Premier League UCL&UEL

မန်ချက်စတာက အပြာနဲ့အဖြူပဲလို့ လှောင်ပြောင်ခံခဲ့ရတဲ့ မန်ယူနိုက်တက်

မန်ချက်စတာစီးတီးဂန္တဝင် ဒေးဗစ် ဆေးလ်ဗားဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ရီးရဲလ် ဆိုစီဒက်ကို ၁-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ် ခြောက်လှန့်ဖို့ ပြန်လာခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် စပိန်လက်ရွေးစင်ကြယ်ပွင့်ဟောင်းအတွက်တော့ ကြာသပတေးနေ့ညနေမှာ မန်ချက်စတာကို ရီးရဲလ် ဆိုစီဒက်အသင်းနဲ့အတူ ပြန်လာရတာ ပျော်ရွှင်စရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ စပိန်လာလီဂါကလပ်အသင်းရဲ့ အောင်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ၎င်းရဲ့ ကန်ချက်က လီဆန်ဒရို မာတီနက်ဇ်ရဲ့ လက်မောင်းကို ထိခဲ့တာကြောင့် မန်းဒက်ဇ်ရဲ့ ပင်နယ်တီကနေ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာစီးတီးဂန္တဝင်က တွစ်တာလူမှုကွန်ရက်မှာ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားနေတဲ့ ၎င်းရဲ့ပုံနဲ့အတူ “နောက်ထပ်တစ်ကြိမ် 💙”ဆိုတဲ့ စာသားကို ရေးသားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် ဆိုစီဒက်အသင်းရဲ့ တရားဝင်အကောင့်ကလည်း “မန်ချက်စတာက အပြာနဲ့ အဖြူ”ဆိုတဲ့စာသားနဲ့အတူ မန်ချက်စတာစီးတီးဂန္တဝင် ကွင်းထဲကနေ ထွက်ခွာလာတဲ့ ဗီဒီယိုကို တင်ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ညနေခင်းဟာ ဒေးဗစ် ဆေးလ်ဗားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ၁၀ ကြိမ်မြောက် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပြီး ဒါကြောင့် မန်စီးတီးဂန္တဝင်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရာမှာ ၁၀ ပွဲနိုင် ၁၀ ပွဲရှုံး၊ သရေ ၁ ပွဲ ရလဒ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက်အသင်းဟာ လာလီဂါအဖွင့်ပွဲစဉ် ၄ ပွဲကနေ ရမှတ် ၇ မှတ်ရရှိထားပြီး အရင်ရာသီကထက်စာရင် ပိုမိုအားကောင်းတဲ့ စတင်မှုမျိုး ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး စနေနေ့ညနေမှာတော့ ဂီတာဖေးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဂႏၲဝင္ ေဒးဗစ္ ေဆးလ္ဗားဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ရီးရဲလ္ ဆိုစီဒက္ကို ၁-၀ နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ေနာက္ထပ္တစ္ႀကိမ္ ေျခာက္လွန႔္ဖို႔ ျပန္လာခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္ေဟာင္းအတြက္ေတာ့ ၾကာသပေတးေန႔ညေနမွာ မန္ခ်က္စတာကို ရီးရဲလ္ ဆိုစီဒက္အသင္းနဲ႔အတူ ျပန္လာရတာ ေပ်ာ္႐ႊင္စရာျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ေဆးလ္ဗားဟာ စပိန္လာလီဂါကလပ္အသင္းရဲ႕ ေအာင္ပြဲမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ၎ရဲ႕ ကန္ခ်က္က လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ လက္ေမာင္းကို ထိခဲ့တာေၾကာင့္ မန္းဒက္ဇ္ရဲ႕ ပင္နယ္တီကေန တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာစီးတီးဂႏၲဝင္က တြစ္တာလူမႈကြန္ရက္မွာ အိုးထရက္ဖို႔ဒ္ကြင္းထဲမွာ ကစားေနတဲ့ ၎ရဲ႕ပုံနဲ႔အတူ “ေနာက္ထပ္တစ္ႀကိမ္ 💙”ဆိုတဲ့ စာသားကို ေရးသားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ ဆိုစီဒက္အသင္းရဲ႕ တရားဝင္အေကာင့္ကလည္း “မန္ခ်က္စတာက အျပာနဲ႔ အျဖဴ”ဆိုတဲ့စာသားနဲ႔အတူ မန္ခ်က္စတာစီးတီးဂႏၲဝင္ ကြင္းထဲကေန ထြက္ခြာလာတဲ့ ဗီဒီယိုကို တင္ခဲ့တာ ျဖစ္ပါတယ္။

ၾကာသပေတးေန႔ ညေနခင္းဟာ ေဒးဗစ္ ေဆးလ္ဗားရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၁၀ ႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္လည္း ျဖစ္ခဲ့ၿပီး ဒါေၾကာင့္ မန္စီးတီးဂႏၲဝင္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရာမွာ ၁၀ ပြဲႏိုင္ ၁၀ ပြဲရႈံး၊ သေရ ၁ ပြဲ ရလဒ္ကို ပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္ဆိုစီဒက္အသင္းဟာ လာလီဂါအဖြင့္ပြဲစဥ္ ၄ ပြဲကေန ရမွတ္ ၇ မွတ္ရရွိထားၿပီး အရင္ရာသီကထက္စာရင္ ပိုမိုအားေကာင္းတဲ့ စတင္မႈမ်ိဳး ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ၿပီး စေနေန႔ညေနမွာေတာ့ ဂီတာေဖးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.