Premier League UCL&UEL

ယူရိုပါလိဂ်မှာတောင် ဘာမှမလုပ်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုကို လှောင်ပြောင်ခဲ့တဲ့ မက်ဆီဖန်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက ကစားသမားဘဝ ပထမဆုံး ယူရိုပါလိဂ်ပွဲစဉ်မှာ မယုံနိုင်လောက်အောင် အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ဒုတိယမြောက် ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ရီးရဲလ်ဆိုစီဒက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ်လက်ထိဘောကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကနေတဆင့် မန်းဒက်ဇ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပေါင်သန်း ၇၀ တန် ကက်စမီရိုဟာ ပထမဆုံးပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့သလို ရော်နယ်လ်ဒိုကလည်း ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်စစ်ကို ဦးဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီဂန္တဝင် တိုက်စစ်မှူးဟာ အခွင့်အရေး အများအပြား ရရှိခဲ့ပေမယ့်လည်း ဂိုးပေါက်ရှာမတွေ့နိုင်ခဲ့ဘဲ ၁၃ မိနစ်မှာ ဂိုးရှေ့မှာ တစ်ယောက်တည်း အပိုင်အခွင့်အရေးရခဲ့ပေမယ့်လည်း ပြိုင်ဘက်ကစားသမားတွေက ကောင်းကောင်း ပြန်ဆယ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ သိပ်မကြာခင်မှာပဲ အဲရစ်ဆင် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဖြုန်းတီးပစ်ခဲ့ပြန်တာဖြစ်ပြီး ဖြတ်တင်ပေးပို့မှုကို ခါတိုင်းလို ခေါင်းတိုက်စွမ်းရည်မျိုးနဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အဲလက်စ် ရီမီရိုကို ခေါင်းဦးပြီး ခေါင်းတိုက် သွင်းယူနိုင်ခဲ့တဲ့သွင်းဂိုးလည်း လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရဘဲ အလွတ်တည်ကန်ဘော ကန်ခွင့် ရချိန်မှာလည်း လူတံတိုင်းမကျော်ဘဲ ဖရက်ဒ် ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို ကန်သွင်းခဲ့ရာမှာလည်း ဘေးချော်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဟာ ကောင်းမွန်တဲ့ အရည်အသွေးမရှိတာတော့မဟုတ်ဘဲ အခွင့်အရေး အများစုကို အသုံးမချနိုင်ဘဲ ဖြုန်းတီးပစ်ခဲ့တာကြောင့် စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်အတွက် လူမှုကွန်ရက်ပေါ်က ပရိသတ်အချို့ရဲ့ ပြင်းထန်တဲ့ မှတ်ချက်အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။

“သူကတော့ လုံးဝကို ပြီးသွားပြီ။ သူ့ရဲ့ ဖန်တွေလောက်ပဲ တစ်ဖက်ပိတ်နေတာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရော်နယ်လ်ဒိုရဲ့ လွဲချော်မှုတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေရင်း ရေးသားခဲ့ပါတယ်။

