La Liga

ဂရစ်ဇ်မန်းဂိုးသွင်းလို့ ပျော်မလို့ရှိသေး ဘာစီလိုနာရဲ့ တရားစွဲတာခံရတော့မယ့် အက်သလက်တီကို

ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီမှာ အပြီးသတ် အပြောင်းအရွှေ့ဖြစ်မြောက်လာတော့မယ့် ဂရစ်ဇ်မန်းရဲ့ အငှားစာချုပ်နဲ့ပတ်သက်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို တရားဥပဒေကြောင်းအရ စွဲဆိုသွားဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကို မက်ဒရစ်ကို ယူရိုသန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် ၂ ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကို မက်ဒရစ်ရဲ့ အလွန် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ယခုရာသီအစမှာတော့ အရာအားလုံးက အလှည့်အပြောင်းဆန်ဆန် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ယခုရာသီ လက်ရှိအချိန်အထိ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းနီးပါးမှာ ဂရစ်ဇ်မန်းဟာ ပွဲကစားချိန် ၆၀ မိနစ်လောက်မှ လူစားဝင်ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး ပေါ်တိုအသင်းဘက်ကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ အခုလို ဂရစ်ဇ်မန်းကို မိနစ် ၆၀ ကျော်မှ လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းရတဲ့အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ အသက် ၃၁ နှစ်အရွယ် ကစားသမားက အသင်းရဲ့ ပွဲစဉ် ၈၀ ရာခိုင်နှုန်းအထိ ကစားပေးခဲ့တာကြောင့်ဖြစ်ပါတယ်။

