Premier League

အာဆင်နယ်က ကစားသမားတစ်ဦးမှ မရွေးခဲ့တဲ့ကိစ္စကို ဖြေရှင်းလိုက်တဲ့ ဘရာဇီးလ်နည်းပြ

အာဆင်နယ်ကြယ်ပွင့် ၃ ဦးဖြစ်တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်၊ ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ အားလုံးဟာ ယခုလ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် ကစားသွားမယ့် ဂါနာ၊ တူနီးရှားတို့နဲ့ပွဲအတွက် ဘရာဇီးလ်ရဲ့ နောက်ဆုံးလူစာရင်းထဲမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ကစားသမား ၃ ဦးစလုံးဟာ ပြီးခဲ့တဲ့ဇွန်လက တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းလူစာရင်းထဲမှာ ပါဝင်ခဲ့ကြပေမယ့်လည်း မာဂါလိုင်စ်ကတော့ ပေါင်ဒဏ်ရာကြောင့် ၂ ပွဲစလုံးကို လွဲချော်ခဲ့ပြီး လက်ရှိအချိန်အထိ စီနီယာကစားသမားဘဝ ပွဲထွက်ပါဝင်ကစားခွင့်မရရှိသေးတာဖြစ်ပါတယ်။

ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ ၂ ဦးစလုံးဟာ ပရီးမီးယားလိဂ်ရာသီသစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ကြပြီး ရာသီအဖွင့် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရခဲ့တဲ့ အာတီတာရဲ့အသင်းအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့် ၃ ဦးစလုံးဟာ ယခုလာမယ့် နိုင်ငံတကာအားလပ်ရက်အတွင်း ကစားသွားမယ့် ဂါနာ၊ တူနီးရှားတို့နဲ့ပွဲစဉ်တွေမှာ ဘရာဇီးလ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူးစ်ကို လူစာရင်းထဲကို ဘာကြောင့် ခေါ်ယူခဲ့ခြင်းမရှိတာလဲလို့ မေးမြန်းခဲ့ရာမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ တီတီက ဒီဆုံးဖြတ်ချက်ဟာ တခြားကစားသမားတွေကို အနီးကပ်သေချာကြည့်ရှုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဂါဘရီယယ်လ် ဂျေဆူးစ်က အတိအကျပြောရရင် အရမ်းကောင်းတဲ့အချိန်တွေ ရရှိနေပြီး အငြင်းအခုံဖြစ်စရာ ဖြစ်နေပါတယ်။ လုံးဝကို ဟုတ်ပါတယ်။ ဒီလက်ရွေးစင်လူစာရင်ခေါ်ယူမှုတွေက တခြားကစားသမားတွေအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ပါ။ တခြားသူတွေလည်း ဒီလိုမျိုး အခြေအနေမျိုး ရှိကြပါတယ်။ တိုက်စစ်ကစားသမမားအရေအတွက်နဲ့ပတ်သက်ပါတယ်။ ဘောလုံးက ဖန်တီးမှုနဲ့ ဂိုးသွင်းယူမှု၊ ပြီးတော့ ခံစစ်ပိုင်း ကျစ်လစ်မှုပါ။ ခင်ဗျား ဒီလို လက္ခဏာတွေမရှိဘူးဆိုရင် ရှုံးနိမ့်ပါလိမ့်မယ်။ အသင်းမှာ ဟန်ချက်ညီအောင်လုပ်ရတာက အရမ်းကို ခက်ပါတယ်”

“ကျွန်တော်တို့ အဲဒီဟန်ချက်ကို ရှာဖွေနေပါတယ်။ ဒီလို တိုက်စစ်ကစားသမားအများအပြားရှိတာက အဆုံးအဖြတ်ဖြစ်မှာမဟုတ်ပါဘူး။ အားကစားသမားတွေရဲ့ နေရာစုံကစားနိုင်စွမ်းက အရေးပါတဲ့အစိတ်အပိုင်းပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ကိုပါ လီဘာတေးဒိုးဖလားပြိုင်ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဖလာမင်ဂိုတိုက်စစ်မှူး ပက်ဒရိုဟာ ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ဂျူဗင်တပ်ကြယ်ပွင့် ဘရီမာ၊ ရိုးမားကြယ်ပွင့် ရော်ဂျာ အီဘာညက်ဇ်ကလည်း ပထမဆုံးအကြိမ် လက်ရွေးစင်လူစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမား ဒန်နီ အဲဗက်စ်နဲ့ အက်စတန် ဗီလာကြယ်ပွင့် ကော်တင်ညိုတို့လည်း ပါဝင်ခဲ့ခြင်းမရှိဘဲ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု G မှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ ၃ ဦးျဖစ္တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ အားလုံးဟာ ယခုလ ကမာၻ႔ဖလားအႀကိဳ ေျခစမ္းပြဲအျဖစ္ ကစားသြားမယ့္ ဂါနာ၊ တူနီးရွားတို႔နဲ႔ပြဲအတြက္ ဘရာဇီးလ္ရဲ႕ ေနာက္ဆုံးလူစာရင္းထဲမွာ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ကစားသမား ၃ ဦးစလုံးဟာ ၿပီးခဲ့တဲ့ဇြန္လက ေတာင္ကိုရီးယား၊ ဂ်ပန္တို႔နဲ႔ ကစားခဲ့တဲ့ ဘရာဇီးလ္အသင္းလူစာရင္းထဲမွာ ပါဝင္ခဲ့ၾကေပမယ့္လည္း မာဂါလိုင္စ္ကေတာ့ ေပါင္ဒဏ္ရာေၾကာင့္ ၂ ပြဲစလုံးကို လြဲေခ်ာ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ စီနီယာကစားသမားဘဝ ပြဲထြက္ပါဝင္ကစားခြင့္မရရွိေသးတာျဖစ္ပါတယ္။

ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ ၂ ဦးစလုံးဟာ ပရီးမီးယားလိဂ္ရာသီသစ္ကို အေကာင္းဆုံး စတင္ႏိုင္ခဲ့ၾကၿပီး ရာသီအဖြင့္ ၆ ပြဲမွာ ၅ ပြဲအထိ အႏိုင္ရခဲ့တဲ့ အာတီတာရဲ႕အသင္းအတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ၾကယ္ပြင့္ ၃ ဦးစလုံးဟာ ယခုလာမယ့္ ႏိုင္ငံတကာအားလပ္ရက္အတြင္း ကစားသြားမယ့္ ဂါနာ၊ တူနီးရွားတို႔နဲ႔ပြဲစဥ္ေတြမွာ ဘရာဇီးလ္အသင္း လူစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။

ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို လူစာရင္းထဲကို ဘာေၾကာင့္ ေခၚယူခဲ့ျခင္းမရွိတာလဲလို႔ ေမးျမန္းခဲ့ရာမွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းနည္းျပ တီတီက ဒီဆုံးျဖတ္ခ်က္ဟာ တျခားကစားသမားေတြကို အနီးကပ္ေသခ်ာၾကည့္ရႈႏိုင္ေစဖို႔အတြက္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဂါဘရီယယ္လ္ ေဂ်ဆူးစ္က အတိအက်ေျပာရရင္ အရမ္းေကာင္းတဲ့အခ်ိန္ေတြ ရရွိေနၿပီး အျငင္းအခုံျဖစ္စရာ ျဖစ္ေနပါတယ္။ လုံးဝကို ဟုတ္ပါတယ္။ ဒီလက္ေ႐ြးစင္လူစာရင္ေခၚယူမႈေတြက တျခားကစားသမားေတြအတြက္ အခြင့္အေရးေပးတဲ့အေနနဲ႔ပါ။ တျခားသူေတြလည္း ဒီလိုမ်ိဳး အေျခအေနမ်ိဳး ရွိၾကပါတယ္။ တိုက္စစ္ကစားသမမားအေရအတြက္နဲ႔ပတ္သက္ပါတယ္။ ေဘာလုံးက ဖန္တီးမႈနဲ႔ ဂိုးသြင္းယူမႈ၊ ၿပီးေတာ့ ခံစစ္ပိုင္း က်စ္လစ္မႈပါ။ ခင္ဗ်ား ဒီလို လကၡဏာေတြမရွိဘူးဆိုရင္ ရႈံးနိမ့္ပါလိမ့္မယ္။ အသင္းမွာ ဟန္ခ်က္ညီေအာင္လုပ္ရတာက အရမ္းကို ခက္ပါတယ္”

“ကြၽန္ေတာ္တို႔ အဲဒီဟန္ခ်က္ကို ရွာေဖြေနပါတယ္။ ဒီလို တိုက္စစ္ကစားသမားအမ်ားအျပားရွိတာက အဆုံးအျဖတ္ျဖစ္မွာမဟုတ္ပါဘူး။ အားကစားသမားေတြရဲ႕ ေနရာစုံကစားႏိုင္စြမ္းက အေရးပါတဲ့အစိတ္အပိုင္းပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယခုရာသီ ကိုပါ လီဘာေတးဒိုးဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ ဖလာမင္ဂိုတိုက္စစ္မႉး ပက္ဒ႐ိုဟာ ဘရာဇီးလ္လက္ေ႐ြးစင္လူစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္ ဘရီမာ၊ ႐ိုးမားၾကယ္ပြင့္ ေရာ္ဂ်ာ အီဘာညက္ဇ္ကလည္း ပထမဆုံးအႀကိမ္ လက္ေ႐ြးစင္လူစာရင္းထဲ ပါဝင္လာခဲ့ပါတယ္။

ဘရာဇီးလ္ဝါရင့္ေနာက္ခံကစားသမား ဒန္နီ အဲဗက္စ္နဲ႔ အက္စတန္ ဗီလာၾကယ္ပြင့္ ေကာ္တင္ညိဳတို႔လည္း ပါဝင္ခဲ့ျခင္းမရွိဘဲ ဘရာဇီးလ္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု G မွာ ဆားဘီးယား၊ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔အတူ က်ေရာက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.