UCL&UEL

VAR ရဲ့နောက်ထပ်တစ်ကြိမ် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ပေါက်ကွဲနေတဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြာသပတေးနေ့ည ရီးရဲလ် ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် အငြင်းပွားစရာဖြစ်ခဲ့ပြီး မာတီနက်ဇ်ဟာ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

VAR ဟာ အထူးသဖြင့် ဘောလုံးလောကမှာ ဘယ်တုန်းကမှ ထင်ပေါ်လူကြိုက်များခဲ့ခြင်းမရှိခဲ့ပေမယ့် မကြာသေးမီတုန်းက ပရီးမီးယားလိဂ်က ဆုံးဖြတ်ချက်အချို့ကြောင့် VAR ဒိုင်လူကြီးတွေအပေါ် ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ပိုမို များပြားလာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်လ်၊ အက်စတန် ဗီလာ၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ အာဆင်နယ်တို့ အားလုံးဟာ ပြီးခဲ့တဲ့အပတ်မှာ VAR ရဲ့ ဒုက္ခပေးခြင်းခံခဲ့ရပြီး အမှတ်ပေးဇယားဦးဆောင်နေတဲ့ ဂန်းနားတွေလည်း အိုးထရက်ဖို့ဒ်ကပွဲမှာ အဖွင့်ဂိုးကို အငြင်းပွားဖွယ် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြာသပတေးနေ့မှာတော့ အဲရစ် တန်ဟက်နဲ့ VAR တို့ ပြဿနာတက်ဖို့ အလှည့်ကျလာခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တဲ့ မာတီနက်ဇ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ် ဆိုစီဒက်ကို ပင်နယ်တီပေးခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးဂန္တဝင် ဒေးဗစ် ဆေးလ်ဗားဟာ ပထမဆုံးအကြိမ် မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး စပိန်ဝါရင့်ကွင်းလယ်ကစားသမားရဲ့ ကန်ချက်ဟာ မန်ယူနိုက်တက် နောက်ခံလူရဲ့ ခြေထောက်ကို ထိပြီးနောက် ပုံမှန်နေရာမှာရှိနေတဲ့ လက်မောင်းကို သွားရောက်ထိမှန်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲကြေညာသူ၊ ပွဲကြည့်ရှုသူတွေနဲ့ ဘောလုံးဝေဖန်သူတွေအားလုံးဟာ VAR က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲပေးလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း ပင်နယ်တီအဖြစ်သာ ဆုံးဖြတ်ခဲ့တာကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဒါက ဘယ်လိုဖြစ်ပြီး ပင်နယ်တီ ဖြစ်သွားရတာလဲဟ။ မာတီနက်ဇ်က ကန်ချက်ကို သူ့ခြေထောက်နဲ့ ပိတ်ဆို့ခဲ့ပြီး အဲဒါက လက်မောင်းကို လာမှန်တာလေ။ ဒီဒိုင်လူကြီးတွေက တစ်စက်လေးမှ သုံးစားမရတဲ့ဟာတွေပဲ။ အဲဒါက လက်ထိဘောပါလို့ ဆုံးဖြတ်ရအောင် ရုပ်သံအနှေးပြကွက်ကို ဘယ်လိုတောင် ကြည့်လိုက်တာလဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း “စည်းမျဉ်းတွေအားလုံးက အဲဒါဟာ ပင်နယ်တီမဟုတ်ဘူးလို့ ပြောကြပေမယ့်လည်း VAR က ပင်နယ်တီပေးခဲ့တယ်။ ဘာတွေ ဖြစ်နေတာလဲဆိုတာ သိကြတဲ့သူများ ရှိရော ရှိသေးရဲ့လား”လို့ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးကတော့ ပြီးခဲ့တဲ့အပတ်က မာတီနယ်လီရဲ့ သွင်းဂိုးအတွက် ပြန်လည်လက်စားချေတဲ့အနေနဲ့ “ဒါက ပင်နယ်တီ ပေးရမယ့်အနေအထားမဟုတ်ပေမယ့် ယူနိုက်တက်က ပင်နယ်တီပေးရတာဆိုတော့ အရမ်းကို ကောင်းတဲ့ကိစ္စပါ”လို့ ရေးသားခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲရဲ့ စည်းမျဉ်းအရ “ဘောလုံးက ကစားသမားရဲ့ လက်၊ လက်မောင်းကို ကစားသမားကိုယ်တိုင်ရဲ့ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ်(ခြေထောက်လည်း အပါအဝင်)ကနေ တိုက်ရိုက်ထိမှန်ခဲ့မယ်ဆိုရင် ပြစ်ဒဏ်ကျူးလွန်မှုမမြောက်”လို့ သတ်မှတ်ထားတာကြောင့် ပင်နယ်တီ မပေးခဲ့သင့်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၾကာသပေတးေန႔ည ရီးရဲလ္ ဆိုစီဒက္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ VAR ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ အျငင္းပြားစရာျဖစ္ခဲ့ၿပီး မာတီနက္ဇ္ဟာ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့တယ္လို႔ ဆုံးျဖတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

