Analysis Article Match Preview Premier League

ချန်ပီယံလိဂ်လေးသင်းနိုင်မယ့် EPL ပွဲစဉ်(၁)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဘန်လေ-မန်ချက်စတာစီးတီး
ဂွန်ဒိုးဝမ် ထွက်ခွာသွားချိန်မှာ ဒီဘရိုင်းနားလည်း မကစားနိုင်ခဲ့ရင်တော့ မန်စီးတီးတို့က တစိမ်းအသင်းတစ်သင်းလို ဖြစ်နေပါတယ်။ အာကန်ဂျီ၊ ကိုဗာချစ်ချ်နဲ့ ဂရီးလစ်ရှ်တို့ရဲ့ ဘယ်ခြမ်းက ဂွါဒီယိုလာ ဖြေရှင်းရဦးမယ့် ပြဿနာဖြစ်ပြီး ဖန်တီးမှု လျော့ကျလာခဲ့ချိန်မှာ အာဆင်နယ်ခံစစ်က သူ့တို့ကို ကောင်းကောင်းထိန်းချုပ်ပြသွားခဲ့တာပါ။ ဘန်လေတို့ကတော့ အိမ်ကွင်းကောင်းပြီး ခံစစ်တောင့်တယ်ဆိုပေမယ့် မန်စီးတီးတို့ လေးကြိမ်ဆက် ချန်ပီယံ ဖြစ်ချင်ရင် အမှားခံလို့မရလို့ နိုင်ပွဲမဖြစ်ဖြစ်အောင် ရှာသွားမှာပါ။ (ဘန်လေ 0-2 မန်စီးတီး)

အာဆင်နယ်-နော့တင်ဟမ်ဖောရက်စ်
ဂျေဆူးစ် နာနေတုန်းမှာ ဟာဗတ်ဇ်က အထောင်တိုက်စစ်ကစားလာမှာဖြစ်ပြီး ဂျာမန်သားအနေနဲ့ သူ့ရဲ့ ပထမဆုံး အိမ်ကွင်း တရားဝင်ပွဲမှာ ခြေစွမ်းပြသင့်တာပါ။ ဖောရက်စ်တို့ ခံစစ်ပိတ်ကစားလာမှာဖြစ်ပြီး အာဆင်နယ်တို့ကတော့ ဒါကို ဖွင့်ချနိုင်ဖို့ ကြိုးစားမှာဖြစ်သလို ဒက်ကလန် ရိုက်စ်နဲ့ အော်ဒီဂွါဒ်တို့ ကွင်းလယ်က ပွဲကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲက အာဆင်နယ်တို့အတွက် ရာသီအဖွင့်လှဖို့ အခွင့်အရေးကောင်းဖြစ်တာကြောင့် ဂိုးပြတ် အနိုင်ရဖို့ လုပ်သွားကြပါလိမ့်မယ်။ (အာဆင်နယ် 3-0 ဖောရက်စ်)

ရှက်ဖီးလ်ဒ်ယူနိုက်တက်-ခရစ္စတယ်လ်ပဲလေ့စ်
နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး တန်းတက်အသင်းလေး ရှုံးလို့မဖြစ်သလို ဒီလိုအသင်းမျိုးလေးကို ရင်ဆိုင်ရတဲ့ ပဲလေ့စ်တို့လည်း ရလဒ်မကောင်းလို့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ရှက်ဖီးလ်ဒ်တို့အတွက် ဒီလိုပွဲမျိုးတွေကို အနိုင်မယူနိုင်ရင် ချန်ပီယံရှစ် ပြန်တော့လို့ ရက်ရက်စက်စက် ပြောရမယ့်အချိန်မှာ ဘိုးတော်ကြီး ရွိုင်းဟော့ဆန်ကလည်း အမှားတော့ ခံမှာမဟုတ်တာကြောင့် သရေတစ်မှတ်စီ ခွဲသွားဖို့ များနေပါတယ်။ (ရှက်ဖီးလ်ဒ် 1-1 ပဲလေ့စ်)

