La Liga Premier League

ပရီးမီးယားလိဂ်ကို ယူအီးအက်ဖ်အေကို တိုင်ကြားသွားမယ့် လာလီဂါ

လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်က ပရီးမီးယားလိဂ်ကလပ်အသင်းတွေ သုံးစွဲခဲ့တဲ့ ငွေကြေးတွေဟာ ဥရောပတလွှား ပြောင်းရွှေ့ကြေးကို ဖောင်းပွစေတယ်ဆိုပြီး ယူအီးအက်ဖ်အေကို တိုင်ကြားသွားဖို့ ပြင်ဆင်နေပါတယ်။

လာလီဂါဥက္ကဌက ပရီးမီးယားလိဂ်ရဲ့ ပေါင် ၂ ဘီလီယံနီးပါး စံချိန်တင် သုံးစွဲမှုဟာ ဥရောပဘောလုံးလောကကို မထိန်းသိမ်းနိုင်တဲ့အခြေအနေ ရောက်ရှိစေမှာကို ကြောက်ရွံ့နေတာဖြစ်ပြီး အဲဒါကြောင့် ယူအီးအက်ဖ်အေဆီ စာရေးသားပြီး တိုင်ကြားမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ထိပ်တန်းလိဂ်က ကလပ်အသင်းတွေဟာ ကစားသမားသစ်တွေအတွက် ပေါင် ၂ ဘီလီယံနီးပါး ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ချိန်မှာ တီဘက်စ်ရဲ့ လာလီဂါကလပ်အသင်းတွေဟာ စီးရီးအေနဲ့ လိဂန်းတို့ရဲ့နောက် ပေါင် ၄၀၄ သန်းလောက်သာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်ဝင်ငွေဟာ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါထက် ၁.၈ ဆလောက် ပိုများပေမယ့် ဒီလို အနုတ်လက္ခဏာဆောင်တဲ့ပမာဏဟာ ငွေကြေးပိုင်းထိန်းချုပ်မှု အလွန်ကောင်းတဲ့ စပိန်လိဂ်ထက် အဆ ၂၀ လောက် ပိုများနေပါတယ်။ အဲဒီမှာ အဓိပ္ပာယ်မရှိတဲ့ တစ်စုံတရာတော့ ဖြစ်နေပါတယ်။ အဲဒီတော့ ဘာတွေဖြစ်နေကြတာလဲ။ ကစားသမားအများအပြား ခေါ်ယူခဲ့တဲ့ မန်စီးတီးလို အသင်းဆီကနေ ချက်စာအုပ်တွေ အများကြီး ထွက်လာနေတယ်။ ချန်ပီယံရှစ်တောင်မှ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ယူရို ၃ ဘီလီယံ ဆုံးရှုံးခဲ့တယ်။ လာလီဂါနဲ့ ယှဉ်ရင် ဆုံးရှုံးမှုတွေကို လျော်ကြေးပေးဖို့ ပရီးမီးယားလိဂ်က အသင်းပိုင်ရှင်တွေဆီကနေ ကြီးမားတဲ့ အရင်းအနှီးထည့်ဝင်မှုတွေ ရှိတယ်”

“လာလီဂါမှာ အရင်းအနှီးတိုးမြင့်လာမှုက ယူရို ၂၇၇ သန်းရှိတယ်။ ပရီးမီးယားလိဂ်မှာက အရင်းအနှီးနဲ့ ချေးငွေကနေ ယူရို ၂၃၇၆ သန်းရှိတယ်။ ချန်ပီယံရှစ်မှာတော့ ယူရို ၁၃၈၅ သန်းရှိတယ်။ သူတို့တွေ ကစားသမားတွေ ၂ ဆလောက် ခေါ်ယူခဲ့တာဆိုရင်တော့ အဲဒါက သာမန်ပါပဲ။ ဒါပေမယ့်လည်း သူတို့တွေက အဲဒီထက်တောင်မှ အများကြီးပိုပြီး သုံးစွဲခဲ့တယ်။ ဒီအခြေအနေက အသင်းပိုင်ရှင်တွေက သူတို့ရဲ့ အိတ်ထဲကနေ စိုက်ထုတ်မှသာ ဖြစ်နိုင်တဲ့အခြေအနေဖြစ်ပြီး ဒါတွေက မတူညီတဲ့ စီးပွားရေးပုံစံတွေပါ။ ပရီးမီးယားလိဂ်မှာ ငွေကြေးဆုံးရှုံးမှုကို ပေါင် ၁၀၈ သန်းကန့်သတ်ထားတဲ့ပုံစံရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ ခင်ဗျား ထိန်းမနိုင်သိမ်းမရ ပုံစံမျိုး ဖြစ်ချင်လို့လား”

