Premier League

ဂိုးတွေလှိမ့်သွင်းနေတဲ့ ဟာလန်းကို သတိပေးလိုက်တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းရရှိပြီး ဂိုးတွေ သွင်းယူနေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို သတိပေးပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဇွန်လမှာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁ သန်းနဲ့ အစ်တီဟတ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကွန်မြူနတီဒိုင်းလုပွဲမှာ ပွဲဦးထွက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် ၆ ပွဲအတွင်း ဟက်ထရစ် ၂ ကြိမ်အထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အဆုံးသတ်သေချာတဲ့ နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာလည်း သွင်းဂိုး ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ချန်ပီယံလိဂ် အုပ်စု G အဖွင့်ပွဲစဉ်အဖြစ် ဆီဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိပြီး ဥရောပခရီးစဉ်ကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

A League of Their Own မှာ စကားပြောဆိုရာမှာ အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ယခုရာသီမှာ ဟာလန်းနဲ့ ရင်ဆိုင်ရမယ့်အလားအလာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုသွားခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးနဲ့ ရင်ဆိုင်ဖို့ စောင့်မျှော်နေလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“နည်းနည်းပေါ့။ ဒါပေမယ့်လည်း စောင့်မျှော်မနေဘူးဆိုရင်လည်း ဟုတ်ပါတယ်။ ဟုတ်တယ်၊ ကျွန်တော်က အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ကစားရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့်လည်း သူ့ကိုတော့ ကျွန်တော် ဂိုးတွေ အများကြီး မသွင်းယူစေချင်ပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်နက်နဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာ ရစ်ချက်တို့ကလည်း အဲဒီအစီအစဉ်မှာ ရှိနေခဲ့ကြပြီး ရမ်းစ်ဒေးလ်ရဲ့ တုံ့ပြန်မှုကို လီဗာပူးလ်ကြယ်ပွင့်ဟောင်းက ဟာသဖောက်ခဲ့ပါတယ်။ “သူ အစောပိုင်းတုန်းက ပြောခဲ့တာက ဘာပါလိမ့်။ ဟာလန်းက ကျွန်တော့်ကို ကျော်ပြီး ဂိုးသွင်းနိုင်မှာမဟုတ်ဘူးဆို”

ရစ်ချက်ကလည်း “ခင်ဗျား နောက်ကွယ်မှာတော့ လူသန်ကြီးကို ကျွတ်နေတာမလား”လို့ ဝင်ပြောခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အမ်းမရိတ်စ်မှာ လက်စွမ်းပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး ယခုရာသီ ၆ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ ပေးဂိုးမရှိပွဲစဉ် ၂ ပွဲနဲ့ ဂိုးကာကွယ်မှု ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဟာလန်းဟာ အသက် ၁၅ နှစ်အရွယ် ၂၀၁၆ ခုနှစ်မှာ ကလပ်အသင်းပွဲဦးထွက်ပါဝင်ကစားခွင့်ရကတည်းက ဂိုးရှေ့မှာ အန္တရာယ်ရှိတဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ဒေါ့မွန်၊ ဆဲလ်ဘတ်၊ မိုလ်ဒီ၊ ဘရီနာ၊ မန်ချက်စတာစီးတီးတို့အတွက် ၁၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၄၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းရရွိၿပီး ဂိုးေတြ သြင္းယူေနတဲ့ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး အာလင္း ဟာလန္းကို သတိေပးေျပာၾကားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဇြန္လမွာ ေဒါ့မြန္အသင္းကေန ေပါင္ ၅၁ သန္းနဲ႔ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ကြန္ျမဴနတီဒိုင္းလုပြဲမွာ ပြဲဦးထြက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၆ ပြဲမွာ ၁၀ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဟာလန္းဟာ ပရီးမီးယားလိဂ္ ၆ ပြဲအတြင္း ဟက္ထရစ္ ၂ ႀကိမ္အထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အဆုံးသတ္ေသခ်ာတဲ့ ေနာ္ေဝတိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးအတြက္ ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာလည္း သြင္းဂိုး ၂ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ညက ခ်န္ပီယံလိဂ္ အုပ္စု G အဖြင့္ပြဲစဥ္အျဖစ္ ဆီဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၄-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိၿပီး ဥေရာပခရီးစဥ္ကို အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

A League of Their Own မွာ စကားေျပာဆိုရာမွာ အာဆင္နယ္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္က ယခုရာသီမွာ ဟာလန္းနဲ႔ ရင္ဆိုင္ရမယ့္အလားအလာနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုသြားခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးနဲ႔ ရင္ဆိုင္ဖို႔ ေစာင့္ေမွ်ာ္ေနလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“နည္းနည္းေပါ့။ ဒါေပမယ့္လည္း ေစာင့္ေမွ်ာ္မေနဘူးဆိုရင္လည္း ဟုတ္ပါတယ္။ ဟုတ္တယ္၊ ကြၽန္ေတာ္က အေကာင္းဆုံးကစားသမားေတြနဲ႔ ရင္ဆိုင္ကစားရတာကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္လည္း သူ႔ကိုေတာ့ ကြၽန္ေတာ္ ဂိုးေတြ အမ်ားႀကီး မသြင္းယူေစခ်င္ပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္း ေဂ်မီ ရက္နက္နဲ႔ မန္စီးတီးေနာက္ခံလူေဟာင္း မီကာ ရစ္ခ်က္တို႔ကလည္း အဲဒီအစီအစဥ္မွာ ရွိေနခဲ့ၾကၿပီး ရမ္းစ္ေဒးလ္ရဲ႕ တုံ႔ျပန္မႈကို လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းက ဟာသေဖာက္ခဲ့ပါတယ္။ “သူ အေစာပိုင္းတုန္းက ေျပာခဲ့တာက ဘာပါလိမ့္။ ဟာလန္းက ကြၽန္ေတာ့္ကို ေက်ာ္ၿပီး ဂိုးသြင္းႏိုင္မွာမဟုတ္ဘူးဆို”

ရစ္ခ်က္ကလည္း “ခင္ဗ်ား ေနာက္ကြယ္မွာေတာ့ လူသန္ႀကီးကို ကြၽတ္ေနတာမလား”လို႔ ဝင္ေျပာခဲ့ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ရွက္ဖီးယူႏိုက္တက္ကေန ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အမ္းမရိတ္စ္မွာ လက္စြမ္းျပသေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး ယခုရာသီ ၆ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ ေပးဂိုးမရွိပြဲစဥ္ ၂ ပြဲနဲ႔ ဂိုးကာကြယ္မႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ဟာလန္းဟာ အသက္ ၁၅ ႏွစ္အ႐ြယ္ ၂၀၁၆ ခုႏွစ္မွာ ကလပ္အသင္းပြဲဦးထြက္ပါဝင္ကစားခြင့္ရကတည္းက ဂိုးေရွ႕မွာ အႏၲရာယ္ရွိတဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး ေဒါ့မြန္၊ ဆဲလ္ဘတ္၊ မိုလ္ဒီ၊ ဘရီနာ၊ မန္ခ်က္စတာစီးတီးတို႔အတြက္ ၁၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၄၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.