ဘုန်းမောက်-ဝက်စ်ဟမ်းယူနိုက်တက်
မက်ဂွိုင်းယား၊ ဝါ့ဒ်-ပရောက်စ်တို့နဲ့ သဘောတူညီထားပြီဆိုပေမယ့် သူတို့က ဝက်စ်ဟမ်းရဲ့ အဖွင့်ပွဲမှာတော့ ပါလာနိုင်ဖို့ ခက်ပါတယ်။ ဘုန်းမောက်တို့ကတော့ ပြီးခဲ့တဲ့ ရာသီက အမှားမျိုးတွေ ထပ်မဖြစ်အောင် လုပ်ရမှာဖြစ်ပြီး ဘီလ်ဘာအို ကစားသမားဟောင်း အီရာယိုလာက သူတို့ရဲ့ ပဲ့ကိုင်ရှင်ကောင်းဖြစ်မဖြစ်ဆိုတာ ဒီနေ့ပွဲမှာ စမြင်ရမှာပါ။ ရိုက်စ်ကို ဆုံးရှုံးထားတဲ့ ဝက်စ်ဟမ်းက လူသစ် အယ်လ်ဗာရက်ဇ်နဲ့တော့ အဝေးကွင်းမှာ သိပ်လုပ်ပြနိုင်ဖို့ မရှိလို့ ဒီပွဲကိုလည်း တစ်မှတ်စီ ခွဲယူမယ့်ပွဲမျိုးလို့ပဲ ထင်ပါတယ်။ (ဘုန်းမောက် 1-1 ဝက်စ်ဟမ်း)

ဘရိုက်တန်-လူတန်တောင်း
အသင်းပြောင်းချင်နေတဲ့ ကိုင်စီဒို မကစားတော့ပေမယ့် ဘရိုက်တန်တို့က မာကျောနေဆဲပဲဖြစ်ပါတယ်။ အိမ်ကွင်းမှာ တိုက်စစ်စွမ်းရည်ကို မီတိုမာနဲ့ အဖွဲ့က သရုပ်ဖော် ပြသဖို့ ရှိနေပြီး လူတန်တို့အတွက်တော့ ပရီးမီးယားလိဂ်ဆိုတာ ခါးသီးကြောင်း အတွေ့အကြုံရသွားရင်လဲ မဆန်းပါဘူး။ ဒီဇာဘီအနေနဲ့ သူ့ရဲ့ အသင်းကြီးတွေကိုတောင် စိုးမိုးနိုင်တဲ့ ကစားပုံကောင်းကို ရှိုးပွဲပြမှာဖြစ်လို့ အိမ်ကွင်းမှာ ဘရိုက်တန်တို့ ဂိုးပြတ်နိုင်ပွဲပါ။ (ဘရိုက်တန် 3-0 လူတန်)

အဲဗာတန်-ဖူလ်ဟမ်
နှစ်သင်းစလုံးအတွက် ခက်ခဲမယ့် ပွဲစဉ်ဖြစ်ပေမယ့် ကံကောင်းလို့ တန်းမဆင်းခဲ့ရတဲ့ အဲဗာတန်တို့ဘက်က ပိုပြီး စိုးရိမ်ချင်ပါတယ်။ သူတို့ရဲ့ အိမ်ကွင်းပုံစံ ဆိုးရွားနေပြီး ရှောင်ဒိုက်ချ်အနေနဲ့လည်း ကစားသမားတွေနဲ့ Chemistry မိပုံ မပေါ်သေးပါဘူး။ ဖူလ်ဟမ်တို့ကတော့ အဓိကတိုက်စစ်မှူး မီထရိုဗစ်ချ်ကို ဆော်ဒီ မသွားအောင် မနည်းစည်းရုံးပြီး အောင်မြင်ထားခဲ့လို့ စိတ်အေးနိုင်ပေမယ့် မနှစ်ကလို အထသွက်ဖို့ ခက်ပါလိမ့်မယ်။ ဒီပွဲကလည်း ခန့်မှန်းရခက်ပြီး သရေပဲ ဖြစ်ဖို့ များပါတယ်။ (အဲဗာတန် 1-1 ဖူလ်ဟမ်)