“ပိုင်ရှင်တွေသာ ငွေကြေးသုံးစွဲတာကို ရပ်တန့်လိုက်ရင် ဘာတွေဖြစ်လာမလဲ။ ကျွန်တော်တို့ ရေနံသူဌေးတွေနဲ့ ကုမ္ပဏီကြီးတွေ ဝင်လာပြီး အသင်းတွေကို ဝယ်ခွင့်ပေးလိုက်ရမယ်။ ပီအက်စ်ဂျီက သူတို့တွေ ကစားသမားတွေ ပိုပြီး ဝယ်ယူဖို့ လိုအပ်တဲ့အချိန်တိုင်း ဒါမှမဟုတ် အပြောင်းအရွှေ့နဲ့ဆက်စပ်တဲ့စီးပွားရေးမှာ အသုံးပြုတဲ့အခါတိုင်း ဂတ်စ်တွေ ပိုပြီးတော့ ရနိုင်တယ်။ ဘောလုံးလောကကြီးက ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ပိုက်ဆံတွေလည်း အများကြီး ပိုရှိလာတယ်။ အဲဒါကို ကျွန်တော်တို့ မထိန်းချုပ်ရင် ကိုယ့်လောကကို ကိုယ်တိုင် အန္တရာယ်ရှိအောင် လုပ်မိတာဖြစ်ပါလိမ့်မယ်။ အတည်ငြိမ်ဆုံး ပြိုင်ပွဲ ၂ ခုက လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါဖြစ်ပြီး ကျွန်တော်တို့က ရေရှည်တည်တံ့မှုအတွက် တကယ်ကို တိုက်ပွဲဝင်ရပါမယ်”

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော်တို့ ဘွန်ဒက်စ်လီဂါကို မနှစ်သက်ခဲ့ပေမယ့် အခုတော့ နှစ်သက်နေပြီ။ ကျွန်တော်တို့ ဒါတွေအားလုံးကို ယူအီးအက်ဖ်အေဆီ တိုင်ကြားသွားမှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ဥရောပဘောလုံးလောကကို လိုချင်တာကြောင့် တခြား ဥရောပလိဂ်တွေအတွက်လည်း ဒါက အရေးပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နောက်ဆုံး အပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းတစ်သင်းတည်းသာ ငွေကြေးအများဆုံးသုံးစွဲတဲ့ ကလပ်အသင်း ၂၀ ထဲမှာ ပါဝင်ခဲ့ပေမယ့် တင်းကြပ်တဲ့ လာလီဂါရဲ့ Financial Fair Play စည်းမျဉ်းတွေက ကတ်တလန်အသင်းကြီးကို ဒုက္ခရောက်စေခဲ့တာ ဖြစ်ပါတယ်။

တီဘက်စ်ရဲ့ ကန့်သတ်ချက်တွေနဲ့ လျော်ညီအောင် ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ ဝင်ငွေ ထွက်ငွေ မျှတအောင်နဲ့ ယခုနွေရာသီ ခေါ်ယူထားတဲ့ ကစားသမား ၇ ဦးစလုံး စာရင်းသွင်းနိုင်အောင် ၎င်းတို့ ပိုင်ဆိုင်ထားတဲ့ ရောင်းကုန်ပစ္စည်းအများအပြားကို ရောင်းထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာလီဂါဥကၠဌ ေဇးဗီးယား တီဘက္စ္က ပရီးမီးယားလိဂ္ကလပ္အသင္းေတြ သုံးစြဲခဲ့တဲ့ ေငြေၾကးေတြဟာ ဥေရာပတလႊား ေျပာင္းေ႐ႊ႕ေၾကးကို ေဖာင္းပြေစတယ္ဆိုၿပီး ယူအီးအက္ဖ္ေအကို တိုင္ၾကားသြားဖို႔ ျပင္ဆင္ေနပါတယ္။

