Premier League

ကလော့ပ်ကို ဒုက္ခပေးနိုင်တဲ့ကစားသမား ၂ ဦးရှိတယ်လို့ သတိပေးလိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်ဟာ ကွင်းလယ်ကစားသမား ၂ ဦးဟာ လီဗာပူးလ်ရဲ့ ဆိုးရွားတဲ့ ယခုရာသီ ပရီးမီးယားလိဂ်အတွက် တစိတ်တပိုင်း တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ESPN FC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ စတိဗ် နီကိုးလ် ပြောကြားခဲ့တဲ့ ပထမဆုံးနာမည်ဟာ ဂျိမ်းစ် မီလ်နာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာ မဟုတ်ခဲ့တာ ဖြစ်ပါတယ်။ နီကိုးလ်က လီဗာပူးလ်အသင်းဟာ မီလ်နာကို တခြား ကစားသမားတွေ အနားပေးနိုင်ဖို့နဲ့ နာရီဝက်လောက်ပဲ ကစားဖို့အတွက်သက်သက် စာချုပ်ချုုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဂျိမ်းစ် မီလ်နာဟာ စာချုပ်သစ် ချုပ်ဆိုခြင်းခံခဲ့ရတာ အဲဒီအတွက်ဖြစ်ပြီး အဲဒါကြောင့်ပဲ သူတို့တွေက သူ့ကို အဲဒါပဲ လုပ်ဖို့ တောင်းဆိုခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ် မီလ်နာဟာ “မင်းရဲ့ ရာသီအတွက် အကြီးမားဆုံးပွဲစဉ်ကို ကစားပေးရမယ်”ဆိုပြီး စာချုပ်သစ် ပေးအပ်ခြင်းခံခဲ့ရတာမဟုတ်ခဲ့တာဖြစ်ပြီး ဝါရင့်တောင်ပံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ လီဗာပူးလ်အတွက် ၇ ပွဲ ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်ပါတယ်။

အင်္ဂလန်ဝါရင့်တောင်ပံကစားသမားရဲ့ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ရာသီစတင်မှုကြောင့်ပဲ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ဂျူဗင်တပ်ကနေ အာသာ မယ်လိုကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ နီကိုးလ် ပြောကြားခဲ့တဲ့ ဒုတိယကွင်းလယ်ကစားသမားနာမည်ကတော့ ပရိသတ်အချို့အတွက်တော့ အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နိုင်ပြီး အဲဒီကစားသမားကတော့ ဟာဗေး အဲလီးယော့တ်ဖြစ်ပါတယ်။

လီဗာပူးလ်လူငယ်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ အနည်းငယ် တောက်ပမှုတွေ ပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း စတိဗ် နီကိုးလ်ကတော့ လူသစ်လေးအပေါ်မှာ လီဗာပူးလ်က ဖိအားတွေအများကြီး ပေးနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဒီကောင်လေးက သူ့ရဲ့ အရည်အချင်းတွေကို လေ့လာနေပြီး အဲဒီတော့ ခင်ဗျားရဲ့ ကွင်းလယ် ၂ နေရာမှာ ဒီလို ကစားသမား ၂ ယောက်ကို ထည့်သုံးတဲ့အချိန်မှာ တစ်ယောက်က လုံးဝ အတွေ့အကြုံမရှိဘဲ တစ်ယောက်ကတော့ အရမ်းကို အတွေ့အကြုံများတယ်။ အဲဒီတော့ ကွင်းလယ် အင်ဂျင်ခန်းက ပြဿနာတွေ ဖြစ်လာတော့မှာပါ”လို့ ထောက်ပြခဲ့ပါတယ်။