နယူးကာဆယ်လ်ယူနိုက်တက်-အက်စ်တန်ဗီလာ
ဒီပွဲကတော့ အသင်းကြီးမဖြစ်တဖြစ် ဥရောပမှာ အစမ်းသပ်ခံကြမယ့် နှစ်သင်းရဲ့ တွေ့ဆုံပွဲဖြစ်ပြီး သူတို့တွေအနေနဲ့ ဒီလိုမျိုး အဖွင့်ပွဲမှာတော့ တွေ့ချင်ကြမှာ မဟုတ်ပေမယ့် ဒါကပဲ ပရီးမီးယားလိဂ်ဖြစ်နေပါတယ်။ နယူးကာဆယ်လ်တို့ အိမ်ကွင်းမှာ ပုံစံကောင်းရနေတဲ့အတွက် ဧည့်သည်တွေကို ဂိုးတွေ သွင်းယူဖို့ မခက်နိုင်ဘူးလို့ ဆိုရမှာဖြစ်ပြီး ဗီလာတို့ရဲ့ လျင်မြန်တဲ့ ကောင်တာတွေက အိမ်ရှင်တွေကို ပြန်လည်ထိုးနှက်နိုင်ပါတယ်။ အက်ဒီဟောင်းက အမ်မရီကို ကပ်စားသွားမယ် ထင်ပါတယ်။ (နယူးကာဆယ်လ် 2-1 ဗီလာ)

ဘရန့်ဖို့ဒ်-တော့တင်ဟမ်ဟော့စပါး
လောင်းကစားငနဲ တိုနီ မပါနိုင်တော့သလို ရာယာကိုပါ လက်လွှတ်ခဲ့ရတဲ့ ဘရန့်ဖိုဒ်တို့ ဒီရာသီမှာရော ပစ်တိုင်းထောင်ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်စရာဖြစ်နေပါတယ်။ စပါးစ်တို့ကတော့ ဟာရီကိန်းကို လက်လွှတ်ထားရပေမယ့် ပိုစတီကိုဂလူးက Teamwork ကောင်းကောင်းသွားနိုင်ဖို့ တည်ဆောက်နေခဲ့ပြီး မက်ဒီဆန်ကတော့ ရစ်ချာလစ်ဆန်ကို သွင်းဂိုးတွေ ထောက်ပံ့ပေးဖို့ ရှိနိုင်ပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးစ်တို့က ဂိုးအပြန်အလှန် သွင်းပြီး အနိုင်ရသွားဖို့ များပါတယ်။ (ဘရန့်ဖို့ဒ် 1-3 စပါးစ်)

ချဲလ်ဆီး-လီဗာပူးလ်
ကိုင်စီဒိုကို ပြိုင်လုပြီး ပွဲရှာနေတဲ့ နှစ်သင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံမှုက ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲဖြစ်နေပါတယ်။ လီဗာပူးလ်တို့ရဲ့ တိုက်စစ်ကို လျှော့တွက်မရချိန်မှာ တိုးတက်လာတယ်ဆိုတဲ့ ချဲလ်ဆီးခံစစ်က အရောင်းအဝယ် ကြမ်းနေတုန်းပါပဲ။ ယာဂန် ကလော့ပ်အနေနဲ့ ဒီလိုပွဲမျိုးကို ဘယ်လို ကစားရမှန်း ကောင်းကောင်းသိပေမယ့် ပိုချက်တီနိုကလည်း ပွဲကြီးတွေမှာ လက်ပူတိုက်ကစားတတ်ပါတယ်။ နှစ်သင်းစလုံးမှာ ခံစစ်အားနည်းမှုတွေ ရှိနေလို့ ဂိုးသွင်းများမယ့် သရေပဲလို့ ယူဆချင်ပါတယ်။ (ချဲလ်ဆီး 2-2 လီဗာပူးလ်)

