Analysis Article Match Preview Premier League Serie A UCL&UEL

ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်စီးတီးကို အင်တာမီလန်တို့ ဘာကြောင့် အနိုင်ရသွားနိုင်သလဲ

အင်တာမီလန်တို့အနေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်အားကြီးပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေခဲ့တဲ့အတွက် လူတွေကတော့ အီတလီသားတွေဘက်က ၁ ရာခိုင်နှုန်းလောက်သာ ရှိနေကြမှာဖြစ်ပြီး အင်္ဂလန်သားတွေဘက်က ၉၀ ရာခိုင်နှုန်းလောက်ရှိနေပြီး ကြားထဲကနေ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ဆိုသူတွေက ၉ ရာခိုင်နှုန်းလောက် ရှိနေကြချိန်မှာ ဘာကြောင့် Upset တွေဖြစ်သွားနိုင်တယ်လိုတာကို တင်ပြလိုက်ပါတယ်။

၁။ ယုံကြည်မှု မြင့်မားနေခြင်း
အင်တာမီလန်တို့အနေနဲ့ ဘယ်သူမှ အထင်မကြီးတဲ့ အနေအထားကနေ ဖိုင်နယ်အဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တာက တစ်ပွဲပဲ ကျန်တော့တဲ့ အချိန်မှာ ငါတို့တွေ ဖြစ်အောင် ညှစ်ရုန်းကြမယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို ရသွားစေပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာ ရှုံးထားခဲ့တဲ့ အင်တာတို့ အနေနဲ့ မန်စီးတီးကို မကြောက်ဘူးဆိုတာ သေချာနေရင် ဘာမဆိုလုပ်နိုင်ပြီး ဂွါဒီယိုလာရဲ့ လူတွေကတော့ အမြဲတမ်း ပြိုင်ဘက်ကို ဖြဲခြောက်တတ်သလို တစ်ဖက်က မကြောက်ရင် အားကုန်သွားတတ်တဲ့ သဘောမှာ ရှိနေလို့ပါ။

၂။ ဖိအားတွေကို တောင့်ခံနိုင်တဲ့ ခံစစ်ကို ပိုင်ဆိုင်ထားခြင်း
မန်စီးတီးတို့ရဲ့ ၃-၂-၄-၁ ကစားကွက်ကို တောင့်ခံဖို့ အကောင်းဆုံးဖြစ်တဲ့ ၃-၅-၂ ကစားကွက်ကို အင်တာတို့က အသားသေအောင် ကစားထားနိုင်ပြီး သိပ်ညံ့တဲ့ အရန်လူမျိုး ဝင်မလာမချင်း တည်ငြိမ်ခိုင်မာတဲ့ ပုံစံကို ပြသထားနိုင်တာပါ။ အချယ်ဘီ၊ ဒါမီယန်နဲ့ ဘက်စတိုနီတို့က ဂိုးသမား အိုနာနာကို အကောင်းဆုံး ကာကွယ်ပေးထားကြသလို ကွင်းလယ်နဲ့ ခံစစ်တောင်ပံတွေကလည်း ဘာရဲလား၊ ဒီမာကို၊ ဒမ်းဖရီးစ်တို့ရဲ့ သွက်လက်မှုနဲ့ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို တောင့်ခံနိုင်ကြပါတယ်။ မန်စီးတီးတို့ရဲ့ အထသွက်မှုမှာ အင်တာတို့ အငိုက်မမိဘူးဆိုရင် သူတို့ဘက်မှာ ကံကလေးက ရှိနေနိုင်ပါလိမ့်မယ်။

၃။ အဝေးဘောတွေနဲ့ ထိုးနှက်နိုင်တဲ့ တိုက်စစ်ရှိခြင်း
မန်စီးတီးတို့ရဲ့ High Line Defender တွေ အကြောက်ဆုံးက ဝုန်းဒိုင်းဆိုပြီး ဂိုးရှေ့ကို အမြန်ဆုံး ကောင်တာထိုးနှက်တာကို ခံရမှာကိုပါ။ အင်တာမီလန်ဟာ နောက်ထပ် ဘရန့်ဖို့ဒ်ဖြစ်လာနိုင်ပြီး တိကျတဲ့ ပေးပို့မှုတွေကို လုပ်ဆောင်နိုင်တာက ဘရိုက်တန်ထက်လည်း မြင့်မားတာကြောင့် ရာသီကုန်ချိန်မှာ သူတို့ကို ဒုက္ခပေးနိုင်ခဲ့တဲ့ အသင်းတွေလိုမျိုးပဲ ဂျက်ကို၊ လူကာကူး၊ လော်တာရို မာတီနက်ဇ်တို့က အမှားများတတ်တဲ့ ဂိုးသမား အီဒါဆန်နဲ့ ကြောက်ပျောက်တတ်တဲ့ ခံစစ်ကို ထိုးနှက်သွားနိုင်ပါတယ်။