“ရော်နယ်လ်ဒို တစ်ဖက်ပိတ်ဖန်တွေကတော့ သူ ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့အခါကျရင် ဒါကို တဝက်တပျက်အခွင့်အရေးတွေလို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ဆိုးရွားတဲ့ ဘောလုံးထိန်းသိမ်းမှုရှိနေခဲ့လို့လေ။ ဟားဟား။ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့တောင် ဒီ လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေ ရရင် သေလောက်တဲ့ ခြိမ်းခြောက်မှု လုပ်နိုင်ဦးမယ်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညက ကစားသမားဘဝ ပထမဆုံး ယူ႐ိုပါလိဂ္ပြဲစဥ္မွာ မယုံႏိုင္ေလာက္ေအာင္ အခြင့္အေရးေတြ ျဖဳန္းတီးပစ္ခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ယခုရာသီမွာ ဒုတိယေျမာက္ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ရီးရဲလ္ဆိုစီဒက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ အျငင္းပြားဖြယ္လက္ထိေဘာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကေနတဆင့္ မန္းဒက္ဇ္သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ ဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ေပါင္သန္း ၇၀ တန္ ကက္စမီ႐ိုဟာ ပထမဆုံးပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့သလို ေရာ္နယ္လ္ဒိုကလည္း ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ ရႈံးနိမ့္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိုက္စစ္ကို ဦးေဆာင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီဂႏၲဝင္ တိုက္စစ္မႉးဟာ အခြင့္အေရး အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ဂိုးေပါက္ရွာမေတြ႕ႏိုင္ခဲ့ဘဲ ၁၃ မိနစ္မွာ ဂိုးေရွ႕မွာ တစ္ေယာက္တည္း အပိုင္အခြင့္အေရးရခဲ့ေပမယ့္လည္း ၿပိဳင္ဘက္ကစားသမားေတြက ေကာင္းေကာင္း ျပန္ဆယ္ယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ သိပ္မၾကာခင္မွာပဲ အဲရစ္ဆင္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ျဖဳန္းတီးပစ္ခဲ့ျပန္တာျဖစ္ၿပီး ျဖတ္တင္ေပးပို႔မႈကို ခါတိုင္းလို ေခါင္းတိုက္စြမ္းရည္မ်ိဳးနဲ႔ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အဲလက္စ္ ရီမီ႐ိုကို ေခါင္းဦးၿပီး ေခါင္းတိုက္ သြင္းယူႏိုင္ခဲ့တဲ့သြင္းဂိုးလည္း လူကြၽံေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ သတ္မွတ္ျခင္းမခံခဲ့ရဘဲ အလြတ္တည္ကန္ေဘာ ကန္ခြင့္ ရခ်ိန္မွာလည္း လူတံတိုင္းမေက်ာ္ဘဲ ဖရက္ဒ္ ျပန္ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ကန္သြင္းခဲ့ရာမွာလည္း ေဘးေခ်ာ္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ဟာ ေကာင္းမြန္တဲ့ အရည္အေသြးမရွိတာေတာ့မဟုတ္ဘဲ အခြင့္အေရး အမ်ားစုကို အသုံးမခ်ႏိုင္ဘဲ ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ စိတ္ပ်က္ဖြယ္စြမ္းေဆာင္ရည္အတြက္ လူမႈကြန္ရက္ေပၚက ပရိသတ္အခ်ိဳ႕ရဲ႕ ျပင္းထန္တဲ့ မွတ္ခ်က္အမ်ားအျပား ရရွိခဲ့တာျဖစ္ပါတယ္။

“သူကေတာ့ လုံးဝကို ၿပီးသြားၿပီ။ သူ႔ရဲ႕ ဖန္ေတြေလာက္ပဲ တစ္ဖက္ပိတ္ေနတာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရာ္နယ္လ္ဒိုရဲ႕ လြဲေခ်ာ္မႈေတြကို စုစည္းထားတဲ့ ဗီဒီယိုဖိုင္ကို မွ်ေဝရင္း ေရးသားခဲ့ပါတယ္။

“ေရာ္နယ္လ္ဒို တစ္ဖက္ပိတ္ဖန္ေတြကေတာ့ သူ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္တဲ့အခါက်ရင္ ဒါကို တဝက္တပ်က္အခြင့္အေရးေတြလို႔ ေခၚၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔မွာ ဆိုး႐ြားတဲ့ ေဘာလုံးထိန္းသိမ္းမႈရွိေနခဲ့လို႔ေလ။ ဟားဟား။ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ေတာင္ ဒီ လြဲေခ်ာ္ခဲ့တဲ့ အခြင့္အေရးေတြ ရရင္ ေသေလာက္တဲ့ ၿခိမ္းေျခာက္မႈ လုပ္ႏိုင္ဦးမယ္”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.