Premier League

အဲလိဇဘက်ဘုရင်မကြီးနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်းတို့ကြားထဲက အမှတ်တရအဖြစ်အပျက်

အာဆင်နယ်အသင်းရဲ့ ဗြိတိန်တော်ဝင် ဘပ်ကင်ဟမ်နန်းတော်ကို သွားရောက်လည်ပတ်ခဲ့စဉ်က ဘုရင်မကြီး အဲလစ်ဇဘက် မွေးမြူထားတဲ့ ကော်ဂီခွေးကလေးတွေကို တွေ့လိုက်ရစဉ်မှာ အဲ့ဒီအချိန်က ကစားသမား အီမန်ညူယယ် အီဘူယေးအနေနဲ့ ဘောလုံးဆက်မကစားချင်တော့ဘဲ ခွေးကျောင်းသမားလုပ်လိုက်ချင်ပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတုန်းက အာဆင်နယ်အသင်းအနေနဲ့ ဘပ်ကင်ဟမ်နန်းတော်ကို တစ်သင်းလုံး သွားရောက်လည်ပတ်ခွင့် ရရှိခဲ့တာဖြစ်ပြီး နည်းပြကြီး အာဆင် ဝင်းဂါးအပါအဝင် အသင်းခေါင်းဆောင် သီယာရီ အွန်နရီနဲ့အတူ ရောက်ရှိခဲ့စဉ်မှာ အိုင်ဗရီကို့စ်နောက်ခံလူက သူ့ရဲ့ ဘောလုံးစွမ်းရည်အပြင် ဟာသစွမ်းရည် ကိုပါ ပြသခဲ့တာပါ။

တယ်လီဂရပ်ဖ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အီဘူယေးက “ကျွန်တော်တို့ နန်းတော်ကို ရောက်ခဲ့တော့ သီယာရီ အွန်နရီက သတိပေးတယ်။ အီမန်ညူယယ်… ကျေးဇူးပြုပြီး ဒီမှာ ဘာမှ မဟုတ်တာ မလုပ်ပါနဲ့။ ဒါက ဘပ်ကင်ဟမ်နန်းတော်… ဘုရင်မကြီးရဲ့ အိမ်တော်ကွလို့ သူက ပြောခဲ့ပြီး ကျွန်တော်ကလည်း စိတ်မပူပါနဲ့၊ ဘာမှ ပြဿနာမရှိပါဘူး”လို့ ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

“အဲဒီနောက်တော့ ဘုရင်မကြီးက ဝင်လာပြီး ကစားသမားတစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်တာပေါ့ဗျာ။ အားလုံးနှုတ်ဆက်ပြီးတော့ သူနဲ့ ပါလာတဲ့ ကော်ဂီခွေးကလေးတွေကို မြင်တော့ ကျွန်တော်လည်း မနေနိုင်တော့ဘူး… Ma’am, Ma’am လို့ လှမ်းခေါ်လိုက်မိတယ်”

“သူက ပြန်လှည့်လာပြီး နေကောင်းလားတဲ့။ ကျွန်တော်လည်း ကောင်းပါတယ်၊ ဒါပေမယ့်ဗျာ… ကျွန်တော်က ဘောလုံးသမား ဆက်ပြီး မဖြစ်ချင်တော့ဘူး။ အဲ့ဒါ ကျွန်တော် ဘုရင်မကြီးရဲ့ ခွေးတွေကို ထိန်းပေးလို့ရမလား… သူတို့ကို ကျောင်းပေးမယ်၊ ရေချိုးပေးမယ်၊ အစာကျွေးပေးမယ်လေ။ ကျွန်တော့်ရဲ့ ခွေးအသက်မွေးဝမ်းကျောင်းကို စချင်ပါတယ်လို့ ပြောလိုက်တော့ အားလုံး ဝိုင်းရယ်ကုန်ကြတာပဲ”

“ဘုရင်မကြီးကလည်း ရာဇဣန္ဒြေတောင် မဆောင်တော့ပါဘူး… မပြုံးဘဲ ဝါးလုံးကွဲကို ရယ်တော့ပဲ… သူ့ကြင်ယာတော် မင်းသားကြီး ဖိလစ်လည်း အတူတူပဲ။ ကျွန်တော်တို့ အာဆင်နယ်အသင်းသားတွေရောပေါ့”လို့ ဂန်းနားတွေအတွက် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ၂၁၉ ပွဲကစားပေးခဲ့ပြီး ၉ ဂိုးသွင်းယူပေးခဲ့တဲ့ အိုင်ဗရီကို့စ်သားက သူ့ရဲ့ နန်းတော်အလည်ရောက် အတွေ့အကြုံကို ပြောပြသွားခဲ့တာပါ။