မန်ချက်စတာယူနိုက်တက်-ဝုလ်ဗာဟမ့်ပ်တန်
ဝုလ်ဗ်တို့ရဲ့ စီမံခန့်ခွဲမှု အလွဲတွေလို့ မဆိုချင်ရင်တောင် ပိုင်ရှင်တွေရဲ့ ငါတကောကောမှုတွေက များလွန်းပြီး လိုပီတီဂီနဲ့ လမ်းခွဲခဲ့သလို အိုနီးလ်လို နည်းပြမျိုးလက်ထဲ အသင်းကို ထိုးအပ်လိုက်တာက ညံ့ဖျင်းလွန်းပါတယ်။ မန်ယူကတော့ ခံစစ်ကလွဲရင် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အကောင်းစားကြီး တည်ဆောက်ထားပြီး တန်ဟတ်ရဲ့ အိုင်းယက်စ်လိုမျိုး ကစားနိုင်ဖို့ အားယူနေခဲ့တာပါ။ ရာသီဖွင့် အိမ်ကွင်းပွဲဆိုတာ မန်ယူတို့အတွက်တော့ ဆာလောင်မှု ပြင်းပြတဲ့ ပရိသတ်တွေရဲ့ အကြိုက် ကစားမယ့် ပွဲမျိုးဖြစ်တာကြောင့် ဂိုးပြတ်မာဂျင်က ကြီးမားသွားပါလိမ့်မယ်။ (မန်ယူ 4-0 ဝုလ်ဗ်စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘန္ေလ-မန္ခ်က္စတာစီးတီး
ဂြန္ဒိုးဝမ္ ထြက္ခြာသြားခ်ိန္မွာ ဒီဘ႐ိုင္းနားလည္း မကစားႏိုင္ခဲ့ရင္ေတာ့ မန္စီးတီးတို႔က တစိမ္းအသင္းတစ္သင္းလို ျဖစ္ေနပါတယ္။ အာကန္ဂ်ီ၊ ကိုဗာခ်စ္ခ်္နဲ႔ ဂရီးလစ္ရွ္တို႔ရဲ႕ ဘယ္ျခမ္းက ဂြါဒီယိုလာ ေျဖရွင္းရဦးမယ့္ ျပႆနာျဖစ္ၿပီး ဖန္တီးမႈ ေလ်ာ့က်လာခဲ့ခ်ိန္မွာ အာဆင္နယ္ခံစစ္က သူ႔တို႔ကို ေကာင္းေကာင္းထိန္းခ်ဳပ္ျပသြားခဲ့တာပါ။ ဘန္ေလတို႔ကေတာ့ အိမ္ကြင္းေကာင္းၿပီး ခံစစ္ေတာင့္တယ္ဆိုေပမယ့္ မန္စီးတီးတို႔ ေလးႀကိမ္ဆက္ ခ်န္ပီယံ ျဖစ္ခ်င္ရင္ အမွားခံလို႔မရလို႔ ႏိုင္ပြဲမျဖစ္ျဖစ္ေအာင္ ရွာသြားမွာပါ။ (ဘန္ေလ 0-2 မန္စီးတီး)

အာဆင္နယ္-ေနာ့တင္ဟမ္ေဖာရက္စ္
ေဂ်ဆူးစ္ နာေနတုန္းမွာ ဟာဗတ္ဇ္က အေထာင္တိုက္စစ္ကစားလာမွာျဖစ္ၿပီး ဂ်ာမန္သားအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး အိမ္ကြင္း တရားဝင္ပြဲမွာ ေျခစြမ္းျပသင့္တာပါ။ ေဖာရက္စ္တို႔ ခံစစ္ပိတ္ကစားလာမွာျဖစ္ၿပီး အာဆင္နယ္တို႔ကေတာ့ ဒါကို ဖြင့္ခ်ႏိုင္ဖို႔ ႀကိဳးစားမွာျဖစ္သလို ဒက္ကလန္ ႐ိုက္စ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ ကြင္းလယ္က ပြဲကို ထိန္းခ်ဳပ္သြားမွာျဖစ္ပါတယ္။ ဒီပြဲက အာဆင္နယ္တို႔အတြက္ ရာသီအဖြင့္လွဖို႔ အခြင့္အေရးေကာင္းျဖစ္တာေၾကာင့္ ဂိုးျပတ္ အႏိုင္ရဖို႔ လုပ္သြားၾကပါလိမ့္မယ္။ (အာဆင္နယ္ 3-0 ေဖာရက္စ္)

