Premier League

ဘုရင်မကြီးက လူမျိုးရေးခွဲခြားသူလို့ မူးမူးနဲ့ ပို့စ်တင်ပြီး ပြန်ဖျက်သွားတဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း

talkSPORT ရဲ့လက်ရှိ ဘောလုံးဝေဖန်သူ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ကြာသပတေးနေ့ညမှာ နတ်ရွာစံ ကံတော်ကုန်သွားတဲ့ အင်္ဂလန်နိုင်ငံ ဘုရင်မကြီး အဲလိဇဘက်ဟာ လူမျိုးရေးခွဲခြားမှုတွေကို မြင့်တက်လာအောင် ခွင့်ပြုခဲ့သူလို့ စွပ်စွဲခဲ့ပြီးနောက် လက်ရှိမှာ ဘောလုံးဝေဖန်သူနဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းနေတယ်လို့ talkSPORT က ကြေညာခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘက် ၂ ဟာ ကြာသပတေးနေ့က ဘယ်လ်မိုရယ်လ်မှာ သက်တော် ၉၆ နှစ်အရွယ်မှာ ငြိမ်းချမ်းစွာ နတ်ရွာစံသွားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ထီးနန်းစိုးစံမှုကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ကာလရှည်အုပ်စိုးခဲ့တဲ့ ဘုရင်မကြီး ကံတော်ကုန်မှုကြောင့် နိုင်ငံတော်အဆင့် ပူဆွေးဝမ်းနည်းဖွယ်ကာလ ၁၀ ရက် သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးက ဘုရင်မကြီး နတ်ရွာစံခဲ့မှုအပေါ် လေးစားမှုရှိရှိနဲ့ နှုတ်ဆက်ဂုဏ်ပြုုခဲ့ပေမယ့်လည်း ဆင်ကလဲကတော့ မတူညီတဲ့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“အင်္ဂလန်မှာ ၁၉၆၀ ကာလတွေတုန်းက လူမျိုးရေးခွဲခြားမှုတွေက တရားဝင်ဖြစ်ခဲ့ပြီး ကြီးထွားလာအောင် ခွင့်ပြုခြင်းခံခဲ့ရပါတယ်။ အဲဒီတော့ ဘာကြောင့် လူမည်းတွေနဲ့ လူညိုတွေက ဝမ်းနည်းပူဆွေးရမှာလဲ”လို့ ဆင်ကလဲက တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် အင်္ဂလန် ကစားသမားဟောင်းရဲ့ မှတ်ချက်ဟာ လူမှုကွန်ရက်ပေါ်မှာ ကြီးမားတဲ့ ဒေါသအိုးပေါက်ကွဲမှုတွေကို ဖြစ်ပေါ်စေခဲ့တာကြောင့် ၎င်းရဲ့ အလုပ်ရှင်တွေဖြစ်တဲ့ talkSPORT က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ အတည်ပြုပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ထရယ်ဗာ ဆင်ကလဲနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ talkSPORT က ဒီလိုအမြင်တွေ ထုတ်ဖော်ပြောဆိုတာမျိုး အားပေးထောက်ခံခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဆင်ကလဲဟာ talkSPORT ရဲ့ အမျိုးမျိုးသော အစီအစဉ်တွေမှာ ပုံမှန်တင်ဆက်လေ့ရှိသူဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ် ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်နဲ့ တွဲဖော်တွဲဖက်တစ်ဦးလည်း ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုင်မွန် ဂျော်ဒန်က ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်ဆီက မှတ်ချက်စကားကြောင့် တုန်လှုပ်ခဲ့ရပြီး မန်စီးတီး၊ ဝက်စ်ဟမ်း၊ ကျူပီအာတောင်ပံကစားသမားဟာ အမြင်ကွဲလွဲမှုတွေကို ဖြစ်စေသူလို့ စွပ်စွဲခဲ့ပါတယ်။ “ထရယ်ဗာ ငါကတော့ ဒါက ကျိုးကြောင်းဆီလျော်တဲ့အတွေးလို့ တကယ် မသေချာပါဘူး။ ကိုယ့်ဘာသာတစ်ယောက်တည်း မြင်ရအောင်ပဲ တင်ပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: talkSPORT ရဲ႕လက္ရွိ ေဘာလုံးေဝဖန္သူ အဂၤလန္လက္ေ႐ြးစင္ေဟာင္းဟာ ၾကာသပေတးေန႔ညမွာ နတ္႐ြာစံ ကံေတာ္ကုန္သြားတဲ့ အဂၤလန္ႏိုင္ငံ ဘုရင္မႀကီး အဲလိဇဘက္ဟာ လူမ်ိဳးေရးခြဲျခားမႈေတြကို ျမင့္တက္လာေအာင္ ခြင့္ျပဳခဲ့သူလို႔ စြပ္စြဲခဲ့ၿပီးေနာက္ လက္ရွိမွာ ေဘာလုံးေဝဖန္သူနဲ႔ အဆက္အသြယ္ရဖို႔ ႀကိဳးပမ္းေနတယ္လို႔ talkSPORT က ေၾကညာခဲ့ပါတယ္။

