Premier League

ဗြိတိန်ဘုရင်မကြီးကို ဆုံးရှုံးခဲ့ရမှုကြောင့် ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားနိုင်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညပိုင်းက ကွယ်လွန်သွားခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်အတွက် တစ်နိုင်ငံလုံးအနေနဲ့ ပူဆွေးဝမ်းနည်းနေကြလို့ လာမယ့် စနေ၊ တနင်္ဂနွေမှာ ကျင်းပမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားသွားနိုင်တယ်လို့ နိုင်ငံအတွင်းက အားကစား စောင့်ကြည့်လေ့လာသူတွေက ပြောလိုက်ပြီး တာဝန်ရှိသူတွေနဲ့ အစိုးရပိုင်းကြား ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ်မှာ စကော့တလန်နိုင်ငံ၊ အဘာဒင်းရှိုင်းယားဒေသက ဘယ်လ်မိုရယ်လ် ရဲတိုက်ကြီးမှာ ငြိမ်းချမ်းအေးဆေးစွာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်ကို ဆုံးရှုံးရပြီး တစ်နှစ်ကျော်အကြာမှာ ဗြိတိန်နိုင်ငံကို မျက်နှာလွှဲသွားခဲ့ပြီဖြစ်ပါတယ်။

လိဂ်ချန်ပီယံရှစ်ရဲ့ သောကြာနေ့မှာ ကစားကြမယ့် ပွဲစဉ်ဖြစ်တဲ့ ဘန်လေ-နော့ဝစ်ချ်ပွဲစဉ်နဲ့ ဒုတိယတန်းက ထရန်မဲ-စတော့ခ်ပို့ ပွဲစဉ်တွေကိုလည်း ဘောလုံးအဖွဲ့ချုပ်က ရွှေ့ဆိုင်းခဲ့ကြောင်း သိရပြီး ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ အားကစားပွဲစဉ် တော်တော်များများကို ရွှေ့ဆိုင်းခဲ့ကြသလို ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုလည်း ဒီလိုပဲ လိုက်ပါလုပ်ဆောင်ဖို့ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းတွေရဲ့ ဥရောပ ကိုယ်စားပြု ပွဲစဉ်တွေဖြစ်ကြတဲ့ ယူရိုပါလိဂ်က ဇူးရစ်ချ်-အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်-ရီးရဲလ်ဆိုစီဒက်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်-စတူအာ ဘူခါရက်စ်တို့ ပွဲစဉ်တွေမှာ ပွဲမတိုင်ခင်မှာ ကွင်းထဲက ရုပ်သံမျက်နှာပြင်ကြီးပေါ်မှာ ဘုရင်မကြီးရဲ့ ပုံကို ဖော်ပြပြီး တစ်မိနစ်ငြိမ်သက် ဆုတောင်းခဲ့ကြသလို ပရိသတ်တွေကလည်း စိတ်မကောင်းကြီးစွာဖြစ်နေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ဗြိတိန်ထီးနန်းကို သူ့ရဲ့ ခမည်းတော်ဖြစ်သူ ဆဋ္ဌမမြောက် ဂျော့ဘုရင် ကွယ်လွန်အပြီး ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဆက်ခံခဲ့တာဖြစ်သလို ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေကို နှစ်ပေါင်း ၇၀ အုပ်ချုပ်စိုးစံခဲ့အပြီးမှာတော့ ကွယ်လွန်သွားခဲ့ချိန်မှာ သူ့ရဲ့ သားအကြီးဆုံး အသက် ၇၃ နှစ်အရွယ်ရှိသူ ချားလ်စ်မင်းသားက တတိယမြောက် ချားလ်စ်ဘုရင်ဘွဲ့နဲ့ ဆက်ခံမယ်လို့ သိရပါတယ်။

