Analysis Article Premier League

ရာသီအစကို ဂိုးပြတ်နဲ့ဖွင့်တဲ့ ချန်ပီယံတွေရဲ့ နိုင်ပွဲက ပြန်ပြောစရာ အချက် ၅ ချက်

ဟာရီ ကိန်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုအတွက် ပြိုင်ဘက်မရှိတော့တဲ့ ဟာလန်းက မန်စီးတီးအတွက် ရာသီအဖွင့်ပွဲစဉ်ကို သွင်းဂိုးနဲ့ စတင်ခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ရိုဒရီ ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်း ကန်သွင်းယူပြီး ပထမပိုင်း ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၃၆ မိနစ်မှာ ဟာလန်းကပဲ ပင်နယ်တီဧရိယာထဲမှာ အယ်လ်ဗာရက်ဇ်ပေးပို့လိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး မန်စီးတီးဂန္တဝင် ဗင်းဆင့် ကွန်ပနီရဲ့အသင်းဟာ ပထမပိုင်းပွဲကစားချိန်အများစုမှာ တိုက်ပွဲဝင်နိုင်ခဲ့ပေမယ့်လည်း စီးတီးထက် ပိုကောင်းမွန်ဖို့တော့ မတတ်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်သူရဲကောင်း ရိုဒရီက ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့ချိန်မှာ ဘန်လေနောက်ခံလူတွေ ဘောလုံးရှင်းထုတ်ပုံမသေသပ်မှုကို အခွင့်ကောင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းလူစားဝင်ကစားသမား အေနက်စ် ဇာရောင်ရီဟာ ကိုင်လီဝေါ်ကာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့အတွက် ၆၁ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီပွဲစဉ်မှာ ပြောစရာအချက် ၅ ချက်ရှိခဲ့ပါတယ်။

၁။ ၄ မိနစ် သတိပေးချက်

ဟာလန်းဟာ ပရီးမီးယားလိဂ်နောက်ခံကစားသမားတွေကို ၃ မိနစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပေးခဲ့တာဖြစ်ပြီး ၄ မိနစ်မှာ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဟာလန်းရဲ့ အဖွင့်ဂိုးဟာ ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ပထမဆုံးထိချက်မှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒါက မန်စီးတီးကို လိုက်မီဖို့ ကြိုးပမ်းကြမယ့် အခြားကလပ်အသင်းတွေအတွက် သတိပေးချက်ဖြစ်ခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပထမပိုင်း မပြီးခင်မှာ နောက်ထပ် အံ့အားသင့်ဖွယ် ဘယ်ခြေကန်ချက်နဲ့အတူ ဂိုးသွင်းယူခဲ့ပြီး ဒီရာသီမှာလည်း သွင်းဂိုးတွေအများကြီး မျှော်လင့်လို့ရနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။

၂။ အနိုင်ရတာတောင် မလုံလောက်သေးတဲ့ ပက်

ပထမပိုင်းမှာ နော်ဝေတိုက်စစ်မှူးရဲ့ ခြေစွမ်းကို လူတိုင်းက နှစ်သက်ကျေနပ်ခဲ့တာမဟုတ်ဘဲ ဟာလန်းဟာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိင်ခဲ့ပေမယ့်လည်း ပထမပိုင်းအပြီး ဥမင်လျှောက်လမ်းကို သွားတဲ့လမ်းမှာ နည်းပြ ဂွါဒီယိုလာက ဒေါသတကြီး ချဉ်းကပ်လာပြီး ငြင်းခုံခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ အနားကပ်ရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ Sky Sports ကင်မရာကိုပါ တွန်းထုတ်ပစ်ခဲ့ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဟာလန်းဟာ ဘန်လေနောက်ခံလူတွေကို ပြဿနာပေးရုံသာ စီစဉ်ထားပေမယ့်လည်း ပြိုင်ဘက်နောက်ခံလူတွေနောက်ထိသွားပြီး ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် နည်းဗျူဟာပိုင်း အငြင်းပွားမှုသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၃။ ဒဏ်ရာဟောင်း ပြန်ရတဲ့ ဒီဘရိုင်းနား

ပထမပိုင်းပွဲကစားချိန် ၂၃ မိနစ်မှာပဲ ဒီဘရိုင်းနားဟာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရပြီး ပြီးခဲ့တဲ့ဇွန်လက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတုန်းကလိုပဲ ဒုတိယအကြိမ် တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

