Premier League Transfer News

လီဗာပူးလ်တို့ နူးညက်ဇ်အစား ဘရန့်ဖို့ဒ်သားကို ခေါ်ခဲ့ရမှာလို့ ဥက္ကဌဟောင်းပြော

လီဗာပူးလ်တို့အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ရှာပုံတော်အတွက် ပေါင် ၈၅ သန်းအထိ အသုံးပြုနိုင်ခဲ့တယ်ဆိုရင် သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဒါဝင် နူးညက်ဇ်အစား ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီကို ခေါ်ယူခဲ့သင့်တယ်လို့ ပီတာဘားရားအသင်းဥက္ကဌ ဒါရာ မက်အန်တိုနီက ပြောကြားလိုက်ပါတယ်။

မက်အန်တိုနီဟာ ပီတာဘားရားအသင်းဆီ တိုနီကို ခေါ်ယူခဲ့ဖူးသူဖြစ်ပြီး ဒီအသင်းမှာ ပြိုင်ပွဲစုံ ၉၆ ပွဲကစား ၅၂ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးကို ဘရန့်ဖို့ဒ်က မျက်စိကျလာချိန်မှာတော့ မထိန်းချုပ်နိုင်တော့ဘဲ ကနဦးမှာ ပေါင် ၅ သန်းနဲ့ အနာဂတ်ခံစားခွင့် ပေါင် ၁၀ သန်းဝန်းကျင်အထိ ရရှိနိုင်မယ့် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပရိသတ်တစ်ယောက်လည်းဖြစ်နေတဲ့ မက်အန်တိုနီဟာ ပီတာဘားရားအသင်းကို အသက် ၃၀ အရွယ်မှာကတည်းက ဥက္ကဌလုပ်လာသူဖြစ်ပြီး ဒီအသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သလို တစ်ချိန်က တိုနီကိုလည်း အာဆင်နယ်က ခေါ်ယူစေဖို့ မြှောက်ပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လုပ်ငန်းရှင်၊ အိမ်ယာရောင်းဝယ်ရေး၊ စာရေးဆရာဆိုတဲ့ နောက်ထပ် အလုပ်သုံးမျိုးကိုလည်း လုပ်ဆောင်နေတဲ့ မက်အန်တိုနီက လီဗာပူးလ်တို့အနေနဲ့ ဥရုဂွေးတိုက်စစ်မှူးအစား သူ့လူ တိုနီကိုပဲ ခေါ်ခဲ့သင့်တာဖြစ်ပြီး အလက်ဇန်းဒါး-အာနိုးလ်၊ ရောဘတ်ဆန်တို့ရဲ့ ဖြတ်တင်ဘောတွေနဲ့ ပေါင်းလိုက်ရင် ခုလောက်ဆို ရွှေဖြစ်နေပြီလို့လည်း ဆိုခဲ့တာပါ။

ပီတာဘားရား ဥက္ကဌက The Hard Truth ရေဒီယို အစီအစဉ်မှာ “ကဲ… ခင်ဗျားတို့ကို မေးခွန်းတစ်ခု မေးမယ်ဗျာ။ ပေါင် ၈၅ သန်းတန်ကြီး ဒါဝင် နူးညက်ဇ်နဲ့ အိုင်ဗန် တိုနီတို့ ဘယ်သူက ပိုကောင်းတဲ့ နံပါတ် ၉ လဲ”လို့ သူ့ရဲ့ အဆိုကို အစပျိုးလိုက်တာလည်းဖြစ်ပြီး ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေခဲ့တာ ဖြစ်ပါတယ်။

“နူးညက်ဇ်အနေနဲ့ သူ့ရဲ့ ကစားသမားဘဝ အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး လီဗာပူးလ်နဲ့ အလုပ်ဖြစ်နိုင်ပေမယ့် သူက တိုက်ရိုက် အဆုံးသတ်မှုမျိုးကို ကြိုက်တဲ့ တိုက်စစ်မှူး မဟုတ်ဘဲဖြစ်နေတာပါ။ ကျွန်တော်တို့အသင်းက နောက်ခံအစွန်လူတွေရဲ့ ဖြတ်တင်ဘောတွေကနေ ဂိုးအများဆုံး ရတတ်ပြီး တိုက်ရိုက်ကစားဟန်ကို ပိုင်ဆိုင်ထားတယ်ပဲ ပြောရပါမယ်”