လာလီဂါဥကၠဌက ပရီးမီးယားလိဂ္ရဲ႕ ေပါင္ ၂ ဘီလီယံနီးပါး စံခ်ိန္တင္ သုံးစြဲမႈဟာ ဥေရာပေဘာလုံးေလာကကို မထိန္းသိမ္းႏိုင္တဲ့အေျခအေန ေရာက္ရွိေစမွာကို ေၾကာက္႐ြံ႕ေနတာျဖစ္ၿပီး အဲဒါေၾကာင့္ ယူအီးအက္ဖ္ေအဆီ စာေရးသားၿပီး တိုင္ၾကားမႈေတြ စတင္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ထိပ္တန္းလိဂ္က ကလပ္အသင္းေတြဟာ ကစားသမားသစ္ေတြအတြက္ ေပါင္ ၂ ဘီလီယံနီးပါး ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ခ်ိန္မွာ တီဘက္စ္ရဲ႕ လာလီဂါကလပ္အသင္းေတြဟာ စီးရီးေအနဲ႔ လိဂန္းတို႔ရဲ႕ေနာက္ ေပါင္ ၄၀၄ သန္းေလာက္သာ သုံးစြဲခဲ့တာ ျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္ဝင္ေငြဟာ လာလီဂါနဲ႔ ဘြန္ဒက္စ္လီဂါထက္ ၁.၈ ဆေလာက္ ပိုမ်ားေပမယ့္ ဒီလို အႏုတ္လကၡဏာေဆာင္တဲ့ပမာဏဟာ ေငြေၾကးပိုင္းထိန္းခ်ဳပ္မႈ အလြန္ေကာင္းတဲ့ စပိန္လိဂ္ထက္ အဆ ၂၀ ေလာက္ ပိုမ်ားေနပါတယ္။ အဲဒီမွာ အဓိပၸာယ္မရွိတဲ့ တစ္စုံတရာေတာ့ ျဖစ္ေနပါတယ္။ အဲဒီေတာ့ ဘာေတြျဖစ္ေနၾကတာလဲ။ ကစားသမားအမ်ားအျပား ေခၚယူခဲ့တဲ့ မန္စီးတီးလို အသင္းဆီကေန ခ်က္စာအုပ္ေတြ အမ်ားႀကီး ထြက္လာေနတယ္။ ခ်န္ပီယံရွစ္ေတာင္မွ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ယူ႐ို ၃ ဘီလီယံ ဆုံးရႈံးခဲ့တယ္။ လာလီဂါနဲ႔ ယွဥ္ရင္ ဆုံးရႈံးမႈေတြကို ေလ်ာ္ေၾကးေပးဖို႔ ပရီးမီးယားလိဂ္က အသင္းပိုင္ရွင္ေတြဆီကေန ႀကီးမားတဲ့ အရင္းအႏွီးထည့္ဝင္မႈေတြ ရွိတယ္”

“လာလီဂါမွာ အရင္းအႏွီးတိုးျမင့္လာမႈက ယူ႐ို ၂၇၇ သန္းရွိတယ္။ ပရီးမီးယားလိဂ္မွာက အရင္းအႏွီးနဲ႔ ေခ်းေငြကေန ယူ႐ို ၂၃၇၆ သန္းရွိတယ္။ ခ်န္ပီယံရွစ္မွာေတာ့ ယူ႐ို ၁၃၈၅ သန္းရွိတယ္။ သူတို႔ေတြ ကစားသမားေတြ ၂ ဆေလာက္ ေခၚယူခဲ့တာဆိုရင္ေတာ့ အဲဒါက သာမန္ပါပဲ။ ဒါေပမယ့္လည္း သူတို႔ေတြက အဲဒီထက္ေတာင္မွ အမ်ားႀကီးပိုၿပီး သုံးစြဲခဲ့တယ္။ ဒီအေျခအေနက အသင္းပိုင္ရွင္ေတြက သူတို႔ရဲ႕ အိတ္ထဲကေန စိုက္ထုတ္မွသာ ျဖစ္ႏိုင္တဲ့အေျခအေနျဖစ္ၿပီး ဒါေတြက မတူညီတဲ့ စီးပြားေရးပုံစံေတြပါ။ ပရီးမီးယားလိဂ္မွာ ေငြေၾကးဆုံးရႈံးမႈကို ေပါင္ ၁၀၈ သန္းကန႔္သတ္ထားတဲ့ပုံစံရွိတယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ခင္ဗ်ား ထိန္းမႏိုင္သိမ္းမရ ပုံစံမ်ိဳး ျဖစ္ခ်င္လို႔လား”

