Article

သရဲနီတွေကို ဖိုဒန် ထပ်ခြောက်လှန့်ခဲ့ပြီး ဒါဘီကမ်းဘက်ခဲ့တဲ့ပွဲစဉ်က ပြန်ပြောရမယ့်အချက် ၆ ချက်

ဖီးလ် ဖိုဒန်ဟာ တနင်္ဂနွေနေ့ညက မန်ချက်စတာဒါဘီမှာ မန်ချက်စတာယူနိုက်တက်ကို ဒုတိယပိုင်းမှာ သွင်းဂိုးတွေနဲ့ ခြောက်လှန့်ခဲ့ပြီး မန်စီးတီးကြယ်ပွင့်ဟာ တန်ဟက်ရဲ့ ပွဲဦးထွက်ရာသီတုန်းက အစ်တီဟတ်မှာ ၆-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲတုန်းကလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမှာတော့ သရဲနီတို့က ရက်ရှ်ဖို့ဒ်ရဲ့ အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ဖိုဒန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဟာလန်းရဲ့ အချိန်ပိုသွင်းဂိုးတွေကြောင့် ကမ်းဘက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ပြန်ပြောစရာအချက် ၆ ချက်ရှိခဲ့ပါတယ်။

ခြေအသာနဲ့ လုပ်စရာရှိတာလုပ်သွားတဲ့ စီးတီး

တန်ဟက်ရဲ့အသင်းဟာ ဟွိုင်လန်း မပါနိုင်လို့ အထောင်တိုက်စစ်မှူးမပါဘဲ ၄-၂-၂-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး မက်တော်မီနေးနဲ့ ဖာနန်ဒက်စ်တို့က ကွင်းလယ်တိုက်စစ်၊ တောင်ပံ ၂ ဖက်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ပွဲစစချင်း ရက်ရှ်ဖို့ဒ်ရဲ့ ရင်သပ်ရှုမောဖွယ်ကန်ချက်ကြောင့် စီးတီးတို့ အငိုက်မိခဲ့ရပေမယ့်လည်း ဂိုးပေးပြီးကတည်းက မန်ယူနိုက်တက်ကွင်းဘက်မှာ အိမ်ဆောက်နေခဲ့ကြတာဖြစ်ပါတယ်။ စုစုပေါင်း ဂိုးကန်သွင်းချက် ၂၇ ကြိမ်၊ မျှော်မှန်းသွင်းဂိုး ၃.၃၂ ဂိုးနဲ့ အိမ်ရှင်တွေအတွက် မှော်ဆန်တဲ့အခိုက်အတန့်တွေ လိုအပ်နေချိန်မှာ ဖိုဒန်က တောက်ပပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ တုံ့ပြန်မှု

ဒီအပတ်မှာ ရက်ရှ်ဖို့ဒ်က ဒီရာသီ ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ဆန္ဒရှိရဲ့လားဆိုတဲ့ မေးခွန်းထုတ်ခဲ့သူတွေရဲ့ ဝေဖန်မှုကို စာတစ်တန်ပေတစ်တန်နဲ့ ပြန်တုံ့ပြန်ခဲ့ပြီး ကွင်းထဲမှာလည်း သွင်းဂိုးတွေနဲ့ တုံ့ပြန်ပြဖို့ အားခဲထားခဲ့မှာပါ။ ရက်ရှ်ဖို့ဒ်အတွက် ဂိုးသွင်းယူဖို့ ၈ မိနစ်သာ အချိန်ယူခဲ့ရပြီး တစ်နာရီ မိုင် ၇၀ မြန်နှုန်းရှိတဲ့ ကန်ချက်နဲ့ ၂၅ ကိုက်အကွာကနေ ဂိုးအပေါ်ထောင့်ကို ကန်သွင်းယူသွားခဲ့တာပါ။ ဒီသွင်းဂိုးက ရက်ရှ်ဖို့ဒ်အတွက် ကြီး ၆ သင်းနဲ့ တွေ့ဆုံခဲ့ရာမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၃၀ ပြည့်မြောက်တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အကြီးကြီးလွဲတဲ့ ဟာလန်း

