Premier League UCL&UEL

အာဆင်နယ်ရဲ့ ကြယ်ပွင့်သစ်လို့ နိုင်ပွဲရှင် မားကင်ညို့စ်ကို ချီးကျူးလိုက်တဲ့ ကီးယွန်း

အာဆင်နယ်အသင်းနဲ့ ဇူးရစ်ချ်အသင်းတို့ရဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ အနိုင်ရဖို့ နှစ်ဂိုးစလုံးမှာ ပါဝင်လုပ်ဆောင်ပေးခဲ့တဲ့ လူငယ် တောင်ပံကစားသမား မားကင်ညို့စ်ဟာ အသင်းရဲ့ အနာဂတ်သစ်ဖြစ်ပြီး နောက်ထပ် မွေးဖွားလိုက်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တယ်လို့ နောက်ခံလူဟောင်း မာတင် ကီးယွန်းက ချီးကျူးပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ဂန်းနားတို့ရဲ့ အဖွင့်ဂိုးကို အထောင်တိုက်စစ်မှူး နကီးတီးယားရဲ့ အနိမ့်ဘော ဖြတ်တင်မှုကနေ ပိတ်သွင်းပြီး ရှာဖွေနိုင်ခဲ့သလို အနိုင်ဂိုးကိုတော့ နကီးတီးယားအတွက် အဝေးတိုင်ဘက်ကို အမြင့်ဘော ဖြတ်တင်ပေးပို့ပြီး ကျေးဇူးတုံ့ပြန်သွားခဲ့သလို ဂိုးအပြင် ဖန်တီးမှု တစ်ကြိမ်ပါ တွဲဖက်ရရှိခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ပွဲချိန် ၁၆ မိနစ်မှာ မားကင်ညို့စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာ‌တော့ နကီးတီးယားကြောင့် ပေးရတဲ့ ပင်နယ်တီကနေ ဇူးရစ်ချ်တို့ကို ချေပဂိုး ခွင့်ပြုခဲ့ရပြီးတဲ့နောက် ဒုတိယပိုင်း ၆၂ မိနစ်မှာ မားကင်ညို့စ်ရဲ့ ဖြတ်တင်ဘောကနေ နကီးတီးယားက ခေါင်းတိုက်ပြီး အမှားကို ပြန်လည်ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူခဲ့ချိန်မှာ ဝမ်းသာမျက်ရည်ကျခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်သားဟာ ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့သူလည်းဖြစ်ပြီး သူ့ရဲ့ ပွဲချိန် ၆၈ မိနစ်စာ ပြသခဲ့တဲ့ ခြေစွမ်းက လူစားဝင်လာတဲ့ ဆာကာ၊ အော်ဒီဂွါဒ်၊ ဇင်ချန်ကိုနဲ့ ဂျေဆူးစ်တို့ကိုတောင် ဂန်းနားဖန်တွေရဲ့ မျက်လုံးထဲ မရောက်နိုင်ဘဲဖြစ်စေခဲ့တာပါ။

ဘီတီစပို့စ်ရဲ့ တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ နောက်ခံလူဟောင်းကြီး ကီးယွန်းက ဆော်ပေါ်လို တောင်ပံသမားဟောင်းကို ချီးကျူးလိုက်ပြီး သူ့ရဲ့ ကစားပုံက လက်ရှိ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ အာဆင်နယ်ကစားသမားဟောင်း ဂနာဘရီလိုဖြစ်ပြီး ကိုယ်လုံးကိုယ်ထည် တည်ဆောက်ပုံချင်းပါ ဆင်တူကြောင်းဆိုသွားခဲ့ပါတယ်။

“ဒါက ယုံကြည်မှုတည်ဆောက်လိုက်တာပါပဲ။ ဘောလုံးကို ဘယ်လို ပိုင်ဆိုင်ကစားရမလဲ ကောင်းကောင်းနားလည်မှုကို မားကင်ညို့စ်ဆီက ဒီနေ့ တွေ့လိုက်ရတာပါ။ ဖာဘီယို ဗီယာရာရဲ့ ပေးပို့မှုက ကောင်းမွန်သလို နကီးတီးယားရဲ့ မသန်တဲ့ ခြေနဲ့ ဖြတ်ပို့တာလည်း သိပ်ကောင်းခဲ့တာပါ။ အဆုံးသတ် ကန်သွင်းတဲ့ ပုံစံကတော့ အံ့ဩစရာပါပဲ”လို့ မားကင်ညို့စ်နဲ့အတူ အာဆင်နယ်ရဲ့ ဂိုးတည်ဆောက်ပုံကိုလည်း ကီးယွန်းက ချီးကျူးသွားခဲ့တာပါ။