၄။ ရှေ့မှာ ပိုမိုတောက်ပတဲ့နေ့တွေ ရှိနေတဲ့ ဘန်လေ

ဘန်လေရဲ့ ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ကို အရှုံးနဲ့ စတင်မှုကြောင့် ဆိုးရွားတဲ့ စတင်မှုလို့ သတ်မှတ်လို့ မရဘဲ ပြိုင်ဘက်က မန်စီးတီးဖြစ်နေတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ကွန်ပနီရဲ့အသင်းဆီကနေ ဘာတွေ မျှော်လင့်လို့ရနိုင်လဲဆိုတာကိုလည်း တချက်တချက် ပြသခဲ့တာ မြင်ရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုသာ ကြည့်ရှုကြတဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ တန်းတက်ဘန်လေက မန်စီးတီးကို ရှုံးနိမ့်သွားတယ်ဆိုတာလောက်သာ မြင်ခဲ့မှာဖြစ်ပြီး ကွန်ပနီကတော့ အစောပိုင်းမှာ အဖွင့်ဂိုးပေးခဲ့ရပြီးနောက် ၎င်းရဲ့အသင်း တုံ့ပြန်ပုံကို မြင်ရတာ ပျော်ရွှင်ခဲ့မှာဖြစ်ပါတယ်။ ဘန်လေဟာ ဒုတိယပိုင်း ၃၆ မိနစ်မှာ ဟာလန်းက ဒုတိယမြောက် ဦးဆောင်ဂိုးကို မသွင်းယူခင်အထိ မန်ချက်စတာစီးတီးကို မာမာထန်ထန်နဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပြီး ဇီကီ အမ်ဒူနီ၊ လူကာ ကိုလီယိုရှို၊ လိုင်လီ ဖော်စတာတို့လို ကစားသမားတွေဟာ တောက်မယ့်မီးခဲလေးတွေဖြစ်ပါတယ်။ လာမယ့်အပတ် လူတန်နဲ့ ကစားရမယ့်ပွဲစဉ်က ရွှေ့ဆိုင်းထားတာကြောင့် ၂ ပတ် နားရက်ရမှာဖြစ်ပြီး ကွန်ပနီအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်ပို ရရှိမှာဖြစ်ပါတယ်။

၅။ အခွင့်အရေးကို အမိအရယူခဲ့တဲ့ ရီကို လူးဝစ္စ

ပြီးခဲ့တဲ့ရာသီအစမတိုင်ခင်တုန်းက မန်စီးတီးအသင်းလူစာရင်းအပြင်ဘက်မှာရှိနေခဲ့တဲ့ ရီကို လူးဝစ္စဟာ လူစာရင်းထဲမှာ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ဂွါဒီယိုလာရဲ့ အခွင့်အရေးပေးခြင်းခံခဲ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် ဘန်လေနဲ့ပွဲမှာ တောက်ပပြခဲ့တာဖြစ်ပါတယ်။ ဘယ်နောက်ခံနေရာမှာ ပွဲထွက်ပါဝင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးက တိုက်စစ်ဆင်ချိန်မှာ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်နဲ့ ကောင်းကောင်း အသုံးချနိုင်ခဲ့တာဖြစ်ပြီး ဘယ်နောက်ခံဟာ ဒီကနေ့မှာ အင်္ဂလန်အတွက် အားအကောင်းဆုံးနေရာမဟုတ်ဘဲ ရာသီကုန်မှာ ယူရိုပြိုင်ပွဲကလည်း ရှိနေတာကြောင့် ဆောက်ဂိတ်ရဲ့ ခေါ်ယူခြင်းမခံရဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ ကိန္း ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ေ႐ႊဖိနပ္ဆုအတြက္ ၿပိဳင္ဘက္မရွိေတာ့တဲ့ ဟာလန္းက မန္စီးတီးအတြက္ ရာသီအဖြင့္ပြဲစဥ္ကို သြင္းဂိုးနဲ႔ စတင္ခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ႐ိုဒရီ ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္း ကန္သြင္းယူၿပီး ပထမပိုင္း ၄ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ၃၆ မိနစ္မွာ ဟာလန္းကပဲ ပင္နယ္တီဧရိယာထဲမွာ အယ္လ္ဗာရက္ဇ္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ အျပင္းကန္သြင္းၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး မန္စီးတီးဂႏၲဝင္ ဗင္းဆင့္ ကြန္ပနီရဲ႕အသင္းဟာ ပထမပိုင္းပြဲကစားခ်ိန္အမ်ားစုမွာ တိုက္ပြဲဝင္ႏိုင္ခဲ့ေပမယ့္လည္း စီးတီးထက္ ပိုေကာင္းမြန္ဖို႔ေတာ့ မတတ္ႏိုင္ခဲ့ဘဲ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္သူရဲေကာင္း ႐ိုဒရီက ပြဲကစားခ်ိန္ ၁၅ မိနစ္သာ က်န္ေတာ့ခ်ိန္မွာ ဘန္ေလေနာက္ခံလူေတြ ေဘာလုံးရွင္းထုတ္ပုံမေသသပ္မႈကို အခြင့္ေကာင္းယူၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘန္ေလအသင္းလူစားဝင္ကစားသမား ေအနက္စ္ ဇာေရာင္ရီဟာ ကိုင္လီေဝၚကာကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တဲ့အတြက္ ၆၁ မိနစ္မွာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ဒီပြဲစဥ္မွာ ေျပာစရာအခ်က္ ၅ ခ်က္ရွိခဲ့ပါတယ္။