မန်စီးတီးရဲ့ ကျောနံပါတ် ၉ ဖြစ်တဲ့ ဟာလန်းဟာ ပထမပိုင်း ၄၅ မိနစ်မှာ အသင်းဖော်တွေက အိုနာနာရဲ့ ဂိုးပေါက်ကို ၁၇ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့ချိန်မှာ ဂိုးပေါက်ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ကန်ခွင့်ရခဲ့တဲ့ တစ်ကြိမ်တည်းသော အပိုင်အခွင့်အရေးကိုလည်း အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့တာပါ။ ဘောလုံးကို ခန္ဓာကိုယ်နဲ့ ထိရုံနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့ ၃ ကိုက်အကွာကနေ ဟာလန်းက ခုန်ကန်ပြီး ဂိုးဘားတန်းအပေါ်ကို ကျော်အောင် ကန်ခဲ့မိတာပါ။ အင်္ဂလန်ဂန္တဝင် ဂယ်ရီ လိုင်နီကာက ဒီအဆင့်မျိုးမှာ မြင်ဖူးသမျှ အလွဲတွေက အဆိုးရွားဆုံးလွဲချော်မှုဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ခေါင်းတိုက်သွင်းလိုက်ရမှာကို မယုံနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ ဟာလန်းတစ်ယောက် ဂိုးပေါက်ကို ရှာတွေ့ခဲ့ပြီး သက်ပြင်းအကြီးကြီး ချလိုက်ပြီးနောက် မြက်ခင်းပေါ် ခြေပစ်လက်ပစ် ပစ်လှဲပြီး အောင်ပွဲခံခဲ့ပါတယ်။

ဖိုဒန်ရဲ့ဂိုးက ပြစ်ဒဏ်ကျူးလွန်မှုကနေ ရခဲ့သလား

ဖိုဒန်က ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းပြီး ချေပဂိုးမသွင်းမီမှာ အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဝေါ်ကာတို့ကြား အခိုက်အတန့်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဂိုးရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ဘောလုံး ဆွဲပြေးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့် ဝေါ်ကာက လက်နဲ့ တွန်းခဲ့တာကြောင့် လဲကျသွားပြီး ပြစ်ဒဏ်ဘော တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒိုင်က ပြစ်ဒဏ်ဘောမပေးခဲ့ဘဲ သိပ်မကြာမီမှာ မန်စီးတီးတို့က တန်ပြန်တိုက်စစ်ကနေ ဂိုးရသွားခဲ့တာပါ။ တန်ဟက်က ပြစ်ဒဏ်ဘောမပေးခဲ့တဲ့အတွက် ပွဲတာဝန်ရှိသူတွေကို ဒေါသတကြီး စောဒကတက်ခဲ့ပြီး ချေပဂိုးသွင်းသွားချိန်မှာလည်း မရပ်မနားဘဲ အော်ဟစ်နေခဲ့တာပါ။ မန်ယူနိုက်တက်ပရိသတ်တွေကို မေးရင် ပြစ်ဒဏ်ဘောလို့ ဖြေကြမှာဖြစ်ပြီး စီးတီးပရိသတ်တွေကတော့ မဟုတ်ဘူးလို့ ငြင်းမှာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးကတော့ ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့ပြီး “ဘာမှ ပြစ်ဒဏ်ကျူးလွန်ခဲ့တာမရှိဘူး။ သူ အဲဒီကနေ ပြန်ထရမယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် ဘောလုံး ပြန်ယူ”လို့ Sky Sports အတွက် စီစဉ်တင်ဆက်နေချိန်အတွင်း ပြောဆိုခဲ့တာပါ။

