La Liga

အာဆင်နယ်ကို ပြောင်းရွှေ့မယ့်သတင်းတွေကို အဖြေပေးလိုက်တဲ့ ဘာစီလိုနာတိုက်စစ်မှူး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ဖာရန် တောရက်စ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ အာဆင်နယ်အသင်းဆီကနေ စိတ်ဝင်စားမှု ရရှိနေပေမယ့်လည်း စပိန်ကလပ်အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် စပိန်လက်ရွေးစင်တိုက်စစ်မှူးက ဘာစီလိုနာအသင်းကို ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်လာအောင် ပြုလုပ်ဖို့ နူးကမ့်က ဇာဗီရဲ့ စီမံကိန်းအပေါ်မှာ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖာရန် တောရက်စ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့အတူ ရာသီဝက်ကို ကုန်ဆုံးခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ပက် ဂွါဒီယိုလာဟာ ၂၀၂၀ ခုနှစ်မှာ စပိန်လူငယ်တိုက်စစ်မှူးကို ဗလင်စီယာအသင်းကနေ ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ဘာစီလိုနာအသင်းဆီကို ပေါင် ၅၅ သန်းအပြင် ထပ်ဆောင်းပေးချေမှု ပေါင် ၁၀ သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ အစ်တီဟတ်မှာ ကစားခဲ့တဲ့ တိုတောင်းတဲ့ကာလအတွင်း တောရက်စ်ဟာ မန်ချက်စတာစီးတီးအသင်းအတွက် ၄၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားဟာ စပိန်လာလီဂါမှာ ပြန်လည်ကစားဖို့အတွက် စိတ်အားထက်သန်ခဲ့တာဖြစ်ပြီး ဇာဗီရဲ့ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဖာရန် တောရက်စ်ဟာ ပြီးခဲ့တဲ့ရာသီ ဇာဗီရဲ့ ဘာစီလိုနာပွဲထွက်လူစာရင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၆ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်မှူးဟာ နူးကမ့်မှာ ကစားဖို့ကိုပဲ ဆက်လက် အာရုံစိုက်နေဆဲဖြစ်ပြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ရာဖင်ညာတို့ကြောင့် ပွဲထွက်ခွင့်နေရာကို ဆုံးရှုံးခဲ့ရပေမယ့်လည်း နောက်ထပ် ကလပ်အသင်းဆီကနေ ကမ်းလှမ်းမှုသစ်ကို လက်ခံဖို့အတွက် အဆင်သင့်မဖြစ်သေးတာဖြစ်ပါတယ်။ အဲဒီအစား ဖာရန် တောရက်စ်က ၎င်းရဲ့ ဘာစီလိုနာအသင်းဖော်သစ်တွေဆီနေ ရရှိနေတဲ့ စိန်ခေါ်မှုတွေကို ပျော်ရွှင်နေတယ်လို့ 90min နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

“အသင်းက ထွက်ဖို့လား။ ကျွန်တော် ဘာဆာကို ခုမှ ရောက်လာခဲ့တာလေ။ လီဗန်ဒေါ့ဗ်စကီးတို့လိုမျိုး ကစားသမားတွေနဲ့ ဒီမှာ ကစားရတာက ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ သူ့ကို သိထားခဲ့ပြီးသားဖြစ်ပြီး သူက ဘယ်လို ကစားသမားမျိုးလဲဆိုတာကိုလည်း သိပါတယ်။ တခြား ကစားသမားသစ်ခေါ်ယူမှုတွေလည်း ရှိခဲ့ပြီး ကျွန်တော်တို့ ဘာဆာနဲ့ ထိုက်တန်တဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်အောင်လုပ်ဖို့ တိုက်ပွဲဝင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူးဟာ ယခုရာသီ နည်းပြ ဇာဗီလက်အောက်မှာ ရရှိထားတဲ့ ပွဲကစားချိန်ကို အပြည့်အဝ အသုံးချပြီး သွင်းဂိုး ၁ ဂိုး သွင်းယူထားပြီး ဗစ်တိုးရီးယား ပလာဇန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ နောက်ထပ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး ဖာရန္ ေတာရက္စ္ဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ အာဆင္နယ္အသင္းဆီကေန စိတ္ဝင္စားမႈ ရရွိေနေပမယ့္လည္း စပိန္ကလပ္အသင္းကေန ထြက္ခြာႏိုင္ေျခရွိတယ္ဆိုတဲ့သတင္းေတြကို ျငင္းပယ္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ စပိန္လက္ေ႐ြးစင္တိုက္စစ္မႉးက ဘာစီလိုနာအသင္းကို ပိုၿပီး ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့အသင္းျဖစ္လာေအာင္ ျပဳလုပ္ဖို႔ ႏူးကမ့္က ဇာဗီရဲ႕ စီမံကိန္းအေပၚမွာ အာ႐ုံစိုက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဖာရန္ ေတာရက္စ္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ရာသီဝက္ကို ကုန္ဆုံးခဲ့ၿပီးေနာက္ ယခုႏွစ္ ဇန္နဝါရီလမွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

