏုိင္ငံမွာ အစမ္းသပ္ခံဖုိ႔ သူသတၱိရွိခဲ့တယ္။

တကယ္တမ္းေတာ့ သတိထားစရာေတြက အရင္ထက္ ပုိမ်ားေနတယ္။ အဂၤလန္မီဒီယာေတြက ညႇာတာမွဳ နည္းတယ္၊ ေျပာခ်င္ဆုိခ်င္ ရွိလြန္းတယ္။ ေဘာလုံးသမားတစ္ေယာက္ကို ေဝဖန္လိုက္ရင္ ရစရာမရွိဘူး။ ပီအက္စ္ဂ်ီမွာ မွားတယ္၊ ျပန္လာႏုိင္တယ္။ ဘရာဇီးလ္မွာ လဲက်တယ္၊ ျပန္ထလာႏုိင္တယ္။ ခ်ဲလ္ဆီးမွာေတာ့ သူ သတိႀကီးႀကီးထားရလိမ့္မယ္။ အသက္အရြယ္နဲ႔ မွတ္ေက်ာက္တင္ခံဖို႔ အခြင့္အေရးက နည္းလာခဲ့ၿပီေလ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔လည္း ပါးနပ္ဖုိ႔လိုတယ္။ ရည္ရြယ္ခ်က္အမွန္က ပ႐ိုပီသၿပီး ဦးေဆာင္ႏုိင္တဲ့၊ လူငယ္ေတြကို သင္ၾကားေပးႏုိင္တဲ့ ခံစစ္နည္းျပတစ္ဦးအျဖစ္ သူ႕ကို ေခၚခဲ့တာပါ။ ဒါအတြက္ သူ႕ရဲ႕ အခန္းက႑ကို ျမႇင့္ေပးဖို႔ လိုတယ္။ တန္ဖိုးထားျပတတ္ဖို႔ လိုတယ္။ ဘရာဇီးလ္သားႀကီးကေတာ့ သူ႕ကိုယ္သူ ဂ႐ုစိုက္ေမြးျမဴထားလို႔ ငယ္တုန္းကလို ႀကံ့ခိုင္ဆဲပဲလို႔ ေျပာတယ္။ ဒါေပမယ့္ ဖရန္႔ လမ္းပတ္တို႔ ပါးပါးနပ္နပ္ သုံးစြဲတတ္ဖို႔ေတာ့ တကယ္ပဲ လိုအပ္ပါတယ္။

ဝါရင့္ သမာၻရင့္နဲ႔ အေတြ႕အႀကဳံေတြကို ေျပာျပၿပီး သင္ၾကားေပးမယ့္ သက္ေတာ္ရွည္တုိင္းဟာ အသင္းတုိင္းအတြက္ အေရးႀကီးပါတယ္။ လူငယ္ေတြကို သင္ၾကားေပးရင္း သူေျပာတဲ့အတုိင္း အေကာင္းဆုံးကစားေပးႏိုင္ေသးရင္လည္း အတုိင္းထက္အလြန္ပါပဲ။ အသင္းေခါင္းေဆာင္၊ ဦးေဆာင္သူဆုိတဲ့ ဂုဏ္ပုဒ္ေတြကို ဆက္လက္ထိန္းသိမ္းၿပီး အဂၤလိပ္ေတြရဲ႕ ေျပာစရာမျဖစ္ရင္လည္း အေကာင္းဆုံးပါပဲ။ ၃၅ ႏွစ္အရြယ္မွာ ေျခစြမ္းမက်ဆင္းေသးဘဲ အသင္းကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းေက်ာင္းေပးမယ့္သူတစ္ေယာက္ကို ရထားတာ နည္းတဲ့ ကုသိုလ္မွ မဟုတ္တာပဲေလ…။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကို မနေ့က ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်သားကြီး သီယာဂို ဆေးလ်ဗားနဲ့ ပတ်သက်လို့ အမြင်တွေကတော့ အမျိုးမျိုးရှိခဲ့ပြီး ဒါက အသင်းသစ်မှာတင် မဟုတ်ဘဲ သူ့ရဲ့ ကစားသမားဘဝမှာပါ ရှုထောင့်အမျိုးမျိုးက ငြင်းခုန်ခဲ့ကြရသလို ဒီနောက်ခံလူဟာ ဘယ်လိုလူမျိုးလဲဆိုတာကိုတော့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ပိုင်းတွေမှာ အဆုံးဖြတ်ခံရဦးမှာလည်း ဖြစ်ပါတယ်။