အကောင်းဆုံးရာသီကို ပိုင်ဆိုင်နေတဲ့ ဖိုဒန်

ဖိုဒန်ရဲ့ ချေပဂိုးဟာ ဒီရာသီပြိုင်ပွဲစုံ ၁၇ ဂိုးမြောက်ဂိုးဖြစ်ခဲ့ပြီး မိနစ် ၈၀မှာတော့ ၁၈ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အတွက် ဂိုးသွင်းအများဆုံးရာသီဖြစ်လာခဲ့ပါပြီ။ ဖိုဒန်သွင်းခဲ့သမျှ ၁၈ ဂိုးစလုံးက ပင်နယ်တီတစ်လုံးမှမပါခဲ့ဘဲ ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကြယ်ပွင့်ထက် ဟာလန်း(၂၃ ဂိုး)၊ အိုလီ ဝပ်ကင်စ်(၂၁ ဂိုး)တို့သာ ကစားကွက်ကနေ ဂိုးပိုသွင်းယူထားနိုင်တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်လည်း ပွဲလာကြည့်ခဲ့ပြီး ယူရို ၂၀၂၄ အတွက် စိတ်ဝင်စားစရာ ဆုံးဖြတ်ချက်အများအပြား ချမှတ်သွားဖို့ ရှိနေတာပါ။ ဆောက်ဂိတ်အတွက် အကြီးမားဆုံးဆုံးဖြတ်ချက်က ဖိုဒန်ကို ဘယ်နေရာ ထားကစားမလဲဆိုတာဖြစ်နိုင်ပါတယ်။ ဆာကာက ဆောက်ဂိတ်ရဲ့ ညာတောင်ပံနေရာအတွက် ပထမဦးစားပေးရွေးချယ်မှုဖြစ်ပြီး ဟာရီ ကိန်းကလည်း လူစာရင်းအတွက် ပထမဆုံးချရေးတဲ့နာမည်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိရာသီမှာ မန်စီးတီးအတွက် မယုံနိုင်လောက်အောင် ခြေစွမ်းပြနေတဲ့ ဖိုဒန်ကိုလည်း မရွေးလို့ မဖြစ်တာကြောင့် ဆောက်ဂိတ်တစ်ယောက် ဆာကာရော ဖိုဒန်ပါ ၂ ယောက်စလုံး ကစားခိုင်းလို့ ရနိုင်မယ့် နည်းလမ်းရှာရမှာဖြစ်ပြီး ဘယ်တောင်ပံအတွက် လက်ရှိမှာ အရမ်းကောင်းနေတဲ့ ကစားသမားမရှိတာကြောင့် ဖိုဒန်က အဖြေဖြစ်လာခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။ ဘယ်တောင်ပံမှာ ဖိုဒန်၊ ညာတောင်ပံမှာ ဆာကာတို့နဲ့ဆိုရင် အင်္ဂလန်ရဲ့ တောင်ပံဟာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းလည်း ကြီးမားလာမှာ သေချာပါတယ်။

အာဆင်နယ်ကို ကျော်ခွင့်မပေးတဲ့ မန်စီးတီး

လီဗာပူးလ်က မနေ့တုန်းက ဖောရက်စ်ကို နူးညက်ဇ်ရဲ့ အငြင်းပွားဖွယ် နောက်ကျဂိုးနဲ့ အနိုင်ရသွားလို့ မန်စီးတီးတို့ ဒီပွဲမှာသာ ရလဒ်ကောင်းမရခဲ့ရင် အာဆင်နယ် ကျော်တက်မှာလည်း ကြောက်ရသလို ကလော့ပ်ရဲ့အသင်းကိုလည်း မျက်ခြေပြတ်သွားမှာလည်း စိုးခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်က ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းသွားချိန်မှာ ဂွါဒီယိုလာတစ်ယောက် တော်တော်လေး မျက်စိမျက်နှာပျက်နေခဲ့ပြီး ဟာလန်း ဂိုးပေါက်လွဲသွားချိန်မှာ ခေါင်းကိုပွတ်ပြီး မယုံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် အရည်အသွေးက နောက်ဆုံးမှာ စကားပြောသွားခဲ့လို့ မန်စီးတီးတို့ အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပြီး အာဆင်နယ်ကျော်မှာလည်း မစိုးရိမ်ရတော့သလို လီဗာပူးလ်နဲ့၁ မှတ်အကွာကိုလည်း ပြန်တက်လှမ်းနိုင်ခဲ့ပါပြီ။ အခုဆိုရင် တနင်္လာနေ့ည ရှက်ဖီးနဲ့ ကစားရမယ့် အာဆင်နယ်တို့ တုံ့ပြန်ရမယ့်အလှည့်ရောက်လာပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖီးလ္ ဖိုဒန္ဟာ တနဂၤေႏြေန႔ညက မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ဒုတိယပိုင္းမွာ သြင္းဂိုးေတြနဲ႔ ေျခာက္လွန႔္ခဲ့ၿပီး မန္စီးတီးၾကယ္ပြင့္ဟာ တန္ဟက္ရဲ႕ ပြဲဦးထြက္ရာသီတုန္းက အစ္တီဟတ္မွာ ၆-၃ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲတုန္းကလည္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီမွာေတာ့ သရဲနီတို႔က ရက္ရွ္ဖို႔ဒ္ရဲ႕ အံ့အားသင့္ဖြယ္ ကန္ခ်က္နဲ႔ ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ ဖိုဒန္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ ဟာလန္းရဲ႕ အခ်ိန္ပိုသြင္းဂိုးေတြေၾကာင့္ ကမ္းဘက္ႏိုင္ခဲ့တဲ့ပြဲစဥ္မွာ ျပန္ေျပာစရာအခ်က္ ၆ ခ်က္ရွိခဲ့ပါတယ္။