“ပိုင္ရွင္ေတြသာ ေငြေၾကးသုံးစြဲတာကို ရပ္တန႔္လိုက္ရင္ ဘာေတြျဖစ္လာမလဲ။ ကြၽန္ေတာ္တို႔ ေရနံသူေဌးေတြနဲ႔ ကုမၸဏီႀကီးေတြ ဝင္လာၿပီး အသင္းေတြကို ဝယ္ခြင့္ေပးလိုက္ရမယ္။ ပီအက္စ္ဂ်ီက သူတို႔ေတြ ကစားသမားေတြ ပိုၿပီး ဝယ္ယူဖို႔ လိုအပ္တဲ့အခ်ိန္တိုင္း ဒါမွမဟုတ္ အေျပာင္းအေ႐ႊ႕နဲ႔ဆက္စပ္တဲ့စီးပြားေရးမွာ အသုံးျပဳတဲ့အခါတိုင္း ဂတ္စ္ေတြ ပိုၿပီးေတာ့ ရႏိုင္တယ္။ ေဘာလုံးေလာကႀကီးက ေျပာင္းလဲသြားခဲ့ၿပီျဖစ္ၿပီး ပိုက္ဆံေတြလည္း အမ်ားႀကီး ပိုရွိလာတယ္။ အဲဒါကို ကြၽန္ေတာ္တို႔ မထိန္းခ်ဳပ္ရင္ ကိုယ့္ေလာကကို ကိုယ္တိုင္ အႏၲရာယ္ရွိေအာင္ လုပ္မိတာျဖစ္ပါလိမ့္မယ္။ အတည္ၿငိမ္ဆုံး ၿပိဳင္ပြဲ ၂ ခုက လာလီဂါနဲ႔ ဘြန္ဒက္စ္လီဂါျဖစ္ၿပီး ကြၽန္ေတာ္တို႔က ေရရွည္တည္တံ့မႈအတြက္ တကယ္ကို တိုက္ပြဲဝင္ရပါမယ္”

“လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ကြၽန္ေတာ္တို႔ ဘြန္ဒက္စ္လီဂါကို မႏွစ္သက္ခဲ့ေပမယ့္ အခုေတာ့ ႏွစ္သက္ေနၿပီ။ ကြၽန္ေတာ္တို႔ ဒါေတြအားလုံးကို ယူအီးအက္ဖ္ေအဆီ တိုင္ၾကားသြားမွာျဖစ္ၿပီး ေရရွည္တည္တံ့တဲ့ ဥေရာပေဘာလုံးေလာကကို လိုခ်င္တာေၾကာင့္ တျခား ဥေရာပလိဂ္ေတြအတြက္လည္း ဒါက အေရးပါပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေနာက္ဆုံး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ဘာစီလိုနာအသင္းတစ္သင္းတည္းသာ ေငြေၾကးအမ်ားဆုံးသုံးစြဲတဲ့ ကလပ္အသင္း ၂၀ ထဲမွာ ပါဝင္ခဲ့ေပမယ့္ တင္းၾကပ္တဲ့ လာလီဂါရဲ႕ Financial Fair Play စည္းမ်ဥ္းေတြက ကတ္တလန္အသင္းႀကီးကို ဒုကၡေရာက္ေစခဲ့တာ ျဖစ္ပါတယ္။

တီဘက္စ္ရဲ႕ ကန႔္သတ္ခ်က္ေတြနဲ႔ ေလ်ာ္ညီေအာင္ ဘာစီလိုနာအသင္းဟာ ၎တို႔ရဲ႕ ဝင္ေငြ ထြက္ေငြ မွ်တေအာင္နဲ႔ ယခုေႏြရာသီ ေခၚယူထားတဲ့ ကစားသမား ၇ ဦးစလုံး စာရင္းသြင္းႏိုင္ေအာင္ ၎တို႔ ပိုင္ဆိုင္ထားတဲ့ ေရာင္းကုန္ပစၥည္းအမ်ားအျပားကို ေရာင္းထုတ္ခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.