လီဗာပူးလ် ပရိသတ်တွေအတွက် ကံကောင်းစွာနဲ့ ကွင်းလယ်ပြဿနာအတွက် စိတ်ပူပင်နေရမှုတွေဟာ မကြာမီ အချိန်အတွင်း စိတ်သက်သာရာ ရတော့မှာဖြစ်ပြီး သီယေဂို အယ်လ်ကန်တာရာဟာ ဗုဒ္ဓဟူးနေ့က နာပိုလီကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း နောက်ဆုံး မိနစ် ၃၀ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်အတွက်တော့ စိတ်ပျက်စရာ ညတစ်ည ဖြစ်ခဲ့ပေမယ့်လည်း သီယေဂို ပြန်လည် ကစားပေးလာနိုင်မှုက ရှေ့ဆက်သွားဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေး ဖြစ်လာခဲ့ပြီဖြစ်ပေမယ့် ရာသီအစောပိုင်း စွမ်းဆောင်ရည်အရ လီဗာပူးလ်အနေနဲ့ ကွင်းလယ်မှာ မီလ်နာနဲ့ အဲလီးယော့တ်တို့ကို အတူတူ ဆက်လက်ပွဲထွက်စေမယ်ဆိုရင် ရုန်းကန်ရဦးမယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ စတိဗ္ နီကိုးလ္ဟာ ကြင္းလယ္ကစားသမား ၂ ဦးဟာ လီဗာပူးလ္ရဲ႕ ဆိုး႐ြားတဲ့ ယခုရာသီ ပရီးမီးယားလိဂ္အတြက္ တစိတ္တပိုင္း တာဝန္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ESPN FC နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ စတိဗ္ နီကိုးလ္ ေျပာၾကားခဲ့တဲ့ ပထမဆုံးနာမည္ဟာ ဂ်ိမ္းစ္ မီလ္နာျဖစ္ၿပီး လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ အံ့အားသင့္စရာ မဟုတ္ခဲ့တာ ျဖစ္ပါတယ္။ နီကိုးလ္က လီဗာပူးလ္အသင္းဟာ မီလ္နာကို တျခား ကစားသမားေတြ အနားေပးႏိုင္ဖို႔နဲ႔ နာရီဝက္ေလာက္ပဲ ကစားဖို႔အတြက္သက္သက္ စာခ်ဳပ္ခ်ဳုပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဂ်ိမ္းစ္ မီလ္နာဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္းခံခဲ့ရတာ အဲဒီအတြက္ျဖစ္ၿပီး အဲဒါေၾကာင့္ပဲ သူတို႔ေတြက သူ႔ကို အဲဒါပဲ လုပ္ဖို႔ ေတာင္းဆိုခဲ့တာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂ်ိမ္းစ္ မီလ္နာဟာ “မင္းရဲ႕ ရာသီအတြက္ အႀကီးမားဆုံးပြဲစဥ္ကို ကစားေပးရမယ္”ဆိုၿပီး စာခ်ဳပ္သစ္ ေပးအပ္ျခင္းခံခဲ့ရတာမဟုတ္ခဲ့တာျဖစ္ၿပီး ဝါရင့္ေတာင္ပံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္အတြက္ ၇ ပြဲ ပါဝင္ကစားေပးထားခဲ့ၿပီးျဖစ္ပါတယ္။

အဂၤလန္ဝါရင့္ေတာင္ပံကစားသမားရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းနဲ႔ ရာသီစတင္မႈေၾကာင့္ပဲ လီဗာပူးလ္အသင္းဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာ ဂ်ဴဗင္တပ္ကေန အာသာ မယ္လိုကို ေခၚယူခဲ့ရတာျဖစ္ပါတယ္။ နီကိုးလ္ ေျပာၾကားခဲ့တဲ့ ဒုတိယကြင္းလယ္ကစားသမားနာမည္ကေတာ့ ပရိသတ္အခ်ိဳ႕အတြက္ေတာ့ အံ့အားသင့္စရာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အဲဒီကစားသမားကေတာ့ ဟာေဗး အဲလီးေယာ့တ္ျဖစ္ပါတယ္။

လီဗာပူးလ္လူငယ္ကြင္းလယ္ကစားသမားဟာ ယခုရာသီမွာ အနည္းငယ္ ေတာက္ပမႈေတြ ျပသႏိုင္ခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း စတိဗ္ နီကိုးလ္ကေတာ့ လူသစ္ေလးအေပၚမွာ လီဗာပူးလ္က ဖိအားေတြအမ်ားႀကီး ေပးေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဒီေကာင္ေလးက သူ႔ရဲ႕ အရည္အခ်င္းေတြကို ေလ့လာေနၿပီး အဲဒီေတာ့ ခင္ဗ်ားရဲ႕ ကြင္းလယ္ ၂ ေနရာမွာ ဒီလို ကစားသမား ၂ ေယာက္ကို ထည့္သုံးတဲ့အခ်ိန္မွာ တစ္ေယာက္က လုံးဝ အေတြ႕အႀကဳံမရွိဘဲ တစ္ေယာက္ကေတာ့ အရမ္းကို အေတြ႕အႀကဳံမ်ားတယ္။ အဲဒီေတာ့ ကြင္းလယ္ အင္ဂ်င္ခန္းက ျပႆနာေတြ ျဖစ္လာေတာ့မွာပါ”လို႔ ေထာက္ျပခဲ့ပါတယ္။

လီဗာပူးလ္ ပရိသတ္ေတြအတြက္ ကံေကာင္းစြာနဲ႔ ကြင္းလယ္ျပႆနာအတြက္ စိတ္ပူပင္ေနရမႈေတြဟာ မၾကာမီ အခ်ိန္အတြင္း စိတ္သက္သာရာ ရေတာ့မွာျဖစ္ၿပီး သီေယဂို အယ္လ္ကန္တာရာဟာ ဗုဒၶဟူးေန႔က နာပိုလီကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေနာက္ဆုံး မိနစ္ ၃၀ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္အတြက္ေတာ့ စိတ္ပ်က္စရာ ညတစ္ည ျဖစ္ခဲ့ေပမယ့္လည္း သီေယဂို ျပန္လည္ ကစားေပးလာႏိုင္မႈက ေရွ႕ဆက္သြားဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလး ျဖစ္လာခဲ့ၿပီျဖစ္ေပမယ့္ ရာသီအေစာပိုင္း စြမ္းေဆာင္ရည္အရ လီဗာပူးလ္အေနနဲ႔ ကြင္းလယ္မွာ မီလ္နာနဲ႔ အဲလီးေယာ့တ္တို႔ကို အတူတူ ဆက္လက္ပြဲထြက္ေစမယ္ဆိုရင္ ႐ုန္းကန္ရဦးမယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.