Premier League

နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးဖွယ်နေ့ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဘာတွေဖြစ်လာနိုင်မလဲ

အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက် ၂ ကံတော်ကုန်သွားတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးဖွယ်နေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ အားကစား ပွဲစဉ်တွေအားလုံး ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဘောလုံးပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့အတွက် အစိုးရနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အတည်ပြုကြေညာခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကတော့ လာမယ့်ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးတာဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးဖွယ်နေ့မှာ အားကစားပြိုင်ပွဲတွေအားလုံးဟာ ရွှေ့ဆိုင်းပြီး အတည်မပြုရသေးတဲ့ ဝမ်းနည်းပူဆွေးဖွယ်နေ့ပြီးမှ ရက်ပြန်လည်သတ်မှတ်သွားဖို့ လိုအပ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

“အင်္ဂလန်ဘောလုံးလိဂ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲဖွယ်နေ့မတိုင်ခင် နိုင်ငံတော်အစိုးရ၊ အားကစားနယ်ပယ်စုံက တာဝန်ရှိသူနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပြီး တတ်နိုင်သမျှ အစောဆုံး ကြေညာမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ EFL မှာ ရှိတဲ့သူတွေအားလုံးနဲ့ ကျွန်တော်တို့ ကလပ်အသင်းတွေဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဒီလို ဝမ်းနည်းကြေကွဲစရာအချိန်မှာ တော်ဝင်မိသားစုနဲ့အတူ ထပ်တူထပ်မျှ ရှိနေပါတယ်”လို့ EFL ဥက္ကဌ ရစ်ခ် ပယ်ရီက ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

Operation London Bridge ရဲ့ တစ်စိတ်တပိုင်းအဖြစ် အာကစားပြိုင်ပွဲတွေအားလုံးဟာ နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးဖွယ်နေ့မှာ ဖျက်သိမ်းသွားမှာဖြစ်ပြီး ဝေလမင်းသား ကြင်ယာတော် မင်းသမီး ဒိုင်ယာနာ ကွယ်လွန်ခဲ့ချိန်တုန်းကလည်း နောက်တစ်နေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ လီဗာပူးလ်နဲ့ နယူးကာဆယ်လ်တို့ပွဲဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ဒိုင်ယာနာရဲ့ ဈာပနအခမ်းအနားနေ့မှာ ကျင်းပမယ့် ပွဲစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲစဉ်တွေဟာ နိုင်ငံတကာအားလပ်ရက်ကြောင့် ဖျက်သိမ်းဖို့ လိုအပ်မှာတော့မဟုတ်ဘဲ ပရီးမီးယားလိဂ်ဟာ DCMS(ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီးဌာန)ရဲ့လမ်းညွှန်မှုအောက်မှာရှိနေမယ့်လည်း ယခုအပတ် ဘောလုံးပွဲစဉ်တွေဟာ ဘုရင်မကြီးရဲ့ ဝမ်းနည်းကြေကွဲဖွယ် နတ်ရွာစံမှုကြောင့် ကျိန်းသေပေါက် ဖျက်သိမ်းရလုနီးပါးဖြစ်နေတာဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးဖွယ်နေ့အဖြစ် ဘုရင်မကြီး နတ်ရွာစံ ကံတော်ကုန်ပြီးနောက် ၁၀ ရက်အကြာ ၁၈ ရက်နေ့မှာ ကျင်းပသွားဖို့များပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ လက်ရှိမှာတော့ အဲဒီနေ့မှာ ကစားဖို့ စီစဉ်ထားတာကြောင့် အဲဒီနေ့သာ အမှန်တကယ် အတည်ပြုကြေညာခဲ့မယ်ဆိုရင် ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ချဲလ်ဆီးအသင်းနဲ့ လီဗာပူးလ်တို့ ပွဲစဉ်ကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားသွားဖို့ စီစဉ်ထားသလို စပါးစ်နဲ့ လက်စတာစီးတီးတို့ပွဲစဉ်ကလည်း စက်တင်ဘာ ၁၇ ရက်နေ့မှာ ကစားသွားဖို့ ရှိနေပြီး အာဆင်နယ်ကတော့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ႏိုင္ငံရဲ႕ ဘုရင္မႀကီး အဲလိဇဘက္ ၂ ကံေတာ္ကုန္သြားတဲ့သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းပူေဆြးဖြယ္ေန႔မွာ ကစားဖို႔ စီစဥ္ထားတဲ့ အားကစား ပြဲစဥ္ေတြအားလုံး ဖ်က္သိမ္းေတာ့မွာ ျဖစ္ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေဘာလုံးပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းဖို႔အတြက္ အစိုးရနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ အတည္ျပဳေၾကညာခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ကေတာ့ လာမယ့္ပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ေၾကညာခ်က္ ထုတ္ျပန္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းပူေဆြးဖြယ္ေန႔မွာ အားကစားၿပိဳင္ပြဲေတြအားလုံးဟာ ေ႐ႊ႕ဆိုင္းၿပီး အတည္မျပဳရေသးတဲ့ ဝမ္းနည္းပူေဆြးဖြယ္ေန႔ၿပီးမွ ရက္ျပန္လည္သတ္မွတ္သြားဖို႔ လိုအပ္ဖြယ္ ရွိေနတာ ျဖစ္ပါတယ္။