“ဒီဂိုးက လာမယ့် ဂိုးတွေ အများကြီးရဲ့ ပထမဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကလည်း ရှေ့မှာ စောင့်ကြိုနေပါပြီ။ ရှေ့မှာ ဆာကာရှိနေပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ ပြိုင်ဆိုင်ပြီး သူ့အတွက် အခွင့်အလမ်းတွေ ရှာဖွေနိုင်ပါလိမ့်မယ်။ သူက ဂနာဘရီနဲ့ ပိုတူပြီး ပုတယ်၊ တောင့်တယ်၊ ပေါက်ကွဲတဲ့ အမြန်နှုန်းရှိတယ်။ အထာကျတယ်ပေါ့ဗျာ”လို့လည်း ဆိုသွားခဲ့ပါတယ်။

မားကင်ညို့စ်အနေနဲ့ ဒီနေ့ပွဲကို မြင့်မားတဲ့ ဉာဏ်ရည်၊ ပွဲအပေါ် ဖတ်ရှုတတ်မှုတွေနဲ့ ကစားသွားခဲ့တယ်လို့လည်း သုံးသပ်ခဲ့ကြပြီး ဖြတ်တင်ဘော လုပ်ဆောင်မှုတွေက ကောင်းမွန်သလို ဖန်တီးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံက ဆာကာ၊ စမစ်ရိုးတို့နောက်မှာ နောက်ထပ် ကြယ်ပွင့်တစ်ပွင့်ကို အာဆင်နယ်တို့ မွေးဖွားနိုင်ခဲ့တာပဲလို့လည်း ကီးယွန်းက ပြောလိုက်ပါတယ်။

သူနဲ့ ပူးတွဲတင်ဆက်သူ အာဆင်နယ်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ကီဗင် ကမ်းဘဲလ်ကတော့ ၁၉ နှစ်သားတစ်ဦးအတွက် အဆုံးသတ် ဂိုးသွင်းပုံက တော်တော်လေး ကောင်းတယ်လို့ဆိုသွားခဲ့သလို ဂန်းနားတွေအတွက် မားကင်ညို့စ်ရဲ့ ပထမဆုံးဂိုးဟာ လှပသေသပ်တဲ့ ဂိုးကောင်းတစ်ဂိုး ဖြစ်ခဲ့တယ်လို့လည်း ထောက်ခံချီးကျူးသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနဲ႔ ဇူးရစ္ခ်္အသင္းတို႔ရဲ႕ ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္မွာ အႏိုင္ရဖို႔ ႏွစ္ဂိုးစလုံးမွာ ပါဝင္လုပ္ေဆာင္ေပးခဲ့တဲ့ လူငယ္ ေတာင္ပံကစားသမား မားကင္ညိဳ႕စ္ဟာ အသင္းရဲ႕ အနာဂတ္သစ္ျဖစ္ၿပီး ေနာက္ထပ္ ေမြးဖြားလိုက္တဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း မာတင္ ကီးယြန္းက ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

ဒီပြဲမွာ ဂန္းနားတို႔ရဲ႕ အဖြင့္ဂိုးကို အေထာင္တိုက္စစ္မႉး နကီးတီးယားရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကေန ပိတ္သြင္းၿပီး ရွာေဖြႏိုင္ခဲ့သလို အႏိုင္ဂိုးကိုေတာ့ နကီးတီးယားအတြက္ အေဝးတိုင္ဘက္ကို အျမင့္ေဘာ ျဖတ္တင္ေပးပို႔ၿပီး ေက်းဇူးတုံ႔ျပန္သြားခဲ့သလို ဂိုးအျပင္ ဖန္တီးမႈ တစ္ႀကိမ္ပါ တြဲဖက္ရရွိခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ပြဲခ်ိန္ ၁၆ မိနစ္မွာ မားကင္ညိဳ႕စ္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာ‌ေတာ့ နကီးတီးယားေၾကာင့္ ေပးရတဲ့ ပင္နယ္တီကေန ဇူးရစ္ခ်္တို႔ကို ေခ်ပဂိုး ခြင့္ျပဳခဲ့ရၿပီးတဲ့ေနာက္ ဒုတိယပိုင္း ၆၂ မိနစ္မွာ မားကင္ညိဳ႕စ္ရဲ႕ ျဖတ္တင္ေဘာကေန နကီးတီးယားက ေခါင္းတိုက္ၿပီး အမွားကို ျပန္လည္ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းအတြက္ ပထမဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူခဲ့ခ်ိန္မွာ ဝမ္းသာမ်က္ရည္က်ခဲ့တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားဟာ ဒီေန႔ပြဲမွာ အေကာင္းဆုံး ကစားႏိုင္ခဲ့သူလည္းျဖစ္ၿပီး သူ႔ရဲ႕ ပြဲခ်ိန္ ၆၈ မိနစ္စာ ျပသခဲ့တဲ့ ေျခစြမ္းက လူစားဝင္လာတဲ့ ဆာကာ၊ ေအာ္ဒီဂြါဒ္၊ ဇင္ခ်န္ကိုနဲ႔ ေဂ်ဆူးစ္တို႔ကိုေတာင္ ဂန္းနားဖန္ေတြရဲ႕ မ်က္လုံးထဲ မေရာက္ႏိုင္ဘဲျဖစ္ေစခဲ့တာပါ။

