La Liga

ပြာပုံထဲက တစ်ဖန်ရှင်သန်လာတဲ့ ဖီးနစ်ငှက်လို ပြန်ချမ်းသာသွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ တစ်ရာသီအတွင်းမှာ သုံးစွဲခွင့်ရှိတဲ့ ငွေကြေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ရာသီအစမှာ အနုတ် ယူရို ၁၄၄ သန်း ပြသနေခဲ့ပြီး အသင်းကို ကယ်တင်ဖို့ အမျိုးမျိုးလုပ်ဆောင်ပြီးတဲ့နောက်မှာ တရား ဥရောပအသင်းကြီးတွေနဲ့အပြိုင် ငွေသုံးနိုင်တဲ့အဆင့်ကို ပြန်ရောက်သွားပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

ဒီသတင်းကိုတော့ လန်ဒန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ဘာစီလိုနာရဲ့ အကြောင်းအရာတွေကို အစဉ်တစိုက် ရေးလေ့ရှိတဲ့ ရီရှက်ဒ် ရာမန်က ဖော်ပြခဲ့တာဖြစ်ပြီး ကာတာလန်ကလပ်အနေနဲ့ လက်ရှိအချိန်ကစပြီး နယ်ပယ်အရပ်ရပ်မှာ ငွေကြေးသုံးစွဲခွင့် ယူရို ၆၅၆.၅ သန်း (ပေါင် ၅၇၄.၆၇ သန်း) ရှိသွားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ကာတာလန်ကလပ်ရဲ့ ဒီပမာဏအထိ သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ဘဏ္ဏာရေးဆိုင်ရာ ခွင့်ပြုချက်ကို လာလီဂါ အဖွဲ့ချုပ်ဘက်ကလည်း အတည်ပြုခဲ့ပြီး သူတို့အသင်းကို ကျဆုံးစေချင်နေကြတဲ့ ပြိုင်ဘက်တွေရဲ့ အမုန်းတရားနဲ့ သရော်လှောင်ပြောင်မှုတွေကတော့ ဆုတောင်းမပြည့်ဘဲ အလဟဿဖြစ်သွားခဲ့ပြီလို့လည်း ဆိုရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ဒါနီ အဲလ်ဗက်စ်၊ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ကို အလွတ်၊ အဒါမာ ထရာအိုရေးကို အငှား၊ ဖယ်ရန် တောရက်စ်အတွက် ပေါင်သန်း ၄၀ ကျော် အသုံးပြုခဲ့တဲ့ ဆောင်းရာသီအပြီးမှာ ဘာစီလိုနာတို့ အကြွေး ယူရို ၁၄၄ သန်းနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ရာသီအစမှာလည်း ကစားသမားသစ်တွေကို မှတ်ပုံမတင်နိုင်ဖြစ်ခဲ့ရသေးတာပါ။

ဒီနောက်မှာတော့ အသင်းရဲ့ အနာဂတ် ရုပ်သံခံစားခွင့်တွေကို စုစုပေါင်း ၇၄.၆ ရာခိုင်နှုန်းအထိ ချရောင်းခဲ့ပြီးတဲ့နောက် လီဗန်ဒေါ့ဗ်စကီး၊ ကွန်ဒီ၊ ဒမ်ဘီလီ၊ ရာဖင်ညာ၊ ကက်ဆီယေး၊ ခရစ္စတင်ဆန်၊ ဘယ်လာရင်၊ မားကို့စ် အလွန်ဆိုတို့ကိုလည်း ထည့်သွင်းကစားဖို့ မှတ်ပုံတင်နိုင်ခဲ့ပြီးတဲ့နောက် ဒီရာသီမှာ သူတို့ရဲ့ သုံးစွဲနိုင်မှုက ယူရို ၆၅၆.၅ သန်းအထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လာလီဂါမှာ ကာတာလန်ကလပ်ထက် သာလွန်တဲ့ သုံးစွဲနိုင်စွမ်းကိုတော့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၇၃၉ သန်း (ပေါင် ၆၄၆.၈၉ သန်း)နဲ့ ရှိနေပြီး အချမ်းသာဆုံးအသင်းတွေအဖြစ် ရပ်တည်နေကြသလို နူးကမ့်ပရိသတ်တွေကတော့ သူတို့တွေရဲ့ စိုးရိမ်မှုတွေ ကုန်ဆုံးခဲ့ပြီး လာမယ့် ရာသီမှာ လူကောင်းတွေ ထပ်ခေါ်နိုင်ဖို့ ပြောနေကြတာပါ။

ပရိသတ်တွေအနေနဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ အဖွဲ့ရဲ့ ဖြေရှင်းနိုင်စွမ်းကို ကျေးဇူးတင်ကြောင်း ဆိုခဲ့ကြပြီး လာမယ့်ရာသီမှာတော့ ကစားသမားဟောင်း မက်ဆီ(ပီအက်စ်ဂျီ)၊ ကင်းမစ်ချ်(ဘိုင်ယန်)၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီ(မန်စီးတီး)တို့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ပါ ထင်ကြေးပေးနေပြီး ငါတို့ ပြန်လာပြီကွလို့ အောင်ပွဲခံနေခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ တစ္ရာသီအတြင္းမွာ သုံးစြဲခြင့္ရွိတဲ့ ေငြေၾကးဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ရာသီအစမွာ အႏုတ္ ယူ႐ို ၁၄၄ သန္း ျပသေနခဲ့ၿပီး အသင္းကို ကယ္တင္ဖို႔ အမ်ိဳးမ်ိဳးလုပ္ေဆာင္ၿပီးတဲ့ေနာက္မွာ တရား ဥေရာပအသင္းႀကီးေတြနဲ႔အၿပိဳင္ ေငြသုံးႏိုင္တဲ့အဆင့္ကို ျပန္ေရာက္သြားၿပီလို႔ သတင္းထြက္လာခဲ့ပါတယ္။