ဘုရင်မကြီး အဲလစ်ဇဘက် မွေးမြူထားခဲ့တဲ့ ကော်ဂီခွေးကလေးတွေကတော့ လူမှုစာမျက်နှာတွေမှာလည်း နာမည်ကြီးပြီး Queen’s Corgi လို့ ကာတွန်းရုပ်ရှင်တစ်ကားပါ ထွက်ရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သလို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံနဲ့ အီဘူယေးရဲ့ ရယ်စရာကောင်းတဲ့ ပုံစံက အားလုံးအတွက် ဟာသတစ်ခုဖြစ်ခဲ့ကြောင်း အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ၿဗိတိန္ေတာ္ဝင္ ဘပ္ကင္ဟမ္နန္းေတာ္ကို သြားေရာက္လည္ပတ္ခဲ့စဥ္က ဘုရင္မႀကီး အဲလစ္ဇဘက္ ေမြးျမဴထားတဲ့ ေကာ္ဂီေခြးကေလးေတြကို ေတြ႕လိုက္ရစဥ္မွာ အဲ့ဒီအခ်ိန္က ကစားသမား အီမန္ညဴယယ္ အီဘူေယးအေနနဲ႔ ေဘာလုံးဆက္မကစားခ်င္ေတာ့ဘဲ ေခြးေက်ာင္းသမားလုပ္လိုက္ခ်င္ၿပီလို႔ ေျပာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီတုန္းက အာဆင္နယ္အသင္းအေနနဲ႔ ဘပ္ကင္ဟမ္နန္းေတာ္ကို တစ္သင္းလုံး သြားေရာက္လည္ပတ္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး နည္းျပႀကီး အာဆင္ ဝင္းဂါးအပါအဝင္ အသင္းေခါင္းေဆာင္ သီယာရီ အြန္နရီနဲ႔အတူ ေရာက္ရွိခဲ့စဥ္မွာ အိုင္ဗရီကို႔စ္ေနာက္ခံလူက သူ႔ရဲ႕ ေဘာလုံးစြမ္းရည္အျပင္ ဟာသစြမ္းရည္ ကိုပါ ျပသခဲ့တာပါ။

တယ္လီဂရပ္ဖ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴးမွာ အီဘူေယးက “ကြၽန္ေတာ္တို႔ နန္းေတာ္ကို ေရာက္ခဲ့ေတာ့ သီယာရီ အြန္နရီက သတိေပးတယ္။ အီမန္ညဴယယ္… ေက်းဇူးျပဳၿပီး ဒီမွာ ဘာမွ မဟုတ္တာ မလုပ္ပါနဲ႔။ ဒါက ဘပ္ကင္ဟမ္နန္းေတာ္… ဘုရင္မႀကီးရဲ႕ အိမ္ေတာ္ကြလို႔ သူက ေျပာခဲ့ၿပီး ကြၽန္ေတာ္ကလည္း စိတ္မပူပါနဲ႔၊ ဘာမွ ျပႆနာမရွိပါဘူး”လို႔ ျပန္ေျပာင္းေျပာျပသြားခဲ့ပါတယ္။

“အဲဒီေနာက္ေတာ့ ဘုရင္မႀကီးက ဝင္လာၿပီး ကစားသမားတစ္ဦးခ်င္းကို လက္ဆြဲႏႈတ္ဆက္တာေပါ့ဗ်ာ။ အားလုံးႏႈတ္ဆက္ၿပီးေတာ့ သူနဲ႔ ပါလာတဲ့ ေကာ္ဂီေခြးကေလးေတြကို ျမင္ေတာ့ ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘူး… Ma’am, Ma’am လို႔ လွမ္းေခၚလိုက္မိတယ္”

“သူက ျပန္လွည့္လာၿပီး ေနေကာင္းလားတဲ့။ ကြၽန္ေတာ္လည္း ေကာင္းပါတယ္၊ ဒါေပမယ့္ဗ်ာ… ကြၽန္ေတာ္က ေဘာလုံးသမား ဆက္ၿပီး မျဖစ္ခ်င္ေတာ့ဘူး။ အဲ့ဒါ ကြၽန္ေတာ္ ဘုရင္မႀကီးရဲ႕ ေခြးေတြကို ထိန္းေပးလို႔ရမလား… သူတို႔ကို ေက်ာင္းေပးမယ္၊ ေရခ်ိဳးေပးမယ္၊ အစာေကြၽးေပးမယ္ေလ။ ကြၽန္ေတာ့္ရဲ႕ ေခြးအသက္ေမြးဝမ္းေက်ာင္းကို စခ်င္ပါတယ္လို႔ ေျပာလိုက္ေတာ့ အားလုံး ဝိုင္းရယ္ကုန္ၾကတာပဲ”

“ဘုရင္မႀကီးကလည္း ရာဇဣေျႏၵေတာင္ မေဆာင္ေတာ့ပါဘူး… မၿပဳံးဘဲ ဝါးလုံးကြဲကို ရယ္ေတာ့ပဲ… သူ႔ၾကင္ယာေတာ္ မင္းသားႀကီး ဖိလစ္လည္း အတူတူပဲ။ ကြၽန္ေတာ္တို႔ အာဆင္နယ္အသင္းသားေတြေရာေပါ့”လို႔ ဂန္းနားေတြအတြက္ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အတြင္းမွာ ၂၁၉ ပြဲကစားေပးခဲ့ၿပီး ၉ ဂိုးသြင္းယူေပးခဲ့တဲ့ အိုင္ဗရီကို႔စ္သားက သူ႔ရဲ႕ နန္းေတာ္အလည္ေရာက္ အေတြ႕အႀကဳံကို ေျပာျပသြားခဲ့တာပါ။

ဘုရင္မႀကီး အဲလစ္ဇဘက္ ေမြးျမဴထားခဲ့တဲ့ ေကာ္ဂီေခြးကေလးေတြကေတာ့ လူမႈစာမ်က္ႏွာေတြမွာလည္း နာမည္ႀကီးၿပီး Queen’s Corgi လို႔ ကာတြန္း႐ုပ္ရွင္တစ္ကားပါ ထြက္ရွိခဲ့တဲ့အထိ ေအာင္ျမင္ခဲ့သလို သူတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပုံစံနဲ႔ အီဘူေယးရဲ႕ ရယ္စရာေကာင္းတဲ့ ပုံစံက အားလုံးအတြက္ ဟာသတစ္ခုျဖစ္ခဲ့ေၾကာင္း အမွတ္တရအေနနဲ႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.