၄။ တည်ကန်ဘော ကောင်းမွန်ခြင်း
မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပေးဂိုးတွေထဲမှာ တည်ကန်ဘောတွေက ပေးရတာတွေလည်း များပြားခဲ့ပါတယ်။ ရူဘင် ဒီယက်စ်ရဲ့ လေထဲက စွမ်းဆောင်ရည်မျိုးကို တည်ကန်ဘော ခုခံချိန်မှာ တခြားကစားသမားတွေက မလုပ်နိုင်တာကြောင့် သူနဲ့ ရိုဒရီတို့ မရှိတဲ့နားမှာ အားနည်းချက်တွေ အမြဲလို ဖြစ်ပွားတတ်တာပါ။ အင်တာတို့အနေနဲ့ ဒီရာသီ ၇၁ ဂိုး သွင်းယူထားရာမှာ ၁၁ ဂိုးက တည်ကန်ဘောတွေကနေ ရရှိခဲ့တာကြောင့် ချယ်လ်ဟာနိုးလူးရဲ့ ဖြန့်ဝေမှုနဲ့ တိုက်ရိုက်ကန်သွင်းမှုတွေ ဒီပွဲမှာ အရေးပါလာနိုင်ပါတယ်။

၅။ အရှုံးအတွက် ဖိအားရှိမနေခြင်း
အင်တာတို့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ရထားသလို အောက်သင်းအဖြစ် စဉ်းစားခံရတာကြောင့် ဒီနေ့ပွဲမှာ ရှုံးလို့လဲ သူတို့အတွက် ဘာဖိအားမှ ရှိမနေတာကြောင့် လွတ်လွတ်လပ်လပ် ကစားခွင့်ရမှာဖြစ်ပါတယ်။ မန်စီးတီးတို့ကတော့ တစ်ခါလာလဲ ဥရောပမှာဆို ကြောင်ပျောက်တာပဲလို့ အင်တိုက်အားတိုက် အလှောင်ခံရမယ့် အန္တရာယ်ကို ပခုံးပေါ်ထမ်းပြီး ကစားရမှာဖြစ်သလို ဂွါဒီယိုလာရဲ့ လက်တစ်ကမ်းမှ လှည့်ပြန်ခဲ့ရတာမျိုးကို တွေးကြောက်ပြီး မှားယွင်းတဲ့ ဗျူဟာတွေကို အသုံးပြုလာမိမှာ၊ လူစားလဲဖို့ တွေဝေတွန့်ဆုတ်နေမှာမျိုးတွေက သူတို့ရဲ့ အားနည်းချက်ဖြစ်နေသလို ဖလားသုံးလုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူဖို့ကလည်း နတ်ကြီးတာကြောင့် ဖိအားမဲ့ အင်တာတို့ထက် စိတ်ပိုင်းဆိုင်ရာမှာ လေးလံနေမှာဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် မန်စီးတီးတို့ကို အင်တာမီလန်တို့က တစ်ချက်ကောင်းထိုးနှက်ပြီး ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်မြောက် ရယူသွားနိုင်သလို Cup King လို့ အမည်ရနေတဲ့ နည်းပြ ဆီမိုနီ အင်ဇာဂီအနေနဲ့ သူတို့အတွက် ဘာမှ လက်လွှတ်ဆုံးရှုံးစရာမရှိတဲ့ ပွဲမျိုးမှာ ဂွါဒီယိုလာကို ကောင်းကောင်း ခေါင်းစားနိုင်ခွင့် ရှိနေတာကြောင့် အီတလီက ဘရန့်ဖို့ဒ်ကို ဒီနေ့ပွဲမှာ မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.