ရွက္ဖီးလ္ဒ္ယူႏိုက္တက္-ခရစၥတယ္လ္ပဲေလ့စ္
ႏွစ္သင္းစလုံးအတြက္ အေရးပါတဲ့ ပြဲစဥ္ျဖစ္ၿပီး တန္းတက္အသင္းေလး ရႈံးလို႔မျဖစ္သလို ဒီလိုအသင္းမ်ိဳးေလးကို ရင္ဆိုင္ရတဲ့ ပဲေလ့စ္တို႔လည္း ရလဒ္မေကာင္းလို႔ေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ ရွက္ဖီးလ္ဒ္တို႔အတြက္ ဒီလိုပြဲမ်ိဳးေတြကို အႏိုင္မယူႏိုင္ရင္ ခ်န္ပီယံရွစ္ ျပန္ေတာ့လို႔ ရက္ရက္စက္စက္ ေျပာရမယ့္အခ်ိန္မွာ ဘိုးေတာ္ႀကီး ႐ြိဳင္းေဟာ့ဆန္ကလည္း အမွားေတာ့ ခံမွာမဟုတ္တာေၾကာင့္ သေရတစ္မွတ္စီ ခြဲသြားဖို႔ မ်ားေနပါတယ္။ (ရွက္ဖီးလ္ဒ္ 1-1 ပဲေလ့စ္)

ဘုန္းေမာက္-ဝက္စ္ဟမ္းယူႏိုက္တက္
မက္ဂြိဳင္းယား၊ ဝါ့ဒ္-ပေရာက္စ္တို႔နဲ႔ သေဘာတူညီထားၿပီဆိုေပမယ့္ သူတို႔က ဝက္စ္ဟမ္းရဲ႕ အဖြင့္ပြဲမွာေတာ့ ပါလာႏိုင္ဖို႔ ခက္ပါတယ္။ ဘုန္းေမာက္တို႔ကေတာ့ ၿပီးခဲ့တဲ့ ရာသီက အမွားမ်ိဳးေတြ ထပ္မျဖစ္ေအာင္ လုပ္ရမွာျဖစ္ၿပီး ဘီလ္ဘာအို ကစားသမားေဟာင္း အီရာယိုလာက သူတို႔ရဲ႕ ပဲ့ကိုင္ရွင္ေကာင္းျဖစ္မျဖစ္ဆိုတာ ဒီေန႔ပြဲမွာ စျမင္ရမွာပါ။ ႐ိုက္စ္ကို ဆုံးရႈံးထားတဲ့ ဝက္စ္ဟမ္းက လူသစ္ အယ္လ္ဗာရက္ဇ္နဲ႔ေတာ့ အေဝးကြင္းမွာ သိပ္လုပ္ျပႏိုင္ဖို႔ မရွိလို႔ ဒီပြဲကိုလည္း တစ္မွတ္စီ ခြဲယူမယ့္ပြဲမ်ိဳးလို႔ပဲ ထင္ပါတယ္။ (ဘုန္းေမာက္ 1-1 ဝက္စ္ဟမ္း)

ဘ႐ိုက္တန္-လူတန္ေတာင္း
အသင္းေျပာင္းခ်င္ေနတဲ့ ကိုင္စီဒို မကစားေတာ့ေပမယ့္ ဘ႐ိုက္တန္တို႔က မာေက်ာေနဆဲပဲျဖစ္ပါတယ္။ အိမ္ကြင္းမွာ တိုက္စစ္စြမ္းရည္ကို မီတိုမာနဲ႔ အဖြဲ႕က သ႐ုပ္ေဖာ္ ျပသဖို႔ ရွိေနၿပီး လူတန္တို႔အတြက္ေတာ့ ပရီးမီးယားလိဂ္ဆိုတာ ခါးသီးေၾကာင္း အေတြ႕အႀကဳံရသြားရင္လဲ မဆန္းပါဘူး။ ဒီဇာဘီအေနနဲ႔ သူ႔ရဲ႕ အသင္းႀကီးေတြကိုေတာင္ စိုးမိုးႏိုင္တဲ့ ကစားပုံေကာင္းကို ရႈိးပြဲျပမွာျဖစ္လို႔ အိမ္ကြင္းမွာ ဘ႐ိုက္တန္တို႔ ဂိုးျပတ္ႏိုင္ပြဲပါ။ (ဘ႐ိုက္တန္ 3-0 လူတန္)