သူ့ရဲ့ ဒုတိယမြောက် အိမ်ထောင်ပြုမှုဖြစ်ခဲ့တဲ့ ကာမီလာ ပါကားဘောင်းလ်စ်ကတော့ ကြင်ယာတော်မိဖုရားဘွဲ့ကို ရရှိမှာဖြစ်ပြီး နောက်ထပ် ထီးနန်းဆက်ခံသူ အိမ်ရှေ့စံရာထူးနဲ့ ဝေလမင်းသားဘွဲ့ကိုတော့ ချားလ်စ်နဲ့ ဒိုင်ယာနာ စပင်ဆာတို့ရဲ့ သားကြီးဖြစ်သူ မင်းသား ဝီလီယမ်စ်(လက်ရှိ ကွန်းဝေါလ်နဲ့ ကမ်းဘရစ်ချ်မြို့စား)က ဆက်ခံဖို့ ရှိနေတာပါ။

လက်ရှိမှာ ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန်နိုင်ငံတွင်းက ပွဲစဉ်တွေကို ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနား ကျင်းပပြီးတဲ့အထိ ရွှေ့ဆိုင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် UEFA က ကျင်းပတဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ် ပွဲစဉ်တွေကိုတော့ ရွှေ့ဆိုင်းဖို့ မဖြစ်နိုင်လို့ မူလအတိုင်းပဲ ဆက်လက်ကစားသွားရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
INTERNET SOURCES
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညပိုင္းက ကြယ္လြန္သြားခဲ့တဲ့ ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘက္အတြက္ တစ္ႏိုင္ငံလုံးအေနနဲ႔ ပူေဆြးဝမ္းနည္းေနၾကလို႔ လာမယ့္ စေန၊ တနဂၤေႏြမွာ က်င္းပမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ရပ္နားသြားႏိုင္တယ္လို႔ ႏိုင္ငံအတြင္းက အားကစား ေစာင့္ၾကည့္ေလ့လာသူေတြက ေျပာလိုက္ၿပီး တာဝန္ရွိသူေတြနဲ႔ အစိုးရပိုင္းၾကား ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဒုတိယေျမာက္ အဲလစ္ဇဘက္ ဘုရင္မႀကီးဟာ အသက္ ၉၆ ႏွစ္အ႐ြယ္မွာ စေကာ့တလန္ႏိုင္ငံ၊ အဘာဒင္းရႈိင္းယားေဒသက ဘယ္လ္မိုရယ္လ္ ရဲတိုက္ႀကီးမွာ ၿငိမ္းခ်မ္းေအးေဆးစြာပဲ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ၾကင္ယာေတာ္ မင္းသားႀကီး ဖိလစ္ကို ဆုံးရႈံးရၿပီး တစ္ႏွစ္ေက်ာ္အၾကာမွာ ၿဗိတိန္ႏိုင္ငံကို မ်က္ႏွာလႊဲသြားခဲ့ၿပီျဖစ္ပါတယ္။

လိဂ္ခ်န္ပီယံရွစ္ရဲ႕ ေသာၾကာေန႔မွာ ကစားၾကမယ့္ ပြဲစဥ္ျဖစ္တဲ့ ဘန္ေလ-ေနာ့ဝစ္ခ်္ပြဲစဥ္နဲ႔ ဒုတိယတန္းက ထရန္မဲ-စေတာ့ခ္ပို႔ ပြဲစဥ္ေတြကိုလည္း ေဘာလုံးအဖြဲ႕ခ်ဳပ္က ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း သိရၿပီး ၿဗိတိန္ႏိုင္ငံမွာ က်င္းပတဲ့ အားကစားပြဲစဥ္ ေတာ္ေတာ္မ်ားမ်ားကို ေ႐ႊ႕ဆိုင္းခဲ့ၾကသလို ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကိုလည္း ဒီလိုပဲ လိုက္ပါလုပ္ေဆာင္ဖို႔ ရွိေနခဲ့တာပါ။

