International Premier League

ဘရာဇီးလ်သားသုံးယောက် ခြေစမ်းပွဲက အနားရခဲ့လို့ ပျော်နေတဲ့ အာဆင်နယ်ဖန်တွေ

အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို ပွဲပန်းမှုနဲ့အတူ လိုတာထက် ပိုကစားရတဲ့ အားထုတ်မှုတွေကြောင့် ဆုံးရှုံးနိုင်တဲ့ ပြဿနာတွေကို နိုင်ငံတကာ ခြေစမ်းပွဲတွေ ရောက်လာမှုနဲ့အတူ ကြုံတွေ့နေရချိန်မှာ ဘရာဇီးလ်နည်းပြ တီတီရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်သက်သာရာ ရခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ အာဆင်နယ်ရဲ့ ပွဲစဉ်တွေကို လာကြည့်ခဲ့တဲ့ ဘရာဇီးလ်နည်းပြ တီတီနဲ့ ညှိနှိုင်းရေးတာဝန်ခံ ဂျူနင်ညို ပေါ်လစ္စတာတို့နဲ့ အမ်းမရိတ်မှာ တွေ့ဆုံခဲ့အပြီးမှာ လက်ရွေးစင်အသင်းရဲ့ အရာရှိဟောင်း အီဒူးအနေနဲ့ သူ့ရဲ့ ကစားသမားတွေကို ဒီတစ်ပတ်မှာ အနားပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း အသံထွက်နေခဲ့တာပါ။

ဘရာဇီးလ်အသင်းရဲ့ လူစာရင်းကနေ အာဆင်နယ်ရဲ့ အဓိက ကစားသမား သုံးဦးဖြစ်တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်၊ ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ သုံးယောက်ကို လာမယ့် တစ်ပတ်မှာ ကစားရမယ့် ဂါနာ၊ တူနီးရှားတို့နဲ့ ပွဲစဉ်တွေမှာ မခေါ်ယူခဲ့ဘဲ အဖွဲ့ချုပ်ဘက်က တရားဝင် ချန်လှပ်ထားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်တို့အတွက်တော့ ဂါဘရီယယ်လ်သုံးယောက် အနားရမယ့် ကိစ္စဟာ ကိုယ့်အတွက် ဘာမှ အကျိုးမရှိတဲ့ နိုင်ငံပွဲတွေကနေ ပွဲပန်းမှု၊ ခရီးပန်းမှုနဲ့ ဒဏ်ရာရရှိနိုင်မှုတွေကနေ ရှောင်လွှဲနိုင်ခဲ့တာဖြစ်လို့ ပျော်စရာဖြစ်နေခဲ့ပြီး ဒဏ်ရာကနေ သက်သာခါစရှိသေး အသင်းကို အတင်းအခေါ်ခံနေရတဲ့ ဂါနာသား သောမတ်စ် ပါတေးရဲ့ ကိစ္စကိုသာ စိုးရိမ်နေရတော့တာပါ။

ဘရာဇီးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဒီလထဲမှာ ကစားမယ့် လူစာရင်းကို ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အန်တိုနီ (မန်ယူ)၊ ရစ်ချာလစ်ဆန် (စပါးစ်)၊ ကာစီမီရို (မန်ယူ)၊ ဖာဘင်ညို (လီဗာပူးလ်)နဲ့ မရှိမဖြစ် စီးတီးနဲ့ လီဗာပူးလ်ဂိုးသမားတွေကိုလည်း ခေါ်ဆောင်သွားခဲ့ချိန်မှာ ဝက်စ်ဟမ်းရောက် လူးကပ်စ် ပါကေးတာနဲ့အတူ လက်ရွေးစင်အသင်းနဲ့ ၁၄ လ ဝေးကွာနေတဲ့ အန်းဖီးလ်တိုက်စစ်မှူး ဖာမီနိုကိုလည်း ဂျေဆူးစ်အစား ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်နည်းပြ တီတီကတော့ ဂျေဆူးစ်ဟာ အကောင်းဆုံးပုံစံမှာ ရှိနေတာ သေချာလို့ မခေါ်ခဲ့တာဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ စကားကို ပြောသွားခဲ့ပြီး ခြေစမ်းပွဲဆိုတာမျိုးက လူသစ်တွေ၊ အသင်းနဲ့ ဝေးကွာနေသူတွေကို အခွင့်အရေး ပေးရမယ့် ပွဲမျိုးလည်းဖြစ်တယ်လို့ အာဆင်နယ်က ကစားသမားတွေကို မရွေးချယ်တာနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားခဲ့သေးတာပါ။

