Premier League

ရော်နယ်လ်ဒိုကို စကားလုံးနဲ့ ဖော်ပြလို့မရဘူးလို့ ချီးကျူးလိုက်တဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီက အသင်းဖော်ဖြစ်တဲ့ ပေါ်တူဂီဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဆီကနေ အများကြီး သင်ယူနေတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ပေါင် ၈၅.၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အိုင်းယက်စ်အသင်းဟာ ကြယ်ပွင့်ကစားသမားနဲ့ လမ်းမခွဲချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ ထွက်ခွာခွင့် ပြုခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ စက်တင်ဘာ ၄ ရက်နေ့က အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အမှတ်ရဖွယ် ပွဲဦးထွက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ ဒုတိယပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ၎င်းရဲ့ပွဲစဉ်အပေါ်မှာ ဘယ်လို လွှမ်းမိုးမှုရှိလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

“ခရစ္စတီယာနိုကို စကားလုံးတွေက မဖော်ပြနိုင်ပါဘူး။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားပါ။ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော် သူ့ဆီက အများကြီး သင်ယူခဲ့ရတယ်။ သူက သူမတူတဲ့ စိတ်ဓာတ်မျိုးရှိသူဖြစ်ပြီး သူနဲ့စကားပြောတိုင်း သူ့ဆီကနေ ပညာတွေ အများကြီး ရပါတယ်”

ရော်နယ်လ်ဒိုဟာ ယခုရာသီ တန်ဟက်ရဲ့အသင်းအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ် ၄ ပွဲကို အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အန်တိုနီက အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဆော်ပေါ်လိုတောင်ပံကြယ်ပွင့်ဟောင်းရဲ့ ဘောလုံးစွမ်းရည်ဟာ ရော်နယ်လ်ဒို ငယ်စဉ်တုန်းနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရပြီး အဲဒီအပေါ်မှာ ဘရာဇီးလ်တောင်ပံကစားသမားက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အမြဲတမ်း ဒါကို လုပ်ခဲ့တာပါ။ ဒီမှာမှ မဟုတ်ဘဲ ကျွန်တော် ကစားပေးခဲ့တဲ့ အသင်းအားလုံးမှာ လုပ်ခဲ့တာပါ။ ကျွန်တော် အဲဒါကို ကလေးဘဝကတည်းက လုပ်ခဲ့တာပါ။ ကျွန်တော် အမြဲတမ်း ဘောလုံးစွမ်းရည်ပြသခဲ့တယ်။ အဲဒါက ကျွန်တော့်ရဲ့ အကျင့်တွေထဲက တစ်ခုပါ။ ကျွန်တော် အသားကျအောင်လုပ်နေပြီး ဒီမှာရှိပြီးသားအရာတွေနဲ့ အသားကျအောင်လုပ်နေတယ်။ ဖျော်ဖြေမှုပေးတာက ကျွန်တော် အမြဲတမ်းနှစ်သက်ခဲ့တဲ့ တစ်စုံတရာဖြစ်ပြီး ကျွန်တော် အဲဒါကို ဆက်လုပ်နေဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံကစားသမား အန္တိုနီက အသင္းေဖာ္ျဖစ္တဲ့ ေပၚတူဂီဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆီကေန အမ်ားႀကီး သင္ယူေနတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးအခ်ိန္မွာ ေပါင္ ၈၅.၅ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အိုင္းယက္စ္အသင္းဟာ ၾကယ္ပြင့္ကစားသမားနဲ႔ လမ္းမခြဲခ်င္ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ထြက္ခြာခြင့္ ျပဳခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမား အန္တိုနီဟာ စက္တင္ဘာ ၄ ရက္ေန႔က အိုးထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အမွတ္ရဖြယ္ ပြဲဦးထြက္သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းဟာ ဒုတိယပိုင္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ၎ရဲ႕ပြဲစဥ္အေပၚမွာ ဘယ္လို လႊမ္းမိုးမႈရွိလဲဆိုတာကို ေဆြးေႏြးခဲ့ပါတယ္။

“ခရစၥတီယာႏိုကို စကားလုံးေတြက မေဖာ္ျပႏိုင္ပါဘူး။ ကမာၻေပၚက အေကာင္းဆုံးကစားသမားပါ။ ရက္အနည္းငယ္အတြင္းမွာပဲ ကြၽန္ေတာ္ သူ႔ဆီက အမ်ားႀကီး သင္ယူခဲ့ရတယ္။ သူက သူမတူတဲ့ စိတ္ဓာတ္မ်ိဳးရွိသူျဖစ္ၿပီး သူနဲ႔စကားေျပာတိုင္း သူ႔ဆီကေန ပညာေတြ အမ်ားႀကီး ရပါတယ္”

ေရာ္နယ္လ္ဒိုဟာ ယခုရာသီ တန္ဟက္ရဲ႕အသင္းအတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးရျခင္းမရွိေသးသူျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပြဲစဥ္ ၄ ပြဲကို အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ အန္တိုနီက အိုင္းယက္စ္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ၂ ပြဲစလုံးမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ေဆာ္ေပၚလိုေတာင္ပံၾကယ္ပြင့္ေဟာင္းရဲ႕ ေဘာလုံးစြမ္းရည္ဟာ ေရာ္နယ္လ္ဒို ငယ္စဥ္တုန္းနဲ႔ ႏႈိင္းယွဥ္ျခင္းခံခဲ့ရၿပီး အဲဒီအေပၚမွာ ဘရာဇီးလ္ေတာင္ပံကစားသမားက တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အၿမဲတမ္း ဒါကို လုပ္ခဲ့တာပါ။ ဒီမွာမွ မဟုတ္ဘဲ ကြၽန္ေတာ္ ကစားေပးခဲ့တဲ့ အသင္းအားလုံးမွာ လုပ္ခဲ့တာပါ။ ကြၽန္ေတာ္ အဲဒါကို ကေလးဘဝကတည္းက လုပ္ခဲ့တာပါ။ ကြၽန္ေတာ္ အၿမဲတမ္း ေဘာလုံးစြမ္းရည္ျပသခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ အက်င့္ေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ အသားက်ေအာင္လုပ္ေနၿပီး ဒီမွာရွိၿပီးသားအရာေတြနဲ႔ အသားက်ေအာင္လုပ္ေနတယ္။ ေဖ်ာ္ေျဖမႈေပးတာက ကြၽန္ေတာ္ အၿမဲတမ္းႏွစ္သက္ခဲ့တဲ့ တစ္စုံတရာျဖစ္ၿပီး ကြၽန္ေတာ္ အဲဒါကို ဆက္လုပ္ေနဦးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.