ဘီတီစပို႔စ္ရဲ႕ တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ ေနာက္ခံလူေဟာင္းႀကီး ကီးယြန္းက ေဆာ္ေပၚလို ေတာင္ပံသမားေဟာင္းကို ခ်ီးက်ဴးလိုက္ၿပီး သူ႔ရဲ႕ ကစားပုံက လက္ရွိ ဘိုင္ယန္ျမဴးနစ္မွာ ကစားေနတဲ့ အာဆင္နယ္ကစားသမားေဟာင္း ဂနာဘရီလိုျဖစ္ၿပီး ကိုယ္လုံးကိုယ္ထည္ တည္ေဆာက္ပုံခ်င္းပါ ဆင္တူေၾကာင္းဆိုသြားခဲ့ပါတယ္။

“ဒါက ယုံၾကည္မႈတည္ေဆာက္လိုက္တာပါပဲ။ ေဘာလုံးကို ဘယ္လို ပိုင္ဆိုင္ကစားရမလဲ ေကာင္းေကာင္းနားလည္မႈကို မားကင္ညိဳ႕စ္ဆီက ဒီေန႔ ေတြ႕လိုက္ရတာပါ။ ဖာဘီယို ဗီယာရာရဲ႕ ေပးပို႔မႈက ေကာင္းမြန္သလို နကီးတီးယားရဲ႕ မသန္တဲ့ ေျခနဲ႔ ျဖတ္ပို႔တာလည္း သိပ္ေကာင္းခဲ့တာပါ။ အဆုံးသတ္ ကန္သြင္းတဲ့ ပုံစံကေတာ့ အံ့ဩစရာပါပဲ”လို႔ မားကင္ညိဳ႕စ္နဲ႔အတူ အာဆင္နယ္ရဲ႕ ဂိုးတည္ေဆာက္ပုံကိုလည္း ကီးယြန္းက ခ်ီးက်ဴးသြားခဲ့တာပါ။

“ဒီဂိုးက လာမယ့္ ဂိုးေတြ အမ်ားႀကီးရဲ႕ ပထမဆုံးျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူ႔ရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ အနာဂတ္ကလည္း ေရွ႕မွာ ေစာင့္ႀကိဳေနပါၿပီ။ ေရွ႕မွာ ဆာကာရွိေနေပမယ့္ သူ႔ရဲ႕ အရည္အေသြးနဲ႔ ၿပိဳင္ဆိုင္ၿပီး သူ႔အတြက္ အခြင့္အလမ္းေတြ ရွာေဖြႏိုင္ပါလိမ့္မယ္။ သူက ဂနာဘရီနဲ႔ ပိုတူၿပီး ပုတယ္၊ ေတာင့္တယ္၊ ေပါက္ကြဲတဲ့ အျမန္ႏႈန္းရွိတယ္။ အထာက်တယ္ေပါ့ဗ်ာ”လို႔လည္း ဆိုသြားခဲ့ပါတယ္။

မားကင္ညိဳ႕စ္အေနနဲ႔ ဒီေန႔ပြဲကို ျမင့္မားတဲ့ ဉာဏ္ရည္၊ ပြဲအေပၚ ဖတ္ရႈတတ္မႈေတြနဲ႔ ကစားသြားခဲ့တယ္လို႔လည္း သုံးသပ္ခဲ့ၾကၿပီး ျဖတ္တင္ေဘာ လုပ္ေဆာင္မႈေတြက ေကာင္းမြန္သလို ဖန္တီးဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ပုံစံက ဆာကာ၊ စမစ္႐ိုးတို႔ေနာက္မွာ ေနာက္ထပ္ ၾကယ္ပြင့္တစ္ပြင့္ကို အာဆင္နယ္တို႔ ေမြးဖြားႏိုင္ခဲ့တာပဲလို႔လည္း ကီးယြန္းက ေျပာလိုက္ပါတယ္။

သူနဲ႔ ပူးတြဲတင္ဆက္သူ အာဆင္နယ္တိုက္စစ္မႉးေဟာင္းတစ္ဦးျဖစ္တဲ့ ကီဗင္ ကမ္းဘဲလ္ကေတာ့ ၁၉ ႏွစ္သားတစ္ဦးအတြက္ အဆုံးသတ္ ဂိုးသြင္းပုံက ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ဆိုသြားခဲ့သလို ဂန္းနားေတြအတြက္ မားကင္ညိဳ႕စ္ရဲ႕ ပထမဆုံးဂိုးဟာ လွပေသသပ္တဲ့ ဂိုးေကာင္းတစ္ဂိုး ျဖစ္ခဲ့တယ္လို႔လည္း ေထာက္ခံခ်ီးက်ဴးသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.