ကတ်တလန် ထိပ်သီးအသင်းကြီးက အငှားသဘောတူညီမှုဟာ တစ်နှစ်သာဖြစ်ပြီး ဒုတိယနှစ်ထဲမှာ ပွဲစဉ်ရဲ့ ၅၀ ရာခိုင်နှုန်းကစားပေးခဲ့မယ်ဆိုရင် အပြီးသတ် ဝယ်ယူခွင့်က အသက်ဝင်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းကတော့ စာချုပ်ဟာ တစ်နှစ်သာ ဖြစ်ပြီး တစ်နှစ်အတွင်း ကစားခဲ့တဲ့ပွဲပမာဏက အပြီးသတ် ခေါ်ယူရမယ့်အချက်ကို အသက်ဝင်စေမှာမဟုတ်ဘူးလို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဂရစ်ဇ်မန်းအနေနဲ့ ၄ မိနစ်၊ ၂၈ မိနစ် ဒါမှမဟုတ် မိနစ် ၉၀ စလုံး ပါဝင်ကစားသည်ဖြစ်စေ အရေးမပါဘဲ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ၎င်းတို့ကို ယူရိုသန်း ၄၀ ပေးချေဖို့ အကြွေးတင်နေပြီးသားဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ယိုအန်း လာပေါ်တာရဲ့အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဂရစ်ဇ်မန်းကို အပြီးသတ်ခေါ်ယူဖို့အတွက် ၎င်းတို့ကို ယူရိုသန်း ၄၀ ပေးချေနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် တရားဥပဒေကြောင်းအရ စွဲဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဆီမီယွန်နီအသင်းအတွက်လည်း အဲဒါက ပြဿနာတစ်ခုဖြစ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအကြပ်အတည်းဟာ ကမ္ဘာသိ လူသိရှင်ကြားဖြစ်နေပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကတော့ လူသိပ်မသိသေးဘဲ အတွင်းထဲမှာ ကြိတ်ဖြေရှင်းနေခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ် ပထမအသင်းကစားသမား ၅ ဦးဟာ ယခုနွေရာသီမှာ အသင်းကို ကူညီပေးနိုင်ဖို့အတွက် လစာလျှော့ယူခဲ့ရပြီး အဲဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်အသင်းက ဂရစ်ဇ်မန်းကို ၂ နှစ်အငှားစာချုပ်ပြည့်တာနဲ့ အပြီးသတ်ဝယ်ယူရမယ့်အရေးကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ လာမယ့္ ေႏြရာသီမွာ အၿပီးသတ္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာေတာ့မယ့္ ဂရစ္ဇ္မန္းရဲ႕ အငွားစာခ်ဳပ္နဲ႔ပတ္သက္ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းကို တရားဥပေဒေၾကာင္းအရ စြဲဆိုသြားဖို႔ ျပင္ဆင္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂရစ္ဇ္မန္းဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အက္သလက္တီကို မက္ဒရစ္ကို ယူ႐ိုသန္း ၄၀ နဲ႔ အၿပီးသတ္ေခၚယူႏိုင္မယ့္ ၂ ရာသီ အငွားစာခ်ဳပ္နဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ အက္သလက္တီကို မက္ဒရစ္ရဲ႕ အလြန္ အေရးပါတဲ့ ကစားသမားျဖစ္ခဲ့ေပမယ့္ ယခုရာသီအစမွာေတာ့ အရာအားလုံးက အလွည့္အေျပာင္းဆန္ဆန္ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ပြဲစဥ္အပါအဝင္ ယခုရာသီ လက္ရွိအခ်ိန္အထိ ကစားခဲ့တဲ့ ပြဲစဥ္တိုင္းနီးပါးမွာ ဂရစ္ဇ္မန္းဟာ ပြဲကစားခ်ိန္ ၆၀ မိနစ္ေလာက္မွ လူစားဝင္ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ၿပီး ေပၚတိုအသင္းဘက္ကို နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ အခုလို ဂရစ္ဇ္မန္းကို မိနစ္ ၆၀ ေက်ာ္မွ လူစားဝင္ကစားသမားအျဖစ္ ထည့္သြင္းရတဲ့အေၾကာင္းအရင္းကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားက အသင္းရဲ႕ ပြဲစဥ္ ၈၀ ရာခိုင္ႏႈန္းအထိ ကစားေပးခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ကတ္တလန္ ထိပ္သီးအသင္းႀကီးက အငွားသေဘာတူညီမႈဟာ တစ္ႏွစ္သာျဖစ္ၿပီး ဒုတိယႏွစ္ထဲမွာ ပြဲစဥ္ရဲ႕ ၅၀ ရာခိုင္ႏႈန္းကစားေပးခဲ့မယ္ဆိုရင္ အၿပီးသတ္ ဝယ္ယူခြင့္က အသက္ဝင္လာမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ စာခ်ဳပ္ဟာ တစ္ႏွစ္သာ ျဖစ္ၿပီး တစ္ႏွစ္အတြင္း ကစားခဲ့တဲ့ပြဲပမာဏက အၿပီးသတ္ ေခၚယူရမယ့္အခ်က္ကို အသက္ဝင္ေစမွာမဟုတ္ဘူးလို႔ ျငင္းခုံခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကေတာ့ ဂရစ္ဇ္မန္းအေနနဲ႔ ၄ မိနစ္၊ ၂၈ မိနစ္ ဒါမွမဟုတ္ မိနစ္ ၉၀ စလုံး ပါဝင္ကစားသည္ျဖစ္ေစ အေရးမပါဘဲ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ၎တို႔ကို ယူ႐ိုသန္း ၄၀ ေပးေခ်ဖို႔ အေႂကြးတင္ေနၿပီးသားျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ယိုအန္း လာေပၚတာရဲ႕အသင္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ဂရစ္ဇ္မန္းကို အၿပီးသတ္ေခၚယူဖို႔အတြက္ ၎တို႔ကို ယူ႐ိုသန္း ၄၀ ေပးေခ်ႏိုင္ျခင္းမရွိခဲ့ဘူးဆိုရင္ တရားဥပေဒေၾကာင္းအရ စြဲဆိုသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ဆီမီယြန္နီအသင္းအတြက္လည္း အဲဒါက ျပႆနာတစ္ခုျဖစ္ေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရးအၾကပ္အတည္းဟာ ကမာၻသိ လူသိရွင္ၾကားျဖစ္ေနေပမယ့္လည္း အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဘ႑ာေရး အၾကပ္အတည္းကေတာ့ လူသိပ္မသိေသးဘဲ အတြင္းထဲမွာ ႀကိတ္ေျဖရွင္းေနခဲ့တာ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ ပထမအသင္းကစားသမား ၅ ဦးဟာ ယခုေႏြရာသီမွာ အသင္းကို ကူညီေပးႏိုင္ဖို႔အတြက္ လစာေလွ်ာ့ယူခဲ့ရၿပီး အဲဒါေၾကာင့္ပဲ အက္သလက္တီကို မက္ဒရစ္အသင္းက ဂရစ္ဇ္မန္းကို ၂ ႏွစ္အငွားစာခ်ဳပ္ျပည့္တာနဲ႔ အၿပီးသတ္ဝယ္ယူရမယ့္အေရးကို ေရွာင္လႊဲဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.