ေျခအသာနဲ႔ လုပ္စရာရွိတာလုပ္သြားတဲ့ စီးတီး

တန္ဟက္ရဲ႕အသင္းဟာ ဟြိဳင္လန္း မပါႏိုင္လို႔ အေထာင္တိုက္စစ္မႉးမပါဘဲ ၄-၂-၂-၂ ကစားကြက္နဲ႔ ပြဲထြက္လာၿပီး မက္ေတာ္မီေနးနဲ႔ ဖာနန္ဒက္စ္တို႔က ကြင္းလယ္တိုက္စစ္၊ ေတာင္ပံ ၂ ဖက္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳတို႔ကို ပြဲထုတ္ခဲ့ပါတယ္။ ပြဲစစခ်င္း ရက္ရွ္ဖို႔ဒ္ရဲ႕ ရင္သပ္ရႈေမာဖြယ္ကန္ခ်က္ေၾကာင့္ စီးတီးတို႔ အငိုက္မိခဲ့ရေပမယ့္လည္း ဂိုးေပးၿပီးကတည္းက မန္ယူႏိုက္တက္ကြင္းဘက္မွာ အိမ္ေဆာက္ေနခဲ့ၾကတာျဖစ္ပါတယ္။ စုစုေပါင္း ဂိုးကန္သြင္းခ်က္ ၂၇ ႀကိမ္၊ ေမွ်ာ္မွန္းသြင္းဂိုး ၃.၃၂ ဂိုးနဲ႔ အိမ္ရွင္ေတြအတြက္ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ လိုအပ္ေနခ်ိန္မွာ ဖိုဒန္က ေတာက္ပျပခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ တုံ႔ျပန္မႈ

ဒီအပတ္မွာ ရက္ရွ္ဖို႔ဒ္က ဒီရာသီ ယူႏိုက္တက္အတြက္ ကစားေပးခ်င္တဲ့ဆႏၵရွိရဲ႕လားဆိုတဲ့ ေမးခြန္းထုတ္ခဲ့သူေတြရဲ႕ ေဝဖန္မႈကို စာတစ္တန္ေပတစ္တန္နဲ႔ ျပန္တုံ႔ျပန္ခဲ့ၿပီး ကြင္းထဲမွာလည္း သြင္းဂိုးေတြနဲ႔ တုံ႔ျပန္ျပဖို႔ အားခဲထားခဲ့မွာပါ။ ရက္ရွ္ဖို႔ဒ္အတြက္ ဂိုးသြင္းယူဖို႔ ၈ မိနစ္သာ အခ်ိန္ယူခဲ့ရၿပီး တစ္နာရီ မိုင္ ၇၀ ျမန္ႏႈန္းရွိတဲ့ ကန္ခ်က္နဲ႔ ၂၅ ကိုက္အကြာကေန ဂိုးအေပၚေထာင့္ကို ကန္သြင္းယူသြားခဲ့တာပါ။ ဒီသြင္းဂိုးက ရက္ရွ္ဖို႔ဒ္အတြက္ ႀကီး ၆ သင္းနဲ႔ ေတြ႕ဆုံခဲ့ရာမွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၃၀ ျပည့္ေျမာက္တဲ့ဂိုးလည္း ျဖစ္ခဲ့ပါတယ္။