ဘုရင္မႀကီး အဲလိဇဘက္ ၂ ဟာ ၾကာသပေတးေန႔က ဘယ္လ္မိုရယ္လ္မွာ သက္ေတာ္ ၉၆ ႏွစ္အ႐ြယ္မွာ ၿငိမ္းခ်မ္းစြာ နတ္႐ြာစံသြားခဲ့တာျဖစ္ၿပီး ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ထီးနန္းစိုးစံမႈကို အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။

ကာလရွည္အုပ္စိုးခဲ့တဲ့ ဘုရင္မႀကီး ကံေတာ္ကုန္မႈေၾကာင့္ ႏိုင္ငံေတာ္အဆင့္ ပူေဆြးဝမ္းနည္းဖြယ္ကာလ ၁၀ ရက္ သတ္မွတ္ထားၿပီး တစ္ႏိုင္ငံလုံးက ဘုရင္မႀကီး နတ္႐ြာစံခဲ့မႈအေပၚ ေလးစားမႈရွိရွိနဲ႔ ႏႈတ္ဆက္ဂုဏ္ျပဳုခဲ့ေပမယ့္လည္း ဆင္ကလဲကေတာ့ မတူညီတဲ့ ခ်ဥ္းကပ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“အဂၤလန္မွာ ၁၉၆၀ ကာလေတြတုန္းက လူမ်ိဳးေရးခြဲျခားမႈေတြက တရားဝင္ျဖစ္ခဲ့ၿပီး ႀကီးထြားလာေအာင္ ခြင့္ျပဳျခင္းခံခဲ့ရပါတယ္။ အဲဒီေတာ့ ဘာေၾကာင့္ လူမည္းေတြနဲ႔ လူညိဳေတြက ဝမ္းနည္းပူေဆြးရမွာလဲ”လို႔ ဆင္ကလဲက တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္အ႐ြယ္ အဂၤလန္ ကစားသမားေဟာင္းရဲ႕ မွတ္ခ်က္ဟာ လူမႈကြန္ရက္ေပၚမွာ ႀကီးမားတဲ့ ေဒါသအိုးေပါက္ကြဲမႈေတြကို ျဖစ္ေပၚေစခဲ့တာေၾကာင့္ ၎ရဲ႕ အလုပ္ရွင္ေတြျဖစ္တဲ့ talkSPORT က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီျဖစ္တယ္လို႔ အတည္ျပဳၿပီး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ထရယ္ဗာ ဆင္ကလဲနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးပမ္းေနခဲ့ပါတယ္။ talkSPORT က ဒီလိုအျမင္ေတြ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး အားေပးေထာက္ခံျခင္းမရွိဘဲ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါၿပီ”လို႔ တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။ ဆင္ကလဲဟာ talkSPORT ရဲ႕ အမ်ိဳးမ်ိဳးေသာ အစီအစဥ္ေတြမွာ ပုံမွန္တင္ဆက္ေလ့ရွိသူျဖစ္ၿပီး ခရစၥတယ္ ပဲေလ့စ္ ဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္နဲ႔ တြဲေဖာ္တြဲဖက္တစ္ဦးလည္း ျဖစ္ပါတယ္။

အသက္ ၅၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆိုင္မြန္ ေဂ်ာ္ဒန္က ၎ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ဆီက မွတ္ခ်က္စကားေၾကာင့္ တုန္လႈပ္ခဲ့ရၿပီး မန္စီးတီး၊ ဝက္စ္ဟမ္း၊ က်ဴပီအာေတာင္ပံကစားသမားဟာ အျမင္ကြဲလြဲမႈေတြကို ျဖစ္ေစသူလို႔ စြပ္စြဲခဲ့ပါတယ္။ “ထရယ္ဗာ ငါကေတာ့ ဒါက က်ိဳးေၾကာင္းဆီေလ်ာ္တဲ့အေတြးလို႔ တကယ္ မေသခ်ာပါဘူး။ ကိုယ့္ဘာသာတစ္ေယာက္တည္း ျမင္ရေအာင္ပဲ တင္ပါ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.