ၿပီးခဲ့တဲ့ အဂၤလန္အသင္းေတြရဲ႕ ဥေရာပ ကိုယ္စားျပဳ ပြဲစဥ္ေတြျဖစ္ၾကတဲ့ ယူ႐ိုပါလိဂ္က ဇူးရစ္ခ်္-အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္-ရီးရဲလ္ဆိုစီဒက္နဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္-စတူအာ ဘူခါရက္စ္တို႔ ပြဲစဥ္ေတြမွာ ပြဲမတိုင္ခင္မွာ ကြင္းထဲက ႐ုပ္သံမ်က္ႏွာျပင္ႀကီးေပၚမွာ ဘုရင္မႀကီးရဲ႕ ပုံကို ေဖာ္ျပၿပီး တစ္မိနစ္ၿငိမ္သက္ ဆုေတာင္းခဲ့ၾကသလို ပရိသတ္ေတြကလည္း စိတ္မေကာင္းႀကီးစြာျဖစ္ေနခဲ့ၾကတာကို ေတြ႕ခဲ့ရပါတယ္။

ဘုရင္မႀကီး အဲလစ္ဇဘက္ဟာ ၿဗိတိန္ထီးနန္းကို သူ႔ရဲ႕ ခမည္းေတာ္ျဖစ္သူ ဆ႒မေျမာက္ ေဂ်ာ့ဘုရင္ ကြယ္လြန္အၿပီး ၁၉၅၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ ဆက္ခံခဲ့တာျဖစ္သလို ၿဗိတိန္နဲ႔ ဓနသဟာယႏိုင္ငံေတြကို ႏွစ္ေပါင္း ၇၀ အုပ္ခ်ဳပ္စိုးစံခဲ့အၿပီးမွာေတာ့ ကြယ္လြန္သြားခဲ့ခ်ိန္မွာ သူ႔ရဲ႕ သားအႀကီးဆုံး အသက္ ၇၃ ႏွစ္အ႐ြယ္ရွိသူ ခ်ားလ္စ္မင္းသားက တတိယေျမာက္ ခ်ားလ္စ္ဘုရင္ဘြဲ႕နဲ႔ ဆက္ခံမယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ ဒုတိယေျမာက္ အိမ္ေထာင္ျပဳမႈျဖစ္ခဲ့တဲ့ ကာမီလာ ပါကားေဘာင္းလ္စ္ကေတာ့ ၾကင္ယာေတာ္မိဖုရားဘြဲ႕ကို ရရွိမွာျဖစ္ၿပီး ေနာက္ထပ္ ထီးနန္းဆက္ခံသူ အိမ္ေရွ႕စံရာထူးနဲ႔ ေဝလမင္းသားဘြဲ႕ကိုေတာ့ ခ်ားလ္စ္နဲ႔ ဒိုင္ယာနာ စပင္ဆာတို႔ရဲ႕ သားႀကီးျဖစ္သူ မင္းသား ဝီလီယမ္စ္(လက္ရွိ ကြန္းေဝါလ္နဲ႔ ကမ္းဘရစ္ခ်္ၿမိဳ႕စား)က ဆက္ခံဖို႔ ရွိေနတာပါ။

လက္ရွိမွာ ပရီးမီးယားလိဂ္ အပါအဝင္ အဂၤလန္ႏိုင္ငံတြင္းက ပြဲစဥ္ေတြကို ဘုရင္မႀကီးရဲ႕ ဈာပနအခမ္းအနား က်င္းပၿပီးတဲ့အထိ ေ႐ႊ႕ဆိုင္းဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေနခဲ့ေပမယ့္ UEFA က က်င္းပတဲ့ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္နဲ႔ ကြန္ဖရင့္လိဂ္ ပြဲစဥ္ေတြကိုေတာ့ ေ႐ႊ႕ဆိုင္းဖို႔ မျဖစ္ႏိုင္လို႔ မူလအတိုင္းပဲ ဆက္လက္ကစားသြားရမွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
INTERNET SOURCES
SPORTS A2Z.