အဲဗာတန္-ဖူလ္ဟမ္
ႏွစ္သင္းစလုံးအတြက္ ခက္ခဲမယ့္ ပြဲစဥ္ျဖစ္ေပမယ့္ ကံေကာင္းလို႔ တန္းမဆင္းခဲ့ရတဲ့ အဲဗာတန္တို႔ဘက္က ပိုၿပီး စိုးရိမ္ခ်င္ပါတယ္။ သူတို႔ရဲ႕ အိမ္ကြင္းပုံစံ ဆိုး႐ြားေနၿပီး ေရွာင္ဒိုက္ခ်္အေနနဲ႔လည္း ကစားသမားေတြနဲ႔ Chemistry မိပုံ မေပၚေသးပါဘူး။ ဖူလ္ဟမ္တို႔ကေတာ့ အဓိကတိုက္စစ္မႉး မီထ႐ိုဗစ္ခ်္ကို ေဆာ္ဒီ မသြားေအာင္ မနည္းစည္း႐ုံးၿပီး ေအာင္ျမင္ထားခဲ့လို႔ စိတ္ေအးႏိုင္ေပမယ့္ မႏွစ္ကလို အထသြက္ဖို႔ ခက္ပါလိမ့္မယ္။ ဒီပြဲကလည္း ခန႔္မွန္းရခက္ၿပီး သေရပဲ ျဖစ္ဖို႔ မ်ားပါတယ္။ (အဲဗာတန္ 1-1 ဖူလ္ဟမ္)

နယူးကာဆယ္လ္ယူႏိုက္တက္-အက္စ္တန္ဗီလာ
ဒီပြဲကေတာ့ အသင္းႀကီးမျဖစ္တျဖစ္ ဥေရာပမွာ အစမ္းသပ္ခံၾကမယ့္ ႏွစ္သင္းရဲ႕ ေတြ႕ဆုံပြဲျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ဒီလိုမ်ိဳး အဖြင့္ပြဲမွာေတာ့ ေတြ႕ခ်င္ၾကမွာ မဟုတ္ေပမယ့္ ဒါကပဲ ပရီးမီးယားလိဂ္ျဖစ္ေနပါတယ္။ နယူးကာဆယ္လ္တို႔ အိမ္ကြင္းမွာ ပုံစံေကာင္းရေနတဲ့အတြက္ ဧည့္သည္ေတြကို ဂိုးေတြ သြင္းယူဖို႔ မခက္ႏိုင္ဘူးလို႔ ဆိုရမွာျဖစ္ၿပီး ဗီလာတို႔ရဲ႕ လ်င္ျမန္တဲ့ ေကာင္တာေတြက အိမ္ရွင္ေတြကို ျပန္လည္ထိုးႏွက္ႏိုင္ပါတယ္။ အက္ဒီေဟာင္းက အမ္မရီကို ကပ္စားသြားမယ္ ထင္ပါတယ္။ (နယူးကာဆယ္လ္ 2-1 ဗီလာ)

