Article

လီဗာပူး-အာဆင်နယ် ကွန်မြူနတီဒိုင်းပွဲကြိုသုံးသပ်ချက်

ပြည်တွင်းပွဲတစ်ပွဲကို အာဆင်နယ် နောက်ဆုံးကစားခဲ့တာဟာ သြဂုတ်လ ၁ ရက်နေ့က ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲပါ။ အခု သြဂုတ်လမကုန်ခင်မှာပဲ ရာသီသစ်အဖွင့်ပွဲတစ်ပွဲကို အာဆင်နယ် ပြန်ကစားရပါတော့မယ်။ မန်ချက်စတာနှစ်သင်း ဥရောပပွဲတွေ ကစားခဲ့ရလို့ သူတို့နှစ်သင်းရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေကို ရက်ရွှေ့ပေးခဲ့ရာမှာ ဘောလုံးရာသီ ၂ခုအကြား နားရက်အနည်းဆုံးက အာဆင်နယ် ဖြစ်သွားပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲကို သြဂုတ်လ ၂၉ရက်၊ စနေနေ့မှာ ကစားသွားမှာဖြစ်တာကြောင့် ပုံမှန်အားဖြင့် ဘောလုံးရာသီသစ်မစခင် တစ်ပတ်အလိုမှာ ကစားလေ့ရှိတဲ့ ကွန်မြူနတီဒိုင်းပွဲရဲ့အစဉ်အလာတစ်ခု လည်းပျက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မတူညီတဲ့ ပြည်တွင်းဆုဖလားတွေကို လီဗာပူးနဲ့ အာဆင်နယ်တို့နှစ်သင်း ဆွတ်ခူးနိုင်ခဲ့ရာမှာ ပုံစံမတူပါဘူး။ ၂၀၁၉ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက စပါးကိုနိုင်ပြီး ဗိုလ်စွဲခဲ့တာနဲ့ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရီးရဲလ်မက်ဒရစ်တို့ကို ရှုံးခဲ့တာဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ လီဗာပူးရဲ့ အောင်မြင်မှု ဆာလောင်စိတ်ကို အမြင့်ဆုံးဖြစ်အောင် တွန်းအားပို့ခဲ့ပါတယ်။ ဒီကြားထဲ ၂၀၁၈-၁၉ရာသီက ပရီးမီးယားလိဂ်မှာပါ မန်စီးတီးအသင်းထက် တစ်မှတ်လျှော့နဲ့ ဒုတိယနေရာပဲ ပန်းဝင်နိုင်ခဲ့တာကြောင့် ယာဂန်ကလော့ပ်နဲ့ သူ့ကစားသမားတွေအတွက် ၂၀၁၉-၂၀ ရာသီမှာ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို မဖြစ်မနေ ယူရဖို့ တွန်းအားဖြစ်သွားစေခဲ့ပါတယ်။ တစ်နည်းအားဖြင့် ရာသီသိမ်းဖို့ ၇ပွဲလောက်အလိုကတည်းက လီဗာပူး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ အသင်းစိတ်ဓါတ်က အရမ်းအရေးပါခဲ့တာကို ပြောချင်တာပါ။

အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၄ကြိမ်အထိ အာဆင်နယ် စံချိန်တင် ဆွတ်ခူးခဲ့တဲ့အောင်မြင်မှုကတော့ ပုံစံမတူပါဘူး။ အူနိုင်းအမ်မရီကို ထုတ်ပယ်ခဲ့ပြီးနောက် ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို နည်းပြ မိုက်ကယ်အာတေးတားနဲ့အတူ ဖြတ်သန်းခဲ့ရပါတယ်။ ဒီလို ဖြတ်သန်းခဲ့ရချိန်အတွင်း အသင်းခေါင်းဆောင် အော်ဘာမီယန်ရဲ့သွင်းဂိုးတွေဟာ အက်ဖ်အေချန်ပီယံ ဖြစ်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ အက်ဖ်အေဖလားကို ဘယ်သူမှ မထင်မှတ်ဘဲ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်သွားခဲ့ပါတယ်။ဘောလုံးရေးရာကို ဦးစီးခြယ်လှယ်နေတဲ့ ရာအူးလ်ဆန်းလီဟီဟာ အာဆင်နယ်အသင်းကနေ ထွက်သွားခဲ့ပြီးနောက် သူ့နေရာကို မန်နေဂျင်းဒါရိုက်တာ ဗန်ကက်တေးရှမ် က ဆက်ခံခဲ့ချိန်မှာ နည်းပြ အာတီတာရဲ့ သြဇာက ပိုကြီးလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဈေးကွက်ထဲ ကစားသမားသစ်ခေါ်ရာမှာ နည်းပြ အာတေးတာရဲ့သဘောထားက ပို အရေးပါတယ်။