၁။ ၄ မိနစ္ သတိေပးခ်က္

ဟာလန္းဟာ ပရီးမီးယားလိဂ္ေနာက္ခံကစားသမားေတြကို ၃ မိနစ္ပဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနခြင့္ေပးခဲ့တာျဖစ္ၿပီး ၄ မိနစ္မွာ ဂိုးသြင္းယူသြားခဲ့ပါတယ္။ ဟာလန္းရဲ႕ အဖြင့္ဂိုးဟာ ပရီးမီးယားလိဂ္ရာသီသစ္ရဲ႕ ပထမဆုံးထိခ်က္မွာပဲ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒါက မန္စီးတီးကို လိုက္မီဖို႔ ႀကိဳးပမ္းၾကမယ့္ အျခားကလပ္အသင္းေတြအတြက္ သတိေပးခ်က္ျဖစ္ခဲ့ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ပထမပိုင္း မၿပီးခင္မွာ ေနာက္ထပ္ အံ့အားသင့္ဖြယ္ ဘယ္ေျခကန္ခ်က္နဲ႔အတူ ဂိုးသြင္းယူခဲ့ၿပီး ဒီရာသီမွာလည္း သြင္းဂိုးေတြအမ်ားႀကီး ေမွ်ာ္လင့္လို႔ရႏိုင္တယ္ဆိုတာကို ျပသခဲ့ပါတယ္။

၂။ အႏိုင္ရတာေတာင္ မလုံေလာက္ေသးတဲ့ ပက္

ပထမပိုင္းမွာ ေနာ္ေဝတိုက္စစ္မႉးရဲ႕ ေျခစြမ္းကို လူတိုင္းက ႏွစ္သက္ေက်နပ္ခဲ့တာမဟုတ္ဘဲ ဟာလန္းဟာ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူနိင္ခဲ့ေပမယ့္လည္း ပထမပိုင္းအၿပီး ဥမင္ေလွ်ာက္လမ္းကို သြားတဲ့လမ္းမွာ နည္းျပ ဂြါဒီယိုလာက ေဒါသတႀကီး ခ်ဥ္းကပ္လာၿပီး ျငင္းခုံခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ အနားကပ္႐ိုက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ Sky Sports ကင္မရာကိုပါ တြန္းထုတ္ပစ္ခဲ့ၿပီး ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ဟာလန္းဟာ ဘန္ေလေနာက္ခံလူေတြကို ျပႆနာေပး႐ုံသာ စီစဥ္ထားေပမယ့္လည္း ၿပိဳင္ဘက္ေနာက္ခံလူေတြေနာက္ထိသြားၿပီး ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့တဲ့အတြက္ နည္းဗ်ဴဟာပိုင္း အျငင္းပြားမႈသာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

၃။ ဒဏ္ရာေဟာင္း ျပန္ရတဲ့ ဒီဘ႐ိုင္းနား

ပထမပိုင္းပြဲကစားခ်ိန္ ၂၃ မိနစ္မွာပဲ ဒီဘ႐ိုင္းနားဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာသြားခဲ့ရၿပီး ၿပီးခဲ့တဲ့ဇြန္လက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာတုန္းကလိုပဲ ဒုတိယအႀကိမ္ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