“ကျွန်တော်တို့အနေနဲ့ တိုက်ရိုက်မဟုတ်ဘဲ တခြားဝေ့ဝိုက်နေတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့ရင်တော့ နူးညက်ဇ်က ပိုအံဝင်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိ ပုံစံမှာတော့ နောက်ခံအစွန်လူတွေရဲ့ ဖြတ်တင်ဘောတွေမှာ အိုင်ဗန် တိုနီကိုသာ ထည့်ပြီး အဆုံးသတ်လိုက်ရရင် တစ်ရာသီကို ၂၅ ဂိုးတော့ ရဲရဲကြီး အာမခံတယ်ဗျာ”လို့ ရေဒီယိုကနေ ထုတ်လွှင့်သွားခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဒါဝင် နူးညက်ဇ်ကို ခေါ်ယူခဲ့အပြီးမှာ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက သူ့ရဲ့ ရူးမိုက်တဲ့ လုပ်ရပ်ကြောင့် သုံးပွဲအထိ ပွဲပယ်ပြစ်ဒဏ်နဲ့ ထည့်သွင်း အသုံးပြုခွင့်ကို ဆုံးရှုံးထားခဲ့ရသလို ဒီပွဲတွေမှာ ရလဒ်တွေကို ရုန်းကန်ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်လ်နဲ့ အဲဗာတန်တို့ သုံးပွဲမှာ လေးမှတ်သာ ရယူထားနိုင်ခဲ့တာပါ။

ဒီအချိန်မှာ တိုနီကတော့ ဘရန့်ဖို့ဒ်ကို ထမ်းတင်နေခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာလည်း ဟက်ထရစ် ရယူပေးခဲ့သလို ဒီရာသီမှာ ငါးဂိုးသွင်း၊ နှစ်ဂိုး ဖန်တီးထားနိုင်ပြီး လန်ဒန်ပျားတွေကတော့ ၂၆ နှစ်သားကို ပေါင်သန်း ၄၀ အနည်းဆုံးရရှိမှ ရောင်းချမယ်လို့ ထုတ်ပြန်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္တို႔အေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ရွာပုံေတာ္အတြက္ ေပါင္ ၈၅ သန္းအထိ အသုံးျပဳႏိုင္ခဲ့တယ္ဆိုရင္ သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ ဒါဝင္ ႏူးညက္ဇ္အစား ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီကို ေခၚယူခဲ့သင့္တယ္လို႔ ပီတာဘားရားအသင္းဥကၠဌ ဒါရာ မက္အန္တိုနီက ေျပာၾကားလိုက္ပါတယ္။

မက္အန္တိုနီဟာ ပီတာဘားရားအသင္းဆီ တိုနီကို ေခၚယူခဲ့ဖူးသူျဖစ္ၿပီး ဒီအသင္းမွာ ၿပိဳင္ပြဲစုံ ၉၆ ပြဲကစား ၅၂ ဂိုး သြင္းယူခဲ့တဲ့ တိုက္စစ္မႉးကို ဘရန႔္ဖို႔ဒ္က မ်က္စိက်လာခ်ိန္မွာေတာ့ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ကနဦးမွာ ေပါင္ ၅ သန္းနဲ႔ အနာဂတ္ခံစားခြင့္ ေပါင္ ၁၀ သန္းဝန္းက်င္အထိ ရရွိႏိုင္မယ့္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ပရိသတ္တစ္ေယာက္လည္းျဖစ္ေနတဲ့ မက္အန္တိုနီဟာ ပီတာဘားရားအသင္းကို အသက္ ၃၀ အ႐ြယ္မွာကတည္းက ဥကၠဌလုပ္လာသူျဖစ္ၿပီး ဒီအသင္းရဲ႕ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္သလို တစ္ခ်ိန္က တိုနီကိုလည္း အာဆင္နယ္က ေခၚယူေစဖို႔ ေျမႇာက္ေပးခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

လုပ္ငန္းရွင္၊ အိမ္ယာေရာင္းဝယ္ေရး၊ စာေရးဆရာဆိုတဲ့ ေနာက္ထပ္ အလုပ္သုံးမ်ိဳးကိုလည္း လုပ္ေဆာင္ေနတဲ့ မက္အန္တိုနီက လီဗာပူးလ္တို႔အေနနဲ႔ ဥ႐ုေဂြးတိုက္စစ္မႉးအစား သူ႔လူ တိုနီကိုပဲ ေခၚခဲ့သင့္တာျဖစ္ၿပီး အလက္ဇန္းဒါး-အာႏိုးလ္၊ ေရာဘတ္ဆန္တို႔ရဲ႕ ျဖတ္တင္ေဘာေတြနဲ႔ ေပါင္းလိုက္ရင္ ခုေလာက္ဆို ေ႐ႊျဖစ္ေနၿပီလို႔လည္း ဆိုခဲ့တာပါ။