လတ်တလောမှာ ဝီလျံ တစ်ဦးတည်းကိုပဲ အပြီးသတ်ခေါ်နိုင်ခဲ့သေးပေမယ့် ပြီးခဲ့တဲ့ရာသီက စိန့်အက်တီယန်ကို အငှားချခဲ့တဲ့ ပြင်သစ်လူငယ်နောက်ခံလူ ဆာလီဘာ ရောက်လာတဲ့ ဗဟိုခံစစ်က အရင်ရာသီကထက် ပိုတောင့်လာဖို့ရှိပါတယ်။ ဘရာဇီးလူငယ်နောက်ခံလူ ဂါဘရီရယ်မန်ဂါဟေးစ်ကို လည်း အာဆင်နယ်ဂျာစီနဲ့ မမြင်ရသေးပေမယ့် အပြောင်းအရွှေ့ကိစ္စ အောင်မြင်သွားပြီလို့ ပြောနိုင် တဲ့အဆင့်ပါ။ ဒီတော့ ဗာမဲလန်းနဲ့ ကိုစီရယ်နီတို့ ဗဟိုခံစစ်အတွဲခေတ်အလွန်မှာ အတောင့်တင်းဆုံး အာဆင်နယ်ခံစစ်ကို တစ်ကျော့ပြန် မြင်ရမလားလို့ မျှော်လင့်စရာတော့ရှိနေပါတယ်။

ဒီအတောအတွင်း လီဗာပူးကတော့ ပြီးခဲ့တဲ့ ၂ရာသီအတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကိုပဲ အထိုင်မဖျက် ဆက်ထိန်းပြီး သြစတြီးယားမှာ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ ဂရိနောက်ခံလူ ဆီမီကက်စ်ကို ခေါ်ထားပေမယ့် တကယ်တမ်း ရာသီစရင်တော့ မနှစ်ကအထိုင်ပဲ ဆက်သုံးဦးမှာပါ။ တစ်ချိန်တည်းမှာပဲ ယာဂန်ကလော့ပ် စင်တင်ခဲ့တဲ့ နီကိုဝီလျံ၊ ကာတစ်ဂျုံးစ်၊ ဟာဗေး အီးလီယော့နဲ့ ဘရူးစတားတို့ဟာ ရာသီသစ်မှာ ပိုနေရာရဖို့ရှိပါတယ်။ ရာသီသစ်ဆိုတာထက် အခုလို ကွန်မြူနတီဒိုင်းပွဲမှာ သူတို့လေးတွေ ပိုနေရာရသင့်တယ်ထင်ပါတယ်။

လီဗာပူးရဲ့မနှစ်က ခြေစွမ်းနဲ့ အသစ်ပြန်လည်တည်ဆောက်ဖို့ ပြင်ခါစ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းအကြား ကွာဟချက်များစွာရှိနိုင်တာကို မပြောလိုပါဘူး။ ဒီကြားထဲ နားရက်နဲ့ ပြင်ဆင်ချိန်မှာလည်း လီဗာပူးက ပိုရခဲ့တော့ အာဆင်နယ်နဲ့ အာတေးတားတို့အတွက် ခက်ခဲမယ့် ရာသီအဖွင့်ပွဲဖြစ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒဏ်ရာပြဿနာရှိနေတဲ့ ဂျော်ဒန်ဟန်ဒါဆန်၊ အောက်စ်လိတ်ချိန်ဘာလိန်၊ ဂျိုယယ်မာတစ်နဲ့ အလက်ဇန်းဒါးအာနိုးတို့နေရာမှာ လီဗာပူး လူငယ်ကစားသမားတွေ ပါလာနိုင်တာကို သတိပြုရပါမယ်။