ပက္ ဂြါဒီယိုလာဟာ ၂၀၂၀ ခုႏွစ္မွာ စပိန္လူငယ္တိုက္စစ္မႉးကို ဗလင္စီယာအသင္းကေန ေပါင္ ၂၃ သန္းနဲ႔ ေခၚယူခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းဆီကို ေပါင္ ၅၅ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၁၀ သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။ အစ္တီဟတ္မွာ ကစားခဲ့တဲ့ တိုေတာင္းတဲ့ကာလအတြင္း ေတာရက္စ္ဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ၄၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကစားသမားဟာ စပိန္လာလီဂါမွာ ျပန္လည္ကစားဖို႔အတြက္ စိတ္အားထက္သန္ခဲ့တာျဖစ္ၿပီး ဇာဗီရဲ႕ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဖာရန္ ေတာရက္စ္ဟာ ၿပီးခဲ့တဲ့ရာသီ ဇာဗီရဲ႕ ဘာစီလိုနာပြဲထြက္လူစာရင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ရကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ၁၆ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ႏူးကမ့္မွာ ကစားဖို႔ကိုပဲ ဆက္လက္ အာ႐ုံစိုက္ေနဆဲျဖစ္ၿပီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ရာဖင္ညာတို႔ေၾကာင့္ ပြဲထြက္ခြင့္ေနရာကို ဆုံးရႈံးခဲ့ရေပမယ့္လည္း ေနာက္ထပ္ ကလပ္အသင္းဆီကေန ကမ္းလွမ္းမႈသစ္ကို လက္ခံဖို႔အတြက္ အဆင္သင့္မျဖစ္ေသးတာျဖစ္ပါတယ္။ အဲဒီအစား ဖာရန္ ေတာရက္စ္က ၎ရဲ႕ ဘာစီလိုနာအသင္းေဖာ္သစ္ေတြဆီေန ရရွိေနတဲ့ စိန္ေခၚမႈေတြကို ေပ်ာ္႐ႊင္ေနတယ္လို႔ 90min နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့ပါတယ္။

“အသင္းက ထြက္ဖို႔လား။ ကြၽန္ေတာ္ ဘာဆာကို ခုမွ ေရာက္လာခဲ့တာေလ။ လီဗန္ေဒါ့ဗ္စကီးတို႔လိုမ်ိဳး ကစားသမားေတြနဲ႔ ဒီမွာ ကစားရတာက ဂုဏ္ယူစရာပါ။ ကြၽန္ေတာ္တို႔ သူ႔ကို သိထားခဲ့ၿပီးသားျဖစ္ၿပီး သူက ဘယ္လို ကစားသမားမ်ိဳးလဲဆိုတာကိုလည္း သိပါတယ္။ တျခား ကစားသမားသစ္ေခၚယူမႈေတြလည္း ရွိခဲ့ၿပီး ကြၽန္ေတာ္တို႔ ဘာဆာနဲ႔ ထိုက္တန္တဲ့ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့အသင္းျဖစ္ေအာင္လုပ္ဖို႔ တိုက္ပြဲဝင္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လူငယ္တိုက္စစ္မႉးဟာ ယခုရာသီ နည္းျပ ဇာဗီလက္ေအာက္မွာ ရရွိထားတဲ့ ပြဲကစားခ်ိန္ကို အျပည့္အဝ အသုံးခ်ၿပီး သြင္းဂိုး ၁ ဂိုး သြင္းယူထားၿပီး ဗစ္တိုးရီးယား ပလာဇန္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ေနာက္ထပ္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.