ဒီသတင္းကိုေတာ့ လန္ဒန္အေျခစိုက္ ဂ်ာနယ္လစ္တစ္ဦးျဖစ္ၿပီး ဘာစီလိုနာရဲ႕ အေၾကာင္းအရာေတြကို အစဥ္တစိုက္ ေရးေလ့ရွိတဲ့ ရီရွက္ဒ္ ရာမန္က ေဖာ္ျပခဲ့တာျဖစ္ၿပီး ကာတာလန္ကလပ္အေနနဲ႔ လက္ရွိအခ်ိန္ကစၿပီး နယ္ပယ္အရပ္ရပ္မွာ ေငြေၾကးသုံးစြဲခြင့္ ယူ႐ို ၆၅၆.၅ သန္း (ေပါင္ ၅၇၄.၆၇ သန္း) ရွိသြားခဲ့တယ္လို႔ ေဖာ္ျပခဲ့တာပါ။

ကာတာလန္ကလပ္ရဲ႕ ဒီပမာဏအထိ သုံးစြဲခြင့္ရွိတယ္ဆိုတဲ့ ဘဏၰာေရးဆိုင္ရာ ခြင့္ျပဳခ်က္ကို လာလီဂါ အဖြဲ႕ခ်ဳပ္ဘက္ကလည္း အတည္ျပဳခဲ့ၿပီး သူတို႔အသင္းကို က်ဆုံးေစခ်င္ေနၾကတဲ့ ၿပိဳင္ဘက္ေတြရဲ႕ အမုန္းတရားနဲ႔ သေရာ္ေလွာင္ေျပာင္မႈေတြကေတာ့ ဆုေတာင္းမျပည့္ဘဲ အလဟႆျဖစ္သြားခဲ့ၿပီလို႔လည္း ဆိုရေတာ့မွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ဒါနီ အဲလ္ဗက္စ္၊ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ကို အလြတ္၊ အဒါမာ ထရာအိုေရးကို အငွား၊ ဖယ္ရန္ ေတာရက္စ္အတြက္ ေပါင္သန္း ၄၀ ေက်ာ္ အသုံးျပဳခဲ့တဲ့ ေဆာင္းရာသီအၿပီးမွာ ဘာစီလိုနာတို႔ အေႂကြး ယူ႐ို ၁၄၄ သန္းနဲ႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ရာသီအစမွာလည္း ကစားသမားသစ္ေတြကို မွတ္ပုံမတင္ႏိုင္ျဖစ္ခဲ့ရေသးတာပါ။

ဒီေနာက္မွာေတာ့ အသင္းရဲ႕ အနာဂတ္ ႐ုပ္သံခံစားခြင့္ေတြကို စုစုေပါင္း ၇၄.၆ ရာခိုင္ႏႈန္းအထိ ခ်ေရာင္းခဲ့ၿပီးတဲ့ေနာက္ လီဗန္ေဒါ့ဗ္စကီး၊ ကြန္ဒီ၊ ဒမ္ဘီလီ၊ ရာဖင္ညာ၊ ကက္ဆီေယး၊ ခရစၥတင္ဆန္၊ ဘယ္လာရင္၊ မားကို႔စ္ အလြန္ဆိုတို႔ကိုလည္း ထည့္သြင္းကစားဖို႔ မွတ္ပုံတင္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ဒီရာသီမွာ သူတို႔ရဲ႕ သုံးစြဲႏိုင္မႈက ယူ႐ို ၆၅၆.၅ သန္းအထိ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

လာလီဂါမွာ ကာတာလန္ကလပ္ထက္ သာလြန္တဲ့ သုံးစြဲႏိုင္စြမ္းကိုေတာ့ မဟာၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းက ယူ႐ို ၇၃၉ သန္း (ေပါင္ ၆၄၆.၈၉ သန္း)နဲ႔ ရွိေနၿပီး အခ်မ္းသာဆုံးအသင္းေတြအျဖစ္ ရပ္တည္ေနၾကသလို ႏူးကမ့္ပရိသတ္ေတြကေတာ့ သူတို႔ေတြရဲ႕ စိုးရိမ္မႈေတြ ကုန္ဆုံးခဲ့ၿပီး လာမယ့္ ရာသီမွာ လူေကာင္းေတြ ထပ္ေခၚႏိုင္ဖို႔ ေျပာေနၾကတာပါ။

ပရိသတ္ေတြအေနနဲ႔ ဘာစီလိုနာ ဥကၠဌ လာေပၚတာနဲ႔ အဖြဲ႕ရဲ႕ ေျဖရွင္းႏိုင္စြမ္းကို ေက်းဇူးတင္ေၾကာင္း ဆိုခဲ့ၾကၿပီး လာမယ့္ရာသီမွာေတာ့ ကစားသမားေဟာင္း မက္ဆီ(ပီအက္စ္ဂ်ီ)၊ ကင္းမစ္ခ်္(ဘိုင္ယန္)၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ႐ိုဒရီ(မန္စီးတီး)တို႔ကို ေခၚယူႏိုင္လိမ့္မယ္လို႔ပါ ထင္ေၾကးေပးေနၿပီး ငါတို႔ ျပန္လာၿပီကြလို႔ ေအာင္ပြဲခံေနခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.