အႀကီးႀကီးလြဲတဲ့ ဟာလန္း

မန္စီးတီးရဲ႕ ေက်ာနံပါတ္ ၉ ျဖစ္တဲ့ ဟာလန္းဟာ ပထမပိုင္း ၄၅ မိနစ္မွာ အသင္းေဖာ္ေတြက အိုနာနာရဲ႕ ဂိုးေပါက္ကို ၁၇ ႀကိမ္အထိ ကန္သြင္းႏိုင္ခဲ့ခ်ိန္မွာ ဂိုးေပါက္ကန္သြင္းမႈ မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ကန္ခြင့္ရခဲ့တဲ့ တစ္ႀကိမ္တည္းေသာ အပိုင္အခြင့္အေရးကိုလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့တာပါ။ ေဘာလုံးကို ခႏၶာကိုယ္နဲ႔ ထိ႐ုံနဲ႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္တဲ့ ၃ ကိုက္အကြာကေန ဟာလန္းက ခုန္ကန္ၿပီး ဂိုးဘားတန္းအေပၚကို ေက်ာ္ေအာင္ ကန္ခဲ့မိတာပါ။ အဂၤလန္ဂႏၲဝင္ ဂယ္ရီ လိုင္နီကာက ဒီအဆင့္မ်ိဳးမွာ ျမင္ဖူးသမွ် အလြဲေတြက အဆိုး႐ြားဆုံးလြဲေခ်ာ္မႈျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ေခါင္းတိုက္သြင္းလိုက္ရမွာကို မယုံႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္း ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာေတာ့ ဟာလန္းတစ္ေယာက္ ဂိုးေပါက္ကို ရွာေတြ႕ခဲ့ၿပီး သက္ျပင္းအႀကီးႀကီး ခ်လိုက္ၿပီးေနာက္ ျမက္ခင္းေပၚ ေျခပစ္လက္ပစ္ ပစ္လွဲၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ဖိုဒန္ရဲ႕ဂိုးက ျပစ္ဒဏ္က်ဴးလြန္မႈကေန ရခဲ့သလား

ဖိုဒန္က ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းၿပီး ေခ်ပဂိုးမသြင္းမီမွာ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ေဝၚကာတို႔ၾကား အခိုက္အတန႔္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဂိုးေရွ႕ကို လြတ္လြတ္ကြၽတ္ကြၽတ္ ေဘာလုံး ဆြဲေျပးသြားေတာ့မယ့္ပုံေပၚခဲ့ေပမယ့္ ေဝၚကာက လက္နဲ႔ တြန္းခဲ့တာေၾကာင့္ လဲက်သြားၿပီး ျပစ္ဒဏ္ေဘာ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒိုင္က ျပစ္ဒဏ္ေဘာမေပးခဲ့ဘဲ သိပ္မၾကာမီမွာ မန္စီးတီးတို႔က တန္ျပန္တိုက္စစ္ကေန ဂိုးရသြားခဲ့တာပါ။ တန္ဟက္က ျပစ္ဒဏ္ေဘာမေပးခဲ့တဲ့အတြက္ ပြဲတာဝန္ရွိသူေတြကို ေဒါသတႀကီး ေစာဒကတက္ခဲ့ၿပီး ေခ်ပဂိုးသြင္းသြားခ်ိန္မွာလည္း မရပ္မနားဘဲ ေအာ္ဟစ္ေနခဲ့တာပါ။ မန္ယူႏိုက္တက္ပရိသတ္ေတြကို ေမးရင္ ျပစ္ဒဏ္ေဘာလို႔ ေျဖၾကမွာျဖစ္ၿပီး စီးတီးပရိသတ္ေတြကေတာ့ မဟုတ္ဘူးလို႔ ျငင္းမွာပါ။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးကေတာ့ ရွင္းရွင္းလင္းလင္း အေျဖေပးခဲ့ၿပီး “ဘာမွ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာမရွိဘူး။ သူ အဲဒီကေန ျပန္ထရမယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေဘာလုံး ျပန္ယူ”လို႔ Sky Sports အတြက္ စီစဥ္တင္ဆက္ေနခ်ိန္အတြင္း ေျပာဆိုခဲ့တာပါ။