အသင်းခေါင်းဆောင်၊ ဦးဆောင်သူနဲ့ လက်ညှိုးထိုးခံရသူဆိုတာက ဆေးလ်ဗားရဲ့ လက်ရှိအချိန်ထိ ရရှိထားခဲ့တဲ့ ဘွဲ့ထူးတွေလည်းဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက တည်ငြိမ်ရင့်ကျက်သလို ကြံ့ခိုင်မာကျောတဲ့ ကစားဟန်ကြောင့် အေစီမီလန်မှာ ဖရန်ကို ဘာရီစီကို ဆက်ခံသူလို့ ထင်ကြေးပေးခံခဲ့ရပြီး ဘာရီစီကိုယ်တိုင်ကပါ ချီးကျူးခဲ့ရသေးတဲ့သူဟာ သူပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးတော့လည်း အသင်းရဲ့ ပုံရိပ်တစ်ခုဖြစ်ခဲ့တာပါပဲ။ ၈ နှစ်တာအတွင်း နောက်ဆုံးနှစ်မှာမှ ချန်ပီယံလိဂ်နဲ့အနီးဆုံး နေရာအထိ ရောက်ခဲ့ပေမယ့် မရယူနိုင်ခဲ့ဘူး။ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် ဥရောပအဆင့်မှာ လုံလောက်အောင် လမ်းမညွှန်နိုင်ဘူးလို့ ဝေဖန်ကြတယ်။ ခြေစွမ်းနဲ့ ခေါင်းဆောင်မှု၊ အထူးသဖြင့် တည်ငြိမ်မှုက သူ့ကို ကောင်းသလောက် မကျော်ဘဲ လက်ညှိုးထိုးစရာဖြစ်ခဲ့တယ်။

၂၀၁၅ တုန်းက ချဲလ်ဆီးနဲ့တွေ့တော့ ခေါင်းခုန်တိုက်ရင်း ဘောလုံးတည့်တည့်ကိုမှ လက်မြှောက်ကာမိတာမျိုး၊ ၂၀၁၇ မှာ ဘာစီလိုနာကို ၆-၁ နဲ့ ရှုံးတော့ ဒီလောက်ဂိုးအများကြီးကို ခွင့်ပြုခဲ့ပြီး High Pressing Style ကို မကစားတတ်ခဲ့ဘဲ တစ်ဆိတ်ရှိ နောက်ပြန်ပြေးပြီး နေရာယူနေတာမျိုးတွေက ဥရောပအဆင့်မှာ ဝေဖန်ခံခဲ့ရမှုတွေလည်း များခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ ဘရာဇီးလ်သားတွေအနေနဲ့ မိခင်မြေမှာ ကမ္ဘာ့ဖလားကို ရယူဖို့ တာဝန်ကျတယ်။ ဒီပြိုင်ပွဲမှာ လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ သီယာဂို ဆေးလ်ဗားဟာ ချီလီနဲ့ပွဲမှာ ပင်နယ်တီကန်ဖို့ ငြင်းပြီး ဂိုးသမား ဂျူလီယို ဆီဆာပြီးမှ ကန်ရမယ့် နောက်ဆုံးနေရာကို ရွေးတယ်။ သူမကန်လိုက်ရဘဲ ဘရာဇီးလ်တို့ နိုင်တယ်။ ပင်နယ်တီကန်တာကို မကြည့်ရဲဘူး။ နိုင်တော့ မျက်ရည်ကျအောင် ပျော်ခဲ့တာက သူ့ပုံရိပ်ကို ထိခိုက်စေတယ်။