ပီတာဘားရား ဥကၠဌက The Hard Truth ေရဒီယို အစီအစဥ္မွာ “ကဲ… ခင္ဗ်ားတို႔ကို ေမးခြန္းတစ္ခု ေမးမယ္ဗ်ာ။ ေပါင္ ၈၅ သန္းတန္ႀကီး ဒါဝင္ ႏူးညက္ဇ္နဲ႔ အိုင္ဗန္ တိုနီတို႔ ဘယ္သူက ပိုေကာင္းတဲ့ နံပါတ္ ၉ လဲ”လို႔ သူ႔ရဲ႕ အဆိုကို အစပ်ိဳးလိုက္တာလည္းျဖစ္ၿပီး ကိုယ္တိုင္ေမး ကိုယ္တိုင္ေျဖခဲ့တာ ျဖစ္ပါတယ္။

“ႏူးညက္ဇ္အေနနဲ႔ သူ႔ရဲ႕ ကစားသမားဘဝ အခ်ိန္ေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ၿပီး လီဗာပူးလ္နဲ႔ အလုပ္ျဖစ္ႏိုင္ေပမယ့္ သူက တိုက္႐ိုက္ အဆုံးသတ္မႈမ်ိဳးကို ႀကိဳက္တဲ့ တိုက္စစ္မႉး မဟုတ္ဘဲျဖစ္ေနတာပါ။ ကြၽန္ေတာ္တို႔အသင္းက ေနာက္ခံအစြန္လူေတြရဲ႕ ျဖတ္တင္ေဘာေတြကေန ဂိုးအမ်ားဆုံး ရတတ္ၿပီး တိုက္႐ိုက္ကစားဟန္ကို ပိုင္ဆိုင္ထားတယ္ပဲ ေျပာရပါမယ္”

“ကြၽန္ေတာ္တို႔အေနနဲ႔ တိုက္႐ိုက္မဟုတ္ဘဲ တျခားေဝ့ဝိုက္ေနတဲ့ ပုံစံမ်ိဳးနဲ႔ ကစားခဲ့ရင္ေတာ့ ႏူးညက္ဇ္က ပိုအံဝင္ပါလိမ့္မယ္။ ဒါေပမယ့္ လက္ရွိ ပုံစံမွာေတာ့ ေနာက္ခံအစြန္လူေတြရဲ႕ ျဖတ္တင္ေဘာေတြမွာ အိုင္ဗန္ တိုနီကိုသာ ထည့္ၿပီး အဆုံးသတ္လိုက္ရရင္ တစ္ရာသီကို ၂၅ ဂိုးေတာ့ ရဲရဲႀကီး အာမခံတယ္ဗ်ာ”လို႔ ေရဒီယိုကေန ထုတ္လႊင့္သြားခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ဒါဝင္ ႏူးညက္ဇ္ကို ေခၚယူခဲ့အၿပီးမွာ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲက သူ႔ရဲ႕ ႐ူးမိုက္တဲ့ လုပ္ရပ္ေၾကာင့္ သုံးပြဲအထိ ပြဲပယ္ျပစ္ဒဏ္နဲ႔ ထည့္သြင္း အသုံးျပဳခြင့္ကို ဆုံးရႈံးထားခဲ့ရသလို ဒီပြဲေတြမွာ ရလဒ္ေတြကို ႐ုန္းကန္ခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္၊ နယူးကာဆယ္လ္နဲ႔ အဲဗာတန္တို႔ သုံးပြဲမွာ ေလးမွတ္သာ ရယူထားႏိုင္ခဲ့တာပါ။

ဒီအခ်ိန္မွာ တိုနီကေတာ့ ဘရန႔္ဖို႔ဒ္ကို ထမ္းတင္ေနခဲ့တာျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာလည္း ဟက္ထရစ္ ရယူေပးခဲ့သလို ဒီရာသီမွာ ငါးဂိုးသြင္း၊ ႏွစ္ဂိုး ဖန္တီးထားႏိုင္ၿပီး လန္ဒန္ပ်ားေတြကေတာ့ ၂၆ ႏွစ္သားကို ေပါင္သန္း ၄၀ အနည္းဆုံးရရွိမွ ေရာင္းခ်မယ္လို႔ ထုတ္ျပန္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.