အဓိကကတော့ နည်းပြနှစ်ဦးစလုံးဟာ ဘောလုံးရာသီ၂ခုအကြား နားရက်အရမ်းနည်းခဲ့တာကြောင့် ကွန်မြူနတီဒိုင်းပွဲကို သာမန်ခြေစွမ်းတစ်ပွဲထက်ပိုပြီး မျှော်လင့်ထားမယ်မထင်ပါဘူး။ ဘောလုံးရာသီသိမ်းခါနီး မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို နိုင်ခဲ့တုန်းကလိုမျိုး မထင်မှတ်တဲ့ ရလဒ်တစ်ခုကို အာဆင်နယ် ဆက်လက်ဖန်တီးနိုင်မလား၊ ယာဂန်ကလော့ပ်ရဲ့အသင်းကပဲ ရာသီအစပိုင်းတွေမှာ အာဆင်နယ်ကို ဂိုးပြတ်နိုင်နေကြအတိုင်း ဆက်နိုင်သွားမလားဆိုတဲ့မေးခွန်းနဲ့အတူ ပရိသတ်မပါတဲ့ ဝင်ဘလေကွင်းက ပွဲစဉ်တစ်ပွဲကို ကြည့်ရပါတော့မယ်။

PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပည္တြင္းပြဲတစ္ပြဲကို အာဆင္နယ္ ေနာက္ဆုံးကစားခဲ့တာဟာ ၾသဂုတ္လ ၁ ရက္ေန႔က ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲပါ။ အခု ၾသဂုတ္လမကုန္ခင္မွာပဲ ရာသီသစ္အဖြင့္ပြဲတစ္ပြဲကို အာဆင္နယ္ ျပန္ကစားရပါေတာ့မယ္။ မန္ခ်က္စတာႏွစ္သင္း ဥေရာပပြဲေတြ ကစားခဲ့ရလို႔ သူတို႔ႏွစ္သင္းရဲ႕ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ေတြကို ရက္ေ႐ႊ႕ေပးခဲ့ရာမွာ ေဘာလုံးရာသီ ၂ခုအၾကား နားရက္အနည္းဆုံးက အာဆင္နယ္ ျဖစ္သြားပါတယ္။ အာဆင္နယ္နဲ႔ လီဗာပူးတို႔ရဲ႕ ကြန္ျမဴနတီဒိုင္းပြဲကို ၾသဂုတ္လ ၂၉ရက္၊ စေနေန႔မွာ ကစားသြားမွာျဖစ္တာေၾကာင့္ ပုံမွန္အားျဖင့္ ေဘာလုံးရာသီသစ္မစခင္ တစ္ပတ္အလိုမွာ ကစားေလ့ရွိတဲ့ ကြန္ျမဴနတီဒိုင္းပြဲရဲ႕အစဥ္အလာတစ္ခု လည္းပ်က္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက မတူညီတဲ့ ျပည္တြင္းဆုဖလားေတြကို လီဗာပူးနဲ႔ အာဆင္နယ္တို႔ႏွစ္သင္း ဆြတ္ခူးႏိုင္ခဲ့ရာမွာ ပုံစံမတူပါဘူး။ ၂၀၁၉ခုႏွစ္၊ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက စပါးကိုႏိုင္ၿပီး ဗိုလ္စြဲခဲ့တာနဲ႔ ၂၀၁၈ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက ရီးရဲလ္မက္ဒရစ္တို႔ကို ရႈံးခဲ့တာဟာ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲမွာ လီဗာပူးရဲ႕ ေအာင္ျမင္မႈ ဆာေလာင္စိတ္ကို အျမင့္ဆုံးျဖစ္ေအာင္ တြန္းအားပို႔ခဲ့ပါတယ္။ ဒီၾကားထဲ ၂၀၁၈-၁၉ရာသီက ပရီးမီးယားလိဂ္မွာပါ မန္စီးတီးအသင္းထက္ တစ္မွတ္ေလွ်ာ့နဲ႔ ဒုတိယေနရာပဲ ပန္းဝင္ႏိုင္ခဲ့တာေၾကာင့္ ယာဂန္ကေလာ့ပ္နဲ႔ သူ႔ကစားသမားေတြအတြက္ ၂၀၁၉-၂၀ ရာသီမွာ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုကို မျဖစ္မေန ယူရဖို႔ တြန္းအားျဖစ္သြားေစခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ရာသီသိမ္းဖို႔ ၇ပြဲေလာက္အလိုကတည္းက လီဗာပူး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ အသင္းစိတ္ဓါတ္က အရမ္းအေရးပါခဲ့တာကို ေျပာခ်င္တာပါ။

အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ၁၄ႀကိမ္အထိ အာဆင္နယ္ စံခ်ိန္တင္ ဆြတ္ခူးခဲ့တဲ့ေအာင္ျမင္မႈကေတာ့ ပုံစံမတူပါဘူး။ အူႏိုင္းအမ္မရီကို ထုတ္ပယ္ခဲ့ၿပီးေနာက္ ခက္ခဲတဲ့ ေဘာလုံးရာသီတစ္ခုကို နည္းျပ မိုက္ကယ္အာေတးတားနဲ႔အတူ ျဖတ္သန္းခဲ့ရပါတယ္။ ဒီလို ျဖတ္သန္းခဲ့ရခ်ိန္အတြင္း အသင္းေခါင္းေဆာင္ ေအာ္ဘာမီယန္ရဲ႕သြင္းဂိုးေတြဟာ အက္ဖ္ေအခ်န္ပီယံ ျဖစ္ဖို႔ တြန္းအားျဖစ္ခဲ့ပါတယ္။ အက္ဖ္ေအဖလားကို ဘယ္သူမွ မထင္မွတ္ဘဲ ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းမွာ အေျပာင္းအလဲေတြ ဆက္တိုက္ျဖစ္သြားခဲ့ပါတယ္။ေဘာလုံးေရးရာကို ဦးစီးျခယ္လွယ္ေနတဲ့ ရာအူးလ္ဆန္းလီဟီဟာ အာဆင္နယ္အသင္းကေန ထြက္သြားခဲ့ၿပီးေနာက္ သူ႔ေနရာကို မန္ေနဂ်င္းဒါ႐ိုက္တာ ဗန္ကက္ေတးရွမ္က ဆက္ခံခဲ့ခ်ိန္မွာ နည္းျပ အာတီတာရဲ႕ ၾသဇာက ပိုႀကီးလာပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ ေဈးကြက္ထဲ ကစားသမားသစ္ေခၚရာမွာ နည္းျပ အာေတးတာရဲ႕သေဘာထားက ပို အေရးပါတယ္။

လတ္တေလာမွာ ဝီလ်ံ တစ္ဦးတည္းကိုပဲ အၿပီးသတ္ေခၚႏိုင္ခဲ့ေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီက စိန႔္အက္တီယန္ကို အငွားခ်ခဲ့တဲ့ ျပင္သစ္လူငယ္ေနာက္ခံလူ ဆာလီဘာ ေရာက္လာတဲ့ ဗဟိုခံစစ္က အရင္ရာသီကထက္ ပိုေတာင့္လာဖို႔ရွိပါတယ္။ ဘရာဇီးလူငယ္ေနာက္ခံလူ ဂါဘရီရယ္မန္ဂါေဟးစ္ကို လည္း အာဆင္နယ္ဂ်ာစီနဲ႔ မျမင္ရေသးေပမယ့္ အေျပာင္းအေ႐ႊ႕ကိစၥ ေအာင္ျမင္သြားၿပီလို႔ ေျပာႏိုင္ တဲ့အဆင့္ပါ။ ဒီေတာ့ ဗာမဲလန္းနဲ႔ ကိုစီရယ္နီတို႔ ဗဟိုခံစစ္အတြဲေခတ္အလြန္မွာ အေတာင့္တင္းဆုံး အာဆင္နယ္ခံစစ္ကို တစ္ေက်ာ့ျပန္ ျမင္ရမလားလို႔ ေမွ်ာ္လင့္စရာေတာ့ရွိေနပါတယ္။