VAR ဟာ အထူးသျဖင့္ ေဘာလုံးေလာကမွာ ဘယ္တုန္းကမွ ထင္ေပၚလူႀကိဳက္မ်ားခဲ့ျခင္းမရွိခဲ့ေပမယ့္ မၾကာေသးမီတုန္းက ပရီးမီးယားလိဂ္က ဆုံးျဖတ္ခ်က္အခ်ိဳ႕ေၾကာင့္ VAR ဒိုင္လူႀကီးေတြအေပၚ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ ပိုမို မ်ားျပားလာခဲ့တာ ျဖစ္ပါတယ္။

နယူးကာဆယ္လ္၊ အက္စတန္ ဗီလာ၊ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္၊ အာဆင္နယ္တို႔ အားလုံးဟာ ၿပီးခဲ့တဲ့အပတ္မွာ VAR ရဲ႕ ဒုကၡေပးျခင္းခံခဲ့ရၿပီး အမွတ္ေပးဇယားဦးေဆာင္ေနတဲ့ ဂန္းနားေတြလည္း အိုးထရက္ဖို႔ဒ္ကပြဲမွာ အဖြင့္ဂိုးကို အျငင္းပြားဖြယ္ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၾကာသပေတးေန႔မွာေတာ့ အဲရစ္ တန္ဟက္နဲ႔ VAR တို႔ ျပႆနာတက္ဖို႔ အလွည့္က်လာခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့တဲ့ မာတီနက္ဇ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရီးရဲလ္ ဆိုစီဒက္ကို ပင္နယ္တီေပးခဲ့ရတာ ျဖစ္ပါတယ္။

မန္စီးတီးဂႏၲဝင္ ေဒးဗစ္ ေဆးလ္ဗားဟာ ပထမဆုံးအႀကိမ္ မန္ခ်က္စတာၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး စပိန္ဝါရင့္ကြင္းလယ္ကစားသမားရဲ႕ ကန္ခ်က္ဟာ မန္ယူႏိုက္တက္ ေနာက္ခံလူရဲ႕ ေျခေထာက္ကို ထိၿပီးေနာက္ ပုံမွန္ေနရာမွာရွိေနတဲ့ လက္ေမာင္းကို သြားေရာက္ထိမွန္ခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက ပင္နယ္တီသတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ပြဲေၾကညာသူ၊ ပြဲၾကည့္ရႈသူေတြနဲ႔ ေဘာလုံးေဝဖန္သူေတြအားလုံးဟာ VAR က ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္ ေျပာင္းလဲေပးလိမ့္မယ္လို႔ ေမွ်ာ္မွန္းခဲ့ၾကေပမယ့္လည္း ပင္နယ္တီအျဖစ္သာ ဆုံးျဖတ္ခဲ့တာေၾကာင့္ အံ့အားသင့္တုန္လႈပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

“ဒါက ဘယ္လိုျဖစ္ၿပီး ပင္နယ္တီ ျဖစ္သြားရတာလဲဟ။ မာတီနက္ဇ္က ကန္ခ်က္ကို သူ႔ေျခေထာက္နဲ႔ ပိတ္ဆို႔ခဲ့ၿပီး အဲဒါက လက္ေမာင္းကို လာမွန္တာေလ။ ဒီဒိုင္လူႀကီးေတြက တစ္စက္ေလးမွ သုံးစားမရတဲ့ဟာေတြပဲ။ အဲဒါက လက္ထိေဘာပါလို႔ ဆုံးျဖတ္ရေအာင္ ႐ုပ္သံအေႏွးျပကြက္ကို ဘယ္လိုေတာင္ ၾကည့္လိုက္တာလဲ”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “စည္းမ်ဥ္းေတြအားလုံးက အဲဒါဟာ ပင္နယ္တီမဟုတ္ဘူးလို႔ ေျပာၾကေပမယ့္လည္း VAR က ပင္နယ္တီေပးခဲ့တယ္။ ဘာေတြ ျဖစ္ေနတာလဲဆိုတာ သိၾကတဲ့သူမ်ား ရွိေရာ ရွိေသးရဲ႕လား”လို႔ ေဝဖန္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္တစ္ဦးကေတာ့ ၿပီးခဲ့တဲ့အပတ္က မာတီနယ္လီရဲ႕ သြင္းဂိုးအတြက္ ျပန္လည္လက္စားေခ်တဲ့အေနနဲ႔ “ဒါက ပင္နယ္တီ ေပးရမယ့္အေနအထားမဟုတ္ေပမယ့္ ယူႏိုက္တက္က ပင္နယ္တီေပးရတာဆိုေတာ့ အရမ္းကို ေကာင္းတဲ့ကိစၥပါ”လို႔ ေရးသားခဲ့ပါတယ္။

ေဘာလုံးၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းအရ “ေဘာလုံးက ကစားသမားရဲ႕ လက္၊ လက္ေမာင္းကို ကစားသမားကိုယ္တိုင္ရဲ႕ ဦးေခါင္း သို႔မဟုတ္ ခႏၶာကိုယ္(ေျခေထာက္လည္း အပါအဝင္)ကေန တိုက္႐ိုက္ထိမွန္ခဲ့မယ္ဆိုရင္ ျပစ္ဒဏ္က်ဴးလြန္မႈမေျမာက္”လို႔ သတ္မွတ္ထားတာေၾကာင့္ ပင္နယ္တီ မေပးခဲ့သင့္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.