ဗြိတိန်ဘုရင်မကြီးရဲ့ ကွယ်လွန်မှုနဲ့ ဈာပန အခမ်းအနားတွေကြောင့် ဒီတစ်ပတ်ပွဲစဉ်တွေကို ရပ်နားထားခဲ့တဲ့အတွက် လာမယ့်အပတ်တွေမှာ ပွဲတွေ ပိုစိပ်နိုင်တဲ့ အချိန်ကာလမှာ အာဆင်နယ်အသင်းအတွက်တော့ အရေးပါတဲ့ သုံးဦးကို အနားပေးနိုင်ခဲ့တာဟာ ကောင်းခြင်းတစ်ရပ်ဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကြောင့် ပင်ပန်းမှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့်အချိန်မှာ စိတ်သက်သာစရာ ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ဘရာဇီးလ် လူစာရင်း
(ဂိုး) အီဒါဆန် (မန်စီးတီး)၊ အယ်လစ်ဆန် (လီဗာပူးလ်)၊ ဝီဗာတန် (ပါးလ်မီးရပ်စ်)
(နောက်တန်း) အဲလက်စ် ဆန်ဒရို၊ ဒါနီလို၊ ဘရီးမား (ဂျူဗင်တပ်စ်)၊ မားကင်ညို့စ် (ပီအက်စ်ဂျီ)၊ အဲလက်စ် တဲလက်စ် (ဆီဗီလာ)၊ အီဘာညက်ဇ် (ရိုးမား)၊ အီဒါ မီလီတို (ရီးရဲလ်မက်ဒရစ်)၊ သီယာဂို ဆေးလ်ဗား (ချဲလ်ဆီး)

(အလယ်တန်း) ဘရူနို ဂီမာရိုင်းစ် (နယူးကာဆယ်လ်)၊ ကာစီမီရို၊ ဖရက်ဒ် (မန်ယူ)၊ ဖာဘင်ညို (လီဗာပူးလ်)၊ လူးကပ်စ် ပါကေးတာ (ဝက်စ်ဟမ်း)၊ အီဗာတန် ရီဘေရို (ဖလာမင်ဂို)

(ရှေ့တန်း) အန်တိုနီ (မန်ယူ)၊ ဖာမီနို (လီဗာပူးလ်)၊ မားသီးယူးစ် ကွန်ညာ (အက်သလက်တီကို)၊ နေမာ (ပီအက်စ်ဂျီ)၊ ပက်ဒရို (ဖလာမင်ဂို)၊ ရာဖင်ညာ (ဘာစီလိုနာ)၊ ရစ်ချာလစ်ဆန် (စပါးစ်)၊ ရိုဒရီဂို၊ ဗီနီးရှပ်စ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ ကစားသမားေတြကို ပြဲပန္းမႈနဲ႔အတူ လိုတာထက္ ပိုကစားရတဲ့ အားထုတ္မႈေတြေၾကာင့္ ဆုံးရႈံးႏိုင္တဲ့ ျပႆနာေတြကို ႏိုင္ငံတကာ ေျခစမ္းပြဲေတြ ေရာက္လာမႈနဲ႔အတူ ႀကဳံေတြ႕ေနရခ်ိန္မွာ ဘရာဇီးလ္နည္းျပ တီတီရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ စိတ္သက္သာရာ ရခဲ့ၾကတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ အာဆင္နယ္ရဲ႕ ပြဲစဥ္ေတြကို လာၾကည့္ခဲ့တဲ့ ဘရာဇီးလ္နည္းျပ တီတီနဲ႔ ညႇိႏႈိင္းေရးတာဝန္ခံ ဂ်ဴနင္ညိဳ ေပၚလစၥတာတို႔နဲ႔ အမ္းမရိတ္မွာ ေတြ႕ဆုံခဲ့အၿပီးမွာ လက္ေ႐ြးစင္အသင္းရဲ႕ အရာရွိေဟာင္း အီဒူးအေနနဲ႔ သူ႔ရဲ႕ ကစားသမားေတြကို ဒီတစ္ပတ္မွာ အနားေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း အသံထြက္ေနခဲ့တာပါ။

ဘရာဇီးလ္အသင္းရဲ႕ လူစာရင္းကေန အာဆင္နယ္ရဲ႕ အဓိက ကစားသမား သုံးဦးျဖစ္တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ သုံးေယာက္ကို လာမယ့္ တစ္ပတ္မွာ ကစားရမယ့္ ဂါနာ၊ တူနီးရွားတို႔နဲ႔ ပြဲစဥ္ေတြမွာ မေခၚယူခဲ့ဘဲ အဖြဲ႕ခ်ဳပ္ဘက္က တရားဝင္ ခ်န္လွပ္ထားခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္တို႔အတြက္ေတာ့ ဂါဘရီယယ္လ္သုံးေယာက္ အနားရမယ့္ ကိစၥဟာ ကိုယ့္အတြက္ ဘာမွ အက်ိဳးမရွိတဲ့ ႏိုင္ငံပြဲေတြကေန ပြဲပန္းမႈ၊ ခရီးပန္းမႈနဲ႔ ဒဏ္ရာရရွိႏိုင္မႈေတြကေန ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္လို႔ ေပ်ာ္စရာျဖစ္ေနခဲ့ၿပီး ဒဏ္ရာကေန သက္သာခါစရွိေသး အသင္းကို အတင္းအေခၚခံေနရတဲ့ ဂါနာသား ေသာမတ္စ္ ပါေတးရဲ႕ ကိစၥကိုသာ စိုးရိမ္ေနရေတာ့တာပါ။

ဘရာဇီးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဒီလထဲမွာ ကစားမယ့္ လူစာရင္းကို ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အန္တိုနီ (မန္ယူ)၊ ရစ္ခ်ာလစ္ဆန္ (စပါးစ္)၊ ကာစီမီ႐ို (မန္ယူ)၊ ဖာဘင္ညိဳ (လီဗာပူးလ္)နဲ႔ မရွိမျဖစ္ စီးတီးနဲ႔ လီဗာပူးလ္ဂိုးသမားေတြကိုလည္း ေခၚေဆာင္သြားခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းေရာက္ လူးကပ္စ္ ပါေကးတာနဲ႔အတူ လက္ေ႐ြးစင္အသင္းနဲ႔ ၁၄ လ ေဝးကြာေနတဲ့ အန္းဖီးလ္တိုက္စစ္မႉး ဖာမီႏိုကိုလည္း ေဂ်ဆူးစ္အစား ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

လက္ေ႐ြးစင္နည္းျပ တီတီကေတာ့ ေဂ်ဆူးစ္ဟာ အေကာင္းဆုံးပုံစံမွာ ရွိေနတာ ေသခ်ာလို႔ မေခၚခဲ့တာျဖစ္တယ္လို႔ အဓိပၸါယ္ရတဲ့ စကားကို ေျပာသြားခဲ့ၿပီး ေျခစမ္းပြဲဆိုတာမ်ိဳးက လူသစ္ေတြ၊ အသင္းနဲ႔ ေဝးကြာေနသူေတြကို အခြင့္အေရး ေပးရမယ့္ ပြဲမ်ိဳးလည္းျဖစ္တယ္လို႔ အာဆင္နယ္က ကစားသမားေတြကို မေ႐ြးခ်ယ္တာနဲ႔ ပတ္သက္ၿပီး ေျဖရွင္းသြားခဲ့ေသးတာပါ။

ၿဗိတိန္ဘုရင္မႀကီးရဲ႕ ကြယ္လြန္မႈနဲ႔ ဈာပန အခမ္းအနားေတြေၾကာင့္ ဒီတစ္ပတ္ပြဲစဥ္ေတြကို ရပ္နားထားခဲ့တဲ့အတြက္ လာမယ့္အပတ္ေတြမွာ ပြဲေတြ ပိုစိပ္ႏိုင္တဲ့ အခ်ိန္ကာလမွာ အာဆင္နယ္အသင္းအတြက္ေတာ့ အေရးပါတဲ့ သုံးဦးကို အနားေပးႏိုင္ခဲ့တာဟာ ေကာင္းျခင္းတစ္ရပ္ျဖစ္ၿပီး ၂၀၂၂ ကာတာ ကမာၻ႔ဖလားေၾကာင့္ ပင္ပန္းမႈေတြနဲ႔ မလြဲမေသြ ရင္ဆိုင္ရမယ့္အခ်ိန္မွာ စိတ္သက္သာစရာ ျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

ဘရာဇီးလ္ လူစာရင္း
(ဂိုး) အီဒါဆန္ (မန္စီးတီး)၊ အယ္လစ္ဆန္ (လီဗာပူးလ္)၊ ဝီဗာတန္ (ပါးလ္မီးရပ္စ္)
(ေနာက္တန္း) အဲလက္စ္ ဆန္ဒ႐ို၊ ဒါနီလို၊ ဘရီးမား (ဂ်ဴဗင္တပ္စ္)၊ မားကင္ညိဳ႕စ္ (ပီအက္စ္ဂ်ီ)၊ အဲလက္စ္ တဲလက္စ္ (ဆီဗီလာ)၊ အီဘာညက္ဇ္ (႐ိုးမား)၊ အီဒါ မီလီတို (ရီးရဲလ္မက္ဒရစ္)၊ သီယာဂို ေဆးလ္ဗား (ခ်ဲလ္ဆီး)

(အလယ္တန္း) ဘ႐ူႏို ဂီမာ႐ိုင္းစ္ (နယူးကာဆယ္လ္)၊ ကာစီမီ႐ို၊ ဖရက္ဒ္ (မန္ယူ)၊ ဖာဘင္ညိဳ (လီဗာပူးလ္)၊ လူးကပ္စ္ ပါေကးတာ (ဝက္စ္ဟမ္း)၊ အီဗာတန္ ရီေဘ႐ို (ဖလာမင္ဂို)

(ေရွ႕တန္း) အန္တိုနီ (မန္ယူ)၊ ဖာမီႏို (လီဗာပူးလ္)၊ မားသီးယူးစ္ ကြန္ညာ (အက္သလက္တီကို)၊ ေနမာ (ပီအက္စ္ဂ်ီ)၊ ပက္ဒ႐ို (ဖလာမင္ဂို)၊ ရာဖင္ညာ (ဘာစီလိုနာ)၊ ရစ္ခ်ာလစ္ဆန္ (စပါးစ္)၊ ႐ိုဒရီဂို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာ (ရီးရဲလ္မက္ဒရစ္)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.