အေကာင္းဆုံးရာသီကို ပိုင္ဆိုင္ေနတဲ့ ဖိုဒန္

ဖိုဒန္ရဲ႕ ေခ်ပဂိုးဟာ ဒီရာသီၿပိဳင္ပြဲစုံ ၁၇ ဂိုးေျမာက္ဂိုးျဖစ္ခဲ့ၿပီး မိနစ္ ၈၀မွာေတာ့ ၁၈ ဂိုးေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့အတြက္ ဂိုးသြင္းအမ်ားဆုံးရာသီျဖစ္လာခဲ့ပါၿပီ။ ဖိုဒန္သြင္းခဲ့သမွ် ၁၈ ဂိုးစလုံးက ပင္နယ္တီတစ္လုံးမွမပါခဲ့ဘဲ ပရီးမီးယားလိဂ္မွာ အဂၤလန္ၾကယ္ပြင့္ထက္ ဟာလန္း(၂၃ ဂိုး)၊ အိုလီ ဝပ္ကင္စ္(၂၁ ဂိုး)တို႔သာ ကစားကြက္ကေန ဂိုးပိုသြင္းယူထားႏိုင္တာျဖစ္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္လည္း ပြဲလာၾကည့္ခဲ့ၿပီး ယူ႐ို ၂၀၂၄ အတြက္ စိတ္ဝင္စားစရာ ဆုံးျဖတ္ခ်က္အမ်ားအျပား ခ်မွတ္သြားဖို႔ ရွိေနတာပါ။ ေဆာက္ဂိတ္အတြက္ အႀကီးမားဆုံးဆုံးျဖတ္ခ်က္က ဖိုဒန္ကို ဘယ္ေနရာ ထားကစားမလဲဆိုတာျဖစ္ႏိုင္ပါတယ္။ ဆာကာက ေဆာက္ဂိတ္ရဲ႕ ညာေတာင္ပံေနရာအတြက္ ပထမဦးစားေပးေ႐ြးခ်ယ္မႈျဖစ္ၿပီး ဟာရီ ကိန္းကလည္း လူစာရင္းအတြက္ ပထမဆုံးခ်ေရးတဲ့နာမည္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိရာသီမွာ မန္စီးတီးအတြက္ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပေနတဲ့ ဖိုဒန္ကိုလည္း မေ႐ြးလို႔ မျဖစ္တာေၾကာင့္ ေဆာက္ဂိတ္တစ္ေယာက္ ဆာကာေရာ ဖိုဒန္ပါ ၂ ေယာက္စလုံး ကစားခိုင္းလို႔ ရႏိုင္မယ့္ နည္းလမ္းရွာရမွာျဖစ္ၿပီး ဘယ္ေတာင္ပံအတြက္ လက္ရွိမွာ အရမ္းေကာင္းေနတဲ့ ကစားသမားမရွိတာေၾကာင့္ ဖိုဒန္က အေျဖျဖစ္လာခဲ့ၿပီျဖစ္ပုံေပၚပါတယ္။ ဘယ္ေတာင္ပံမွာ ဖိုဒန္၊ ညာေတာင္ပံမွာ ဆာကာတို႔နဲ႔ဆိုရင္ အဂၤလန္ရဲ႕ ေတာင္ပံဟာ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္းလည္း ႀကီးမားလာမွာ ေသခ်ာပါတယ္။

အာဆင္နယ္ကို ေက်ာ္ခြင့္မေပးတဲ့ မန္စီးတီး

လီဗာပူးလ္က မေန႔တုန္းက ေဖာရက္စ္ကို ႏူးညက္ဇ္ရဲ႕ အျငင္းပြားဖြယ္ ေနာက္က်ဂိုးနဲ႔ အႏိုင္ရသြားလို႔ မန္စီးတီးတို႔ ဒီပြဲမွာသာ ရလဒ္ေကာင္းမရခဲ့ရင္ အာဆင္နယ္ ေက်ာ္တက္မွာလည္း ေၾကာက္ရသလို ကေလာ့ပ္ရဲ႕အသင္းကိုလည္း မ်က္ေျချပတ္သြားမွာလည္း စိုးခဲ့ရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ပထမပိုင္းမွာ ဦးေဆာင္ဂိုးသြင္းသြားခ်ိန္မွာ ဂြါဒီယိုလာတစ္ေယာက္ ေတာ္ေတာ္ေလး မ်က္စိမ်က္ႏွာပ်က္ေနခဲ့ၿပီး ဟာလန္း ဂိုးေပါက္လြဲသြားခ်ိန္မွာ ေခါင္းကိုပြတ္ၿပီး မယုံႏိုင္ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ အရည္အေသြးက ေနာက္ဆုံးမွာ စကားေျပာသြားခဲ့လို႔ မန္စီးတီးတို႔ အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့ၿပီး အာဆင္နယ္ေက်ာ္မွာလည္း မစိုးရိမ္ရေတာ့သလို လီဗာပူးလ္နဲ႔၁ မွတ္အကြာကိုလည္း ျပန္တက္လွမ္းႏိုင္ခဲ့ပါၿပီ။ အခုဆိုရင္ တနလၤာေန႔ည ရွက္ဖီးနဲ႔ ကစားရမယ့္ အာဆင္နယ္တို႔ တုံ႔ျပန္ရမယ့္အလွည့္ေရာက္လာပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.