Premier League UCL&UEL

ဂိုးသွင်းပြီးနောက် ဆွစ်ဇာလန်မြေမှာ မျက်ရည်စတွေ အမှတ်တရချန်ခဲ့တဲ့ မာကင်ညို့စ်

အာဆင်နယ်တောင်ပံကစားသမား မာကင်ညို့စ်ဟာ ကြာသပတေးနေ့ညက ဇူးရစ်ချ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မျက်ရည်လည်ရွဲနဲ့ ငိုကြွေးခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်လူငယ်ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ဆော်ပေါ်လိုအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကြာသပတေးနေ့ညနေ အုပ်စု A အဖွင့်ပွဲစဉ်မှာ ပထမဆုံး ပွဲဦးထွက်ပါဝင်ကစားဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

ဖေဘီယို ဗီယာရာဟာ ဘောလုံးကို ရယူပြီးနောက် အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်စတင်နိုင်ဖို့ တောင်ပံက နကီးတီးယားဆီကို ဘောလုံး ဖြန့်ပေးခဲ့ပြီး အက်ဒီက မာကင်ညို့စ် ပိတ်သွင်းယူနိုင်အောင် ဖြတ်တင်ပေးပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

မာကင်ညို့စ်ဟာ ညာခြေနဲ့ ဇူးရစ်ချ်ဂိုးသမား ရန်းနစ် ဘရက်ရှာဘယ်လိုမှ မကာကွယ်နိုင်အောင် အပြင်းကန်သွင်းယူနိုင်ခဲ့ပြီးနောက် အောင်ပွဲခံရာမှာ စိတ်ခံစားမှုက အမြင့်မားဆုံး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မာကင်ညို့စ်ဟာ ဂိုးသွင်းယူပြီးနောက် ဗီယာရာ ရောက်လာပြီး ဆွဲမထူခင် ကွင်းမြက်ခင်းပြင်ပေါ် ဒူးထောက်လဲကျသွားပြီ မျက်နှာကို မြက်ခင်းနဲ့အပ်ပြီး စိတ်ခံစားချက်အပြည့်နဲ့ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဖော်တွေဟာ အောင်ပွဲခံဖို့အတွက် ရောက်ရှိလာချိန်မှာ မာကင်ညို့စ်ဟာ နောက်ထပ်တစ်ကြိမ် မြက်ခင်းပေါ် လဲကျသွားခဲ့သေးပြီး ပရိသတ်တွေဟာ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ သွင်းဂိုးအပေါ် တုံ့ပြန်ခဲ့ကြပြီး မာကင်ညို့စ်အနေနဲ့ အသင်းဖော် မာတီနယ်လီလိုပဲ ပထမအသင်းမှာ တူညီတဲ့အကျိုးသက်ရောက်မှု ပြသနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

“ကြည့်စမ်းပါဦး။ သူ့အတွက် ဘယ်လောက်တောင် ဒီသွင်းဂိုးက အဓိပ္ပာယ်ရှိနေလဲဆိုတာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “သူ့ရဲ့ ပထမဆုံးပွဲမှာ သူ့ဆီကနေ ဒီလို စိတ်ဆန္ဒပြင်းပြမှုမျိုးကို ချစ်တယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ေတာင္ပံကစားသမား မာကင္ညိဳ႕စ္ဟာ ၾကာသပေတးေန႔ညက ဇူးရစ္ခ်္အသင္းနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ရာမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မ်က္ရည္လည္႐ြဲနဲ႔ ငိုေႂကြးခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ ေဆာ္ေပၚလိုအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၾကာသပေတးေန႔ညေန အုပ္စု A အဖြင့္ပြဲစဥ္မွာ ပထမဆုံး ပြဲဦးထြက္ပါဝင္ကစားဖို႔ အခြင့္အေရး ရရွိခဲ့ပါတယ္။

ေဖဘီယို ဗီယာရာဟာ ေဘာလုံးကို ရယူၿပီးေနာက္ အာဆင္နယ္ရဲ႕ တန္ျပန္တိုက္စစ္စတင္ႏိုင္ဖို႔ ေတာင္ပံက နကီးတီးယားဆီကို ေဘာလုံး ျဖန႔္ေပးခဲ့ၿပီး အက္ဒီက မာကင္ညိဳ႕စ္ ပိတ္သြင္းယူႏိုင္ေအာင္ ျဖတ္တင္ေပးပို႔ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မာကင္ညိဳ႕စ္ဟာ ညာေျခနဲ႔ ဇူးရစ္ခ်္ဂိုးသမား ရန္းနစ္ ဘရက္ရွာဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ အျပင္းကန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံရာမွာ စိတ္ခံစားမႈက အျမင့္မားဆုံး ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

မာကင္ညိဳ႕စ္ဟာ ဂိုးသြင္းယူၿပီးေနာက္ ဗီယာရာ ေရာက္လာၿပီး ဆြဲမထူခင္ ကြင္းျမက္ခင္းျပင္ေပၚ ဒူးေထာက္လဲက်သြားၿပီ မ်က္ႏွာကို ျမက္ခင္းနဲ႔အပ္ၿပီး စိတ္ခံစားခ်က္အျပည့္နဲ႔ ငိုေႂကြးေနခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းေဖာ္ေတြဟာ ေအာင္ပြဲခံဖို႔အတြက္ ေရာက္ရွိလာခ်ိန္မွာ မာကင္ညိဳ႕စ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ျမက္ခင္းေပၚ လဲက်သြားခဲ့ေသးၿပီး ပရိသတ္ေတြဟာ ဘရာဇီးလ္ေတာင္ပံကစားသမားရဲ႕ သြင္းဂိုးအေပၚ တုံ႔ျပန္ခဲ့ၾကၿပီး မာကင္ညိဳ႕စ္အေနနဲ႔ အသင္းေဖာ္ မာတီနယ္လီလိုပဲ ပထမအသင္းမွာ တူညီတဲ့အက်ိဳးသက္ေရာက္မႈ ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

“ၾကည့္စမ္းပါဦး။ သူ႔အတြက္ ဘယ္ေလာက္ေတာင္ ဒီသြင္းဂိုးက အဓိပၸာယ္ရွိေနလဲဆိုတာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “သူ႔ရဲ႕ ပထမဆုံးပြဲမွာ သူ႔ဆီကေန ဒီလို စိတ္ဆႏၵျပင္းျပမႈမ်ိဳးကို ခ်စ္တယ္”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.