ဒီအေတာအတြင္း လီဗာပူးကေတာ့ ၿပီးခဲ့တဲ့ ၂ရာသီအတြင္း ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းကိုပဲ အထိုင္မဖ်က္ ဆက္ထိန္းၿပီး ၾသစႀတီးယားမွာ စခန္းသြင္းေလ့က်င့္ခဲ့ပါတယ္။ ဂရိေနာက္ခံလူ ဆီမီကက္စ္ကို ေခၚထားေပမယ့္ တကယ္တမ္း ရာသီစရင္ေတာ့ မႏွစ္ကအထိုင္ပဲ ဆက္သုံးဦးမွာပါ။ တစ္ခ်ိန္တည္းမွာပဲ ယာဂန္ကေလာ့ပ္ စင္တင္ခဲ့တဲ့ နီကိုဝီလ်ံ၊ ကာတစ္ဂ်ဳံးစ္၊ ဟာေဗး အီးလီေယာ့နဲ႔ ဘ႐ူးစတားတို႔ဟာ ရာသီသစ္မွာ ပိုေနရာရဖို႔ရွိပါတယ္။ ရာသီသစ္ဆိုတာထက္ အခုလို ကြန္ျမဴနတီဒိုင္းပြဲမွာ သူတို႔ေလးေတြ ပိုေနရာရသင့္တယ္ထင္ပါတယ္။

လီဗာပူးရဲ႕မႏွစ္က ေျခစြမ္းနဲ႔ အသစ္ျပန္လည္တည္ေဆာက္ဖို႔ ျပင္ခါစ အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းအၾကား ကြာဟခ်က္မ်ားစြာရွိႏိုင္တာကို မေျပာလိုပါဘူး။ ဒီၾကားထဲ နားရက္နဲ႔ ျပင္ဆင္ခ်ိန္မွာလည္း လီဗာပူးက ပိုရခဲ့ေတာ့ အာဆင္နယ္နဲ႔ အာေတးတားတို႔အတြက္ ခက္ခဲမယ့္ ရာသီအဖြင့္ပြဲျဖစ္ႏိုင္တာ အမွန္ပါပဲ။ ဒါေပမယ့္ ဒဏ္ရာျပႆနာရွိေနတဲ့ ေဂ်ာ္ဒန္ဟန္ဒါဆန္၊ ေအာက္စ္လိတ္ခ်ိန္ဘာလိန္၊ ဂ်ိဳယယ္မာတစ္နဲ႔ အလက္ဇန္းဒါးအာႏိုးတို႔ေနရာမွာ လီဗာပူး လူငယ္ကစားသမားေတြ ပါလာႏိုင္တာကို သတိျပဳရပါမယ္။

အဓိကကေတာ့ နည္းျပႏွစ္ဦးစလုံးဟာ ေဘာလုံးရာသီ၂ခုအၾကား နားရက္အရမ္းနည္းခဲ့တာေၾကာင့္ ကြန္ျမဴနတီဒိုင္းပြဲကို သာမန္ေျခစြမ္းတစ္ပြဲထက္ပိုၿပီး ေမွ်ာ္လင့္ထားမယ္မထင္ပါဘူး။ ေဘာလုံးရာသီသိမ္းခါနီး မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ကို ႏိုင္ခဲ့တုန္းကလိုမ်ိဳး မထင္မွတ္တဲ့ ရလဒ္တစ္ခုကို အာဆင္နယ္ ဆက္လက္ဖန္တီးႏိုင္မလား၊ ယာဂန္ကေလာ့ပ္ရဲ႕အသင္းကပဲ ရာသီအစပိုင္းေတြမွာ အာဆင္နယ္ကို ဂိုးျပတ္ႏိုင္ေနၾကအတိုင္း ဆက္ႏိုင္သြားမလားဆိုတဲ့ေမးခြန္းနဲ႔အတူ ပရိသတ္မပါတဲ့ ဝင္ဘေလကြင္းက ပြဲစဥ္တစ္ပြဲကို ၾကည့္ရပါေတာ့မယ္။

PHOTOS CREDIT TO OWNERS
SPORTS A2Z.