နောက်ခံလူကောင်းတစ်ဦးအနေနဲ့ ကိုလံဘီယာနဲ့ပွဲမှာ မလိုလားအပ်တဲ့ အဝါကတ်ကို ယူတယ်။ ဂျာမနီနဲ့ပွဲမှာ သူအပယ်ခံရတော့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဘာတွေဖြစ်ခဲ့သလဲတော့ ပြန်ပြောစရာမလိုတော့ဘူး။ ဒီပြိုင်ပွဲအပြီးမှာ ကပ္ပတိန်လက်ပတ်ပြုတ်တယ်။ ကိုပါ ၂၀၁၅ မှာ ပါရာဂွေးဘက် ပင်နယ်တီကို ပေးပြီး ပြိုင်ပွဲက ထွက်ရတယ်။ လက်ရွေးစင်အသင်းက ၁၇ လကြာအောင် ခေါက်ထားခဲ့တယ်။ စိတ်ခံစားလွယ်လွန်းတဲ့သူက အမြဲတမ်းလို လက်ညှိုးထိုးချင်စရာလည်းဖြစ်နေခဲ့တယ်။

ခြေစွမ်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖျက်ထုတ်ရမယ့် နေရာမျိုး၊ ခက်ခက်ခဲခဲနဲ့ ဝင်ရင်းရမယ့် နေရာမျိုးတွေမှာ ဘယ်တုန်းကမှ တစ်ပြားသား မလျော့ခဲ့ဘူး။ နည်းပြ တီတီရဲ့ နှုတ်ဖျားက မချတဲ့ အကောင်းဆုံးကစားသမားလည်းဖြစ်တယ်။ ဒဏ်ရာရတယ်… အကောင်းဆုံး ပြန်လာတယ်။ တီဘီဖြစ်လို့ ဆေးရုံမှာ ၆ လ ကုရတယ်… ခြေစွမ်းမကျဘဲ ပြန်ကစားတယ်။ ရဲရဲတောက် စကားတွေ ဆိုတုန်းပဲ။ ဝေဒနာက သူ့ကို ပိုကြံ့ခိုင်ပြီး ပိုတာဝန်ယူနိုင်စေတယ်ဆိုတာမျိုး။

နောက်ပိုင်းမှာတော့ အရင်က အမှားမျိုးတွေ မရှိသလောက် တည်ငြိမ်လာတယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း စကားပြောခဲ့ပြီကိုး။ တူဟယ်လ်က ဒီလိုကစားသမားမျိုး၊ ဒီလိုအသင်းခေါင်းဆောင်မျိုးကို ပိုင်ဆိုင်ထားလို့ ဂုဏ်ယူတယ်။ အသင်းဖော် ဘရာဇီးလ်သား မားကင်ညို့စ်က အတုယူစရာနဲ့ ကျေးဇူးမမေ့စရာလို့ ပြောတယ်။ ရုရှားသွားဖော်သွားဖက် လက်ရွေးစင်အသင်းဖော် ဂျီရိုမဲလ်က ကွင်းတွင်းကွင်းပြင် ဦးဆောင်သူလို့ ချီးကျူးတယ်။ လက်ညှိုးထိုးခံရဖူးပေမယ့် သီယာဂို ဆေးလ်ဗားဆိုတာ လိုအပ်ချိန်မှာ မပျက်ကွက်ခဲ့ဖူးဘူးလို့တော့ သုံးသပ်နိုင်တယ်။ Responsible Person တစ်ယောက်ပေါ့။

