Serie A UCL&UEL

ပီအက်စ်ဂျီရဲ့အဖွင့်ဂိုးကို ဝမ်းသာပီတိတွေနဲ့ကြည့်နေခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ရာဗျို

အမြင်စူးရှတဲ့ ပရိသတ်တစ်ဦးဟာ အင်္ဂါနေ့ညနေက ပီအက်စ်ဂျီက အီတလီထိပ်သီးအသင်းကြီးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွင်း နေမာနဲ့ အမ်ဘာပေတို့ ပေါင်းပြီး အံ့အားသင့်ဖွယ် အဖွင့်ဂိုး သွင်းယူခဲ့ချိန်မှာ ဂျူဗင်တပ်ကွင်းလယ်လူ ရာဗျိုက ပြုံးနေခဲ့တာကို မြင်တွေ့ခဲ့ပါတယ်။

အမ်ဘာပေဟာ အုပ်စု H ရဲ့ အဖွင့်ပွဲစဉ်မှာ ပထမပိုင်း ၅ မိနစ်တင်ပဲ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့် နေမာက အလွန်ကောင်းမွန်တဲ့ ခုတ်တင်ပေးပို့မှု ပြုလုပ်ပေးခဲ့တာကို မြေမကျဘော ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ၂၂ မိနစ်မှာ နောက်ထပ် အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း ဂျူဗင်တပ်ဟာ ဒုတိယပိုင်းမှာ ဝက်စ်တန် မက်ကန်နီရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်းမားသာ ဧည့်သည်အသင်းရဲ့ ပွဲချိန်နှောင်းပိုင်း ဖိအားပေးမှုတွေကို မကာကွယ်နိုင်ခဲ့ဘူးဆိုရင် မတူညီတဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့မှာဖြစ်ပေမယ့်လည်း ပွဲစဉ်ရဲ့ အကောင်းဆုံးအခိုက်အတန့်ဟာ ပွဲစစပြီး မိနစ်အနည်းငယ်အကြာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကစားပေးခဲ့တဲ့ ဂျူဗင်တပ်ကွင်းလယ်လူ အက်ဒရီယန် ရာဗျိုဟာ အသင်းဖော်ဟောင်း ၂ ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို သွင်းယူဖို့ ကြိုးပမ်းနေကြချိန်မှာ နှစ်သက်သဘောကျနေတာကို ဟန်မဆောင်နိုင်ခဲ့ဘဲ ပြုံးရွှင်နေခဲ့တာဖြစ်ပါတယ်။

အက်ဒရီယန် ရာဗျိုရဲ့ အဖြစ်အပျက်ကို လူမှုကွန်ရက်ပေါ်မှာရှိတဲ့ ပရိသတ်အများအပြားက တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “မျက်လုံးတွေကအသက်။ မျက်လုံးတွေက ဘယ်တော့မှ မလိမ်ဘူး။ အသာလေး ထိုင်ကြည့်ပြီး ပျော်ရွှင်ခံစားလိုက်ပါ”လို့ မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဟားဟား လုံးဝကို အံ့အားသင့်နေတာပဲ”လို့ ရေးသားခဲ့ပါတယ်။

အက်ဒရီယန် ရာဗျိုဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပေမယ့်လည်း အပြောင်းအရွှေ့အမှန်တကယ် မဖြစ်ပေါ်ခဲ့ဘဲ စီးရီးအေ ထိပ်သီးအသင်းကြီးမှာ ဆက်လက်ရှိနေခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အျမင္စူးရွတဲ့ ပရိသတ္တစ္ဦးဟာ အဂၤါေန႔ညေနက ပီအက္စ္ဂ်ီက အီတလီထိပ္သီးအသင္းႀကီးကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အတြင္း ေနမာနဲ႔ အမ္ဘာေပတို႔ ေပါင္းၿပီး အံ့အားသင့္ဖြယ္ အဖြင့္ဂိုး သြင္းယူခဲ့ခ်ိန္မွာ ဂ်ဴဗင္တပ္ကြင္းလယ္လူ ရာဗ်ိဳက ၿပဳံးေနခဲ့တာကို ျမင္ေတြ႕ခဲ့ပါတယ္။

အမ္ဘာေပဟာ အုပ္စု H ရဲ႕ အဖြင့္ပြဲစဥ္မွာ ပထမပိုင္း ၅ မိနစ္တင္ပဲ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ ေနမာက အလြန္ေကာင္းမြန္တဲ့ ခုတ္တင္ေပးပို႔မႈ ျပဳလုပ္ေပးခဲ့တာကို ေျမမက်ေဘာ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ၂၂ မိနစ္မွာ ေနာက္ထပ္ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔အတူ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ေပမယ့္လည္း ဂ်ဴဗင္တပ္ဟာ ဒုတိယပိုင္းမွာ ဝက္စ္တန္ မက္ကန္နီရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ သြင္းယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဂိုးသမား ဒြန္နာရမ္းမားသာ ဧည့္သည္အသင္းရဲ႕ ပြဲခ်ိန္ေႏွာင္းပိုင္း ဖိအားေပးမႈေတြကို မကာကြယ္ႏိုင္ခဲ့ဘူးဆိုရင္ မတူညီတဲ့ ရလဒ္တစ္ခု ျဖစ္ခဲ့မွာျဖစ္ေပမယ့္လည္း ပြဲစဥ္ရဲ႕ အေကာင္းဆုံးအခိုက္အတန႔္ဟာ ပြဲစစၿပီး မိနစ္အနည္းငယ္အၾကာမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ ကစားေပးခဲ့တဲ့ ဂ်ဴဗင္တပ္ကြင္းလယ္လူ အက္ဒရီယန္ ရာဗ်ိဳဟာ အသင္းေဖာ္ေဟာင္း ၂ ဦးျဖစ္တဲ့ ေနမာနဲ႔ အမ္ဘာေပတို႔ ပီအက္စ္ဂ်ီအတြက္ အဖြင့္ဂိုးကို သြင္းယူဖို႔ ႀကိဳးပမ္းေနၾကခ်ိန္မွာ ႏွစ္သက္သေဘာက်ေနတာကို ဟန္မေဆာင္ႏိုင္ခဲ့ဘဲ ၿပဳံး႐ႊင္ေနခဲ့တာျဖစ္ပါတယ္။

အက္ဒရီယန္ ရာဗ်ိဳရဲ႕ အျဖစ္အပ်က္ကို လူမႈကြန္ရက္ေပၚမွာရွိတဲ့ ပရိသတ္အမ်ားအျပားက တုံ႔ျပန္ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “မ်က္လုံးေတြကအသက္။ မ်က္လုံးေတြက ဘယ္ေတာ့မွ မလိမ္ဘူး။ အသာေလး ထိုင္ၾကည့္ၿပီး ေပ်ာ္႐ႊင္ခံစားလိုက္ပါ”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဟားဟား လုံးဝကို အံ့အားသင့္ေနတာပဲ”လို႔ ေရးသားခဲ့ပါတယ္။

အက္ဒရီယန္ ရာဗ်ိဳဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့သူျဖစ္ေပမယ့္လည္း အေျပာင္းအေ႐ႊ႕အမွန္တကယ္ မျဖစ္ေပၚခဲ့ဘဲ စီးရီးေအ ထိပ္သီးအသင္းႀကီးမွာ ဆက္လက္ရွိေနခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.