ဘရန႔္ဖို႔ဒ္-ေတာ့တင္ဟမ္ေဟာ့စပါး
ေလာင္းကစားငနဲ တိုနီ မပါႏိုင္ေတာ့သလို ရာယာကိုပါ လက္လႊတ္ခဲ့ရတဲ့ ဘရန႔္ဖိုဒ္တို႔ ဒီရာသီမွာေရာ ပစ္တိုင္းေထာင္ျဖစ္ႏိုင္ပါ့မလားလို႔ စိုးရိမ္စရာျဖစ္ေနပါတယ္။ စပါးစ္တို႔ကေတာ့ ဟာရီကိန္းကို လက္လႊတ္ထားရေပမယ့္ ပိုစတီကိုဂလူးက Teamwork ေကာင္းေကာင္းသြားႏိုင္ဖို႔ တည္ေဆာက္ေနခဲ့ၿပီး မက္ဒီဆန္ကေတာ့ ရစ္ခ်ာလစ္ဆန္ကို သြင္းဂိုးေတြ ေထာက္ပံ့ေပးဖို႔ ရွိႏိုင္ပါတယ္။ လန္ဒန္ဒါဘီပြဲစဥ္မွာ စပါးစ္တို႔က ဂိုးအျပန္အလွန္ သြင္းၿပီး အႏိုင္ရသြားဖို႔ မ်ားပါတယ္။ (ဘရန႔္ဖို႔ဒ္ 1-3 စပါးစ္)

ခ်ဲလ္ဆီး-လီဗာပူးလ္
ကိုင္စီဒိုကို ၿပိဳင္လုၿပီး ပြဲရွာေနတဲ့ ႏွစ္သင္းရဲ႕ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေတြ႕ဆုံမႈက ဒီတစ္ပတ္ရဲ႕ အေကာင္းဆုံးပြဲျဖစ္ေနပါတယ္။ လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္ကို ေလွ်ာ့တြက္မရခ်ိန္မွာ တိုးတက္လာတယ္ဆိုတဲ့ ခ်ဲလ္ဆီးခံစစ္က အေရာင္းအဝယ္ ၾကမ္းေနတုန္းပါပဲ။ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒီလိုပြဲမ်ိဳးကို ဘယ္လို ကစားရမွန္း ေကာင္းေကာင္းသိေပမယ့္ ပိုခ်က္တီႏိုကလည္း ပြဲႀကီးေတြမွာ လက္ပူတိုက္ကစားတတ္ပါတယ္။ ႏွစ္သင္းစလုံးမွာ ခံစစ္အားနည္းမႈေတြ ရွိေနလို႔ ဂိုးသြင္းမ်ားမယ့္ သေရပဲလို႔ ယူဆခ်င္ပါတယ္။ (ခ်ဲလ္ဆီး 2-2 လီဗာပူးလ္)

မန္ခ်က္စတာယူႏိုက္တက္-ဝုလ္ဗာဟမ့္ပ္တန္
ဝုလ္ဗ္တို႔ရဲ႕ စီမံခန႔္ခြဲမႈ အလြဲေတြလို႔ မဆိုခ်င္ရင္ေတာင္ ပိုင္ရွင္ေတြရဲ႕ ငါတေကာေကာမႈေတြက မ်ားလြန္းၿပီး လိုပီတီဂီနဲ႔ လမ္းခြဲခဲ့သလို အိုနီးလ္လို နည္းျပမ်ိဳးလက္ထဲ အသင္းကို ထိုးအပ္လိုက္တာက ညံ့ဖ်င္းလြန္းပါတယ္။ မန္ယူကေတာ့ ခံစစ္ကလြဲရင္ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကို အေကာင္းစားႀကီး တည္ေဆာက္ထားၿပီး တန္ဟတ္ရဲ႕ အိုင္းယက္စ္လိုမ်ိဳး ကစားႏိုင္ဖို႔ အားယူေနခဲ့တာပါ။ ရာသီဖြင့္ အိမ္ကြင္းပြဲဆိုတာ မန္ယူတို႔အတြက္ေတာ့ ဆာေလာင္မႈ ျပင္းျပတဲ့ ပရိသတ္ေတြရဲ႕ အႀကိဳက္ ကစားမယ့္ ပြဲမ်ိဳးျဖစ္တာေၾကာင့္ ဂိုးျပတ္မာဂ်င္က ႀကီးမားသြားပါလိမ့္မယ္။ (မန္ယူ 4-0 ဝုလ္ဗ္စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.