အသက် ၃၅ နဲ့ ပီအက်စ်ဂျီက ထွက်ဖို့ အကြောင်းဖန်လာချိန်မှာ သူကတော့ ၂၀၂၂ ကမ္ဘာ့ဖလားကို ရည်မှန်းချက်အဖြစ်ပြတယ်။ ကြံ့ခိုင်မှုကို မွေးမြူထားတယ်။ ငွေကြေးရှာဖို့ ဘောလုံးအဆင့်အတန်းနိမ့်တဲ့ နိုင်ငံတွေ ပြိုင်ပွဲတွေဆီ သူမသွားဘူး။ ဥရောပမှာပဲ ဆက်နေမယ်လို့ ပြောတယ်။ ချဲလ်ဆီးကို ရွေးခဲ့တယ်။ ဒီလိုအသက်အရွယ်မှာမှ ကြမ်းတမ်းတဲ့ နိုင်ငံမှာ အစမ်းသပ်ခံဖို့ သူသတ္တိရှိခဲ့တယ်။

တကယ်တမ်းတော့ သတိထားစရာတွေက အရင်ထက် ပိုများနေတယ်။ အင်္ဂလန်မီဒီယာတွေက ညှာတာမှု နည်းတယ်၊ ပြောချင်ဆိုချင် ရှိလွန်းတယ်။ ဘောလုံးသမားတစ်ယောက်ကို ဝေဖန်လိုက်ရင် ရစရာမရှိဘူး။ ပီအက်စ်ဂျီမှာ မှားတယ်၊ ပြန်လာနိုင်တယ်။ ဘရာဇီးလ်မှာ လဲကျတယ်၊ ပြန်ထလာနိုင်တယ်။ ချဲလ်ဆီးမှာတော့ သူ သတိကြီးကြီးထားရလိမ့်မယ်။ အသက်အရွယ်နဲ့ မှတ်ကျောက်တင်ခံဖို့ အခွင့်အရေးက နည်းလာခဲ့ပြီလေ။

ချဲလ်ဆီးအသင်းအနေနဲ့လည်း ပါးနပ်ဖို့လိုတယ်။ ရည်ရွယ်ချက်အမှန်က ပရိုပီသပြီး ဦးဆောင်နိုင်တဲ့၊ လူငယ်တွေကို သင်ကြားပေးနိုင်တဲ့ ခံစစ်နည်းပြတစ်ဦးအဖြစ် သူ့ကို ခေါ်ခဲ့တာပါ။ ဒါအတွက် သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်ပေးဖို့ လိုတယ်။ တန်ဖိုးထားပြတတ်ဖို့ လိုတယ်။ ဘရာဇီးလ်သားကြီးကတော့ သူ့ကိုယ်သူ ဂရုစိုက်မွေးမြူထားလို့ ငယ်တုန်းကလို ကြံ့ခိုင်ဆဲပဲလို့ ပြောတယ်။ ဒါပေမယ့် ဖရန့် လမ်းပတ်တို့ ပါးပါးနပ်နပ် သုံးစွဲတတ်ဖို့တော့ တကယ်ပဲ လိုအပ်ပါတယ်။

ဝါရင့် သမ္ဘာရင့်နဲ့ အတွေ့အကြုံတွေကို ပြောပြပြီး သင်ကြားပေးမယ့် သက်တော်ရှည်တိုင်းဟာ အသင်းတိုင်းအတွက် အရေးကြီးပါတယ်။ လူငယ်တွေကို သင်ကြားပေးရင်း သူပြောတဲ့အတိုင်း အကောင်းဆုံးကစားပေးနိုင်သေးရင်လည်း အတိုင်းထက်အလွန်ပါပဲ။ အသင်းခေါင်းဆောင်၊ ဦးဆောင်သူဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဆက်လက်ထိန်းသိမ်းပြီး အင်္ဂလိပ်တွေရဲ့ ပြောစရာမဖြစ်ရင်လည်း အကောင်းဆုံးပါပဲ။ ၃၅ နှစ်အရွယ်မှာ ခြေစွမ်းမကျဆင်းသေးဘဲ အသင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းပေးမယ့်သူတစ်ယောက်ကို ရထားတာ နည်းတဲ့ ကုသိုလ်မှ မဟုတ်တာပဲလေ…။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.