“အဂၤလန္ေဘာလုံးလိဂ္ပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး ဝမ္းနည္းေၾကကြဲဖြယ္ေန႔မတိုင္ခင္ ႏိုင္ငံေတာ္အစိုးရ၊ အားကစားနယ္ပယ္စုံက တာဝန္ရွိသူနဲ႔ ညႇိႏႈိင္းေဆြးေႏြးသြားမွာျဖစ္ၿပီး တတ္ႏိုင္သမွ် အေစာဆုံး ေၾကညာမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ EFL မွာ ရွိတဲ့သူေတြအားလုံးနဲ႔ ကြၽန္ေတာ္တို႔ ကလပ္အသင္းေတြဟာ ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ ဒီလို ဝမ္းနည္းေၾကကြဲစရာအခ်ိန္မွာ ေတာ္ဝင္မိသားစုနဲ႔အတူ ထပ္တူထပ္မွ် ရွိေနပါတယ္”လို႔ EFL ဥကၠဌ ရစ္ခ္ ပယ္ရီက ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားပါတယ္။

Operation London Bridge ရဲ႕ တစ္စိတ္တပိုင္းအျဖစ္ အာကစားၿပိဳင္ပြဲေတြအားလုံးဟာ ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းပူေဆြးဖြယ္ေန႔မွာ ဖ်က္သိမ္းသြားမွာျဖစ္ၿပီး ေဝလမင္းသား ၾကင္ယာေတာ္ မင္းသမီး ဒိုင္ယာနာ ကြယ္လြန္ခဲ့ခ်ိန္တုန္းကလည္း ေနာက္တစ္ေန႔မွာ ကစားဖို႔ စီစဥ္ထားတဲ့ လီဗာပူးလ္နဲ႔ နယူးကာဆယ္လ္တို႔ပြဲဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ၿပီး ဒိုင္ယာနာရဲ႕ ဈာပနအခမ္းအနားေန႔မွာ က်င္းပမယ့္ ပြဲစဥ္ေတြကိုလည္း ဖ်က္သိမ္းခဲ့ဖူးတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲစဥ္ေတြဟာ ႏိုင္ငံတကာအားလပ္ရက္ေၾကာင့္ ဖ်က္သိမ္းဖို႔ လိုအပ္မွာေတာ့မဟုတ္ဘဲ ပရီးမီးယားလိဂ္ဟာ DCMS(ယဥ္ေက်းမႈ၊ မီဒီယာနဲ႔ အားကစားဝန္ႀကီးဌာန)ရဲ႕လမ္းၫႊန္မႈေအာက္မွာရွိေနမယ့္လည္း ယခုအပတ္ ေဘာလုံးပြဲစဥ္ေတြဟာ ဘုရင္မႀကီးရဲ႕ ဝမ္းနည္းေၾကကြဲဖြယ္ နတ္႐ြာစံမႈေၾကာင့္ က်ိန္းေသေပါက္ ဖ်က္သိမ္းရလုနီးပါးျဖစ္ေနတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းပူေဆြးဖြယ္ေန႔အျဖစ္ ဘုရင္မႀကီး နတ္႐ြာစံ ကံေတာ္ကုန္ၿပီးေနာက္ ၁၀ ရက္အၾကာ ၁၈ ရက္ေန႔မွာ က်င္းပသြားဖို႔မ်ားၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ လက္ရွိမွာေတာ့ အဲဒီေန႔မွာ ကစားဖို႔ စီစဥ္ထားတာေၾကာင့္ အဲဒီေန႔သာ အမွန္တကယ္ အတည္ျပဳေၾကညာခဲ့မယ္ဆိုရင္ ေ႐ႊ႕ဆိုင္းရမွာျဖစ္ပါတယ္။

လာမယ့္ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ခ်ဲလ္ဆီးအသင္းနဲ႔ လီဗာပူးလ္တို႔ ပြဲစဥ္ကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားသြားဖို႔ စီစဥ္ထားသလို စပါးစ္နဲ႔ လက္စတာစီးတီးတို႔ပြဲစဥ္ကလည္း စက္တင္ဘာ ၁၇ ရက္ေန႔မွာ ကစားသြားဖို႔ ရွိေနၿပီး အာဆင္နယ္ကေတာ့ စက္တင္ဘာ ၁၈ ရက္ေန႔မွာ ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.