၄။ ေရွ႕မွာ ပိုမိုေတာက္ပတဲ့ေန႔ေတြ ရွိေနတဲ့ ဘန္ေလ

ဘန္ေလရဲ႕ ပရီးမီးယားလိဂ္ရာသီသစ္အဖြင့္ကို အရႈံးနဲ႔ စတင္မႈေၾကာင့္ ဆိုး႐ြားတဲ့ စတင္မႈလို႔ သတ္မွတ္လို႔ မရဘဲ ၿပိဳင္ဘက္က မန္စီးတီးျဖစ္ေနတယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ၿပီး ကြန္ပနီရဲ႕အသင္းဆီကေန ဘာေတြ ေမွ်ာ္လင့္လို႔ရႏိုင္လဲဆိုတာကိုလည္း တခ်က္တခ်က္ ျပသခဲ့တာ ျမင္ရပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကိုသာ ၾကည့္ရႈၾကတဲ့ ေဘာလုံးပရိသတ္ေတြအတြက္ေတာ့ တန္းတက္ဘန္ေလက မန္စီးတီးကို ရႈံးနိမ့္သြားတယ္ဆိုတာေလာက္သာ ျမင္ခဲ့မွာျဖစ္ၿပီး ကြန္ပနီကေတာ့ အေစာပိုင္းမွာ အဖြင့္ဂိုးေပးခဲ့ရၿပီးေနာက္ ၎ရဲ႕အသင္း တုံ႔ျပန္ပုံကို ျမင္ရတာ ေပ်ာ္႐ႊင္ခဲ့မွာျဖစ္ပါတယ္။ ဘန္ေလဟာ ဒုတိယပိုင္း ၃၆ မိနစ္မွာ ဟာလန္းက ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို မသြင္းယူခင္အထိ မန္ခ်က္စတာစီးတီးကို မာမာထန္ထန္နဲ႔ တုံ႔ျပန္ကစားႏိုင္ခဲ့ၿပီး ဇီကီ အမ္ဒူနီ၊ လူကာ ကိုလီယိုရႈိ၊ လိုင္လီ ေဖာ္စတာတို႔လို ကစားသမားေတြဟာ ေတာက္မယ့္မီးခဲေလးေတြျဖစ္ပါတယ္။ လာမယ့္အပတ္ လူတန္နဲ႔ ကစားရမယ့္ပြဲစဥ္က ေ႐ႊ႕ဆိုင္းထားတာေၾကာင့္ ၂ ပတ္ နားရက္ရမွာျဖစ္ၿပီး ကြန္ပနီအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ လုပ္စရာရွိတာေတြလုပ္ဖို႔ အခ်ိန္ပို ရရွိမွာျဖစ္ပါတယ္။

၅။ အခြင့္အေရးကို အမိအရယူခဲ့တဲ့ ရီကို လူးဝစၥ

ၿပီးခဲ့တဲ့ရာသီအစမတိုင္ခင္တုန္းက မန္စီးတီးအသင္းလူစာရင္းအျပင္ဘက္မွာရွိေနခဲ့တဲ့ ရီကို လူးဝစၥဟာ လူစာရင္းထဲမွာ အေရးပါတဲ့ ကစားသမားျဖစ္လာခဲ့ၿပီး ဂြါဒီယိုလာရဲ႕ အခြင့္အေရးေပးျခင္းခံခဲ့ရၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ဘန္ေလနဲ႔ပြဲမွာ ေတာက္ပျပခဲ့တာျဖစ္ပါတယ္။ ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ပါဝင္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားဟာ မန္စီးတီးက တိုက္စစ္ဆင္ခ်ိန္မွာ ေဘာလုံးကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ေကာင္းေကာင္း အသုံးခ်ႏိုင္ခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံဟာ ဒီကေန႔မွာ အဂၤလန္အတြက္ အားအေကာင္းဆုံးေနရာမဟုတ္ဘဲ ရာသီကုန္မွာ ယူ႐ိုၿပိဳင္ပြဲကလည္း ရွိေနတာေၾကာင့္ ေဆာက္ဂိတ္ရဲ႕ ေခၚယူျခင္းမခံရဘူးလို႔ ဘယ္သူမွ မေျပာႏိုင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.